ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ပေါ့ပ်၊ ရော့ခ်သီချင်းတွေ၊ ဒစ္စကိုသီချင်းတွေ ဆိုလေ့ရှိတဲ့ အမေရိကန်အဆိုတော်မလေး ကေတီပယ်ရီကတော့ စေ့စပ်ထားတဲ့ ချစ်သူ အော်လန်ဒို ဘလွန်း (Pirates of the Caribbean နဲ့ လူသိများ) နဲ့ ရထားခဲ့တဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ဆန်တာဘာဘရာမြို့မှာ ဒေါ်လာ ၄ သန်းလောက် တန်တဲ့နေအိမ်တစ်လုံး ဝယ်ဖို့လာကြည့်သွားပါတယ်။
ဆန်တာဘာဘရာဆိုတာက ကယ်လီဖိုးနီးယားပြည်နယ်မှာရှိပြီး ကေတီပယ်ရီ မွေးဖွားရာ ဇာတိမြို့လေးလည်း ဖြစ်ပါတယ်။
ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွန်းတို့ နှစ်ဦးက ၂၀၁၆ ကတည်းက တွဲခဲ့ကြတာဖြစ်ပြီး စေ့စပ်ထားဆဲအဆင့်ပဲ ရှိပါသေးတယ်။
သူတို့ ၂ ယောက်လုံး ပထမအိမ်ထောင်ကိုယ်စီရှိခဲ့ကြတယ်။ ကေတီပယ်ရီရဲ့ ပထမအိမ်ထောင်က အင်္ဂလန်ဟာသ သရုပ်ဆောင် ရပ်ဆဲလ် ဘရန်းပါ။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၂ နှစ်သာ ကြာမြင့်ခဲ့တယ်။ (၂၀၁၀- ၂၀၁၂) ကေတီပယ်ရီက လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်မှာရှိတဲ့အိမ်ကို ရောင်းဖို့စီစဉ်ထားပြီး သူ့ဇာတိ ပင်လယ်ကမ်းခြေမြို့ကို ပြန်ပြီး အခြေချဖို့ ကြံရွယ်နေတာဖြစ်နိုင်ပါတယ်။
မကြာသေးခင်ကမှ သမီးလေးမီးဖွားပြီးတဲ့ အသစ်စက်စက်မိခင် ကေရီပယ်ရီဟာ ဆန်တာ ဘာဘရာမှာ အိမ်လာကြည့်တော့ သရီးကွာတားဘောင်းဘီ၊ ခေါင်းစွပ်ပါတဲ့ ဆွယ်တာအင်္ကျီတွေဝတ်ပြီး လာပါတယ်။
ကြည့်သွားတဲ့အိမ်က အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါတဲ့အိမ်တစ်လုံးဖြစ်ပြီး သူ့သူငယ်ချင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးနဲ့အတူ လာကြည့်သွားတာပါ။
သတင်းထောက်က ရိုက်ကူးရရှိခဲ့တဲ့ဓာတ်ပုံအရ ကေတီပယ်ရီဟာ ခေတ်ပြိုင်ဗိသုကာဟန်နဲ့ ဆောက်ထားတဲ့ တစ်ထပ်အိမ်ထဲကနေ ထွက်လာတာကို တွေ့ရပြီး ခေါင်းပေါ်မှာ ဘေ့စ်ဘောဦးထုပ်ဆောင်းထားပြီး နှာခေါင်းစည်းလည်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ အဲဒီနေအိမ်ဟာ ကန်ဒေါ်လာ ၃၆၉၅၀၀၀ နဲ့ ရောင်းချဖို့ အရောင်းတင်ထားတဲ့ နေအိမ်ပါ။
အခုအိမ်ဟာ ကေတီပယ်ရီမှာ ရှိထားပြီးဖြစ်တဲ့အိမ်တွေနဲ့ ယှဉ်ကြည့်ရင်တော့ သေးငယ်ကျဉ်းမြောင်းပြီး စတုရန်းပေအားဖြင့် ၁၆၉၁ သာ ရှိပါတယ်။ ဒါပေမယ့် ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ စိမ်းလန်းတဲ့သစ်ပင်တွေ၊ အုန်းပင်တွေနဲ့ ဝန်းပတ်ထားတာဖြစ်တဲ့အတွက် တစ်ကိုယ်ရည်လုံခြုံမှု ကောင်းမွန်တဲ့ နေရာလေးတစ်ခုပါပဲ။
