Pfizer ၏ COVID-19 ကာကွယ်ဆေး ၆ ဒသမ ၄ သန်းကို ဒီဇင်ဘာလလယ်တွင် ဖြန့်ဝေရန် အမေရိကန်စီစဉ်

Pfizer ၏ COVID-19 ကာကွယ်ဆေး ၆ ဒသမ ၄ သန်းကို ဒီဇင်ဘာလလယ်တွင် ဖြန့်ဝေရန် အမေရိကန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
26 Nov 2020 11:02 am တွင် တင်ခဲ့သည်
1761 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွဲကပ်ရေးဌာန (FDA) ထံမှ အရေးပေါ်အသုံးပြုရေးတရားဝင်ခွင့်ပြုချက်ရရှိပြီးနောက် ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းသို့ Pfizer ဆေးကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး ၆ ဒသမ ၄ သန်း ပေးပို့ရန် အမေရိကန်အစိုးရက စီစဉ်နေကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂၄ တွင် ပြောကြားခဲ့သည်။

ရည်မှန်းချက်မှာ Pfizer ဆေးကုမ္ပဏီနှင့် Moderna ဆေးကုမ္ပဏီတို့၏ ကာကွယ်ဆေးများကို ယခုနှစ်မကုန်မီ အလုံးရေ သန်း ၄၀ ဖြန့်ဝေပြီး (ကာကွယ်ဆေးတစ်မျိုးစီက နှစ်လုံးထိုးနှံရန်လိုအပ်သဖြင့်) လူ သန်း ၂၀ ကို ကာကွယ်ဆေးထိုးနှံပေးရန် လုံလောက်စေရန် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်များထံ ၎င်းတို့၏ဝေစုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၀ တွင် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်းနှင့် COVID-19 ကို ရှေ့တန်းမှ တိုက်ပွဲဝင်နေရပါသော ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများကို အရင်ဆုံးထိုးနှံရန် ပြည်နယ်များအား အကြုံပေးညွှန်ကြားနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ဆေးထိုးနှံရန်ကြိုးပမ်းရေး၏ ထောက်ပံ့ပို့ဆောင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး Gustave Perna က ပြောကြားခဲ့သည်။

FDA သည် အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းတီထွင်သည့် အဆိုပါ COVID-19 ကာကွယ်ဆေးအား ခွင့်ပြုချက်ပေးရန် မပေးရန် အကြံပြုချက်တစ်ခုကို ဒီဇင်ဘာ ၁၀ တွင် ပြုလုပ်မည့် ကာကွယ်ဆေးအကြုံပေးကော်မတီအစည်းအဝေးတစ်ခုထံမှ ရရှိမည်ဖြစ်သည်။

FDA ခွင့်ပြုချက်သည် ၎င်း ဒီဇင်ဘာ ၁၀ အစည်းအဝေးပြီးနောက် များမကြာမီတွင် ထွက်ရှိလာလိမ့်မည်ဟု ကျန်းမာရေးဝန်ကြီး အဲလက်စ်အေဇာက ခန့်မှန်းထားသည်။

FDA ခွင့်ပြုချက်ထွက်ရှိပြီး နှစ်ရက်အတွင်း “ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) သို့ လွတ်လပ်သော အကြံပေးဘုတ်အဖွဲ့တစ်ဖွဲ့” သည် မည်သူတို့က ပထမဆုံးထိုးနှံခံရသင့်သည်နှင့်ပတ်သက်သော အကြံပြုထောက်ခံချက်များကို အတည်ပြုရန် လူသိရှင်ကြားတွေ့ဆုံကြမည်ဖြစ်သည်။

