Covid-19 ပျောက်ကင်းသွားသူများကာကွယ်ဆေးထိုးဖို့ လိုသလား ?

Covid-19 ပျောက်ကင်းသွားသူများကာကွယ်ဆေးထိုးဖို့ လိုသလား ? - Property News in Myanmar from iMyanmarHouse.com
29 Oct 2020 11:50 am တွင် တင်ခဲ့သည်
6504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကာကွယ်ဆေးပေါ်ထွက်လာရန် အရိပ်အခြေများရှိလာမှုနှင့်အတူ နိုင်ငံတကာမှ ဗဟိုအစိုးရများနှင့် ပြည်နယ်အစိုးရကကာကွယ်ဆေးများကိုအလုံးအရင်းဖြင့် အခမဲ့ထိုးပေးကြရန် ပြောဆိုမှုများရှိလာနေသည်။

ယင်းသို့သောအခြေအနေတွင် မေးခွန်းတစ်ခုပေါ်ပေါက်လာသည်မှာရောဂါကူးစက်ခံရပြီးနောက် သက်သာပျောက်ကင်းသွားသူများကိုကာကွယ်ဆေးထိုးရန် လိုအပ်သလောဟူသည့် မေးခွန်းဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များကိုယ်တိုင်သည်ပင် အဆိုပါအကြောင်းရပ်နှင့် စပ်လျဉ်းပြီးဝိဝါဒကွဲပြားနေကြ၏။

တိုင်းရင်းဆေးသုတေသနအင်စတီကျု (အိန္ဒိယဆေးဝါးသုတေသနကောင်စီ) ICMR-NITM ၏ ဒါရိုက်တာ၊ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာဒီပရာဆက် ချော့တိုပါဂျေ (DrDebprasadChattopadhyay) က သိပ္ပံနည်းကျ ပြောကြားရာတွင် ကိုဗစ် ပျောက်ကင်းသွားသူတို့သည် ကာကွယ်ဆေးထိုးရန် မလိုအပ်ကြောင်း၊ ၎င်းတို့တွင် ရောဂါကိုတိုက်ဖျက်ရန် ပဋိပစ္စည်းများထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်းပြောကြားသည်။

“ရှင်းရှင်းပြောရမယ်ဆိုရင် ကာကွယ်ဆေးထိုးတယ်ဆိုတာကိုယ်ခံအားစနစ်ကို နှိုးဆွပေးဖို့အတွက် ဗိုင်းရပ်စ် (ဒါမှမဟုတ်) ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ခန္ဓာကိုယ်ထဲထည့်ပေးလိုက်တာပါပဲ။ ရောဂါပျောက်ကင်းသွားသူတွေဟာရောဂါပြီးနေပါပြီ။ သိပ္ပံနည်းကျ ပြောရမယ်ဆိုရင် ကာကွယ်ဆေးသူတို့အတွက် မလိုအပ်ပါဘူး” ဟုဒေါက်တာဒီပရာဆက်ကပြောကြားသည်။

သို့သော် ကပ်ရောဂါဗေဒပညာရှင် ဒေါက်တာရာမက်ရှ်က ပြောကြားရာတွင်မူ ပြန်လည်ကူးစက်ခံရသည့် သာဓကများရှိနေကြောင်း၊ ကာကွယ်ဆေးသည် လူတိုင်းမထိုးမဖြစ် ထိုးရမည့်အရာဖြစ်ကြောင်းပြောကြားသည်။

အတိုင်ပင်ခံကော်မတီအဖွဲ့ဝင်၊ ကပ်ရောဂါပညာရှင် ဒေါက်တာဂီရိဓာရဘာဘူကပြောကြားရာတွင်မူယခုအချိန်တွင် ထိုအကြောင်းရပ်ကိုပြောဆိုရန် စောသေးကြောင်းပြောကြားသည်။

