Covid-19 ကြောင့် လိင်ဖျော်ဖြေရေးအလုပ်များ လုပ်လာကြရသော မြန်မာအထည်ချုပ်အလုပ်သမများ

Covid-19 ကြောင့် လိင်ဖျော်ဖြေရေးအလုပ်များ လုပ်လာကြရသော မြန်မာအထည်ချုပ်အလုပ်သမများ - Property News in Myanmar from iMyanmarHouse.com
31 Oct 2020 12:09 pm တွင် တင်ခဲ့သည်
3941 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(The Guardian တွင် ဖော်ပြသော ‘I have to do this’: Myanmar garment workers forced into sex work by Covid ဆောင်းပါး ကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်)

အသက် ၁၉ နှစ်အရွယ်ရှိ မလှသည် ကလေးမီးဖွားပြီးနောက် လွန်ခဲ့သော ၇ လက အလုပ်ခွင်ပြန်ဝင်ရန် စီစဉ်ခဲ့ချိန်တွင် အလုပ်အကိုင် များ မရှိတော့ချေ။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အနောက်နိုင်ငံများမှ ဖက်ရှင်အမှတ်တံဆိပ်များက အမှာစာများ ဖျက်သိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ ရာပေါင်းများစွာ ပိတ်သိမ်းသွားခဲ့ရာ အမျိုးသမီးထောင်ပေါင်းများစွာမှာ အလုပ်လက်မဲ့ ဖြစ်သွားကြရသည်။ ရန်ကုန်တွင် လော့ဒေါင်းချမှတ်မှုများ ပြုလုပ်လာချိန်တွင် သူမ၏ အိမ်ထောင်ရေးပြိုကွဲခဲ့ရ၏။ ခင်ပွန်းဖြစ်သူမှာ သူမအား ကျောခိုင်းသွား ခဲ့သည်။

ဖခင်မှာလည်း ဆိုက္ကားစီးမည့် ခရီးသည်မရှိတော့သောကြောင့် ဆိုက္ကားကို ရောင်းချလိုက်ရ၏။

သူမ၏ မိဘများနှင့် ကလေးမှာ ငတ်မွတ်သည့်ဘေးနှင့် ရင်ဆိုင်လာရသောကြောင့် လွန်ခဲ့သော ၅ လမှ စတင်ပြီး မလှမှာ လိင်ဖျော်ရေး အလုပ်သမားတစ်ဦး ဖြစ်လာခဲ့တော့သည်။

“သမီး အရမ်းကြောက်ရွံ့မိပါတယ်။ သမီးက အမှောင်ထဲမှာ အမြဲအလုပ်လုပ်နေရတာဖြစ်တော့ ဂရုစိုက်ဖို့ ကြိုးစားရပါတယ်။ ဒီအလုပ်ကို လုပ်တဲ့အချိန်မှာ မိသားစုကို စိတ်ထဲထားပြီး အလုပ်လုပ်နေရတယ်။ သူတို့ကို ဘယ်လိုကျွေးမွေးမလဲဆိုတာကိုပဲ တွေးနေမိတယ်။”

ခိုကိုးရာမဲ့ဘဝ အခြေအနေမှ လွတ်မြောက်ရေးအတွက် လိင်ဖျော်ဖြေရေးလုပ်ငန်းသို့ ဝင်ရောက်လာခဲ့ရသည့် အမျိုးသမီးများ များပြား လာနေကြောင်း မလှ၏ အဖြစ်အပျက်က ပြသနေသည်။

COVID-19 သည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအပေါ် ထိုးနှက်ချက်ပေါင်းများစွာဖြင့် ထိခိုက်စေခဲ့သည်။

ဖေဖော်ဝါရီလတွင် တရုတ်ပြည်မှ ကုန်ကြမ်းအဝင် ပြတ်လပ်မှုဖြင့် စတင်ခဲ့ပြီး အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခဲ့ကာ အလုပ်အကိုင်နေရာ ၁၀၀၀၀ မှ ၁၅၀၀၀ အကြား ထိခိုက်စေခဲ့သည်။

ဧပြီလအတွင်း ရန်ကုန်တွင် ပထမအကြိမ် လော့ဒေါင်းချမှတ်စဉ်ကာလအတွင်း အထည်ချုပ်စက်ရုံများကို ယာယီပိတ်သိမ်းထားရန် အမိန့်ထုတ်ခြင်းခံရပြီး ယင်းနောက် စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ထပ်မံပိတ်သိမ်းစေခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်တို့မှာလည်း တိုင်းပြည်၏ အားနည်းသော ကျန်းမာရေးစနစ်ကို ကာကွယ်ရန် ရုန်းကန်နေကြရသည်။

