ဂျပန်တွင် အစိုးရစရိတ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည့် ဥပဒေကြမ်းကိုလွှတ်တော်ကအတည်ပြု

ဂျပန်တွင် အစိုးရစရိတ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည့် ဥပဒေကြမ်းကိုလွှတ်တော်ကအတည်ပြု - Property News in Myanmar from iMyanmarHouse.com
3 Dec 2020 12:12 pm တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံတွင် ဗဟိုအစိုးရကကုန်ကျစရိတ်များအကုန်အကျခံကာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများအခမဲ့ထိုးနှံပေးမည့် ဥပဒေကြမ်းတစ်ရပ်ကိုဒိုင်းယက်လွှတ်တော်ကအတည်ပြုလိုက်သည်။

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးလှိုင်းနှင့် ရင်ဆိုင်လာရချိန်တွင် အရေးပါသည့်ခြေလှမ်းဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့ကအထက်လွှတ်တော်တွင် ဥပဒေကြမ်းအတည်ပြုလိုက်ပြီးနောက် ပိုမိုသြဇာကြီးသောအောက်လွှတ်တော်ကဥပဒေကိုအသက်ဝင်အောင်ဆောင်ကြဉ်းပေးမည် ဖြစ်သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရယခုဥပဒေအရကာကွယ်ဆေးထိုးမှု ကွပ်ကဲရေးအတွက် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့များကိုတာဝန်ခံစေမည်ဟုဆိုသည်။

ထို့အပြင် ကာကွယ်ဆေးအထိုးခံရရေး ကြိုးပမ်းမှုများဆောင်ရွက်ရန် နိုင်ငံသားများတွင်လည်းတာဝန်ရှိကြောင်းယင်းဥပဒေတွင် ပြဌာန်းထားသည်။

သို့ရာတွင် ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့် ဘေးကင်းမှုကိုအပြည့်အဝအတည်မပြုနိုင်ပါကအဆိုပါ ပြဌာန်းချက်မှာအသက်ဝင်မည် မဟုတ်ချေ။

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် အရက်ဘားများနှင့် စားသောက်ဆိုင်များစောစောပိတ်သိမ်းရန် တောင်းဆိုထားရသည်။

ထို့အပြင် ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်ကာဆောင်ရွက်ခဲ့သောဝန်ကြီးချုပ် ယိုရှီးဟိဒိဆူဂ (YoshihideSuga) ၏ ခရီးသွားလာကြရေးတိုက်တွန်းသည့် လှုပ်ရှားမှု Go To Travel campaignကိုရပ်ဆိုင်းလိုက်ရသည်။ စက်မှုဖွံ့ဖြိုးသော ၇ နိုင်ငံအတွင်းဂျပန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအနည်းဆုံးဖြစ်သော်လည်းယခုနှစ် ဧပြီ- ဇွန် ၃ လပတ်အတွင်းအဆိုးရွားဆုံးစီးပွားရေးကျဆင်းမှု ရင်ဆိုင်ခဲ့ရသည်။

ဝန်ကြီးချုပ် ဆူဂက လာမည့်နှစ် ပထမနှစ်ဝက်အတွင်း ပြည်သူလူထုအတွက် လုံလောက်သည့် ကာကွယ်ဆေးရအောင် လုပ်ဆောင်ပေးမည်ဟုကတိပြုထားသည်။

သို့သော် ဂျပန်နိုင်ငံသားအားလုံးသည် ကာကွယ်ဆေးထိုးရန် စိတ်ဝင်စားမှုရှိကြသည်ဟုမဆိုနိုင်ချေ။

ပြီးခဲ့သောအောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်အရကာကွယ်ဆေးရလာပါကဆေးထိုးလိုသည့် ဂျပန်နိုင်ငံသားမှာ ၆၉ ရာခိုင်နှုန်းသာရှိသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာစစ်တမ်းအရကာကွယ်ဆေးထိုးလိုသူ ပျှမ်းမျှပမာဏမှာ ၇၃ ရာခိုင်နှုန်းဖြစ်ရာဂျပန်တွင် ကာကွယ်ဆေးထိုးလိုသူပိုမိုနည်းပါးသည်ဟုဆိုနိုင်သည်။

ယခုအတည်ပြုလိုက်သောဥပဒေတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်အတွင်းကျန်းမာရေးပြဿနာများပေါ်ပေါက်လာမှုကြောင့် ထိခိုက်နစ်နာရသည့် ပုဂ္ဂလိကကုမ္ပဏီများကိုအစိုးရကလျော်ကြေးပေးရန် ခွင့်ပြုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan OKs free COVID-19 vaccinations for nation (japantimes)

[Zawgyi]

ဂ်ပန္တြင္ အစိုးရစရိတ္ျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအခမဲ့ထိုးႏွံေပးမည့္ ဥပေဒၾကမ္းကိုလႊတ္ေတာ္ကအတည္ျပဳ

ဂ်ပန္ႏိုင္ငံတြင္ ဗဟိုအစိုးရကကုန္က်စရိတ္မ်ားအကုန္အက်ခံကာကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားအခမဲ့ထိုးႏွံေပးမည့္ ဥပေဒၾကမ္းတစ္ရပ္ကိုဒိုင္းယက္လႊတ္ေတာ္ကအတည္ျပဳလိုက္သည္။

