သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေ၈၆ ဧကတွင် Thilawa Shopping Mall စီမံကိန်းကို အကောင်အထည် ဖော်မည်ဟုဆို

သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေ၈၆ ဧကတွင် Thilawa Shopping Mall စီမံကိန်းကို အကောင်အထည် ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Aug 2020 11:02 am တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သီလဝါအထူးစီးပွားရေးဇုန်တွင် ဈေးဝယ်စင်တာ Thilawa Shopping Mall စီမံကိန်းကို အကောင်အထည်ဖော်မည့် Thilawa property Development ကုမ္ပဏီထုတ်ပြန်သည်။

ထိုစီမံကိန်းကို သီလဝါအထူးစီးပွားရေးလူနေရာနှင့်ကုန်သွယ်မှုဆိုင်ရာ ဧရိယာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဈေးဝယ်စင်တာ၊ အစားအသောက်ခန်းနှင့် ရုပ်ရှင်ရုံများပါဝင်မည်ဟု ကုမ္ပဏီကဆိုသည်။

ထိုစီမံကိန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ကုမ္ပဏီက ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများသည် စက်တင်ဘာလနောက်ဆုံးထား၍ တင်ပြရမည်ဟုဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ၃၅ ဟတ်တာ(၈၆ ဧက )ကို လူနေအိမ်ယာနှင့် ကုန်သွယ်ဆိုင်ရာဧရိယာအဖြစ် အကောင်အထည်ဖော်ပြီး ထိုနေရာတွင် လူနေအဆောက်အအုံများ ၊ ဘဏ်များ ၊ ဆေးရုံ ၊ SuperMarket နှင့် Shopping Mall တို့ကိုဆောင်ရွက်သွားမည်ဟု ကုမ္ပဏီကဆိုထားသည်။

အထက်ပါစီမံကိန်းအကောင်အထည်ဖော်ရန် MTSH ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးသူရိန်အောင်က ၂၀၁၉ ဇူလိုင်လတွင် စတင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင်ကတည်းပင် လေ့လာဆန်းစစ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုထားသည်။

ထိုစီမံကိန်းအကောင်အထည်ဖော်ခြင်းမှာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်နေသူ လူဦးရေ ကိုးထောင်ကျော်ရှိပြီး ၎င်းတို့အတွက် ရည်ရွယ်သည်ဟု ၎င်းကဆိုထားသည်။

Thilawa property Development ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာဘက်မှ လုပ်ကိုင်ခွင့်ရထားသည့် MSTH ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။

"သီလဝါထဲမှာ တဖြေးဖြေးနဲ့ လူဦးရေးကများလာပြီး အလုပ်အကိုင်အခွင့်အလမ်းဆိုရင် ၉ ထောင်ကျော်လောက် ဖော်ဆောင်ပေးနိုင်တယ်ဆိုတော့ အဲ့ဒီ ၉ ထောင်ကျော်အတွက် သွားရေးလာရေးနဲ့ ဝယ်ခြမ်းဖို့အတွက်ဆို ရှော့ပင်းမောလ်တခု စတင်ဆောက်နိုင်အောင် လေ့လာဆန်းစစ်မှုတွေ လုပ်နေပါတယ်။ ၂ ထပ်ဆောက်မလား ၊၃ထပ်ဆောက်မလား ၊ အကျယ်ဘယ်လောက်ဆောက်မလဲ ၊ဈေးကွက်က ဘယ်လောက်ကြီးမလဲ ၊ ဘယ်သူတွေက ဘယ်လောက်နဲ့ ငှားဖို့စိတ်ဝင်စားလဲ ဒါတွေကို သုံးသပ်နေပါတယ်။ ဒါပြီးရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ အတည်ပြုချက်ရယူပြီး စီမံကိန်းကို ဆက်လုပ်သွားဖို့ရှိပါတယ်"ဟု ဦးသူရိန်အောင်ပြောထားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရေလမ်းကြောင်းကုန်သွယ်မှု ၊ ကုန်းလမ်းကြောင်း ကုန်သွယ်မှုများအပြင် မီးရထားလမ်းကြောင်းဖြင့် ကုန်သွယ်မှုကိုပါ ဆောင်ရွက်နိုင်ရေးအတွက် မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို တိုးချဲ့နိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။

အဆိုပါ မီးရထားစီမံကိန်းသည် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင် ၊ မြန်မာ့မီးရထားတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သောကြောင့် လာမည့် ၂ နှစ်ခန့်မှသာ စတင်နိုင်မည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service