ရန်ကုန်မိုးပျံလမ်း လုပ်ကိုင်ခွင့်ရကုမ္ပဏီရွေးချယ်ရန် တရုတ်နှင့် ဂျပန်တို့မှ ကုမ္ပဏီသုံးခုကို လျာထားသည်ဟုဆို

ရန်ကုန်မိုးပျံလမ်း လုပ်ကိုင်ခွင့်ရကုမ္ပဏီရွေးချယ်ရန် တရုတ်နှင့် ဂျပန်တို့မှ ကုမ္ပဏီသုံးခုကို လျာထားသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Sep 2020 12:44 pm တွင် တင်ခဲ့သည်
10453 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မိုးပျံလမ်းအတွက် လာမည့် အောက်တိုဘာတွင် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နှင့် ဂျပန်ကုမ္ပဏီ သုံးခုကို ရွှေးချယ်ရန်လျာထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကော်မတီတို့ထံမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားကုမ္ပဏီ ၁၀ ခု၏ အဆိုပြုလွှာများကို စက်တင်ဘာ ၁ရက်က လက်ခံပြီးနောက် ၎င်းတို့အနက် လုပ်ကိုင်ခွင့်ရကုမ္ပဏီများကို ထုတ်ပြန်ရန် ရွှေးချယ်သွားမည်ဟုဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ဒုတိယညွန့်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်ကပြောသည်။

ရန်ကုန်မိုးပျံအမြန်လမ်းတည်ဆောက်ရေး တင်ဒါအောင် မြင်သည့်ကုမ္ပဏီကို ၂၀၂၀ ဇူလိုင်(သို့မဟုတ်) ဩဂုတ်တွင် ထုတ်ပြန်မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဆိုထားသည်။ သို့သော်လည်း COVID-19ကြောင့် တင်ဒါစီစစ်ရေးများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

“အဲထဲက ဆယ်ဖွဲ့မှာ သုံးဖွဲ့လျာထားတယ်လို့ပြောပါတယ်။ မြန်မာက ရှယ်ယာမထည့်ဘဲ မြေပဲစိုက်ပြီး အကျိုးအမြတ်အများဆုံးပေးမလဲဆိုတာ ကမ်းလှမ်လိုက်လို ပြန်စဉ်းစားနေကြတာ။ ”ဟု ပန်းဘဲတန်းမြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးနေဖူးဘဆွေကပြောသည်။

လျာထားသည့် အဖွဲ့သုံးခုတွင် တရုတ်နှင့် ဂျပန်ကုမ္ပဏီများ ပါဝင်သည်ဟုပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည် ဦးနေဖူးဘဆွေကဆိုသည်။

ယခု ဆောင်ရွက်မည့် စီမံကိန်းသည် အပိုင်း (၁)ဖြစ်ပြီး ထိုလမ်းသည် စုစုပေါင်း အရှည် ၂၇ ကီလိုမီတာ (၁၆ မိုင်ကျော်)နှင့် အကျယ် မီတာ ၃၀ (ပေ ၁၀၀ ခန့်)ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအဆင်းမှစ၍ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတို့မှ ဖြတ်သန်းပြီး ခရေပင်လမ်းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင်ကျော်)၊ ထို့နောက် တညင်းကုန်းလမ်းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင်ခွဲခန့်)နှင့် ရန် ကုန်လေဆိပ် အဝင်လမ်းအဖြစ် ၂ ဒသမ ၅ ကီလိုမီတာ (တစ်မိုင် ခွဲ)တို့ဖြစ်သည်။

မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး Public Private Partnership(PPP)အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန်ဖြစ် သည်။

စီမံကိန်းကို စိတ်ဝင်စားမှု ဖော်ပြလွှာ ဖိတ်ခေါ်စဉ်ကပင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံခြားကုမ္ပဏီ ၅၂ ခုက လျှောက်လွှာတင်ပြခဲ့သည်။ ထိုနိုင်ငံများထဲတွင် ပြင်သစ်၊ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင် စသည့်နိုင်ငံများ ပါဝင်သည်။ဝန်ကြီးဌာနက အဆိုပါစီမံကိန်းအတွက် ကုမ္ပဏီအဖွဲ့အစည်း ၁၀ ခုကို ၂၀၁၈ ဒီဇင်ဘာတွင် ဆန်ခါတင် ရွေးချယ်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္မိုးပ်ံလမ္း လုပ္ကိုင္ခြင့္ရကုမၸဏီေ႐ြးခ်ယ္ရန္ တ႐ုတ္ႏွင့္ ဂ်ပန္တို႔မွ ကုမၸဏီသုံးခုကို လ်ာထားသည္ဟုဆို

