ဘယ်လ်ဂျီယံ ပြိုင်ပွဲဝင်ခိုတစ်ကောင်ကိုတရုတ်ဝယ်လက်တစ်ဦးကဒေါ်လာ ၁ ဒသမ ၉ သန်း (မြန်မာကျပ်ငွေ ၂ ဒသမ ၄ ဘီလီယံကျော်) ပေးကာဝယ်ယူ

ဘယ်လ်ဂျီယံ ပြိုင်ပွဲဝင်ခိုတစ်ကောင်ကိုတရုတ်ဝယ်လက်တစ်ဦးကဒေါ်လာ ၁ ဒသမ ၉ သန်း (မြန်မာကျပ်ငွေ ၂ ဒသမ ၄ ဘီလီယံကျော်) ပေးကာဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
18 Nov 2020 1:17 pm တွင် တင်ခဲ့သည်
2244 ကြိမ် ကြည့်ရှု့ပြီး

  [Unicode]

အမည်မဖော်သောတရုတ်ဝယ်လက်တစ်ဦးကဘယ်လ်ဂျီယံခိုပျံသန်းမှုပြိုင်ပွဲဝင် ခိုတစ်ကောင်ကိုယူရိုငွေ ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း= မြန်မာကျပ်ငွေ ၂,၄၇၀,၀၀၀,၀၀၀) အထိစံချိန်တင်ဈေးပေးခဲ့ကြောင်းအွန်လိုင်းလေလံအဖွဲ့ Pigeon Paradise (PIPA) က ပြောကြားသည်။

အဆိုပါ ခိုသည် အမဖြစ်ပြီးနယူးကင်မ် (New Kim)ဟုအမည်ပေးထားသည်။

ခိုများသည် အစောဆုံးအိမ်မွေးတိရစ္ဆာန်များဖြစ်ကြပြီးရှေးအခါကစာပို့ရန်အတွက် တစ်ကမ္ဘာလုံးတွင် အသုံးပြုခဲ့ကြပြီးအထူးသဖြင့် စစ်ရေးကိစ္စရပ်များအတွက် ဖြစ်သည်။

ခိုများအားပျံသန်းမှု ပြိုင်ပွဲများကျင်းပခြင်းဥရောပတွင် အထူးခေတ်စားခဲ့သည်မှာ ၁၉ ရာစုအလယ်ပိုင်းဘယ်လ်ဂျီယံနိုင်ငံတွင် ဖြစ်သည်။

ပြိုင်ပွဲဝင်ခိုများမှာအထူးလေ့ကျင့်ပေးထားသည့်ခိုများဖြစ်ပြီးပျံသန်းရမှု အကွာအဝေးမှာအနည်းဆုံး ၁၀၀ ကီလိုမီတာ (၆၂ မိုင်) မှ ၁၀၀၀ ကီလိုမီတာ (မိုင် ၆၂၀) ကြားအမျိုးမျိုးကွဲပြားမှုရှိကြသည်။

New Kimခိုမကလေးသည် နာမည်ကျော် ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp မြို့ရှိခိုမွေးမြူရေးခြံမှ ပေါက်ဖွားကာလေလံကြမ်းခင်းဈေးယူရို ၂၀၀ (မြန်မာကျပ်ငွေ ၃ သိန်းကျော်) မျှဖြင့် လေလံတင်ခဲ့ခြင်း ဖြစ်သည်။

ယခုဈေးနှုန်းမှာ ပြီးခဲ့သောနှစ်ကအာမန်ဒို (Armando) ဟုအမည်ပေးထားသောခိုထီးတစ်ကောင်ကိုယူရို ၁ ဒသမ ၂၅ သန်း (မြန်မာကျပ်ငွေ ၁,၆၂၅,၀၀၀,၀၀၀) ပေးခဲ့မှုအားဖြတ်ကျော်သွားကြောင်း PIPA က ဖော်ပြသည်။

သို့သော် အဆိုပါဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းတရားဝင်ထုတ်ပြန်ချက်များမရှိချေ။

ခိုမကလေးနယူးကင်မ် (New Kim)သည် ပြင်သစ်နိုင်ငံ၊ ရှားတူးဝူ (Chateauroux )နှင့်အာရွှန်တွန်း ဆ ခရေ (Argenton-sur-Creuse) ဒေသတို့တွင် ၂၀၁၈ ခုနှစ်ကကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် "Ace Pigeon Grand National Middle Distance"ဆုကိုရရှိထားသည်။

