ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေ

ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေ - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 12:48 pm တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းဝယ်လိုအားကျဆင်းပြီး ခြောက်လအတွင်း မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းက ၁ ဒသမ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့က လစဉ်ထုတ်ပြန်သည့် ငွေကြေး ဖောင်းပွမှု အစီရင်ခံစာတွင် ၂၀၂၀ ဇန်နဝါရီက မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့သော်လည်း ဇွန်လတွင် ၇ ဒသမ ၉၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများသည် နိုင်ငံ၏ အခြေခံကုန်ဈေးနှုန်းကို တိုင်းတာမှုတစ်ခု ဖြစ်ကြောင်း စီးပွားရေးပညာရှင် အချို့က ပြောသည်။

ငွေကြေးဖောင်းပွမှု ကိန်းဂဏန်း လျော့နည်းသွားခြင်းက နိုင်ငံသားများအတွက် စားဝတ်နေရေး အခက်အခဲ လျော့နည်းလာနိုင်စေမည့် အချက်တစ်ခုဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။

စက်သုံးဆီဈေးကျဆင်း သွားခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းခြင်းနှင့် COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်း နိုင်ငံသားများ၏ ဝယ်လိုအား လျော့နည်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်လျော့ကျရခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

ငွေကြေးဖောင်းပွမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းကယခုနှစ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ကျော် ဈေးကျဆင်းသွားသည်။

၂၀၂၀ နှစ်ဆန်းပိုင်းက တစ်ဒေါ်လာ ၁,၅၀၀ ကျပ်ဝန်းကျင်မှ လက်ရှိတွင် တစ်ဒေါ်လာ ၁,၃၇၀ ကျပ်ဝန်းကျင်သာ ဈေး ဖွင့်သည်။

ထို့အပြင် ကုန်ဈေးနှုန်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် စက်သုံးဆီဈေးကလည်းက COVID-19 ကပ်ရောဂါကာလ ကမ္ဘာ့ရေနံဈေးကျဆင်းမှု၊ ဒေါ်လာကျဆင်းမှုတို့ကြောင့် ပြည်တွင်းဈေးကျ ဆင်းခဲ့သည်။

၂၀၂၀ နှစ်စက ပြည်တွင်း ဈေးကွက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၅၀ ကျပ်ဝန်း ကျင် ဈေးရှိခဲ့သော်လည်း လက်ရှိတွင် ၅၂၀ ကျပ် ဈေးဖွင့်သည်။

ယခုနှစ် ခြောက်လအတွင်းဒေါ်လာနှင့် စက်သုံးဆီဈေးကျ ဆင်းသော်လည်း ပြည်တွင်းဆန် ဈေးနှင့် အသားဈေးနှုန်းက အနည်းငယ်မြင့်တက်သည်။

ပြည်တွင်းအဓိကစားသုံးနေသည့် ပေါ်ဆန်းအမျိုးအစား ဆန်ချောဈေးနှုန်းက လက်ကားဈေးကွက်တွင် တစ်အိတ်လျှင် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ သည်။ ပြီးခဲ့သည့် ဇန်နဝါရီက ဆန်တစ်အိတ်လျှင် ၃၂,၀၀၀ ကျပ်ရှိသော ဧရာဝတီပေါ်ဆန်းဆန်က ဇူလိုင်တွင် ၃၆,၀၀၀ ကျပ်သို့ မြင့်တက်လာသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေငြေၾကးေဖာင္းပြမႈႏႈန္း က်ဆင္းေန

COVID-19 ကပ္ေရာဂါေၾကာင့္ ျပည္တြင္းဝယ္လိုအားက်ဆင္းၿပီး ေျခာက္လအတြင္း ျမန္မာႏိုင္ငံ၏ေငြေၾကးေဖာင္းပြမႈႏႈန္းက ၁ ဒသမ၁၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

ဗဟိုစာရင္းအင္းအဖြဲ႕က လစဥ္ထုတ္ျပန္သည့္ ေငြေၾကး ေဖာင္းပြမႈ အစီရင္ခံစာတြင္ ၂၀၂၀ ဇန္နဝါရီက ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏႈန္း ၉ ဒသမ ဝ၆ ရာခိုင္ႏႈန္း႐ွိခဲ့ေသာ္လည္း ဇြန္လတြင္ ၇ ဒသမ ၉၁ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားသည္။