စက်ရုံပေါင်း ၂၂၃ ခုမှာ ပိတ်သိမ်းရန် လျှောက်ထားခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာလအတွင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

ယခုအခါ အလုပ်အကိုင်ဆုံးရှုံးကြမှုမှာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းကာလဖြစ်သော ဇန်နဝါရီမှ ဇူလိုင်အကြားထက် ပိုမိုဆိုးရွားဖွယ် ရှိသည်။

ပထမလှိုင်းကာလတွင် စက်ရုံပေါင်း ၆၀ က အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ကို အလုပ်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

နေအိမ်တွင်သာ နေထိုင်ကြရန် (stay-at-home ) ဟူသော စည်းမျဉ်းချမှတ်ထားသည့် လက်ရှိကာလတွင် မလှသည် လိင်ဖျော်ဖြေမှု လုပ်ငန်းမှ တစ်ရက်လျှင် ၅၀၀၀ ကျပ်ဝန်းကျင် ရရှိသည်ဟု ဆိုသည်။

“သမီးတို့ အကြာကြီး မတ်တပ်ရပ်နေပြီး ယောက်ျားတစ်ယောက်ယောက် ကိုယ့်အနားကပ်လာမှာကို စောင့်ကြရပါတယ်” ဟု မလှက ဆိုသည်။

သူမသည် ကလေးအတွက် အချိန်မပေးနိုင်တော့။ “ဒီအလုပ်လုပ်ဖို့အတွက် ကလေးကို နို့ဖြတ်လိုက်ရတယ်။ အခုသူ့ကို ထမင်းနဲ့ ဈေးသက်သာတဲ့ နို့မှုန့်တိုက်ပါတယ်” အသက် ၃၀ အရွယ်ရှိ မခိုင်ကမူ ရန်ကုန်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်သူဖြစ်ပြီး လွန်ခဲ့သော ၆ လ စက်ရုံပိတ်သိမ်းချိန်မှစပြီး အလုပ်လက်မဲ့ဖြစ်သွားခဲ့သည်။

သူမ၏ ခင်ပွန်းမှာလည်း ဆိုက္ကားနင်းရန်အတွက် ဆိုက္ကားကိုမငှားရမ်းနိုင်တော့။ သူမ၏ သားများက ယခုအလုပ်မလုပ်ရန် တောင်းပန်ကြ ၏။

“သူတို့က ကျွန်မကို တားကြတယ်။ ကျွန်မက သူတို့ကို မငိုကြဖို့ ပြောပါတယ်။ သူတို့ အသက်ရှင်နိုင်ဖိို့အတွက် ကျွန်မ ဒါကို လုပ်ရမယ်လို့ ပြောပြခဲ့တယ်”

“ဒီအလုပ်ကို လုပ်ချိန်မှာ တချို့ယောက်ျားတွေဟာ နှိပ်စက်ညှင်းပန်းပြီးမှ ဆက်ဆံရတာကို သဘောကျသူတွေရှိကြတယ်။ တချို့တွေက ရိုင်းစိုင်းကြမ်းတမ်းကြတယ်။ ပါးတွေ နားတွေရိုက်တာမျိုးတွေ ခံရတယ်။ ကျွန်မ တကယ်ကို ထိတ်လန့်ကြောက်ရွံ့မိတယ်။ သူ..ငါကို သတ်များ သတ်နေတာလားလို့ တွေးမိတယ်”

အချို့ရက်များတွင် မခိုင်သည် ၇၀၀၀ ကျပ်ခန့် ရလေ့ရှိပြီး အချို့ရက်များတွင်မူ အိမ်ပြန်ရန် ဘတ်စ်ကားခပင် မရှိတော့သည့်ရက်များ လည်း ရှိသည်။

ထိုအခါမျိုးတွင် အိမ်သို့ လမ်းလျှောက်ပြန်ရ၏။ အိမ်ပြန်ခရီးတွင်လည်း ယောက်ျားတို့၏ နှောင့်ယှက် တိုက်ခိုက်မှုများ ကြုံရလေ့ရှိသည်။

အိမ်သို့ ပြန်ရောက်သည့်အခါတွင်လည်း အိမ်နီးချင်းများက သူမ၏ ကလေးများကို ကျွေးမွေးထားလိမ့်မည်ဟု မျှော်လင့်သော်လည်း အတင်းပြောချင်းနှင့်သာ ရင်ဆိုင်ရသည်။

“ကျွန်မကို ဒီလိုအလုပ်မျိုး လုပ်တာကြောင့် နှိမ်ချတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး မတူသလို မတန်သလို ဆက်ဆံကြပါတယ်” ဟု မခိုင်က ဆိုသည်။