ဥရောပမှ ထိပ်တန်းငှက်များသည် မကြာသေးမီကာလများအတွင်းတစ်ကမ္ဘာလုံးအတိုင်းအတာလူသိများလာခဲ့ပြီးအထူးသဖြင့် တရုတ်ပြည်တွင် ဖြစ်သည်။ တရုတ်ပြည်ရှိခိုပျံသန်းမှု ပြိုင်ပွဲများတွင် အနိုင်ရပါကဆုကြေးငွေများစွာရရှိလေ့ရှိသည်။

ခိုဝါသနာမှာဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့တွင် အခြေတည်ခဲ့ပြီးနောက်ပိုင်းတွင် ပြင်သစ်သို့ ကူးစက်သွားသည်။ မကြာသေးမီကာလများကမူခိုပျံသန်းမှုပြိုင်ပွဲများခေတ်စားမှု ကျဆင်းသွားသည်ဟုလေလံမတင်မီအချိန်အထိယူဆခဲ့ကြသည်။

အကြောင်းမှာချန်ပီယံဖြစ်ရန် အလားအလာရှိသည့် ခိုများနှင့် ပြိုင်ပွဲအနိုင်ရခိုများကိုအလွန်နည်းပါးလှသည့်ဈေးများဖြင့် လေလံတင်လာရသောကြောင့် ဖြစ်သည်။

ဘယ်လ်ဂျီယံတစ်နိုင်ငံတည်းတွင်ပင်လျှင် ပြိုင်ပွဲကြီးအမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ခိုများကိုမွေးထုတ်ပေးနေသည့် မွေးမြူသူပေါင်း ၂၀၀၀၀ ခန့်ရှိသည်။

နယူးကင်မ် ခိုမကလေးကို Gaston နှင့် Kurt Van De Wouwerဟူသောသားအဖကဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp မြို့အနီးBerlaarအရပ်ရှိကမ္ဘာ့အဆင့် ခိုမွေးမြူရေးစခန်းတွင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသားအဖက ပြီးခဲ့သောတနင်္ဂနွေနေ့တွင် ၎င်းတို့၏ ခိုအားလုံးကိုရောင်းချခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Belgian racing pigeon 'New Kim' sold for record $1.9 million (wionews)

[Zawgyi]

ဘယ္လ္ဂ်ီယံ ျပဳိင္ပြဲဝင္ခိုတစ္ေကာင္ကိုတရုတ္ဝယ္လက္တစ္ဦးကေဒၚလာ ၁ ဒသမ ၉ သန္း (ျမန္မာက်ပ္ေငြ ၂ ဒသမ ၄ ဘီလီယံေက်ာ္) ေပးကာဝယ္ယူ

အမည္မေဖာ္ေသာတရုတ္ဝယ္လက္တစ္ဦးကဘယ္လ္ဂ်ီယံခိုပ်ံသန္းမႈျပိဳင္ပြဲဝင္ ခိုတစ္ေကာင္ကိုယူရိုေငြ ၁ ဒသမ ၆ သန္း (ကန္ေဒၚလာ ၁ ဒသမ ၉ သန္း= ျမန္မာက်ပ္ေငြ ၂,၄၇၀,၀၀၀,၀၀၀) အထိစံခ်ိန္တင္ေစ်းေပးခဲ့ေၾကာင္းအြန္လိုင္းေလလံအဖြဲ႔ Pigeon Paradise (PIPA) က ေျပာၾကားသည္။

အဆိုပါ ခိုသည္ အမျဖစ္ျပီးနယူးကင္မ္ (New Kim)ဟုအမည္ေပးထားသည္။

ခိုမ်ားသည္ အေစာဆံုးအိမ္ေမြးတိရစၦာန္မ်ားျဖစ္ၾကျပီးေရွးအခါကစာပို႔ရန္အတြက္ တစ္ကမၻာလံုးတြင္ အသံုးျပဳခဲ့ၾကျပီးအထူးသျဖင့္ စစ္ေရးကိစၥရပ္မ်ားအတြက္ ျဖစ္သည္။

ခိုမ်ားအားပ်ံသန္းမႈ ျပိိဳင္ပြဲမ်ားက်င္းပျခင္းဥေရာပတြင္ အထူးေခတ္စားခဲ့သည္မွာ ၁၉ ရာစုအလယ္ပိုင္းဘယ္လ္ဂ်ီယံႏိုင္ငံတြင္ ျဖစ္သည္။

ျပိိဳင္ပြဲဝင္ခိုမ်ားမွာအထူးေလ့က်င့္ေပးထားသည့္ခိုမ်ားျဖစ္ျပီးပ်ံသန္းရမႈ အကြာအေဝးမွာအနည္းဆံုး ၁၀၀ ကီလိုမီတာ (၆၂ မိုင္) မွ ၁၀၀၀ ကီလိုမီတာ (မိုင္ ၆၂၀) ၾကားအမ်ဳိးမ်ဳိးကြဲျပားမႈရွိၾကသည္။