ရန္ကုန္မိုးပ်ံလမ္းအတြက္ လာမည့္ ေအာက္တိုဘာတြင္ လုပ္ကိုင္ခြင့္ရကုမၸဏီကို ထုတ္ျပန္ေပးမည္ျဖစ္ၿပီး လက္႐ွိတြင္ တ႐ုတ္ႏွင့္ဂ်ပန္ကုမၸဏီ သုံးခုကို ေ႐ႊးခ်ယ္ရန္လ်ာထားသည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ လႊတ္ေတာ္ေကာ္မတီတို႔ထံမွ သိရသည္။

အြန္လိုင္းစနစ္ျဖင့္ ႏိုင္ငံျခားကုမၸဏီ ၁၀ ခု၏ အဆိုျပဳလႊာမ်ားကို စက္တင္ဘာ ၁ရက္က လက္ခံၿပီးေနာက္ ၎တို႔အနက္ လုပ္ကိုင္ခြင့္ရကုမၸဏီမ်ားကို ထုတ္ျပန္ရန္ ေ႐ႊးခ်ယ္သြားမည္ဟုေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန၊ ဒုတိယၫြန္႔ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္ကေျပာသည္။

ရန္ကုန္မိုးပ်ံအျမန္လမ္းတည္ေဆာက္ေရး တင္ဒါေအာင္ ျမင္သည့္ကုမၸဏီကို ၂၀၂၀ ဇူလိုင္(သို႔မဟုတ္) ဩဂုတ္တြင္ ထုတ္ျပန္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီး ဌာနက ဆိုထားသည္။ သို႔ေသာ္လည္း COVID-19ေၾကာင့္ တင္ဒါစီစစ္ေရးမ်ား ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။

“အဲထဲက ဆယ္ဖြဲ႕မွာ သုံးဖြဲ႕လ်ာထားတယ္လို႔ေျပာပါတယ္။ ျမန္မာက ႐ွယ္ယာမထည့္ဘဲ ေျမပဲစိုက္ၿပီး အက်ိဳးအျမတ္အမ်ားဆုံးေပးမလဲဆိုတာ ကမ္းလွမ္လိုက္လို ျပန္စဥ္းစားေနၾကတာ။ ”ဟု ပန္းဘဲတန္းၿမိဳ႕နယ္၊ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ဦးေနဖူးဘေဆြကေျပာသည္။

လ်ာထားသည့္ အဖြဲ႕သုံးခုတြင္ တ႐ုတ္ႏွင့္ ဂ်ပန္ကုမၸဏီမ်ား ပါဝင္သည္ဟုပို႔ေဆာင္ေရး၊ ဆက္သြယ္ေရးႏွင့္ေဆာက္လုပ္ေရးဆိုင္ရာေကာ္မတီ အဖြဲ႕ဝင္လည္းျဖစ္သည္ ဦးေနဖူးဘေဆြကဆိုသည္။

ယခု ေဆာင္႐ြက္မည့္ စီမံကိန္းသည္ အပိုင္း(၁)ျဖစ္ၿပီး ထိုလမ္းသည္ စုစုေပါင္း အ႐ွည္ ၂၇ ကီလိုမီတာ (၁၆ မိုင္ေက်ာ္)ႏွင့္ အက်ယ္မီတာ ၃၀ (ေပ ၁၀၀ ခန္႔)႐ွိသည္။

မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ေဒါပုံတံတားအဆင္းမွစ၍ အထက္ပုဇြန္ေတာင္လမ္း၊ သံသုမာလမ္း၊ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္းတို႔မွ ျဖတ္သန္းၿပီး ခေရပင္လမ္းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင္ေက်ာ္)၊ ထို႔ေနာက္ တညင္းကုန္းလမ္းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင္ခြဲခန္႔)ႏွင့္ ရန္ကုန္ေလဆိပ္ အဝင္လမ္းအျဖစ္ ၂ ဒသမ ၅ ကီလိုမီတာ (တစ္မိုင္ ခြဲ)တို႔ျဖစ္သည္။

မိုးပ်ံအျမန္လမ္းအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔ ပူးေပါင္းၿပီး Public Private Partnership(PPP)အစီအစဥ္ျဖင့္ အေကာင္အထည္ေဖာ္ရန္ျဖစ္သည္။

စီမံကိန္းကို စိတ္ဝင္စားမႈ ေဖာ္ျပလႊာဖိတ္ေခၚစဥ္ကပင္ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံမွ ႏိုင္ငံျခားကုမၸဏီ ၅၂ ခုက ေလွ်ာက္လႊာတင္ျပခဲ့သည္။ ထိုႏိုင္ငံမ်ားထဲတြင္ ျပင္သစ္၊ဂ်ပန္၊ တ႐ုတ္၊ ထိုင္း၊ ဖိလစ္ပိုင္ စသည့္ႏိုင္ငံမ်ား ပါဝင္သည္။ဝန္ႀကီးဌာနက အဆိုပါစီမံကိန္းအတြက္ ကုမၸဏီအဖြဲ႕အစည္း ၁၀ ခုကို ၂၀၁၈ ဒီဇင္ဘာတြင္ ဆန္ခါတင္ ေ႐ြးခ်ယ္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service