တောင်ကိုရီးယားတွင် တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် လူငါးဦး သေဆုံး

တောင်ကိုရီးယားတွင် တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် လူငါးဦး သေဆုံး - Property News in Myanmar from iMyanmarHouse.com
23 Oct 2020 12:04 pm တွင် တင်ခဲ့သည်
696 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် လူငါးဦး သေဆုံးသွားကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။ COVID-19 ကုသနေစဥ် ထပ်တိုးရောဂါသစ်ဖြစ်ပွားမှု အလားအလာများကို တားဆီးဟန့်တားရန် အခါရာသီအလျောက် တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုအစီအစဥ် တိုးချဲ့စဥ် ယင်းကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

အဆိုပါသေဆုံးသူငါးဦးအနက် အသက် ၁၇ နှစ်ရှိ အမျိုးသားမှာ ကာကွယ်ဆေးထိုးပြီးနောက် နှစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ အသက် ၇၀ ကျော်အမျိုးသားမှာ ကာကွယ်ဆေးထိုးပြီးနောက် တစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် အောက်တိုဘာ ၁၃ မှစတင်ခဲ့သည့် ထိုကာကွယ်ဆေးအခမဲ့ထိုးနှံမှုအစီအစဥ်အရ လူ ၈ ဒသမ ၃ သန်း ထိုးနှံမှုခံယူပြီးဖြစ်ကာ ဓာတ်မတည့်မှုများခံစားရသူ ၃၅၀ ဦးဝန်းကျင် ရှိပြီဖြစ်သည်။

ယင်းသေဆုံးမှုများသည် ၎င်းတုပ်ကွေးကာကွယ်ဆေးနှင့် ဆက်နွယ်သည်ဟု ယူဆစရာအကြောင်းရင်းမရှိသော်လည်း ရင်ခွဲစစ်ဆေးမှုများအပါအဝင် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

စတင်နေခဲ့ပြီဖြစ်သော နိုင်ငံတော်အဆင့် တုပ်ကွေးကာကွယ်ဆေးအစီအစဥ်ကို ဘေးကင်းလုံခြုံမှုစိုးရိမ်ချက်များကြောင့် ယာယီဆိုင်းငံ့ခဲ့ရပြီးနောက် ဖြစ်ပွားခဲ့သော ထိုသေဆုံးမှုများသည် တောင်ကိုရီးယား၌ ခေါင်းကြီးပိုင်းသတင်းများတွင် လွှမ်းမိုးလာခဲ့သည်။

တောင်ကိုရီးယားပြည်သူ ၁၉ သန်းဝန်းကျင် ထိုးနှံနိုင်သော ကာကွယ်ဆေးအခမဲ့ထိုးနှံမှုအစီအစဥ်တစ်ခုစတင်နေမှုသည် ရေခဲရိုက်ထားရမည့် ကာကွယ်ဆေးအလုံးရေ ၅ သန်းခန့် အခန်းအပူချိန်နှင့် ထိသွားပြီးနောက် သီတင်းပတ်သုံးပတ်အကြာတွင် ဆိုင်းငံ့သွားခဲ့ခြင်းဖြစ်သည်။

COVID-19 လူနာများနှင့် တုပ်ကွေးလူနာများကြောင့် ကျန်းမာရေးစနစ် ဝန်မပိစေရန် ကြိုးပမ်းသည့်အနေဖြင့် လူ သန်း ၃၀ အား ကာကွယ်ဆေးထိုးရန် ယခင်နှစ်ထက် ယခုဆောင်းတွင်းအတွက် တုပ်ကွေးကာကွယ်ဆေး ၂၀ ရာခိုင်နှုန်း ပိုမိုဝယ်ယူရန် အစီအစဥ်များကို တာဝန်ရှိသူများက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