အော်လန်ဒိုကိုတော့ အပြင်ထွက်တာ မတွေ့ရပါဘူး။ မွေးခါစသမီးလေး ဒေစီနဲ့အတူ အိမ်တွင်းအောင်းနေပုံရပါတယ်။ သမီးလေး ဒေစီဟာ သြဂုတ်လ ၂၆ ရက်ကမှ မွေးဖွားတာဖြစ်တာကြောင့် တစ်လကျော်ကျော်ပဲ ရှိပါသေးတယ်။
ကေတီပယ်ရီရဲ့ ဘီဗာလီဟေးလ်က အရောင်းတင်ထားတဲ့အိမ်ကတော့ စတုရန်းပေ ၄၄၀၀ ကျယ်ဝန်းပြီး ဈေးက ကန်ဒေါ်လာ ၇ ဒသမ ၉၅ သန်းခေါ်ထားပါသတဲ့။
ကေတီပယ်ရီက ဘီဗာလီဟေးလ်အိမ်ကို ပြီးခဲ့တဲ့ ၂ နှစ်လောက် (၂၀၁၈) ကမှ ဝယ်ထားခဲ့တာဖြစ်ပြီး ဝယ်တုန်းက ပေးရတဲ့ဈေးနှုန်းက အခုဈေးခေါ်ထားတဲ့ ပမာဏအောက် ၅ သိန်းနည်းတဲ့ ဈေးပါ။
ကေတီပယ်ရီဟာ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်မှာလည်း အိမ်တစ်လုံးရှိခဲ့ဖူးပြီး အဲဒီအိမ်ကိုတော့ စားသောက်ဆိုင် လုပ်ငန်းရှင် Michael Chow ကို ၂၀၁၉ ၊ ဖေဖော်ဝါရီတုန်းက ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်းနဲ့ ပြန်ရောင်းထုတ်ခဲ့ပါတယ်။
ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွန်းတို့နှစ်ယောက် ဒီနှစ်ထဲ ဂျပန်မှာ မင်္ဂလာသွားဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် COVID-19 ကာလဖြစ်နေတာကြောင့် မရေရာသေးပါဘူး။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: New mom Katy Perry tours a $4M home in Santa Barbara as she eyes a coastal retreat for one-month-old daughter Daisy (daily mail)
[Zawgyi]
ေပါ့ပ္အဆိုေတာ္မေလး ေကတီပယ္ရီတစ္ေယာက္ ခ်စ္သူနဲ႔ရတဲ့ သမီးေလးအတြက္ ေဒၚလာ ၄ သန္းတန္အိမ္ ဝယ္ဖို႔ၾကည့္
ေပါ့ပ္၊ ေရာ့ခ္သီခ်င္းေတြ၊ ဒစၥကိုသီခ်င္းေတြ ဆိုေလ့ရွိတဲ့ အေမရိကန္အဆိုေတာ္မေလး ေကတီပယ္ရီကေတာ့ ေစ့စပ္ထားတဲ့ ခ်စ္သူ ေအာ္လန္ဒို ဘလြန္း (Pirates of the Caribbean နဲ႔ လူသိမ်ား) နဲ႔ ရထားခဲ့တဲ့ သမီးေလးအတြက္ ရည္ရြယ္ျပီး ဆန္တာဘာဘရာျမိဳ ႔မွာ ေဒၚလာ ၄ သန္းေလာက္ တန္တဲ့ေနအိမ္တစ္လံုး ဝယ္ဖို႔လာၾကည့္သြားပါတယ္။
ဆန္တာဘာဘရာဆိုတာက ကယ္လီဖိုးနီးယားျပည္နယ္မွာရွိျပီး ေကတီပယ္ရီ ေမြးဖြားရာ ဇာတိျမိဳ ႔ေလးလည္း ျဖစ္ပါတယ္။
ေကတီပယ္ရီနဲ႔ ေအာ္လန္ဒိုဘလြန္းတို႔ ႏွစ္ဦးက ၂၀၁၆ ကတည္းက တြဲခဲ့ၾကတာျဖစ္ျပီး ေစ့စပ္ထားဆဲအဆင့္ပဲ ရွိပါေသးတယ္။
သူတို႔ ၂ ေယာက္လံုး ပထမအိမ္ေထာင္ကိုယ္စီရွိခဲ့ၾကတယ္။ ေကတီပယ္ရီရဲ ႔ ပထမအိမ္ေထာင္က အဂၤလန္ဟာသ သရုပ္ေဆာင္ ရပ္ဆဲလ္ ဘရန္းပါ။ သူတို႔ရဲ ႔ အိမ္ေထာင္သက္တမ္းက ၂ ႏွစ္သာ ၾကာျမင့္ခဲ့တယ္။ (၂၀၁၀- ၂၀၁၂) ေကတီပယ္ရီက ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ ဘီဗာလီေဟးလ္မွာရွိတဲ့အိမ္ကို ေရာင္းဖို႔စီစဥ္ထားျပီး သူ႔ဇာတိ ပင္လယ္ကမ္းေျချမိဳ ႔ကို ျပန္ျပီး အေျခခ်ဖို႔ ၾကံရြယ္ေနတာျဖစ္ႏိုင္ပါတယ္။