“အိန္ဒိယမှာဗိုင်းရပ်စ်ဟာသန္ဓေပြောင်းသွားတယ်ဆိုတဲ့ အထောက်အထားမရှိသေးပေမယ့် ရောဂါပျောက်ကင်းသွားသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာပဋိပစ္စည်းတွေဟာအချိန်ဘယ်လောက်ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီးသိနိုင်ဖို့ လုံလောက်တဲ့ အချက်အလက် မရှိသေးပါဘူး။ သိပ္ပံအသိုင်းအဝန်းအတွက် သာဓက ၂ ခုရှိနေတယ်။ လူတစ်ယောက်ဟာရေကျောက်ဖြစ်ပြီးပျောက်ကင်းသွားတယ် ဆိုရင် ကာကွယ်ဆေးထိုးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် တုပ်ကွေးကျတော့ ကာကွယ်ဆေးတွေ ပုံမှန်ထိုးပေးရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကဒီလမ်းကြောင်းတွေထဲကဘယ်အရာမဆိုဖြစ်နိုင်သလို ကြားနေလည်း ဖြစ်နိုင်တယ်။ ကာကွယ်ဆေးကိုဘယ်လောက် အတိုင်းအတာပေးရမယ်ဆိုတာကိုလည်းမဆုံးဖြတ်နိုင်သေးပါဘူး”ဟုဒေါက်တာဘာဘူကပြောကြားသည်။

Covid-19 နှင့် စပ်လျဉ်းပြီးစာအုပ်တစ်အုပ် ရေးသားထုတ်ဝေထားသည့် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရှီးနီးဗားစ် ကက်ကီလာယာ၏ သဘောထားမှာမူဒေါက်တာဘာဘူနှင့် ကွဲပြားသည်။

ဒေါက်တာကက်ကီလာယာကပြောကြားသည်မှာသမိုင်းတွင် ပထမဆုံးအနေဖြင့် သိပ္ပံအသိုင်းအဝန်းသည် ဗိုင်းရပ်စ်သစ်တစ်မျိုး၏ အကြောင်းကိုတိုတောင်းလှသည့်အချိန်ကာလအတွင်းများစွာသိလာကြကြောင်း၊ ဗိုင်းရပ်စ်အပေါ် T ဆဲလ်တို့၏ တုံ့ပြန်ပုံကိုလေ့လာချက်တစ်ရပ်အရတွေ့ရသည်မှာ T ဆဲလ်တို့၏ တုံ့ပြန်မှု အားကောင်းလှသည်ကိုတွေ့ရကြော်း၊ ပဋိပစ္စည်းတို့ ကြာရှည်မခံလျှင်သော်မှ T ဆဲလ်တို့သည် ဗိုင်းရပ်စ်ကဆဲလ်ကိုမဝင်ရောက်အောင် တားဆီးရေးတွင် ပဋိပစ္စည်းများအားအကူအညီပေးနိုင်ကြောင်းပြောကြားသည်။

ရောဂါပျောက်ကင်းသွားသူတို့ကိုကာကွယ်ဆေးထိုးရန် လုံးဝမလိုအပ်ကြောင်း၊ သို့အတွက် အစိုးရအနေဖြင့် အကုန်အကျသက်သာ နိုင်မည်ဖြစ်ကြောင်းဒေါက်တာကက်ကီလာယာကပြောကြားသည်။

“လူပေါင်းများစွာဟာကာကွယ်ဆေးလုံးဝလိုအပ်လိမ့်မှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာပဋိပစ္စည်းတွေ အချိန်ဘယ်လောက်ခံနေမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမယ့် ထို့အတူပဲကာကွယ်ဆေးကထုတ်လုပ်ပေးတဲ့ ရောဂါပြီးမှုကလည်းဘယ်လောက် တာရှည်ခံမလဲဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး။ ဒီနေရာမှာ T ဆဲလ်တွေကအခရာပါပဲ”ဟုဒေါက်တာကက်ကီလာယာကဆိုသည်။

