တောဝက်များကြီးစိုးမင်းမူနေသောဂျပန်မှ မြို့ငယ်ကလေးများ

တောဝက်များကြီးစိုးမင်းမူနေသောဂျပန်မှ မြို့ငယ်ကလေးများ - Property News in Myanmar from iMyanmarHouse.com
6 Nov 2020 12:21 pm တွင် တင်ခဲ့သည်
1686 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံရှိ မြို့ငယ်ကလေးများတွင် အခြေချနေထိုင်သူနည်းပါးလှပြီးနေထိုင်လျက်ရှိသူအများစုမှာလည်းသက်ကြီးရွယ်အိုများသာ ဖြစ်ရာတောဝက်များ ကြီးစိုးမင်းမူလာမှုကိုမောင်းထုတ်နိုင်စွမ်းမရှိကြချေ။

Iwate စီရင်စုတွင် ၂၀၁၁ ခုနှစ်အတွင်းကတောဝက် ၂ ကောင်သာဖမ်းမိခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်းထိုဒေသတွင် တောဝက်ကောင်ရေ ၉၄ ကောင်အထိ မြင့်တက်လာခဲ့သည်ဟုဆိုသည်။

ဂျပန်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်းများစွာတွင် အခြေချနေထိုင်မှုများအလွန်မြင့်တက်လာခဲ့သည်။ သို့သော် လူများမဟုတ်။ တောဝက်များ ဖြစ်ကြသည်။

ဂျပန်ရှိ မြို့ငယ်ကလေးများတွင် နေထိုင်သူများမှာအသက်အရွယ်အိုမင်းလာခြင်း (သို့မဟုတ်) မြို့မှထွက်ခွာသွားခြင်းမှ များပြားလာရာတောဝက်များဝင်ရောက်အခြေချလာကြခြင်း ဖြစ်သည်။

တောဝက်တို့သည် လူသူစောင့်ကြပ်မှုမရှိသောစပါးခင်းများသို့ လာကြကာစွန့်ပစ်ထားသည့် အဆောက်အအုံအမိုးအကာအောက် တို့တွင် နေထိုင်လျက်ရှိကြသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကဒီဒေသမှာကျီးကန်းတွေကအကြီးမားဆုံးပြဿနာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ တောဝက်တွေ သောင်းကျန်းနေပြီးသူတို့ကိုမောင်းထုတ်ဖို့လည်းလူအင်အားမရှိပါဘူး” ဟုHiraizumi မှ အသက် ၆၇ နှစ်အရွယ်ရှိလယ်သမားတစ်ဦးဖြစ်သူ Hideo Numata က ပြောသည်။

Numataသည် ထိုဒေသတွင် အသက်ငယ်သူတစ်ဦးဟုဆိုနိုင်သည်။ သူ၏ မိတ်ဆွေများဖြစ်သောEtsuroSugawa နှင့် Shoichi Chiba တို့မှာအသက် ၆၉ နှင့် ၇၀ အသီးသီးရှိကြပြီ ဖြစ်သည်။

ဂျပန်နိုင်ငံတောင်ပိုင်းတွင် တောဝက်ပြဿနာနှင့် ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ရထားဘူတာများ၊ ကားရပ်နားရာဂိုဒေါင်များ၊ စာသင်ကျောင်းဝန်းများနှင့် ပင်လယ်များအတွင်းတွင်ပင် ကျွန်းများဆီသို့ ရေကူးကာသွားနေကြသည့် တောဝက်တို့၏ သတင်းများမှာသတင်းစာများတွင် ပြည့်နှက်လာသည်။

ယခုလအတွင်း Shikoku ကျွန်းတွင် နေထိုင်သည့် အသက် ၇၀ ကျော်အရွယ်ရှိအဘွားအိုတစ်ဦးသည် နေအိမ်ရှေ့တံခါးဖွင့်လိုက်ချိန်တွင် အလေးချိန် ၇၉ ကီလိုဂရမ်ရှိတောဝက်တစ်ကောင်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။