New Kimခိုမကေလးသည္ နာမည္ေက်ာ္ ဘယ္လ္ဂ်ီယံႏိုင္ငံ၊ Antwerp ျမိဳ႕ရွိခိုေမြးျမဴေရးျခံမွ ေပါက္ဖြားကာေလလံၾကမ္းခင္းေစ်းယူရို ၂၀၀ (ျမန္မာက်ပ္ေငြ ၃ သိန္းေက်ာ္) မွ်ျဖင့္ ေလလံတင္ခဲ့ျခင္း ျဖစ္သည္။

ယခုေစ်းႏႈန္းမွာ ျပီးခဲ့ေသာႏွစ္ကအာမန္ဒို (Armando) ဟုအမည္ေပးထားေသာခိုထီးတစ္ေကာင္ကိုယူရို ၁ ဒသမ ၂၅ သန္း (ျမန္မာက်ပ္ေငြ ၁,၆၂၅,၀၀၀,၀၀၀) ေပးခဲ့မႈအားျဖတ္ေက်ာ္သြားေၾကာင္း PIPA က ေဖာ္ျပသည္။

သို႔ေသာ္ အဆိုပါေစ်းႏႈန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္းတရားဝင္ထုတ္ျပန္ခ်က္မ်ားမရွိေခ်။

ခိုမကေလးနယူးကင္မ္ (New Kim)သည္ ျပင္သစ္ႏိုင္ငံ၊ ရွားတူးဝူ (Chateauroux )ႏွင့္အာရႊန္တြန္း ဆ ခေရ (Argenton-sur-Creuse) ေဒသတို႔တြင္ ၂၀၁၈ ခုႏွစ္ကက်င္းပခဲ့သည့္ ျပိဳင္ပြဲမ်ားတြင္ "Ace Pigeon Grand National Middle Distance"ဆုကိုရရွိထားသည္။

ဥေရာပမွ ထိပ္တန္းငွက္မ်ားသည္ မၾကာေသးမီကာလမ်ားအတြင္းတစ္ကမၻာလံုးအတိုင္းအတာလူသိမ်ားလာခဲ့ျပီးအထူးသျဖင့္ တရုတ္ျပည္တြင္ ျဖစ္သည္။ တရုတ္ျပည္ရွိခိုပ်ံသန္းမႈ ျပိဳင္ပြဲမ်ားတြင္ အႏိုင္ရပါကဆုေၾကးေငြမ်ားစြာရရွိေလ့ရွိသည္။

ခိုဝါသနာမွာဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္တို႔တြင္ အေျခတည္ခဲ့ျပီးေနာက္ပိုင္းတြင္ ျပင္သစ္သို႔ ကူးစက္သြားသည္။ မၾကာေသးမီကာလမ်ားကမူခိုပ်ံသန္းမႈျပိဳင္ပြဲမ်ားေခတ္စားမႈ က်ဆင္းသြားသည္ဟုေလလံမတင္မီအခ်ိန္အထိယူဆခဲ့ၾကသည္။

အေၾကာင္းမွာခ်န္ပီယံျဖစ္ရန္ အလားအလာရွိသည့္ ခိုမ်ားႏွင့္ ျပိဳင္ပြဲအႏိုင္ရခိုမ်ားကိုအလြန္နည္းပါးလွသည့္ေစ်းမ်ားျဖင့္ ေလလံတင္လာရေသာေၾကာင့္ ျဖစ္သည္။

ဘယ္လ္ဂ်ီယံတစ္ႏိုင္ငံတည္းတြင္ပင္လွ်င္ ျပိိဳင္ပြဲၾကီးအမ်ဳိးမ်ဳိးတြင္ ပါဝင္ယွဥ္ျပိဳင္ႏိုင္မည့္ ခိုမ်ားကိုေမြးထုတ္ေပးေနသည့္ ေမြးျမဴသူေပါင္း ၂၀၀၀၀ ခန္႔ရွိသည္။

နယူးကင္မ္ ခိုမကေလးကို Gaston ႏွင့္ Kurt Van De Wouwerဟူေသာသားအဖကဘယ္လ္ဂ်ီယံႏိုင္ငံ၊ Antwerp ျမိဳ႕အနီးBerlaarအရပ္ရွိကမၻာ့အဆင့္ ခိုေမြးျမဴေရးစခန္းတြင္ ေလ့က်င့္ေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါသားအဖက ျပီးခဲ့ေသာတနဂၤေႏြေန႔တြင္ ၎တို႔၏ ခိုအားလံုးကိုေရာင္းခ်ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Belgian racing pigeon 'New Kim' sold for record $1.9 million (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service