မၾကာေသးခင္ကမွ သမီးေလးမီးဖြားျပီးတဲ့ အသစ္စက္စက္မိခင္ ေကရီပယ္ရီဟာ ဆန္တာ ဘာဘရာမွာ အိမ္လာၾကည့္ေတာ့ သရီးကြာတားေဘာင္းဘီ၊ ေခါင္းစြပ္ပါတဲ့ ဆြယ္တာအကၤ် ီေတြဝတ္ျပီး လာပါတယ္။
ၾကည့္သြားတဲ့အိမ္က အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါတဲ့အိမ္တစ္လံုးျဖစ္ျပီး သူ႔သူငယ္ခ်င္း အိမ္ျခံေျမအက်ဳိးေဆာင္ တစ္ဦးနဲ႔အတူ လာၾကည့္သြားတာပါ။
သတင္းေထာက္က ရိုက္ကူးရရွိခဲ့တဲ့ဓာတ္ပံုအရ ေကတီပယ္ရီဟာ ေခတ္ျပိဳင္ဗိသုကာဟန္နဲ႔ ေဆာက္ထားတဲ့ တစ္ထပ္အိမ္ထဲကေန ထြက္လာတာကို ေတြ႔ရျပီး ေခါင္းေပၚမွာ ေဘ့စ္ေဘာဦးထုပ္ေဆာင္းထားျပီး ႏွာေခါင္းစည္းလည္း တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ အဲဒီေနအိမ္ဟာ ကန္ေဒၚလာ ၃၆၉၅၀၀၀ နဲ႔ ေရာင္းခ်ဖို႔ အေရာင္းတင္ထားတဲ့ ေနအိမ္ပါ။
အခုအိမ္ဟာ ေကတီပယ္ရီမွာ ရွိထားျပီးျဖစ္တဲ့အိမ္ေတြနဲ႔ ယွဥ္ၾကည့္ရင္ေတာ့ ေသးငယ္က်ဥ္းေျမာင္းျပီး စတုရန္းေပအားျဖင့္ ၁၆၉၁ သာ ရွိပါတယ္။ ဒါေပမယ့္ က်ယ္ဝန္းတဲ့ ျခံဝန္းထဲမွာ စိမ္းလန္းတဲ့သစ္ပင္ေတြ၊ အုန္းပင္ေတြနဲ႔ ဝန္းပတ္ထားတာျဖစ္တဲ့အတြက္ တစ္ကိုယ္ရည္လံုျခံဳမႈ ေကာင္းမြန္တဲ့ ေနရာေလးတစ္ခုပါပဲ။
ေအာ္လန္ဒိုကိုေတာ့ အျပင္ထြက္တာ မေတြ႔ရပါဘူး။ ေမြးခါစသမီးေလး ေဒစီနဲ႔အတူ အိမ္တြင္းေအာင္းေနပံုရပါတယ္။ သမီးေလး ေဒစီဟာ ၾသဂုတ္လ ၂၆ ရက္ကမွ ေမြးဖြားတာျဖစ္တာေၾကာင့္ တစ္လေက်ာ္ေက်ာ္ပဲ ရွိပါေသးတယ္။
ေကတီပယ္ရီရဲ ႔ ဘီဗာလီေဟးလ္က အေရာင္းတင္ထားတဲ့အိမ္ကေတာ့ စတုရန္းေပ ၄၄၀၀ က်ယ္ဝန္းျပီး ေစ်းက ကန္ေဒၚလာ ၇ ဒသမ ၉၅ သန္းေခၚထားပါသတဲ့။
ေကတီပယ္ရီက ဘီဗာလီေဟးလ္အိမ္ကို ျပီးခဲ့တဲ့ ၂ ႏွစ္ေလာက္ (၂၀၁၈) ကမွ ဝယ္ထားခဲ့တာျဖစ္ျပီး ဝယ္တုန္းက ေပးရတဲ့ေစ်းႏႈန္းက အခုေစ်းေခၚထားတဲ့ ပမာဏေအာက္ ၅ သိန္းနည္းတဲ့ ေစ်းပါ။
ေကတီပယ္ရီဟာ ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ ေဟာလိဝုဒ္ေဟးလ္မွာလည္း အိမ္တစ္လံုးရွိခဲ့ဖူးျပီး အဲဒီအိမ္ကိုေတာ့ စားေသာက္ဆိုင္ လုပ္ငန္းရွင္ Michael Chow ကို ၂၀၁၉ ၊ ေဖေဖာ္ဝါရီတုန္းက ကန္ေဒၚလာ ၁၂ ဒသမ ၇ သန္းနဲ႔ ျပန္ေရာင္းထုတ္ခဲ့ပါတယ္။
ေကတီပယ္ရီနဲ႔ ေအာ္လန္ဒိုဘလြန္းတို႔ႏွစ္ေယာက္ ဒီႏွစ္ထဲ ဂ်ပန္မွာ မဂၤလာသြားေဆာင္ဖို႔ ရည္ရြယ္ခဲ့ေပမယ့္ COVID-19 ကာလျဖစ္ေနတာေၾကာင့္ မေရရာေသးပါဘူး။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: New mom Katy Perry tours a $4M home in Santa Barbara as she eyes a coastal retreat for one-month-old daughter Daisy (daily mail)