ပြင်သစ်က အောက်တိုဘာတွင် စတင်ရောင်းချမည့် ဒေါ်လာ ၁၀၀၀ တန် (မြန်မာငွေ ၁၃သိန်းကျော်) မျက်နှာဖုံးကာ

ပြင်သစ်က အောက်တိုဘာတွင် စတင်ရောင်းချမည့် ဒေါ်လာ ၁၀၀၀ တန် (မြန်မာငွေ ၁၃သိန်းကျော်) မျက်နှာဖုံးကာ - Property News in Myanmar from iMyanmarHouse.com
19 Sep 2020 12:09 pm တွင် တင်ခဲ့သည်
4104 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်ပြင်သစ်ဖက်ရှင် ကုမ္ပဏီ Louis Vuitton သည် ၎င်း၏အမှတ်တံဆိပ် LV ပန်းစာလုံးရေးထိုးထားကာ LV တံဆိပ်ပါသည့် ရွှေပြားငယ်ပါသော မျက်နှာဖုံးကာများကို မြင့်မားသော ဈေးနှုန်းဖြင့် ဈေးကွက်တင်ရန် စီစဉ်နေသည်။

LV က ၂၀၂၁ ခုနှစ်တွင် ဈေးကွက်တင်သွင်းမည့်အရာများတွင် LV Shield ဟု အမည်ပေးထားသည့် ယခုမျက်နှာဖုံးကာကို ချပြလိုက်ခြင်းဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် ကန်ဒေါ်လာ ၁၀၀၀ အောက် ဈေးနှုန်းဖြင့် ရောင်းချသွားဖွယ်ရှိကြောင်း သတင်းမီဒီယာများစွာတွင် ဖော်ပြသည်။

သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြချက်အရ မျက်စိပသာဒဖမ်းစားနိုင်သည့် ဦးခေါင်းအဆင်တန်ဆာတစ်မျိုးဖြစ်ကာ စတိုင်ကျသည့်အပြင် အကာအကွယ်လည်းဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

LV က ဈေးကွက်တင်မည့် မျက်နှာဖုံးကာသည် နေရောင်ခြည်ဖြင့် တိုက်ရိုက်ထိတွေ့ခံရလျှင် အကြည်ရောင်မှ မှောင်မိုက်သော အရောင်သို့ အလိုအလျောက်ပြောင်းလဲသွားမည်ဟု ဆိုသည်။ သို့အတွက် ဝတ်ဆင်သူကို နေရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

ဝတ်ဆင်သူက မျက်နှာဖုံးကာကို မတင်လိုက်လျှင် ဦးထုပ်တစ်လုံးအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်သည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) ကမူ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလကြီးအတွင်း mask များအစား မျက်နှာဖုံးကာများ အသုံးပြုခြင်းကို အားမပေးကြောင်း ထုတ်ပြန်ထားသည်။

“မျက်နှာဖုံးကာတစ်ခုရဲ့ အခြေခံရည်ရွယ်ချက်က ဝတ်ဆင်သူရဲ့ မျက်လုံးကို အကာအကွယ်ပေးဖို့ပါ။ မျက်နှာဖုံးကာတစ်ခုဟာ ဝတ်ဆင်သူကို အမှုန်အမွှားတွေ ဘယ်လောက်အတိုင်းအတာ ကာကွယ်ပေးနိုင်မလဲဆိုတာတော့ မသိရပါဘူး။ မျက်နှာဖုံးကာတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အထောက်အထားမရှိသေးပါဘူး” ဟု CDC က ထုတ်ပြန်သည်။

