ဩဂုတ်လ ၂၀ တွင် Gmail ဝန်ဆောင်မှုများ ၇ နာရီကျော်ကြာ ချွတ်ယွင်းခဲ့
ဩဂုတ်လ ၂၀ တွင် Gmail ဝန်ဆောင်မှုများ ၇ နာရီကျော်ကြာ ချွတ်ယွင်းခဲ့ - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 11:06 am တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့လူသုံးများရေပန်းအစားဆုံးအီးမေးလ်ဖြစ်သည့် Gmail သည် ဩဂုတ်လ ၂၀ တွင် ကမ္ဘာနေရာအများအပြားရှိ အသုံးပြုသူများအကြား ဖိုင်များတွဲ၍ မရခြင်းနှင့် အီးမေးလ်ပို့၍ မရခြင်းဟူသည့် ချွတ်ယွင်းမှုများ ၇ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည်။
ထိုပြဿနာသည် မြန်မာ၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ သြစတြေးလျ အပါအဝင် အာရှနိုင်ငံအများအပြားနှင့် အမေရိကန်နှင့် ဥရောပရှိ အခြားကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစိဖိတ်စံတော်ချိန် ည ၉ နာရီမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နံနက် ၄ နာရီ ၁၀ မိနစ်တွင် ထိုပြဿနာကို ဖြေရှင်းပြီးကြောင်း ဂူဂဲလ်က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာစံတော်ချိန်ဖြင့်မူ ထိုပြဿနာသည် နံနက် ၁၀ နာရီခွဲမှ ညနေ ၅ နာရီ မိနစ် ၄၀ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Gmail နှင့်အတူ Google Drive သည်လည်း ဖိုင်များ ဝေမျှ၍ မရနိုင်သကဲ့သို့ ဒေါင်းလုတ်လည်း ပြုလုပ်၍ မရခဲ့ပေ။
ယင်းကဲ့သို့ Gmail ၏ ဝန်ဆောင်မှုအလျဉ်ပြတ်မှုသည် နှစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။
ဇူလိုင်တုန်းကလည်း အသုံးပြုသူများသည် သူတို့၏ Gmail အကောင့်များကို ဝင်ရောက်၍ မရနိုင်ခဲ့ကြခြင်း ဖြစ်ပွားခဲ့သေးသည်။
ထိုပြဿနာအား Gmail က သိရှိကာ ပြင်ဆင်ခဲ့သော်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်ခဲ့သည်ကို ရှင်းလင်းချက်တစ်စုံတစ်ရာ မထုတ်ခဲ့ပေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Gmail outage is over after hours-long service disruption (Cnet)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service