ကာကွယ်ဆေးများအပေါ် အများပြည်သူ၏ယုံကြည်မှုကို တိုးမြှင့်ရေးသည် ယခုနှစ်တွင် အဓိကကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးများ ဘေးကင်းစိတ်ချရမှုနှင့် အစွမ်းထက်မှုရှိကြောင်း လေ့လာမှုများ အပြည့်အဝမပြီးစီးသေးခင် အတည်ပြုရန် နိုင်ငံအချို့က အလောသုံးဆယ်ဖြစ်နေကြသဖြင့် ဖြစ်သည်။

‌တောင်ကိုရီးယားနိုင်ငံ၏ တုပ်ကွေးကာကွယ်ဆေးများကို LG Chem Ltd and Boryung Biopharma Co. Ltd အပါအဝင် အမျိုးမျိုး‌သော ဆေးကုမ္ပဏီတို့မှ ပံ့ပိုးပေးခြင်းဖြစ်သည်။

သေဆုံးမှုများမှာ ကာကွယ်ဆေးကြောင့်ဟု ဆက်နွှယ်မှုတစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိခြင်း မရှိသေးဘဲ အဆိုပါကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို ဆိုင်းငံ့ရန် အာဏာပိုင်များတွင် အစီအစဥ်မရှိဟုလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Five South Koreans die after getting flu shots, sparking vaccine fears (reuters)

[Zawgyi]

ေတာင္ကိုရီးယားတြင္ တုပ္ေကြးကာကြယ္ေဆးထိုးၿပီးေနာက္ လူငါးဦး ေသဆုံး

ေတာင္ကိုရီးယားႏိုင္ငံတြင္ ၿပီးခဲ့သည့္သီတင္းပတ္အတြင္း တုပ္ေကြးကာကြယ္ေဆးထိုးၿပီးေနာက္ လူငါးဦး ေသဆုံးသြားေၾကာင္း အာဏာပိုင္မ်ားက ေၾကညာခဲ့သည္။ COVID-19 ကုသေနစဥ္ ထပ္တိုးေရာဂါသစ္ျဖစ္ပြားမႈ အလားအလာမ်ားကို တားဆီးဟန္႔တားရန္ အခါရာသီအေလ်ာက္ တုပ္ေကြးကာကြယ္ေဆးထိုးႏွံမႈအစီအစဥ္ တိုးခ်ဲ႕စဥ္ ယင္းကာကြယ္ေဆး၏ ေဘးကင္းလုံျခဳံမႈႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာသည္။

အဆိုပါေသဆုံးသူငါးဦးအနက္ အသက္ ၁၇ ႏွစ္႐ွိ အမ်ိဳးသားမွာ ကာကြယ္ေဆးထိုးၿပီးေနာက္ ႏွစ္ရက္အၾကာတြင္ ေသဆုံးခဲ့ျခင္းျဖစ္ကာ အသက္ ၇၀ ေက်ာ္အမ်ိဳးသားမွာ ကာကြယ္ေဆးထိုးၿပီးေနာက္ တစ္ရက္အၾကာတြင္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

ေတာင္ကိုရီးယားတြင္ ေအာက္တိုဘာ ၁၃ မွစတင္ခဲ့သည့္ ထိုကာကြယ္ေဆးအခမဲ့ထိုးႏွံမႈအစီအစဥ္အရ လူ ၈ ဒသမ ၃ သန္း ထိုးႏွံမႈခံယူၿပီးျဖစ္ကာ ဓာတ္မတည့္မႈမ်ားခံစားရသူ ၃၅၀ ဦးဝန္းက်င္ ႐ွိၿပီျဖစ္သည္။

ယင္းေသဆုံးမႈမ်ားသည္ ၎တုပ္ေကြးကာကြယ္ေဆးႏွင့္ ဆက္ႏြယ္သည္ဟု ယူဆစရာအေၾကာင္းရင္းမ႐ွိေသာ္လည္း ရင္ခြဲစစ္ေဆးမႈမ်ားအပါအဝင္ စုံစမ္းစစ္ေဆးမႈကို ျပဳလုပ္ေနေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ခဲ့သည္။