မခိုင်အတွက် COVID-19 ဆိုသည့် အန္တရာယ်ထက် ပိုမိုသည့် အန္တရာယ်များ ရှိနေသည်။

UNAids ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လိင်လုပ်သားပေါင်း ၆၆၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ယင်းအနက် ၅ ဒသမ ၆ ရာခိုင်နှုန်းမှာ HIV ကူးစက်ခံထားရသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ လိင်လုပ်သားများ”အုပ်စုကို တည်ထောင်သူ ဒေါ်နှင်းနှင်းယုသည် အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး လိင်ဖျော်ဖြေရေး အလုပ်ကို ၄ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် HIV ကူးစက်ခြင်းခံခဲ့ရသူ ဖြစ်သည်။

သူမတို့အုပ်စုသည် လိင်လုပ်သား အမျိုးသမီး ၂၀၀ အား တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများနှင့် ဈေးဝယ်စင်တာ ဈေးဝယ်ကတ်များ ပြီးခဲ့သော ၂ လအတွင်း ထောက်ပံ့ပေးခဲ့သည်။

အစိုးရကလည်း ဝင်ငွေနည်းပါးသော မိသားစုများအား တခါတရံတွင် ငွေသားနှင့် ဆန်၊ ဆီများ ထောက်ပံ့သည်။ သို့သော် လိင်လုပ်သား များသည်ကား စာရင်းကောက်ယူရာတွင် ထည့်သွင်းခြင်းမခံရလျှင် (သို့မဟုတ်) မိမိအလုပ်အကိုင်ကို ဖုံးကွယ်ထားရန်အတွက် ကုမ္ပဏီ ဝန်ထမ်းဖြစ်သည်ဟု ပြောဆိုထားခဲ့လျှင် အစိုးရ၏ ထောက်ပံ့မှုများ မရရှိချေ။

ဒေါ်နှင်းနှင်းယုက ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း အမျိုးသားဖောက်သည်များ ကျဆင်းသွားသော်လည်း လိင်ဖျော်ဖြေရေးအလုပ် လုပ်ကိုင်လာသည့်အမျိုးသမီးများ ပိုမိုများပြားလာကြောင်း ပြောကြားသည်။

“အထူးသဖြင့် စက်ရုံတွေမှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေပါ။ ကပ်ဘေးကာလအတွင်း စက်ရုံတွေက ပိတ်သိမ်းသွားကြပါတယ်။ သူတို့မှာ အိမ်ငှားခတွေ၊ အကြွေးတွေပေးဖို့ရှိနေတဲ့အပြင် မိသားစုကို ကျွေးမွေးဖို့လည်း လိုအပ်နေကြတယ်။ သူတို့မှာ ရွေးစရာမရှိ ပါဘူး”

ဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုများ များပြားလာသည့်နည်းတူ ရဲတပ်ဖွဲ့၏ အဖမ်းအဆီးလည်း များလာ ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

“တော်တော်များများက ယောက်ျားရိုက်နှက်တာ ခံရတယ်။ အပြင်ထွက်ပြီး ပိုက်ဆံရှာခိုင်းကြတယ်။ တခါတလေ ယောက်ျားတွေက ဆက်ဆံပြီးရင် ပိုက်ဆံမပေးဘဲ ထားခဲ့တာမျိုးတွေရှိတယ်” ဟု ဒေါ်နှင်းနှင်းယုက ပြောကြားပြီး ရဲတို့၏ ရန်ကိုလည်းကြောက်ရကြောင်း ဖြည့်စွက်ပြောကြားသည်။

ရဲတပ်ဖွဲ့သည် သတင်းပေးများလည်း ထားရှိလေ့ရှိပြီး ပြည့်တန်ဆာအလုပ်ဖြင့် ဖမ်းဆီးခံရသော အမျိုးသမီးသည် ထောင်ဒဏ် ၃ နှစ် အထက် ကျခံရဖွယ်ရာရှိသည်။

“ရဲတွေကို ရှောင်နိုင်အောင်တော့ ကျွန်မတို့ ကြိုးစားပါတယ်။ ညမထွက်ရအမိန့်ထုတ်ထားချိန်မှာ ညသန်းခေါင်ကျော်ပြီး ဖောက်သည်ရှာ လို့ မရပါဘူး”

လိင်ဖျော်ဖြေရေးအလုပ်သမအဖြစ် ၁၄ နှစ်ခန့် လုပ်ကိုင်ခဲ့သူ အသက် ၃၈ နှစ်အရွယ်ရှိ မကြည်က ပြောကြားရာတွင် ဧပြီလမှစပြီး စက်ရုံအလုပ်လုပ်သည့် မိန်းကလေးများ များစွာတွေ့လာရကြောင်း ပြောကြားသည်။

