အိမ်ခြံမြေလောကအတွက် အသက်ရှူခွင့်ပေးမယ့် အခွန်တွေဖြေလျှော့မှာလား

အိမ်ခြံမြေလောကအတွက် အသက်ရှူခွင့်ပေးမယ့် အခွန်တွေဖြေလျှော့မှာလား - Property News in Myanmar from iMyanmarHouse.com
19 Aug 2020 10:28 am တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြံမြေဈေးကွက်၏ အဓိကတွန်းအားတစ်ခုဖြစ်သော အခွန်သက်သာခွင့်က စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး နောက်ထပ်သက်သာခွင့်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဥပဒေကြမ်းတွင် မပါဝင်သဖြင့် ယင်းအခြေအနေက လက်ရှိ အိမ်ခြံမြေဈေးကွက်ကို လှုပ်ခါလိုက်သည်။

COVID-19 ကပ်ရောဂါကာလ အရောင်းအဝယ်အေးနေချိန်တွင် အခွန်သက်သာခွင့်အဆုံးသတ်က အိမ်ခြံမြေလောကအတွက် သတင်းဆိုးတစ်ခုပင်ဖြစ်သည်။

အိမ်ခြံမြေဈေးကွက်သည် အခွန်သက်သာခွင့် အလင်းရောင် အနည်းငယ်ကျန်ချိန်တွင် လှုပ်ရှားမှုရှိနေသော်လည်း စက်တင်ဘာနောက်ပိုင်းတွင် အမှောင်ကမ္ဘာအတွင်း ပြန်ရောက်တော့မည်ဟု အကျိုးဆောင်အချို့က ဆိုသည်။

မန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသည့် ရွှေမန္တလေး အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီမှ ဦးနေလင်းအောင်ကလည်း ‘‘စက်တင်ဘာ နောက်ပိုင်းမှာက အရောင်းအဝယ်ဈေးကွက်တစ်ခုလုံး ဒီထက် ပိုအေးမယ့်သဘောပဲ’’ ဟု ပြောသည်။

COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံသို့မရောက်မီအချိန်ကပင် ပြည်တွင်းအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျဆင်း သွားပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အရောင်းအဝယ်ရပ်ဆိုင်းခဲ့သည်။

ထိုအချိန် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အိမ်၊ ခြံ၊ မြေ၊ ကား စသော ပစ္စည်းများ တရားဝင်ဝယ်ယူမည်ဆိုပါက အနည်းဆုံး အခွန် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ဝင်ငွေခွန်သက်သာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို သက်သာခွင့်ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများလည်ပတ်မှုမြန်ဆန်ပြီး စီးပွားရေး အရှိန်အဟုန် ကောင်းလာမည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြသည်။ ပြည်တွင်းစီးပွားရေး နှင့်အတူ အိမ်ခြံမြေဈေးကွက်ကိုလည်း အကျိုးသက်ရောက်မှုများ ရှိမည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ၂၀၂၀ နှစ်ဆန်းက စတင်ပြီး ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားခဲ့သော ကပ်ရောဂါ၏အကျိုးဆက်အဖြစ် ပြည်တွင်းစီးပွားရေးကို ရိုက်ခတ်လာသည့်အပြင် အိမ်ခြံမြေရောင်းဝယ်မှု၊ ငှားရမ်းမှု များတွင်လည်း အကျိုးသက်ရောက်မှုများ ကြုံခဲ့ရသည်။

အစိုးရပေးသော အခွန်သက်သာခွင့် အခွင့်အရေးကို အိမ်ခြံမြေဈေးကွက်တွင် အပြည့်အဝမခံစားရဘဲ မတ်လကစတင်ပြီး မေလကုန်အထိ အရောင်းအဝယ်၊ အိမ်ငှားရမ်းမှုများ လုံးဝရပ်ဆိုင်းခဲ့ရသည်။ ဇွန်လတွင် ပြန်လည်စတင်လာသော်လည်း ခေါ်ဈေးထက် ဈေးနင်းဝယ်ယူမှု ကြောင့် အရောင်းအဝယ်မဖြစ်သည်က များနေသည်။

