နမ္မတူရှိ ဘော်တွင်း သတ္တုတွင်းကို မြေဧက ၉ ၄၀၀ တွင် ပြန်လည်ဆောင်ရွက်မည်ဟုဆို

နမ္မတူရှိ ဘော်တွင်း သတ္တုတွင်းကို မြေဧက ၉ ၄၀၀ တွင် ပြန်လည်ဆောင်ရွက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Aug 2020 12:59 pm တွင် တင်ခဲ့သည်
3265 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နမ္မတူရှိ ဘော်တွင်း သတ္တုတွင်းကြီးကို ပြန်လည်ဖွံ့ဖြိုးလာရန်ဆောင်ရွက်ရေးအတွက် မြေဧက ၉,၄၀၀ ခန့်တွင် သတ္တု တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု Bawdin Joint Venture ကုမ္ပဏီက ထုတ်ပြန်သည်။

ထိုသတ္တုတွင်းကြီးသည် ငွေ၊ ခဲ၊ သွပ် သတ္တုများတည်ရှိနေပြီး ထိုဧရိယာတွင် အခြေခံအဆောက်အအုံ အဟောင်းများ ရှိပြီး ၎င်းတို့ကို ဖယ်ရှား၍ သတ္တုတူးဖော်ရေးနှင့် သတ္တုသန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု ကုမ္ပဏီက ဆိုသည်။

ထိုလုပ်ငန်းများဆောင်ရွက်ရန်အတွက် လူမှုဘဝထိခိုက်မှုများနှင့်သဘာဝပတ်ဝန်းကျင်ထိ ခိုက်နစ်နာမှုကို ဆန်းစစ်လေ့လာ မည်ဖြစ်ပြီး ထိုအတွက် ဩဂုတ် ၁၂ ရက်ကစ၍ သုံးနေရာတွင် ပြည်သူလူထုကို ရှင်းပြမည်ဖြစ်သည်။

ထိုစီမံကိန်းနှင့်ပတ်သက်ပြီး နစ်နာမှုများကို တိုင်ကြားလိုပါက ဘော်တွင်းအထက်ရွာ၊ ဘော်တွင်းအောက်ရွာနှင့် ကျားစခန်းတို့တွင်ဖွင့်လှစ်ထားသည့်နေရာများတွင် တိုင်ကြားနိုင်သည်ဟုဆိုသည်။

ထိုသတ္တုတွင်းကို Bawdwin Joint Venture ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ၎င်း ကုမ္ပဏီတွင် Myanmar Metals ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင် နှုန်း၊ Win Myint Mo Industries ကုမ္ပဏီက ရှယ်ယာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် EAP Globalကုမ္ပဏီ က ရှယ်ယာ ၂၄ ဒသမ ၅ ရာခိုင် နှုန်းပိုင်ဆိုင်ထားသည်။

ဘော်တွင်းသတ္တုတွင်းသည် ကမ္ဘာကျော် သတ္တုတွင်းတစ်ခုဖြစ် ပြီး လက်ရှိတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားသည်။ သတ္တုတူးဖော်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်ပါက တစ်နှစ်လျှင် သတ္တု မက်ထရစ်တန် နှစ်သန်း ခန့်ထွက်နိုင်မည်ဟု ခန့်မှန်းထား သည်။ ထိုသတ္တုတွင်းသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

၂၀၁၀ ပြည့်နှစ်တွင် ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီ လိမိတက်(Win Myint Mo Industrial Co.Ltd) က ခဲနှင့် သွပ်သတ္ထု ထုတ်လုပ်မှု မျှဝေရေး ၁၀ နှစ်သဘောတူစာချုပ်ကို စစ်အစိုးရနှင့် ချုပ်ဆိုပြီး ဘော်တွင်းသတ္ထုထုတ်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့သည်။

Asia World Group ၏ လက်အောက်ခံကုမ္ပဏီလေးတစ်ခုဖြစ်သော ဝင်းမြင့်မိုရ်ထံ နမ္မတူဘော်တွင်းကို လွှဲပြောင်းပေးပြီးနောက် ဆန္ဒပြမူများဖြစ်ပွားခဲ့သည်။

ဗြိတိသျှကိုလိုနီ လက်အောက်တွင်ရှိစဉ်က ဘော်တွင်းမိုင်းကို Burma Corporation က လုပ်ကိုင်ခဲ့သည်။

ထိုမိုင်းတွင်းကို ဟူးဗားက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဟားဗတ်ဟူးဗားသည် ၁၉၂၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၃၁ ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်ကနိုင်ငံကို အာဏာသိမ်းခဲ့ပြီးနောက် ကုမ္ပဏီများစွာကို ပြည်သူပိုင်သိမ်းခဲ့ရာတွင် Burma Corporation လည်း ပါဝင်သွားခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

နမၼတူ႐ွိ ေဘာ္တြင္း သတၱဳတြင္းကို ေျမဧက ၉ ၄၀၀ တြင္ ျပန္လည္ေဆာင္႐ြက္မည္ဟုဆို

နမၼတူ႐ွိ ေဘာ္တြင္း သတၱဳတြင္းႀကီးကို ျပန္လည္ဖြံ႕ၿဖိဳးလာရန္ေဆာင္႐ြက္ေရးအတြက္ ေျမဧက ၉,၄၀၀ ခန္႔တြင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည္ဟု Bawdin Joint Venture ကုမၸဏီက ထုတ္ျပန္သည္။