Pfizer ၏ ကာကွယ်ဆေးများသည် အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက် (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) တွင် သိုလှောင်ထားရန်လိုအပ်သည်ဖြစ်ရာ ထိုသို့အေးခဲထားသည့် ကာကွယ်ဆေးပုလင်းများကို အမေရိကန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများနှင့် အခြားဖြန့်ဖြူးရေးဌာနများမှ လက်ခံရရှိကာ အစီအစဉ်အရ ထိုးနှံခံရသင့်သူများသို့ တူညီသောကာကွယ်ဆေးကို သီတင်းပတ်များခြားလျက် နှစ်လုံးထိုးနှံစေမည်ဖြစ်ကြောင်း၊ ယင်းမှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား သန်း ၂၀ နှင့် ပထမဦးစားပေးဖြစ်သည့် နာတာရှည်စောင့်ရှောက်မှုအဆောက်အအုံများမှ လူ ၃ သန်း၊ ထို့နောက် အခြားမရှိမဖြစ်သော လုပ်သား (ဆေးရုံများနှင့် ကုန်စုံဆိုင်များတွင် လုပ်ကိုင်သူများ၊ လယ်ယာများနှင့် အသားပြင်ဆင်ထုပ်ပိုးရေးစက်ရုံများတွင် လုပ်ကိုင်သူများ၊ အများပြည်သူပို့ဆောင်ရေးနှင့် ရေမီးစသည့်အခြေခံဝန်ဆောင်မှုများတွင် လုပ်ကိုင်သူများ) ၈၇ သန်းခန့်၊ အန္တရာယ်များသော ကျန်းမာရေးချို့ယွင်းမှုအခြေအနေရှိနေသည့် အရွယ်ရောက်ပြီးသူ သန်း ၁၀၀နှင့် အသက် ၆၅ နှစ်နှင့်အထက် နိုင်ငံသား ၅၃ သန်းတို့အား ထောက်ခံမည်ဖြစ်ကြောင်း CDC ၏ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းက ကြေညာထားသည်။

အထွေထွေပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုကို ဧပြီတွင် စတင်ခံယူနိုင်ဖွယ်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: U.S. plans to distribute 6.4 million doses of Pfizer's COVID-19 vaccine in mid-December (thewashingtonpost)

[Zawgyi]

Pfizer ၏ COVID-19 ကာကြယ္ေဆး ၆ ဒသမ ၄ သန္းကို ဒီဇင္ဘာလလယ္တြင္ ျဖန္႔ေဝရန္ အေမရိကန္စီစဥ္

အစားအေသာက္ႏွင့္ေဆးဝါးႀကီးၾကပ္ကြဲကပ္ေရးဌာန (FDA) ထံမွ အေရးေပၚအသုံးျပဳေရးတရားဝင္ခြင့္ျပဳခ်က္ရ႐ွိၿပီးေနာက္ ၂၄ နာရီအတြင္း အေမရိကန္ႏိုင္ငံတစ္ဝန္းသို႔ Pfizer ေဆးကုမၸဏီ၏ COVID-19 ကာကြယ္ေဆး ၆ ဒသမ ၄ သန္း ေပးပို႔ရန္ အေမရိကန္အစိုးရက စီစဥ္ေနေၾကာင္း တာဝန္႐ွိသူမ်ားက ႏိုဝင္ဘာ ၂၄ တြင္ ေျပာၾကားခဲ့သည္။

ရည္မွန္းခ်က္မွာ Pfizer ေဆးကုမၸဏီႏွင့္ Moderna ေဆးကုမၸဏီတို႔၏ ကာကြယ္ေဆးမ်ားကို ယခုႏွစ္မကုန္မီ အလုံးေရ သန္း ၄၀ ျဖန္႔ေဝၿပီး (ကာကြယ္ေဆးတစ္မ်ိဳးစီက ႏွစ္လုံးထိုးႏွံရန္လိုအပ္သျဖင့္) လူ သန္း ၂၀ ကို ကာကြယ္ေဆးထိုးႏွံေပးရန္ လုံေလာက္ေစရန္ ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္မ်ားထံ ၎တို႔၏ေဝစုမ်ားႏွင့္ပတ္သက္၍ ႏိုဝင္ဘာ ၂၀ တြင္ အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ COVID-19 ကို ေ႐ွ႕တန္းမွ တိုက္ပြဲဝင္ေနရပါေသာ က်န္းမာေရးေစာင့္ေ႐ွာက္မႈဝန္ထမ္းမ်ားကို အရင္ဆုံးထိုးႏွံရန္ ျပည္နယ္မ်ားအား အၾကဳံေပးၫႊန္ၾကားႏိုင္ဖြယ္႐ွိေၾကာင္း အေမရိကန္ကာကြယ္ေဆးထိုးႏွံရန္ႀကိဳးပမ္းေရး၏ ေထာက္ပံ့ပို႔ေဆာင္ေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က ေျပာၾကားခဲ့သည္။

FDA သည္ အေမရိကန္ေဆးကုမၸဏီ Pfizer ႏွင့္ ဂ်ာမနီဇီဝနည္းပညာကုမၸဏီ BioNTech တို႔ ပူးေပါင္းတီထြင္သည့္ အဆိုပါ COVID-19 ကာကြယ္ေဆးအား ခြင့္ျပဳခ်က္ေပးရန္ မေပးရန္ အၾကံျပဳခ်က္တစ္ခုကို ဒီဇင္ဘာ ၁၀ တြင္ ျပဳလုပ္မည့္ ကာကြယ္ေဆးအၾကဳံေပးေကာ္မတီအစည္းအေဝးတစ္ခုထံမွ ရ႐ွိမည္ျဖစ္သည္။