“သူတို့ထဲက အတော်များများက ခပ်ရိုးရိုးတွေ။ ဒီအလုပ်မှာ အတွေ့အကြုံ မရှိကြဘူး။ ဒီတော့ ဖောက်သည်နဲ့ ရဲသတင်းပေး မခွဲတတ် တော့ အလွယ်တကူ အဖမ်းခံကြရတာ များပါတယ်” ဟု မကြည်က ပြောသည်။

မကြည်နှင့် အခြားလိင်လုပ်သားတို့သည် ဖမ်းဆီးခြင်းမခံရရေးအတွက် ×××× တို့နှင့် မကြာခဏ အတူအိပ်စက်ရလေ့ရှိသည်။ “ဒီလုပ်ငန်းထဲမှာ ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” ဟု မကြည်က ဖြည့်စွက်ပြောကြားသည်။

အမျိုးသမီးများစွာမှာ ၎င်းတို့၏ မိသားစုအား မည်သည့်အလုပ်လုပ်သည်ကို ဖုံးကွယ်ထားလေ့ရှိကြပြီး ထိုအထဲတွင် မကြည်လည်း ပါဝင်သည်။

မကြည်က သူမ၏ မိသားစုကို မားကက်တင်းအလုပ်လုပ်သည်ဟု ပြောထားသည်။

မလှ၏ မိသားစုတွင်မူ ယခုအလုပ်ကို လုပ်ကိုင်ရန် သမီးနှင့် အမေတို့တိုင်ပင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ဖခင်အား ပြောပြလိုက်ချိန်တွင် ဖခင်က ရိုက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တိတ်ဆိတ်စွာသာ မတ်တပ်ရပ်နေခဲ့ကြောင်း မလှက ပြော၏။

COVID-19 သည် အန္တရာယ်ရှိနေဆဲပင်ဖြစ်သည်။ သြဂုတ်လအတွင်းက မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ရာဂဏန်းသာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁၂၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။

“သမီးက ကိုယ့်အတွက်ကိုယ်စိတ်မပူပါဘူး။ သမီးဆီကတဆင့် မိသားစုကို ရောဂါကူးသွားမှာ စိုးရိမ်မိပါတယ်။ လက်ရှိအခြေအနေမှာတောင် သမီးတို့ တော်တော်ရုန်းကန်နေရတာ။ ရောဂါသာ ကူးစက်ခံရမယ်ဆိုရင် အစစအရာရာ ပိုဆိုးသွားပါလိမ့်မယ်” ဟု မလှက ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘I have to do this’: Myanmar garment workers forced into sex work by Covid (The Guardian)

 

[Zawgyi]

Covid-19 ေၾကာင့္ လိင္ေဖ်ာ္ေျဖေရးအလုပ္မ်ား လုပ္လာၾကရေသာ ျမန္မာအထည္ခ်ဳပ္အလုပ္သမမ်ား

(The Guardian တြင္ ေဖာ္ျပေသာ ‘I have to do this’: Myanmar garment workers forced into sex work by Covid ေဆာင္းပါး ကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုသည္)

အသက္ ၁၉ ႏွစ္အရြယ္ရွိ မလွသည္ ကေလးမီးဖြားျပီးေနာက္ လြန္ခဲ့ေသာ ၇ လက အလုပ္ခြင္ျပန္ဝင္ရန္ စီစဥ္ခဲ့ခ်ိန္တြင္ အလုပ္အကိုင္ မ်ား မရွိေတာ့ေခ်။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ အေနာက္ႏိုင္ငံမ်ားမွ ဖက္ရွင္အမွတ္တံဆိပ္မ်ားက အမွာစာမ်ား ဖ်က္သိမ္းမႈေၾကာင့္ ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္ရံု ရာေပါင္းမ်ားစြာ ပိတ္သိမ္းသြားခဲ့ရာ အမ်ဳိးသမီးေထာင္ေပါင္းမ်ားစြာမွာ အလုပ္လက္မဲ့ ျဖစ္သြားၾကရသည္။ ရန္ကုန္တြင္ ေလာ့ေဒါင္းခ်မွတ္မႈမ်ား ျပဳလုပ္လာခ်ိန္တြင္ သူမ၏ အိမ္ေထာင္ေရးျပိဳကြဲခဲ့ရ၏။ ခင္ပြန္းျဖစ္သူမွာ သူမအား ေက်ာခိုင္းသြား ခဲ့သည္။