ထိုသတၱဳတြင္းႀကီးသည္ ေငြ၊ ခဲ၊ သြပ္ သတၱဳမ်ားတည္႐ွိေနၿပီး ထိုဧရိယာတြင္ အေျခခံအေဆာက္အအုံ အေဟာင္းမ်ား ႐ွိၿပီး ၎တို႔ကို ဖယ္႐ွား၍ သတၱဳတူးေဖာ္ေရးႏွင့္ သတၱဳသန္႔စင္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္မည္ဟု ကုမၸဏီက ဆိုသည္။

ထိုလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ လူမႈဘဝထိခိုက္မႈမ်ားႏွင့္သဘာဝပတ္ဝန္းက်င္ထိ ခိုက္နစ္နာမႈကို ဆန္းစစ္ေလ့လာ မည္ျဖစ္ၿပီး ထိုအတြက္ ဩဂုတ္ ၁၂ ရက္ကစ၍ သုံးေနရာတြင္ ျပည္သူလူထုကို ႐ွင္းျပမည္ျဖစ္သည္။

ထိုစီမံကိန္းႏွင့္ပတ္သက္ၿပီး နစ္နာမႈမ်ားကို တိုင္ၾကားလိုပါက ေဘာ္တြင္းအထက္႐ြာ၊ ေဘာ္တြင္းေအာက္႐ြာႏွင့္ က်ားစခန္းတို႔တြင္ဖြင့္လွစ္ထားသည့္ေနရာမ်ားတြင္ တိုင္ၾကားႏိုင္သည္ဟုဆိုသည္။

ထိုသတၱဳတြင္းကို Bawdwin Joint Venture ကုမၸဏီက လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္ၿပီး ၎ ကုမၸဏီတြင္ Myanmar Metals ကုမၸဏီက ႐ွယ္ယာ ၅၁ ရာခိုင္ႏႈန္း၊ Win Myint Mo Industries ကုမၸဏီက႐ွယ္ယာ ၂၄ ဒသမ ၅ ရာခိုင္ႏႈန္းႏွင့္ EAP Globalကုမၸဏီ က ႐ွယ္ယာ ၂၄ ဒသမ ၅ ရာခိုင္ ႏႈန္းပိုင္ဆိုင္ထားသည္။

ေဘာ္တြင္းသတၱဳတြင္းသည္ ကမ႓ာေက်ာ္ သတၱဳတြင္းတစ္ခုျဖစ္ ၿပီး လက္႐ွိတြင္ သတၱဳတူးေဖာ္ေရး လုပ္ငန္းမ်ား ရပ္ဆိုင္းထားသည္။ သတၱဳတူးေဖာ္မႈမ်ား အျပည့္အဝ ေဆာင္႐ြက္ႏိုင္ပါက တစ္ႏွစ္လွ်င္ သတၱဳ မက္ထရစ္တန္ ႏွစ္သန္း ခန္႔ထြက္ႏိုင္မည္ဟု ခန္႔မွန္းထား သည္။ ထိုသတၱဳတြင္းသည္ ဒုတိယ ကမ႓ာစစ္ မတိုင္မီကတည္းက သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ဝင္းျမင့္မိုရ္ စက္မႈကုမၸဏီ လိမိတက္(Win Myint Mo Industrial Co.Ltd) က ခဲႏွင့္ သြပ္သတၳဳ ထုတ္လုပ္မႈ မွ်ေဝေရး ၁၀ ႏွစ္သေဘာတူစာခ်ဳပ္ကို စစ္အစိုးရႏွင့္ ခ်ဳပ္ဆိုၿပီး ေဘာ္တြင္းသတၳဳထုတ္လုပ္ေရးကို လုပ္ကိုင္ခြင့္ရခဲ့သည္။

Asia World Group ၏ လက္ေအာက္ခံကုမၸဏီေလးတစ္ခုျဖစ္ေသာ ဝင္းျမင့္မိုရ္ထံ နမၼတူေဘာ္တြင္းကို လႊဲေျပာင္းေပးၿပီးေနာက္ ဆႏၵျပမူမ်ားျဖစ္ပြားခဲ့သည္။

ၿဗိတိသွ်ကိုလိုနီ လက္ေအာက္တြင္႐ွိစဥ္က ေဘာ္တြင္းမိုင္းကို Burma Corporation က လုပ္ကိုင္ခဲ့သည္။

ထိုမိုင္းတြင္းကို ဟူးဗားက ဦးေဆာင္ခဲ့ျခင္းျဖစ္သည္။ ဟားဗတ္ဟူးဗားသည္ ၁၉၂၉ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၏ ၃၁ ေယာက္ေျမာက္ သမၼတျဖစ္လာခဲ့သည္။ ၁၉၆၂ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ေနဝင္းဦးေဆာင္ေသာ စစ္တပ္ကႏိုင္ငံကို အာဏာသိမ္းခဲ့ၿပီးေနာက္ ကုမၸဏီမ်ားစြာကို ျပည္သူပိုင္သိမ္းခဲ့ရာတြင္ Burma Corporation လည္း ပါဝင္သြားခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service