သို့သော် ကာကွယ်ဆေးပေါင်းများစွာကိုလူတို့ဖြင့် စမ်းသပ်မှုများ ပြုလုပ်နေသည့်နေရာတစ်ခုဖြစ်သောJeevanRekhaဆေးရုံမှ ညွှန်ကြားရေးမှူး အေမစ် အက်စ် ဘာတီတွင်မူတမူကွဲပြားသောအမြင်ရှိနေသည်။ COVID-19 ပျောက်ကင်းသွားသူများသည်လည်းကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ဆေးပေးရမည့် အတိုင်းအတာအနေဖြင့် အ်ိန္ဒိယထုတ် COVAXIN ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမဆင့်နှင့် ဒုတိယဆင့် စမ်းသပ်စဉ် ကာလများအတွင်းက ၂ ကြိမ်စီထိုးပေးခဲ့ကြောင်း၊ တတိယဆင့် စမ်းသပ်မှုတွင် ထိုအတိုင်းသာဆက်လက်ဆေးထိုးပေးမည်ဆိုပါက ပြည်သူအားလုံးကာကွယ်ဆေးရရှိမည့်အချိန်တွင် အသက် ၁၈ နှစ်အထက်ရှိသူအားလုံး ၂ ကြိမ်စီဆေးထိုးရလိမ့်မည်ဖြစ်ကြောင်းအေမစ် အက်စ် ဘာတီကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Do those who have recovered from Covid-19 need the vaccine? (Timesofindia)

[Zawgyi]

Covid-19 ေပ်ာက္ကင္းသြားသူမ်ားကာကြယ္ေဆးထိုးဖို႔ လိုသလား ?

COVID-19 ကာကြယ္ေဆးေပၚထြက္လာရန္ အရိပ္အေျခမ်ားရွိလာမႈႏွင့္အတူ ႏိုင္ငံတကာမွ ဗဟိုအစိုးရမ်ားႏွင့္ ျပည္နယ္အစိုးရကကာကြယ္ေဆးမ်ားကိုအလံုးအရင္းျဖင့္ အခမဲ့ထုိးေပးၾကရန္ ေျပာဆိုမႈမ်ားရိွလာေနသည္။

ယင္းသို႔ေသာအေျခအေနတြင္ ေမးခြန္းတစ္ခုေပၚေပါက္လာသည္မွာေရာဂါကူးစက္ခံရျပီးေနာက္ သက္သာေပ်ာက္ကင္းသြားသူမ်ားကိုကာကြယ္ေဆးထိုးရန္ လိုအပ္သေလာဟူသည့္ ေမးခြန္းျဖစ္သည္။

ကၽြမ္းက်င္ပညာရွင္မ်ားကိုယ္တိုင္သည္ပင္ အဆိုပါအေၾကာင္းရပ္ႏွင့္ စပ္လ်ဥ္းျပီးဝိဝါဒကြဲျပားေနၾက၏။

တိုင္းရင္းေဆးသုေတသနအင္စတီက်ဳ (အိႏိၵယေဆးဝါးသုေတသနေကာင္စီ) ICMR-NITM ၏ ဒါရိုက္တာ၊ ဗိုင္းရပ္စ္ပညာရွင္ ေဒါက္တာဒီပရာဆက္ ေခ်ာ့တိုပါေဂ် (DrDebprasadChattopadhyay) က သိပၸံနည္းက် ေျပာၾကားရာတြင္ ကိုဗစ္ ေပ်ာက္ကင္းသြားသူတို႔သည္ ကာကြယ္ေဆးထိုးရန္ မလိုအပ္ေၾကာင္း၊ ၎တို႔တြင္ ေရာဂါကိုတိုက္ဖ်က္ရန္ ပဋိပစၥည္းမ်ားထုတ္လုပ္ခဲ့ျပီးျဖစ္ေၾကာင္းေျပာၾကားသည္။