အဆိုပါ တောဝက်သည် ပြီးခဲ့သောအောက်တိုဘာလအတွင်း Shikoku ကျွန်းပေါ်ရှိဈေးဝယ်စင်တာတစ်ခုထဲသို့ ဝင်သွားကာဝန်ထမ်းများအားကိုက်ခဲခြင်း၊ သောင်းကျန်းဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ကျိုတိုမြို့တွင်လည်း ပြီးခဲ့သောနှစ်အတွင်း မြို့ပေါ်တွင်ပင် အနည်းဆုံးတောဝက် ၁၀ ကောင်ခန့် တွေ့ရှိခဲ့သည်။

ဒီဇင်ဘာလအတွင်းစာသင်ကျောင်းတစ်ခုအတွင်းသို့ တောဝက် ၂ ကောင်ဝင်လာရာကျောင်းသားကျောင်းသူများရွှေ့ပြောင်းခြင်း ပြုလုပ်ခဲ့ရသည်။ တောဝက်တို့သည် အအေးပိုသည့် ဂျပန်မြောက်ပိုင်းတွင်မူတွေ့ရှိရမှု နည်းပါးသည်။

တောဝက်များများပြားလာခြင်းမှာအကြောင်းရင်း ၂ ချက်ရှိကြောင်း ကျွမ်းကျင်ပညာရှင်တို့ကသုံးသပ်ပြီးလူသားတို့ လူဦးရေကျဆင်းလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ကြောင်းသုံးသပ်ထားသည်။

ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုများများပြားလာသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး (၄၀ ရာခိုင်နှုန်း) သည် ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၅ အရွယ်ကျော်လွန်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သည်။

တောဝက်များသည် ဂျပန်တောင်ပိုင်းရှိ မြို့များသို့ ပြောင်းရွှေ့လာသည့် လားရာတစ်ခုလည်း ဖြစ်လာသည်။

ဂျပန်တောင်ပိုင်းတွင် လူသူကင်းမဲ့သောကွင်းပြင်များ၊ စပါးခင်းများရှိရာတောဝက်များအတွက် ပုန်းအောင်းရန်၊ အစာရှာရန် အကောင်းဆုံးနေရာများ ဖြစ်လာသည်။

လယ်သမားများမှာအိုမင်းမစွမ်းဖြစ်နေကြရာလယ်မြေတို့ကိုတာဝန်ယူမည့်သူမရှိကြတော့ချေ။

အဘိုးအိုSugawa နှင့် Chiba တို့ ၂ ဦးကိုပင် ကြည့်ပါ။ ၎င်းတို့ ၂ ဦးလုံးတွင် သားများရှိသော်လည်း မြို့ကြီးပြကြီးများတွင် လခစားလုပ်နေကြပြီးလယ်ယာအလုပ်ကိုစိတ်မဝင်စားကြချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Wild boars are taking over Japan’s small towns and residents are either too old or too few to scare them away (SCMP)

[Zawgyi]

ေတာဝက္မ်ားၾကီးစိုးမင္းမူေနေသာဂ်ပန္မွ ျမိဳ႕ငယ္ကေလးမ်ား

ဂ်ပန္ႏိုင္ငံရွိ ျမိဳ႕ငယ္ကေလးမ်ားတြင္ အေျခခ်ေနထိုင္သူနည္းပါးလွျပီးေနထိုင္လ်က္ရွိသူအမ်ားစုမွာလည္းသက္ၾကီးရြယ္အိုမ်ားသာ ျဖစ္ရာေတာဝက္မ်ား ၾကီးစိုးမင္းမူလာမႈကိုေမာင္းထုတ္ႏိုင္စြမ္းမရွိၾကေခ်။