FDA ခြင့္ျပဳခ်က္သည္ ၎ ဒီဇင္ဘာ ၁၀ အစည္းအေဝးၿပီးေနာက္ မ်ားမၾကာမီတြင္ ထြက္႐ွိလာလိမ့္မည္ဟု က်န္းမာေရးဝန္ႀကီး အဲလက္စ္ေအဇာက ခန္႔မွန္းထားသည္။

FDA ခြင့္ျပဳခ်က္ထြက္႐ွိၿပီး ႏွစ္ရက္အတြင္း “ကူးစက္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) သို႔ လြတ္လပ္ေသာ အၾကံေပးဘုတ္အဖြဲ႕တစ္ဖြဲ႕” သည္ မည္သူတို႔က ပထမဆုံးထိုးႏွံခံရသင့္သည္ႏွင့္ပတ္သက္ေသာ အၾကံျပဳေထာက္ခံခ်က္မ်ားကို အတည္ျပဳရန္ လူသိ႐ွင္ၾကားေတြ႕ဆုံၾကမည္ျဖစ္သည္။

Pfizer ၏ ကာကြယ္ေဆးမ်ားသည္ အႏုတ္ ၉၄ ဒီဂရီဖာရင္ဟိုက္ (အႏုတ္ ၇၀ ဒီဂရီစင္တီဂရိတ္) တြင္ သိုေလွာင္ထားရန္လိုအပ္သည္ျဖစ္ရာ ထိုသို႔ေအးခဲထားသည့္ ကာကြယ္ေဆးပုလင္းမ်ားကို အေမရိကန္ႏိုင္ငံတစ္ဝန္း႐ွိ ေဆး႐ုံမ်ားႏွင့္ အျခားျဖန္႔ျဖဴးေရးဌာနမ်ားမွ လက္ခံရ႐ွိကာ အစီအစဥ္အရ ထိုးႏွံခံရသင့္သူမ်ားသို႔ တူညီေသာကာကြယ္ေဆးကို သီတင္းပတ္မ်ားျခားလ်က္ ႏွစ္လုံးထိုးႏွံေစမည္ျဖစ္ေၾကာင္း၊ ယင္းမွာ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ အလြန္ႀကီးမားေသာ စိန္ေခၚမႈတစ္ခုျဖစ္ေၾကာင္း The Washington Post သတင္းစာက ေဖာ္ျပခဲ့သည္။

က်န္းမာေရးေစာင့္ေ႐ွာက္မႈလုပ္သား သန္း ၂၀ ႏွင့္ ပထမဦးစားေပးျဖစ္သည့္ နာတာ႐ွည္ေစာင့္ေ႐ွာက္မႈအေဆာက္အအုံမ်ားမွ လူ ၃ သန္း၊ ထို႔ေနာက္ အျခားမ႐ွိမျဖစ္ေသာ လုပ္သား (ေဆး႐ုံမ်ားႏွင့္ ကုန္စုံဆိုင္မ်ားတြင္ လုပ္ကိုင္သူမ်ား၊ လယ္ယာမ်ားႏွင့္ အသားျပင္ဆင္ထုပ္ပိုးေရးစက္႐ုံမ်ားတြင္ လုပ္ကိုင္သူမ်ား၊ အမ်ားျပည္သူပို႔ေဆာင္ေရးႏွင့္ ေရမီးစသည့္အေျခခံဝန္ေဆာင္မႈမ်ားတြင္ လုပ္ကိုင္သူမ်ား) ၈၇ သန္းခန္႔၊ အႏၲရာယ္မ်ားေသာ က်န္းမာေရးခ်ိဳ႕ယြင္းမႈအေျခအေန႐ွိေနသည့္ အ႐ြယ္ေရာက္ၿပီးသူ သန္း ၁၀၀ႏွင့္ အသက္ ၆၅ ႏွစ္ႏွင့္အထက္ ႏိုင္ငံသား ၅၃ သန္းတို႔အား ေထာက္ခံမည္ျဖစ္ေၾကာင္း CDC ၏ ကာကြယ္ေဆးထိုးႏွံမႈလုပ္ငန္းက ေၾကညာထားသည္။

အေထြေထြျပည္သူမ်ားအေနျဖင့္ ကာကြယ္ေဆးထိုးႏွံမႈကို ဧၿပီတြင္ စတင္ခံယူႏိုင္ဖြယ္႐ွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: U.S. plans to distribute 6.4 million doses of Pfizer's COVID-19 vaccine in mid-December (thewashingtonpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service