ဖခင္မွာလည္း ဆိုကၠားစီးမည့္ ခရီးသည္မရွိေတာ့ေသာေၾကာင့္ ဆိုကၠားကို ေရာင္းခ်လိုက္ရ၏။

သူမ၏ မိဘမ်ားႏွင့္ ကေလးမွာ ငတ္မြတ္သည့္ေဘးႏွင့္ ရင္ဆိုင္လာရေသာေၾကာင့္ လြန္ခဲ့ေသာ ၅ လမွ စတင္ျပီး မလွမွာ လိင္ေဖ်ာ္ေရး အလုပ္သမားတစ္ဦး ျဖစ္လာခဲ့ေတာ့သည္။

“သမီး အရမ္းေၾကာက္ရြံ႕မိပါတယ္။ သမီးက အေမွာင္ထဲမွာ အျမဲအလုပ္လုပ္ေနရတာျဖစ္ေတာ့ ဂရုစိုက္ဖို႔ ၾကိဳးစားရပါတယ္။ ဒီအလုပ္ကို လုပ္တဲ့အခ်ိန္မွာ မိသားစုကို စိတ္ထဲထားျပီး အလုပ္လုပ္ေနရတယ္။ သူတို႔ကို ဘယ္လိုေကၽြးေမြးမလဲဆိုတာကိုပဲ ေတြးေနမိတယ္။”

ခိုကိုးရာမဲ့ဘဝ အေျခအေနမွ လြတ္ေျမာက္ေရးအတြက္ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းသို႔ ဝင္ေရာက္လာခဲ့ရသည့္ အမ်ဳိးသမီးမ်ား မ်ားျပား လာေနေၾကာင္း မလွ၏ အျဖစ္အပ်က္က ျပသေနသည္။

COVID-19 သည္ ျမန္မာႏိုင္ငံ၏ အထည္ခ်ဳပ္လုပ္ငန္းအေပၚ ထိုးႏွက္ခ်က္ေပါင္းမ်ားစြာျဖင့္ ထိခိုက္ေစခဲ့သည္။

ေဖေဖာ္ဝါရီလတြင္ တရုတ္ျပည္မွ ကုန္ၾကမ္းအဝင္ ျပတ္လပ္မႈျဖင့္ စတင္ခဲ့ျပီး အထည္ခ်ဳပ္စက္ရံုမ်ား ပိတ္သိမ္းခဲ့ကာ အလုပ္အကိုင္ေနရာ ၁၀၀၀၀ မွ ၁၅၀၀၀ အၾကား ထိခိုက္ေစခဲ့သည္။

ဧျပီလအတြင္း ရန္ကုန္တြင္ ပထမအၾကိမ္ ေလာ့ေဒါင္းခ်မွတ္စဥ္ကာလအတြင္း အထည္ခ်ဳပ္စက္ရံုမ်ားကို ယာယီပိတ္သိမ္းထားရန္ အမိန္႔ထုတ္ျခင္းခံရျပီး ယင္းေနာက္ စက္တင္ဘာလ ၂၄ ရက္မွ ေအာက္တိုဘာ ၂၁ ရက္အထိ ထပ္မံပိတ္သိမ္းေစခဲ့သည္။ သက္ဆိုင္ရာ အာဏာပိုင္တို႔မွာလည္း တိုင္းျပည္၏ အားနည္းေသာ က်န္းမာေရးစနစ္ကို ကာကြယ္ရန္ ရုန္းကန္ေနၾကရသည္။

စက္ရံုေပါင္း ၂၂၃ ခုမွာ ပိတ္သိမ္းရန္ ေလွ်ာက္ထားခဲ့ၾကေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး လူဝင္မႈၾကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ၾကီး ေဒၚမိုးမိုးစုၾကည္က စက္တင္ဘာလအတြင္း ျပည္တြင္းသတင္းမီဒီယာတစ္ခုသို႔ ေျပာၾကားခဲ့သည္။

ယခုအခါ အလုပ္အကိုင္ဆံုးရံႈးၾကမႈမွာ ကိုရိုနာဗိုင္းရပ္စ္ ပထမလႈိင္းကာလျဖစ္ေသာ ဇန္နဝါရီမွ ဇူလိုင္အၾကားထက္ ပိုမိုဆိုးရြားဖြယ္ ရွိသည္။

ပထမလႈိင္းကာလတြင္ စက္ရံုေပါင္း ၆၀ က အလုပ္သမားေပါင္း ၄၀၀၀၀ ေက်ာ္ကို အလုပ္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ေနအိမ္တြင္သာ ေနထိုင္ၾကရန္ (stay-at-home ) ဟူေသာ စည္းမ်ဥ္းခ်မွတ္ထားသည့္ လက္ရွိကာလတြင္ မလွသည္ လိင္ေဖ်ာ္ေျဖမႈ လုပ္ငန္းမွ တစ္ရက္လွ်င္ ၅၀၀၀ က်ပ္ဝန္းက်င္ ရရွိသည္ဟု ဆိုသည္။