ေငြေၾကးေဖာင္းပြမႈ ကိန္းဂဏန္းမ်ားသည္ ႏိုင္ငံ၏ အေျခခံကုန္ေဈးႏႈန္းကို တိုင္းတာမႈတစ္ခု ျဖစ္ေၾကာင္း စီးပြားေရးပညာ႐ွင္ အခ်ိဳ႕က ေျပာသည္။

ေငြေၾကးေဖာင္းပြမႈ ကိန္းဂဏန္း ေလ်ာ့နည္းသြားျခင္းက ႏိုင္ငံသားမ်ားအတြက္ စားဝတ္ေနေရး အခက္အခဲ ေလ်ာ့နည္းလာႏိုင္ေစမည့္ အခ်က္တစ္ခုျဖစ္သည္ဟု ၎တို႔က သုံးသပ္သည္။

စက္သုံးဆီေဈးက်ဆင္း သြားျခင္း၊ အေမရိကန္ေဒၚလာတန္ဖိုးက်ဆင္းျခင္းႏွင့္ COVID-19 ကပ္ေရာဂါေၾကာင့္ ျပည္တြင္း ႏိုင္ငံသားမ်ား၏ ဝယ္လိုအား ေလ်ာ့နည္းျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈႏႈန္း အနည္းငယ္ေလ်ာ့က်ရျခင္းျဖစ္သည္ဟု စီးပြားေရး လုပ္ငန္း႐ွင္အခ်ိဳ႕က ေျပာသည္။

ေငြေၾကးေဖာင္းပြမႈႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနသည့္ အေမရိကန္ေဒၚလာႏွင့္ က်ပ္ေငြလဲႏႈန္းကယခုႏွစ္တြင္ တစ္ေဒၚလာလွ်င္ က်ပ္ ၁၀၀ ေက်ာ္ ေဈးက်ဆင္းသြားသည္။

၂၀၂၀ ႏွစ္ဆန္းပိုင္းက တစ္ေဒၚလာ ၁,၅၀၀ က်ပ္ဝန္းက်င္မွ လက္႐ွိတြင္ တစ္ေဒၚလာ ၁,၃၇၀ က်ပ္ဝန္းက်င္သာ ေဈး ဖြင့္သည္။

ထို႔အျပင္ ကုန္ေဈးႏႈန္းႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနသည့္ စက္သုံးဆီေဈးကလည္းက COVID-19 ကပ္ေရာဂါကာလ ကမ႓ာ့ေရနံေဈးက်ဆင္းမႈ၊ ေဒၚလာက်ဆင္းမႈတို႔ေၾကာင့္ ျပည္တြင္းေဈးက် ဆင္းခဲ့သည္။

၂၀၂၀ ႏွစ္စက ျပည္တြင္း ေဈးကြက္တြင္ ေအာက္တိန္း ၉၂ တစ္လီတာလွ်င္ ၈၅၀ က်ပ္ဝန္း က်င္ ေဈး႐ွိခဲ့ေသာ္လည္း လက္႐ွိတြင္ ၅၂၀ က်ပ္ ေဈးဖြင့္သည္။

ယခုႏွစ္ ေျခာက္လအတြင္းေဒၚလာႏွင့္ စက္သုံးဆီေဈးက် ဆင္းေသာ္လည္း ျပည္တြင္းဆန္ ေဈးႏွင့္ အသားေဈးႏႈန္းက အနည္းငယ္ျမင့္တက္သည္။

ျပည္တြင္းအဓိကစားသုံးေနသည့္ ေပၚဆန္းအမ်ိဳးအစား ဆန္ေခ်ာေဈးႏႈန္းက လက္ကားေဈးကြက္တြင္ တစ္အိတ္လွ်င္ ၁၀ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္ခဲ့ သည္။ ၿပီးခဲ့သည့္ ဇန္နဝါရီက ဆန္တစ္အိတ္လွ်င္ ၃၂,၀၀၀ က်ပ္႐ွိေသာ ဧရာဝတီေပၚဆန္းဆန္က ဇူလိုင္တြင္ ၃၆,၀၀၀ က်ပ္သို႔ ျမင့္တက္လာသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service