Iwate စီရင္စုတြင္ ၂၀၁၁ ခုႏွစ္အတြင္းကေတာဝက္ ၂ ေကာင္သာဖမ္းမိခဲ့သည္။ ျပီးခဲ့ေသာႏွစ္အတြင္းထိုေဒသတြင္ ေတာဝက္ေကာင္ေရ ၉၄ ေကာင္အထိ ျမင့္တက္လာခဲ့သည္ဟုဆိုသည္။

ဂ်ပန္ႏိုင္ငံတစ္ဝန္းရွိ ျမိဳ႕ေပါင္းမ်ားစြာတြင္ အေျခခ်ေနထိုင္မႈမ်ားအလြန္ျမင့္တက္လာခဲ့သည္။ သို႔ေသာ္ လူမ်ားမဟုတ္။ ေတာဝက္မ်ား ျဖစ္ၾကသည္။ ဂ်ပန္ရွိ ျမိဳ႕ငယ္ကေလးမ်ားတြင္ ေနထိုင္သူမ်ားမွာအသက္အရြယ္အိုမင္းလာျခင္း (သို႔မဟုတ္) ျမိဳ႕မွထြက္ခြာသြားျခင္းမွ မ်ားျပားလာရာေတာဝက္မ်ားဝင္ေရာက္အေျခခ်လာၾကျခင္း ျဖစ္သည္။

ေတာဝက္တို႔သည္ လူသူေစာင့္ၾကပ္မႈမရွိေသာစပါးခင္းမ်ားသို႔ လာၾကကာစြန္႔ပစ္ထားသည့္ အေဆာက္အအံုအမိုးအကာေအာက္ တို႔တြင္ ေနထုိင္လ်က္ရွိၾကသည္။

“လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေလာက္ကဒီေဒသမွာက်ီးကန္းေတြကအၾကီးမားဆံုးျပႆနာ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ ေတာဝက္ေတြ ေသာင္းက်န္းေနျပီးသူတို႔ကိုေမာင္းထုတ္ဖို႔လည္းလူအင္အားမရွိပါဘူး” ဟုHiraizumi မွ အသက္ ၆၇ ႏွစ္အရြယ္ရွိလယ္သမားတစ္ဦးျဖစ္သူ Hideo Numata က ေျပာသည္။

Numataသည္ ထိုေဒသတြင္ အသက္ငယ္သူတစ္ဦးဟုဆိုႏိုင္သည္။ သူ၏ မိတ္ေဆြမ်ားျဖစ္ေသာEtsuroSugawa ႏွင့္ Shoichi Chiba တို႔မွာအသက္ ၆၉ ႏွင့္ ၇၀ အသီးသီးရွိၾကျပီ ျဖစ္သည္။

ဂ်ပန္ႏိုင္ငံေတာင္ပိုင္းတြင္ ေတာဝက္ျပႆနာႏွင့္ ရင္ဆိုင္ေနရသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

ရထားဘူတာမ်ား၊ ကားရပ္နားရာဂိုေဒါင္မ်ား၊ စာသင္ေက်ာင္းဝန္းမ်ားႏွင့္ ပင္လယ္မ်ားအတြင္းတြင္ပင္ ကၽြန္းမ်ားဆီသို႔ ေရကူးကာသြားေနၾကသည့္ ေတာဝက္တို႔၏ သတင္းမ်ားမွာသတင္းစာမ်ားတြင္ ျပည့္ႏွက္လာသည္။

ယခုလအတြင္း Shikoku ကၽြန္းတြင္ ေနထိုင္သည့္ အသက္ ၇၀ ေက်ာ္အရြယ္ရွိအဘြားအိုတစ္ဦးသည္ ေနအိမ္ေရွ႕တံခါးဖြင့္လိုက္ခ်ိန္တြင္ အေလးခ်ိန္ ၇၉ ကီလိုဂရမ္ရွိေတာဝက္တစ္ေကာင္၏ တိုက္ခိုက္ျခင္းကိုခံခဲ့ရသည္။