“သမီးတို႔ အၾကာၾကီး မတ္တပ္ရပ္ေနျပီး ေယာက်္ားတစ္ေယာက္ေယာက္ ကိုယ့္အနားကပ္လာမွာကို ေစာင့္ၾကရပါတယ္” ဟု မလွက ဆိုသည္။

သူမသည္ ကေလးအတြက္ အခ်ိန္မေပးႏိုင္ေတာ့။ “ဒီအလုပ္လုပ္ဖို႔အတြက္ ကေလးကို ႏို႔ျဖတ္လိုက္ရတယ္။ အခုသူ႔ကို ထမင္းနဲ႔ ေစ်းသက္သာတဲ့ ႏို႔မႈန္႔တိုက္ပါတယ္” အသက္ ၃၀ အရြယ္ရွိ မခိုင္ကမူ ရန္ကုန္ရွိ စက္ရံုတစ္ရံုတြင္ အလုပ္လုပ္သူျဖစ္ျပီး လြန္ခဲ့ေသာ ၆ လ စက္ရံုပိတ္သိမ္းခ်ိန္မွစျပီး အလုပ္လက္မဲ့ျဖစ္သြားခဲ့သည္။

သူမ၏ ခင္ပြန္းမွာလည္း ဆိုကၠားနင္းရန္အတြက္ ဆိုကၠားကိုမငွားရမ္းႏိုင္ေတာ့။ သူမ၏ သားမ်ားက ယခုအလုပ္မလုပ္ရန္ ေတာင္းပန္ၾက ၏။

“သူတို႔က ကၽြန္မကို တားၾကတယ္။ ကၽြန္မက သူတို႔ကို မငိုၾကဖို႔ ေျပာပါတယ္။ သူတုိ႔ အသက္ရွင္ႏိုင္ဖိုိ႔အတြက္ ကၽြန္မ ဒါကို လုပ္ရမယ္လို႔ ေျပာျပခဲ့တယ္”

“ဒီအလုပ္ကို လုပ္ခ်ိန္မွာ တခ်ဳိ႕ေယာက်္ားေတြဟာ ႏွိပ္စက္ညွင္းပန္းျပီးမွ ဆက္ဆံရတာကို သေဘာက်သူေတြရွိၾကတယ္။ တခ်ဳိ႕ေတြက ရိုင္းစိုင္းၾကမ္းတမ္းၾကတယ္။ ပါးေတြ နားေတြရိုက္တာမ်ဳိးေတြ ခံရတယ္။ ကၽြန္မ တကယ္ကို ထိတ္လန္႔ေၾကာက္ရြံ႕မိတယ္။ သူ..ငါကို သတ္မ်ား သတ္ေနတာလားလို႔ ေတြးမိတယ္”

အခ်ဳိ႕ရက္မ်ားတြင္ မခိုင္သည္ ၇၀၀၀ က်ပ္ခန္႔ ရေလ့ရွိျပီး အခ်ဳိ႕ရက္မ်ားတြင္မူ အိမ္ျပန္ရန္ ဘတ္စ္ကားခပင္ မရွိေတာ့သည့္ရက္မ်ား လည္း ရွိသည္။

ထိုအခါမ်ဳိးတြင္ အိမ္သို႔ လမ္းေလွ်ာက္ျပန္ရ၏။ အိမ္ျပန္ခရီးတြင္လည္း ေယာက်္ားတို႔၏ ေႏွာင့္ယွက္ တိုက္ခိုက္မႈမ်ား ၾကံဳရေလ့ရွိသည္။

အိမ္သို႔ ျပန္ေရာက္သည့္အခါတြင္လည္း အိမ္နီးခ်င္းမ်ားက သူမ၏ ကေလးမ်ားကို ေကၽြးေမြးထားလိမ့္မည္ဟု ေမွ်ာ္လင့္ေသာ္လည္း အတင္းေျပာခ်င္းႏွင့္သာ ရင္ဆိုင္ရသည္။

“ကၽြန္မကို ဒီလိုအလုပ္မ်ဳိး လုပ္တာေၾကာင့္ ႏွိမ္ခ်တဲ့ အၾကည့္မ်ဳိးနဲ႔ ၾကည့္ျပီး မတူသလို မတန္သလို ဆက္ဆံၾကပါတယ္” ဟု မခိုင္က ဆိုသည္။