“ရွင္းရွင္းေျပာရမယ္ဆိုရင္ ကာကြယ္ေဆးထိုးတယ္ဆိုတာကိုယ္ခံအားစနစ္ကို ႏႈိးဆြေပးဖို႔အတြက္ ဗိုင္းရပ္စ္ (ဒါမွမဟုတ္) ဗိုင္းရပ္စ္ရဲ႕ အစိတ္အပိုင္းတစ္ခုကို ခႏၶာကိုယ္ထဲထည့္ေပးလိုက္တာပါပဲ။ ေရာဂါေပ်ာက္ကင္းသြားသူေတြဟာေရာဂါျပီးေနပါျပီ။ သိပၸံနည္းက် ေျပာရမယ္ဆိုရင္ ကာကြယ္ေဆးသူတို႔အတြက္ မလိုအပ္ပါဘူး” ဟုေဒါက္တာဒီပရာဆက္ကေျပာၾကားသည္။

သို႔ေသာ္ ကပ္ေရာဂါေဗဒပညာရွင္ ေဒါက္တာရာမက္ရွ္က ေျပာၾကားရာတြင္မူ ျပန္လည္ကူးစက္ခံရသည့္ သာဓကမ်ားရွိေနေၾကာင္း၊ ကာကြယ္ေဆးသည္ လူတိုင္းမထိုးမျဖစ္ ထိုးရမည့္အရာျဖစ္ေၾကာင္းေျပာၾကားသည္။

အတိုင္ပင္ခံေကာ္မတီအဖြဲ႔ဝင္၊ ကပ္ေရာဂါပညာရွင္ ေဒါက္တာဂီရိဓာရဘာဘူကေျပာၾကားရာတြင္မူယခုအခ်ိန္တြင္ ထိုအေၾကာင္းရပ္ကိုေျပာဆိုရန္ ေစာေသးေၾကာင္းေျပာၾကားသည္။

“အိႏိၵယမွာဗိုင္းရပ္စ္ဟာသေႏၶေျပာင္းသြားတယ္ဆိုတဲ့ အေထာက္အထားမရွိေသးေပမယ့္ ေရာဂါေပ်ာက္ကင္းသြားသူေတြရဲ႕ ခႏၶာကိုယ္ထဲမွာပဋိပစၥည္းေတြဟာအခ်ိန္ဘယ္ေလာက္ရွိေနမလဲဆိုတာနဲ႔ ပတ္သက္ျပီးသိႏိုင္ဖို႔ လံုေလာက္တဲ့ အခ်က္အလက္ မရွိေသးပါဘူး။ သိပၸံအသိုင္းအဝန္းအတြက္ သာဓက ၂ ခုရွိေနတယ္။ လူတစ္ေယာက္ဟာေရေက်ာက္ျဖစ္ျပီးေပ်ာက္ကင္းသြားတယ္ ဆိုရင္ ကာကြယ္ေဆးထိုးဖို႔ မလိုအပ္ပါဘူး။ ဒါေပမယ့္ တုပ္ေကြးက်ေတာ့ ကာကြယ္ေဆးေတြ ပံုမွန္ထိုးေပးရပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကဒီလမ္းေၾကာင္းေတြထဲကဘယ္အရာမဆိုျဖစ္ႏိုင္သလို ၾကားေနလည္း ျဖစ္ႏိုင္တယ္။ ကာကြယ္ေဆးကိုဘယ္ေလာက္ အတိုင္းအတာေပးရမယ္ဆိုတာကိုလည္းမဆံုးျဖတ္ႏိုင္ေသးပါဘူး”ဟုေဒါက္တာဘာဘူကေျပာၾကားသည္။

Covid-19 ႏွင့္ စပ္လ်ဥ္းျပီးစာအုပ္တစ္အုပ္ ေရးသားထုတ္ေဝထားသည့္ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာရွီးနီးဗားစ္ ကက္ကီလာယာ၏ သေဘာထားမွာမူေဒါက္တာဘာဘူႏွင့္ ကြဲျပားသည္။