စတင္ေနခဲ့ၿပီျဖစ္ေသာ ႏိုင္ငံေတာ္အဆင့္ တုပ္ေကြးကာကြယ္ေဆးအစီအစဥ္ကို ေဘးကင္းလုံျခဳံမႈစိုးရိမ္ခ်က္မ်ားေၾကာင့္ ယာယီဆိုင္းငံ့ခဲ့ရၿပီးေနာက္ ျဖစ္ပြားခဲ့ေသာ ထိုေသဆုံးမႈမ်ားသည္ ေတာင္ကိုရီးယား၌ ေခါင္းႀကီးပိုင္းသတင္းမ်ားတြင္ လႊမ္းမိုးလာခဲ့သည္။

ေတာင္ကိုရီးယားျပည္သူ ၁၉ သန္းဝန္းက်င္ ထိုးႏွံႏိုင္ေသာ ကာကြယ္ေဆးအခမဲ့ထိုးႏွံမႈအစီအစဥ္တစ္ခုစတင္ေနမႈသည္ ေရခဲ႐ိုက္ထားရမည့္ ကာကြယ္ေဆးအလုံးေရ ၅ သန္းခန္႔ အခန္းအပူခ်ိန္ႏွင့္ ထိသြားၿပီးေနာက္ သီတင္းပတ္သုံးပတ္အၾကာတြင္ ဆိုင္းငံ့သြားခဲ့ျခင္းျဖစ္သည္။

COVID-19 လူနာမ်ားႏွင့္ တုပ္ေကြးလူနာမ်ားေၾကာင့္ က်န္းမာေရးစနစ္ ဝန္မပိေစရန္ ႀကိဳးပမ္းသည့္အေနျဖင့္ လူ သန္း ၃၀ အား ကာကြယ္ေဆးထိုးရန္ ယခင္ႏွစ္ထက္ ယခုေဆာင္းတြင္းအတြက္ တုပ္ေကြးကာကြယ္ေဆး ၂၀ ရာခိုင္ႏႈန္း ပိုမိုဝယ္ယူရန္ အစီအစဥ္မ်ားကို တာဝန္႐ွိသူမ်ားက ၿပီးခဲ့သည့္လတြင္ ေၾကညာခဲ့သည္။

ကာကြယ္ေဆးမ်ားအေပၚ အမ်ားျပည္သူ၏ယုံၾကည္မႈကို တိုးျမႇင့္ေရးသည္ ယခုႏွစ္တြင္ အဓိကကမ႓ာလုံးဆိုင္ရာ စိန္ေခၚမႈတစ္ခု ျဖစ္လာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ စမ္းသပ္ဆဲ COVID-19 ကာကြယ္ေဆးမ်ား ေဘးကင္းစိတ္ခ်ရမႈႏွင့္ အစြမ္းထက္မႈ႐ွိေၾကာင္း ေလ့လာမႈမ်ား အျပည့္အဝမၿပီးစီးေသးခင္ အတည္ျပဳရန္ ႏိုင္ငံအခ်ိဳ႕က အေလာသုံးဆယ္ျဖစ္ေနၾကသျဖင့္ ျဖစ္သည္။

‌ေတာင္ကိုရီးယားႏိုင္ငံ၏ တုပ္ေကြးကာကြယ္ေဆးမ်ားကို LG Chem Ltd and Boryung Biopharma Co. Ltd အပါအဝင္ အမ်ိဳးမ်ိဳး‌ေသာ ေဆးကုမၸဏီတို႔မွ ပံ့ပိုးေပးျခင္းျဖစ္သည္။

ေသဆုံးမႈမ်ားမွာ ကာကြယ္ေဆးေၾကာင့္ဟု ဆက္ႏႊယ္မႈတစ္စုံတစ္ရာ စစ္ေဆးေတြ႕႐ွိျခင္း မ႐ွိေသးဘဲ အဆိုပါကာကြယ္ေဆးထိုးႏွံမႈအစီအစဥ္ကို ဆိုင္းငံ့ရန္ အာဏာပိုင္မ်ားတြင္ အစီအစဥ္မ႐ွိဟုလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Five South Koreans die after getting flu shots, sparking vaccine fears (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service