“မျက်နှာဖုံးကာ ဝတ်ဆင်မယ့်သူတွေဟာ မဝတ်မီနဲ့ ဖြုတ်သိမ်းတဲ့အချိန်မျိုးမှာ လက်ကို ဆေးကြောသင့်ပြီး မျက်လုံးတွေ၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိဖို့ သတိပြုရမှာဖြစ်ပါတယ်” ဟု CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမေရိကန်မဂ္ဂဇင်း Vanity Fair တွင် ဖော်ပြချက်အရ Louis Vuitton ၏ မျက်နှာဖုံးကာများတွင် ကျုံ့ဆန့်နိုင်သည့် ပန်းစာလုံးပါကြိုးတစ်ချောင်းပါဝင်ပြီး ဝတ်ဆင်သူ၏ ဦးခေါင်းကို ပတ်ထားရမည်ဖြစ်ပြီး မျက်နှာဖုံးကာပေါ်တွင် LV အမှတ်တံဆိပ်ပါ ရွှေပြားငယ် တပ်ဆင်ထားသည်ဟု ဆိုသည်။

Vanity Fair နှင့် New York Post သတင်းများတွင် ဖော်ပြချက်အရ LV မျက်နှာဖုံးကာတစ်ခုလျှင် ကန်ဒေါ်လာ ၉၆၁ ကျသင့်မည်ဟု ဆိုသည်။

Business Insider တွင် ဖော်ပြချက်အရမူ LV သည် မျက်နှာဖုံးကာ၏ ဈေးနှုန်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဖော်ပြသည်။

ယခု မျက်နှာဖုံးကာကို LV ၏ ဆိုင်ခွဲအချို့က အွန်လိုင်းမှတဆင့် အောက်တိုဘာ ၃၀ ရက်တွင် စတင်ရောင်းချသွားမည်ဟု သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Have we reached peak PPE? Louis Vuitton’s US$1,000 face shield, gold studded and LV monogrammed of course, set to go on sale (SCMP)

[Zawgyi]

ျပင္သစ္က ေအာက္တိုဘာတြင္ စတင္ေရာင္းခ်မည့္ ေဒၚလာ ၁၀၀၀ တန္ (ျမန္မာေငြ ၁၃သိန္းေက်ာ္) မ်က္ႏွာဖုံးကာ

ကမၻာေက်ာ္ျပင္သစ္ဖက္ရွင္ ကုမၸဏီ Louis Vuitton သည္ ၎၏အမွတ္တံဆိပ္ LV ပန္းစာလံုးေရးထိုးထားကာ LV တံဆိပ္ပါသည့္ ေရႊျပားငယ္ပါေသာ မ်က္ႏွာဖံုးကာမ်ားကို ျမင့္မားေသာ ေစ်းႏႈန္းျဖင့္ ေစ်းကြက္တင္ရန္ စီစဥ္ေနသည္။

LV က ၂၀၂၁ ခုႏွစ္တြင္ ေစ်းကြက္တင္သြင္းမည့္အရာမ်ားတြင္ LV Shield ဟု အမည္ေပးထားသည့္ ယခုမ်က္ႏွာဖံုးကာကို ခ်ျပလိုက္ျခင္းျဖစ္ျပီး ေအာက္တိုဘာလကုန္ပိုင္းတြင္ ကန္ေဒၚလာ ၁၀၀၀ ေအာက္ ေစ်းႏႈန္းျဖင့္ ေရာင္းခ်သြားဖြယ္ရွိေၾကာင္း သတင္းမီဒီယာမ်ားစြာတြင္ ေဖာ္ျပသည္။

သတင္းထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပခ်က္အရ မ်က္စိပသာဒဖမ္းစားႏိုင္သည့္ ဦးေခါင္းအဆင္တန္ဆာတစ္မ်ဳိးျဖစ္ကာ စတိုင္က်သည့္အျပင္ အကာအကြယ္လည္းျဖစ္ေစမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

LV က ေစ်းကြက္တင္မည့္ မ်က္ႏွာဖံုးကာသည္ ေနေရာင္ျခည္ျဖင့္ တိုက္ရိုက္ထိေတြ႔ခံရလွ်င္ အၾကည္ေရာင္မွ ေမွာင္မိုက္ေသာ အေရာင္သို႔ အလိုအေလ်ာက္ေျပာင္းလဲသြားမည္ဟု ဆိုသည္။ သုိ႔အတြက္ ဝတ္ဆင္သူကို ေနေရာင္ျခည္ဒဏ္မွလည္း ကာကြယ္ေပးႏိုင္မည္ ျဖစ္သည္။