ေဒါက္တာကက္ကီလာယာကေျပာၾကားသည္မွာသမိုင္းတြင္ ပထမဆံုးအေနျဖင့္ သိပၸံအသိုင္းအဝန္းသည္ ဗိုင္းရပ္စ္သစ္တစ္မ်ဳိး၏ အေၾကာင္းကိုတိုေတာင္းလွသည့္အခ်ိန္ကာလအတြင္းမ်ားစြာသိလာၾကေၾကာင္း၊ ဗိုင္းရပ္စ္အေပၚ T ဆဲလ္တို႔၏ တံု႔ျပန္ပံုကိုေလ့လာခ်က္တစ္ရပ္အရေတြ႔ရသည္မွာ T ဆဲလ္တို႔၏ တံု႔ျပန္မႈ အားေကာင္းလွသည္ကိုေတြ႔ရေၾကာ္း၊ ပဋိပစၥည္းတို႔ ၾကာရွည္မခံလွ်င္ေသာ္မွ T ဆဲလ္တို႔သည္ ဗိုင္းရပ္စ္ကဆဲလ္ကိုမဝင္ေရာက္ေအာင္ တားဆီးေရးတြင္ ပဋိပစၥည္းမ်ားအားအကူအညီေပးႏိုင္ေၾကာင္းေျပာၾကားသည္။

ေရာဂါေပ်ာက္ကင္းသြားသူတို႔ကိုကာကြယ္ေဆးထိုးရန္ လံုးဝမလိုအပ္ေၾကာင္း၊ သို႔အတြက္ အစိုးရအေနျဖင့္ အကုန္အက်သက္သာ ႏိုင္မည္ျဖစ္ေၾကာင္းေဒါက္တာကက္ကီလာယာကေျပာၾကားသည္။

“လူေပါင္းမ်ားစြာဟာကာကြယ္ေဆးလံုးဝလိုအပ္လိမ့္မွာမဟုတ္ပါဘူး။ ခႏၶာကိုယ္ထဲမွာပဋိပစၥည္းေတြ အခ်ိန္ဘယ္ေလာက္ခံေနမလဲဆိုတာ ကၽြန္ေတာ္တို႔ မသိႏိုင္ပါဘူး။ ဒါေပမယ့္ ထို႔အတူပဲကာကြယ္ေဆးကထုတ္လုပ္ေပးတဲ့ ေရာဂါျပီးမႈကလည္းဘယ္ေလာက္ တာရွည္ခံမလဲဆိုတာကိုလည္း ကၽြန္ေတာ္တို႔ မသိပါဘူး။ ဒီေနရာမွာ T ဆဲလ္ေတြကအခရာပါပဲ”ဟုေဒါက္တာကက္ကီလာယာကဆိုသည္။

သို႔ေသာ္ ကာကြယ္ေဆးေပါင္းမ်ားစြာကိုလူတို႔ျဖင့္ စမ္းသပ္မႈမ်ား ျပဳလုပ္ေနသည့္ေနရာတစ္ခုျဖစ္ေသာJeevanRekhaေဆးရံုမွ ညႊန္ၾကားေရးမွဴး ေအမစ္ အက္စ္ ဘာတီတြင္မူတမူကြဲျပားေသာအျမင္ရွိေနသည္။ COVID-19 ေပ်ာက္ကင္းသြားသူမ်ားသည္လည္းကာကြယ္ေဆးထိုးရန္ လိုအပ္ေၾကာင္း ၎က ေျပာၾကားသည္။

ေဆးေပးရမည့္ အတိုင္းအတာအေနျဖင့္ အိ္ႏိၵယထုတ္ COVAXIN ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပထမဆင့္ႏွင့္ ဒုတိယဆင့္ စမ္းသပ္စဥ္ ကာလမ်ားအတြင္းက ၂ ၾကိမ္စီထိုးေပးခဲ့ေၾကာင္း၊ တတိယဆင့္ စမ္းသပ္မႈတြင္ ထိုအတိုင္းသာဆက္လက္ေဆးထိုးေပးမည္ဆိုပါက ျပည္သူအားလံုးကာကြယ္ေဆးရရွိမည့္အခ်ိန္တြင္ အသက္ ၁၈ ႏွစ္အထက္ရွိသူအားလံုး ၂ ၾကိမ္စီေဆးထိုးရလိမ့္မည္ျဖစ္ေၾကာင္းေအမစ္ အက္စ္ ဘာတီကဆက္လက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Do those who have recovered from Covid-19 need the vaccine? (Timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service