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးရြားဆံုးလႈိင္းႏွင့္ ရင္ဆိုင္လာရခ်ိန္တြင္ အေရးပါသည့္ေျခလွမ္းျဖစ္လာသည္။ ဗုဒၶဟူးေန႔ကအထက္လႊတ္ေတာ္တြင္ ဥပေဒၾကမ္းအတည္ျပဳလုိက္ျပီးေနာက္ ပိုမိုၾသဇာၾကီးေသာေအာက္လႊတ္ေတာ္ကဥပေဒကိုအသက္ဝင္ေအာင္ေဆာင္ၾကဥ္းေပးမည္ ျဖစ္သည္။

က်န္းမာေရး၊ အလုပ္သမားႏွင့္ လူမႈဖူလံုေရးဝန္ၾကီးဌာန၏ ေျပာၾကားခ်က္အရယခုဥပေဒအရကာကြယ္ေဆးထိုးမႈ ကြပ္ကဲေရးအတြက္ ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားကိုတာဝန္ခံေစမည္ဟုဆိုသည္။

ထို႔အျပင္ ကာကြယ္ေဆးအထုိးခံရေရး ၾကိဳးပမ္းမႈမ်ားေဆာင္ရြက္ရန္ ႏိုင္ငံသားမ်ားတြင္လည္းတာဝန္ရွိေၾကာင္းယင္းဥပေဒတြင္ ျပဌာန္းထားသည္။

သို႔ရာတြင္ ကာကြယ္ေဆးမ်ား၏ ထိေရာက္မႈႏွင့္ ေဘးကင္းမႈကိုအျပည့္အဝအတည္မျပဳႏိုင္ပါကအဆိုပါ ျပဌာန္းခ်က္မွာအသက္ဝင္မည္ မဟုတ္ေခ်။

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျမင့္တက္လာျခင္းေၾကာင့္ အရက္ဘားမ်ားႏွင့္ စားေသာက္ဆိုင္မ်ားေစာေစာပိတ္သိမ္းရန္ ေတာင္းဆိုထားရသည္။

ထို႔အျပင္ ျပည္တြင္းစီးပြားေရး ျပန္လည္ဦးေမာ့လာေစရန္ ရည္ရြယ္ကာေဆာင္ရြက္ခဲ့ေသာဝန္ၾကီးခ်ဳပ္ ယိုရွီးဟိဒိဆူဂ (YoshihideSuga) ၏ ခရီးသြားလာၾကေရးတိုက္တြန္းသည့္ လႈပ္ရွားမႈ Go To Travel campaignကိုရပ္ဆိုင္းလိုက္ရသည္။ စက္မႈဖြံ႔ျဖိဳးေသာ ၇ ႏိုင္ငံအတြင္းဂ်ပန္သည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈအနည္းဆံုးျဖစ္ေသာ္လည္းယခုႏွစ္ ဧျပီ- ဇြန္ ၃ လပတ္အတြင္းအဆိုးရြားဆံုးစီးပြားေရးက်ဆင္းမႈ ရင္ဆိုင္ခဲ့ရသည္။

ဝန္ၾကီးခ်ဳပ္ ဆူဂက လာမည့္ႏွစ္ ပထမႏွစ္ဝက္အတြင္း ျပည္သူလူထုအတြက္ လံုေလာက္သည့္ ကာကြယ္ေဆးရေအာင္ လုပ္ေဆာင္ေပးမည္ဟုကတိျပဳထားသည္။

သို႔ေသာ္ ဂ်ပန္ႏိုင္ငံသားအားလံုးသည္ ကာကြယ္ေဆးထိုးရန္ စိတ္ဝင္စားမႈရွိၾကသည္ဟုမဆိုႏိုင္ေခ်။

ျပီးခဲ့ေသာေအာက္တိုဘာလအတြင္း ျပဳလုပ္ခဲ့သည့္ စစ္တမ္းတစ္ရပ္အရကာကြယ္ေဆးရလာပါကေဆးထိုးလိုသည့္ ဂ်ပန္ႏိုင္ငံသားမွာ ၆၉ ရာခိုင္ႏႈန္းသာရွိသည္။

တစ္ကမၻာလံုးအတိုင္းအတာစစ္တမ္းအရကာကြယ္ေဆးထိုးလိုသူ ပွ်မ္းမွ်ပမာဏမွာ ၇၃ ရာခိုင္ႏႈန္းျဖစ္ရာဂ်ပန္တြင္ ကာကြယ္ေဆးထိုးလိုသူပိုမိုနည္းပါးသည္ဟုဆိုႏိုင္သည္။

ယခုအတည္ျပဳလုိက္ေသာဥပေဒတြင္ ကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းစဥ္အတြင္းက်န္းမာေရးျပႆနာမ်ားေပၚေပါက္လာမႈေၾကာင့္ ထိခိုက္နစ္နာရသည့္ ပုဂၢလိကကုမၸဏီမ်ားကိုအစိုးရကေလ်ာ္ေၾကးေပးရန္ ခြင့္ျပဳထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan OKs free COVID-19 vaccinations for nation (japantimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service