မခိုင္အတြက္ COVID-19 ဆိုသည့္ အႏၱရာယ္ထက္ ပိုမိုသည့္ အႏၱရာယ္မ်ား ရွိေနသည္။

UNAids ၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ လိင္လုပ္သားေပါင္း ၆၆၀၀၀ ခန္႔ရွိသည္ဟု ခန္႔မွန္းထားျပီး ယင္းအနက္ ၅ ဒသမ ၆ ရာခိုင္ႏႈန္းမွာ HIV ကူးစက္ခံထားရသည္ဟု ဆိုသည္။

“ျမန္မာႏိုင္ငံ လိင္လုပ္သားမ်ား”အုပ္စုကို တည္ေထာင္သူ ေဒၚႏွင္းႏွင္းယုသည္ အသက္ ၄၈ ႏွစ္ရွိျပီျဖစ္ျပီး လိင္ေဖ်ာ္ေျဖေရး အလုပ္ကို ၄ ႏွစ္ခန္႔ လုပ္ကိုင္ခဲ့ျပီးေနာက္ ၂၀၀၄ ခုႏွစ္တြင္ HIV ကူးစက္ျခင္းခံခဲ့ရသူ ျဖစ္သည္။

သူမတို႔အုပ္စုသည္ လိင္လုပ္သား အမ်ဳိးသမီး ၂၀၀ အား တစ္ကိုယ္ေရအကာအကြယ္ပစၥည္းမ်ားႏွင့္ ေစ်းဝယ္စင္တာ ေစ်းဝယ္ကတ္မ်ား ျပီးခဲ့ေသာ ၂ လအတြင္း ေထာက္ပံ့ေပးခဲ့သည္။

အစိုးရကလည္း ဝင္ေငြနည္းပါးေသာ မိသားစုမ်ားအား တခါတရံတြင္ ေငြသားႏွင့္ ဆန္၊ ဆီမ်ား ေထာက္ပံ့သည္။ သို႔ေသာ္ လိင္လုပ္သား မ်ားသည္ကား စာရင္းေကာက္ယူရာတြင္ ထည့္သြင္းျခင္းမခံရလွ်င္ (သို႔မဟုတ္) မိမိအလုပ္အကိုင္ကို ဖံုးကြယ္ထားရန္အတြက္ ကုမၸဏီ ဝန္ထမ္းျဖစ္သည္ဟု ေျပာဆိုထားခဲ့လွ်င္ အစိုးရ၏ ေထာက္ပံ့မႈမ်ား မရရွိေခ်။

ေဒၚႏွင္းႏွင္းယုက ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကာလအတြင္း အမ်ဳိးသားေဖာက္သည္မ်ား က်ဆင္းသြားေသာ္လည္း လိင္ေဖ်ာ္ေျဖေရးအလုပ္ လုပ္ကိုင္လာသည့္အမ်ဳိးသမီးမ်ား ပိုမိုမ်ားျပားလာေၾကာင္း ေျပာၾကားသည္။

“အထူးသျဖင့္ စက္ရံုေတြမွာ အလုပ္လုပ္တဲ့ မိန္းကေလးေတြပါ။ ကပ္ေဘးကာလအတြင္း စက္ရံုေတြက ပိတ္သိမ္းသြားၾကပါတယ္။ သူတို႔မွာ အိမ္ငွားခေတြ၊ အေၾကြးေတြေပးဖို႔ရွိေနတဲ့အျပင္ မိသားစုကို ေကၽြးေမြးဖို႔လည္း လိုအပ္ေနၾကတယ္။ သူတို႔မွာ ေရြးစရာမရွိ ပါဘူး”

ဗိုင္းရပ္စ္ ကပ္ေဘးကာလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈမ်ား မ်ားျပားလာသည့္နည္းတူ ရဲတပ္ဖြဲ႔၏ အဖမ္းအဆီးလည္း မ်ားလာ ေၾကာင္း ေဒၚႏွင္းႏွင္းယုက ေျပာသည္။

“ေတာ္ေတာ္မ်ားမ်ားက ေယာက်္ားရိုက္ႏွက္တာ ခံရတယ္။ အျပင္ထြက္ျပီး ပိုက္ဆံရွာခိုင္းၾကတယ္။ တခါတေလ ေယာက်္ားေတြက ဆက္ဆံျပီးရင္ ပိုက္ဆံမေပးဘဲ ထားခဲ့တာမ်ဳိးေတြရွိတယ္” ဟု ေဒၚႏွင္းႏွင္းယုက ေျပာၾကားျပီး ရဲတို႔၏ ရန္ကိုလည္းေၾကာက္ရေၾကာင္း ျဖည့္စြက္ေျပာၾကားသည္။