အဆိုပါ ေတာဝက္သည္ ျပီးခဲ့ေသာေအာက္တိုဘာလအတြင္း Shikoku ကၽြန္းေပၚရွိေစ်းဝယ္စင္တာတစ္ခုထဲသို႔ ဝင္သြားကာဝန္ထမ္းမ်ားအားကိုက္ခဲျခင္း၊ ေသာင္းက်န္းဖ်က္ဆီးျခင္းမ်ားျပဳလုပ္ခဲ့ျပီးေနာက္ ဖမ္းဆီးျခင္းခံခဲ့ရသည္။

က်ဳိတိုျမိဳ႕တြင္လည္း ျပီးခဲ့ေသာႏွစ္အတြင္း ျမိဳ႕ေပၚတြင္ပင္ အနည္းဆံုးေတာဝက္ ၁၀ ေကာင္ခန္႔ ေတြ႔ရွိခဲ့သည္။

ဒီဇင္ဘာလအတြင္းစာသင္ေက်ာင္းတစ္ခုအတြင္းသို႔ ေတာဝက္ ၂ ေကာင္ဝင္လာရာေက်ာင္းသားေက်ာင္းသူမ်ားေရႊ႕ေျပာင္းျခင္း ျပဳလုပ္ခဲ့ရသည္။ ေတာဝက္တို႔သည္ အေအးပိုသည့္ ဂ်ပန္ေျမာက္ပိုင္းတြင္မူေတြ႔ရွိရမႈ နည္းပါးသည္။

ေတာဝက္မ်ားမ်ားျပားလာျခင္းမွာအေၾကာင္းရင္း ၂ ခ်က္ရွိေၾကာင္း ကၽြမ္းက်င္ပညာရွင္တို႔ကသံုးသပ္ျပီးလူသားတို႔ လူဦးေရက်ဆင္းလာျခင္းႏွင့္ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ျဖစ္ေၾကာင္းသံုးသပ္ထားသည္။

ဂ်ပန္ႏိုင္ငံသည္ သက္ၾကီးရြယ္အိုမ်ားမ်ားျပားလာသည့္ ျပႆနာႏွင့္ ရင္ဆိုင္ေနရျပီး ႏိုင္ငံလူဦးေရ၏ ထက္ဝက္နီးပါး (၄၀ ရာခိုင္ႏႈန္း) သည္ ၂၀၅၀ ျပည့္ႏွစ္တြင္ အသက္ ၆၅ အရြယ္ေက်ာ္လြန္သူမ်ား ျဖစ္ၾကလိမ့္မည္ ျဖစ္သည္။

ေတာဝက္မ်ားသည္ ဂ်ပန္ေတာင္ပိုင္းရွိ ျမိဳ႕မ်ားသို႔ ေျပာင္းေရႊ႕လာသည့္ လားရာတစ္ခုလည္း ျဖစ္လာသည္။

ဂ်ပန္ေတာင္ပိုင္းတြင္ လူသူကင္းမဲ့ေသာကြင္းျပင္မ်ား၊ စပါးခင္းမ်ားရွိရာေတာဝက္မ်ားအတြက္ ပုန္းေအာင္းရန္၊ အစာရွာရန္ အေကာင္းဆံုးေနရာမ်ား ျဖစ္လာသည္။

လယ္သမားမ်ားမွာအိုမင္းမစြမ္းျဖစ္ေနၾကရာလယ္ေျမတို႔ကိုတာဝန္ယူမည့္သူမရွိၾကေတာ့ေခ်။

အဘိုးအိုSugawa ႏွင့္ Chiba တို႔ ၂ ဦးကိုပင္ ၾကည့္ပါ။ ၎တို႔ ၂ ဦးလံုးတြင္ သားမ်ားရွိေသာ္လည္း ျမိဳ႕ၾကီးျပၾကီးမ်ားတြင္ လခစားလုပ္ေနၾကျပီးလယ္ယာအလုပ္ကိုစိတ္မဝင္စားၾကေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Wild boars are taking over Japan’s small towns and residents are either too old or too few to scare them away (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service