ဝတ္ဆင္သူက မ်က္ႏွာဖံုးကာကို မတင္လိုက္လွ်င္ ဦးထုပ္တစ္လံုးအျဖစ္ အသြင္ေျပာင္းသြားမည္ ျဖစ္သည္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟို (CDC) ကမူ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကာလၾကီးအတြင္း mask မ်ားအစား မ်က္ႏွာဖံုးကာမ်ား အသံုးျပဳျခင္းကို အားမေပးေၾကာင္း ထုတ္ျပန္ထားသည္။

“မ်က္ႏွာဖံုးကာတစ္ခုရဲ ႔ အေျခခံရည္ရြယ္ခ်က္က ဝတ္ဆင္သူရဲ ႔ မ်က္လံုးကို အကာအကြယ္ေပးဖို႔ပါ။ မ်က္ႏွာဖံုးကာတစ္ခုဟာ ဝတ္ဆင္သူကို အမႈန္အမႊားေတြ ဘယ္ေလာက္အတိုင္းအတာ ကာကြယ္ေပးႏိုင္မလဲဆိုတာေတာ့ မသိရပါဘူး။ မ်က္ႏွာဖံုးကာေတြရဲ ႔ ထိေရာက္မႈနဲ႔ ပတ္သက္ျပီး လံုေလာက္တဲ့ အေထာက္အထားမရွိေသးပါဘူး” ဟု CDC က ထုတ္ျပန္သည္။

“မ်က္ႏွာဖံုးကာ ဝတ္ဆင္မယ့္သူေတြဟာ မဝတ္မီနဲ႔ ျဖဳတ္သိမ္းတဲ့အခ်ိန္မ်ဳိးမွာ လက္ကို ေဆးေၾကာသင့္ျပီး မ်က္လံုးေတြ၊ ႏွာေခါင္းနဲ႔ ပါးစပ္ကို မထိဖို႔ သတိျပဳရမွာျဖစ္ပါတယ္” ဟု CDC ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အေမရိကန္မဂၢဇင္း Vanity Fair တြင္ ေဖာ္ျပခ်က္အရ Louis Vuitton ၏ မ်က္ႏွာဖံုးကာမ်ားတြင္ က်ံဳ ႔ဆန္႔ႏိုင္သည့္ ပန္းစာလံုးပါၾကိဳးတစ္ေခ်ာင္းပါဝင္ျပီး ဝတ္ဆင္သူ၏ ဦးေခါင္းကို ပတ္ထားရမည္ျဖစ္ျပီး မ်က္ႏွာဖံုးကာေပၚတြင္ LV အမွတ္တံဆိပ္ပါ ေရႊျပားငယ္ တပ္ဆင္ထားသည္ဟု ဆိုသည္။

Vanity Fair ႏွင့္ New York Post သတင္းမ်ားတြင္ ေဖာ္ျပခ်က္အရ LV မ်က္ႏွာဖံုးကာတစ္ခုလွ်င္ ကန္ေဒၚလာ ၉၆၁ က်သင့္မည္ဟု ဆိုသည္။

Business Insider တြင္ ေဖာ္ျပခ်က္အရမူ LV သည္ မ်က္ႏွာဖံုးကာ၏ ေစ်းႏႈန္းကို တရားဝင္ထုတ္ျပန္ျခင္း မရွိေသးေၾကာင္း ေဖာ္ျပသည္။

ယခု မ်က္ႏွာဖံုးကာကို LV ၏ ဆိုင္ခြဲအခ်ဳိ ႔က အြန္လိုင္းမွတဆင့္ ေအာက္တိုဘာ ၃၀ ရက္တြင္ စတင္ေရာင္းခ်သြားမည္ဟု သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Have we reached peak PPE? Louis Vuitton’s US$1,000 face shield, gold studded and LV monogrammed of course, set to go on sale (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service