ရဲတပ္ဖြဲ႔သည္ သတင္းေပးမ်ားလည္း ထားရွိေလ့ရွိျပီး ျပည့္တန္ဆာအလုပ္ျဖင့္ ဖမ္းဆီးခံရေသာ အမ်ဳိးသမီးသည္ ေထာင္ဒဏ္ ၃ ႏွစ္ အထက္ က်ခံရဖြယ္ရာရွိသည္။

“ရဲေတြကို ေရွာင္ႏိုင္ေအာင္ေတာ့ ကၽြန္မတို႔ ၾကိဳးစားပါတယ္။ ညမထြက္ရအမိန္႔ထုတ္ထားခ်ိန္မွာ ညသန္းေခါင္ေက်ာ္ျပီး ေဖာက္သည္ရွာ လို႔ မရပါဘူး”

လိင္ေဖ်ာ္ေျဖေရးအလုပ္သမအျဖစ္ ၁၄ ႏွစ္ခန္႔ လုပ္ကိုင္ခဲ့သူ အသက္ ၃၈ ႏွစ္အရြယ္ရွိ မၾကည္က ေျပာၾကားရာတြင္ ဧျပီလမွစျပီး စက္ရံုအလုပ္လုပ္သည့္ မိန္းကေလးမ်ား မ်ားစြာေတြ႔လာရေၾကာင္း ေျပာၾကားသည္။

“သူတို႔ထဲက အေတာ္မ်ားမ်ားက ခပ္ရိုးရိုးေတြ။ ဒီအလုပ္မွာ အေတြ႔အၾကံဳ မရွိၾကဘူး။ ဒီေတာ့ ေဖာက္သည္နဲ႔ ရဲသတင္းေပး မခြဲတတ္ ေတာ့ အလြယ္တကူ အဖမ္းခံၾကရတာ မ်ားပါတယ္” ဟု မၾကည္က ေျပာသည္။

မၾကည္ႏွင့္ အျခားလိင္လုပ္သားတို႔သည္ ဖမ္းဆီးျခင္းမခံရေရးအတြက္ ×××× တို႔ႏွင့္ မၾကာခဏ အတူအိပ္စက္ရေလ့ရွိသည္။ “ဒီလုပ္ငန္းထဲမွာ ဒါက ကစားပြဲရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ” ဟု မၾကည္က ျဖည့္စြက္ေျပာၾကားသည္။

အမ်ဳိးသမီးမ်ားစြာမွာ ၎တို႔၏ မိသားစုအား မည္သည့္အလုပ္လုပ္သည္ကို ဖံုးကြယ္ထားေလ့ရွိၾကျပီး ထိုအထဲတြင္ မၾကည္လည္း ပါဝင္သည္။

မၾကည္က သူမ၏ မိသားစုကို မားကက္တင္းအလုပ္လုပ္သည္ဟု ေျပာထားသည္။

မလွ၏ မိသားစုတြင္မူ ယခုအလုပ္ကို လုပ္ကိုင္ရန္ သမီးႏွင့္ အေမတို႔တိုင္ပင္ကာ ျပဳလုပ္ခဲ့ျခင္းျဖစ္၏။ ဖခင္အား ေျပာျပလိုက္ခ်ိန္တြင္ ဖခင္က ရိုက္လိမ့္မည္ဟု ထင္ခဲ့ေသာ္လည္း တိတ္ဆိတ္စြာသာ မတ္တပ္ရပ္ေနခဲ့ေၾကာင္း မလွက ေျပာ၏။

COVID-19 သည္ အႏၱရာယ္ရွိေနဆဲပင္ျဖစ္သည္။ ၾသဂုတ္လအတြင္းက ျမန္မာႏိုင္ငံတြင္ ေရာဂါကူးစက္ခံရသူ ရာဂဏန္းသာ ရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ကူးစက္ခံရသူ ၅၀၀၀၀ ေက်ာ္ရွိခဲ့ျပီျဖစ္ကာ ေသဆံုးသူ ၁၂၀၀ ေက်ာ္ခဲ့ျပီ ျဖစ္သည္။

“သမီးက ကိုယ့္အတြက္ကိုယ္စိတ္မပူပါဘူး။ သမီးဆီကတဆင့္ မိသားစုကို ေရာဂါကူးသြားမွာ စိုးရိမ္မိပါတယ္။ လက္ရွိအေျခအေနမွာေတာင္ သမီးတုိ႔ ေတာ္ေတာ္ရုန္းကန္ေနရတာ။ ေရာဂါသာ ကူးစက္ခံရမယ္ဆိုရင္ အစစအရာရာ ပိုဆိုးသြားပါလိမ့္မယ္” ဟု မလွက ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘I have to do this’: Myanmar garment workers forced into sex work by Covid (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service