‘‘ဒီအလုပ်ကို လုပ်ရတာ အတော်စိတ်ကုန်လာတယ်။ လူ တွေက ဈေးအရမ်းနင်းတော့ အရောင်းအဝယ်မဖြစ်ကြဘူး’’ ဟု မြောက်ဥက္ကလာပမြို့နယ်မှ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဦးပိုင်စိုးက ပြောသည်။

ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချမှုကြောင့် ဘဏ်အတွင်းမှ ငွေများ အပြင်ပြန်ထွက်လာပြီး အိမ်၊ မြေများတွင် ရင်းနှီးမြှုပ်နှံရန်ခြေလှမ်းပြင်မည်ဟု အကျိုးဆောင်များက မျှော်လင့်ကြသော်လည်း COVID ကပ်ရောဂါနှင့် အခွန်သက်သာခွင့် အခွင့်အရေးဆုံးရှုံးမှုက ချေဖျက်လိုက်သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများသည် ၂၀၀၇ နှစ်ကုန်ပိုင်းကစတင်ပြီး အခွန်သက်သာခွင့်ကြောင့် တစ်ရှိန်ထိုးမြင့်တက်ခဲ့ ကာ အရှေ့တောင်အာရှတွင် မြေ ဈေးအကြီးဆုံးနိုင်ငံဖြစ်ခဲ့သည်။

သို့သော် မြန်မာ့ အိမ်၊ မြေ ဈေးကွက်၏ သဘောတရားများ အရ စီမံကိန်းများအပေါ်မူတည်ပြီး ခါတော်မီဈေးကွက်မျိုးကလည်း မကြာခဏ ပေါ်ထွက်တတ်သည်။

‘‘ငါးပွက်ရာငါးစာချလုပ်တာမျိုးက အိမ်ခြံမြေဈေးကွက်မှာရှိတယ်။ ပုံမှန်အရောင်းအဝယ် ပုံစံမျိုးမဟုတ်ဘူး’’ ဟုမဏ္ဏိုင်အိမ်ခြံမြေကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးသန်းဦးက ပြောသည်။

ထို့အပြင် ပုံမှန်ဈေးကွက် ကျပ်သိန်း ၅၀၀ မှ သိန်း ၃,၀၀၀ အကြား အိမ်မြေအရောင်းအဝယ်လည်းရှိနေသည်ဟု အကျိုး ဆောင်အချို့ကဆိုသည်။ ဝယ်ယူသူများက အမှန်တကယ်နေထိုင်သူများအပြင် ငွေကြေးပိုလျှံနေသဖြင့် ဝယ်ယူသူအချို့ကလည်းရှိနေသည်ဟု ၎င်းတို့ကပြောသည်။

ထို့အတူ မန္တလေးတွင်လည်း ကျပ်သိန်း ၃၀၀၊ ၄၀၀ တန် အိမ်ခြံမြေအချို့ အရောင်းအဝယ် ဖြစ်ကြောင်း ဦးနေလင်းအောင် ကဆိုသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် အထိ မြို့ပြနေထိုင်သူလူဦးရေက ၁၅ သန်းခန့်ရှိနေသည်။ ပုံမှန်အခြေအနေတွင် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၃၂ သန်းအ ထိတိုးလာမည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ကျေးလက်မှ ပြောင်းရွှေ့လာသူများ ကြောင့် လူနေထူထပ်မှုတိုးတက်လာမည်ဟု ဆိုထားသည်။

လက်ရှိတွင် စီးပွားရေးမြို့တော် ရန်ကုန်တွင် အလုပ်အကိုင်အခွင့်အလမ်းကြောင့် ဒေသအစုံ မှ ပြောင်းရွှေ့အခြေချသူများသဖြင့် တိုးတက်ခဲ့သော အိမ်ငှားဈေးကွက်လည်း COVID-19 ကပ် ရောဂါကြောင့် ပုံစံပြောင်းလဲလာသည်။

အိမ်ငှားလိုသူ နည်းသဖြင့် ငှားရမ်းခဈေးနှုန်းများကိုပင် ပိုင်ရှင်များက လျှော့ချပေးလာသည် ဟု အကျိုးဆောင်အချို့က ပြော သည်။

ရန်ကုန်မြို့တွင်း မြေညီထပ် တိုက်ခန်းများကို ယခင် ကျပ်သိန်း ၂၀ မှ ကျပ် ၁၅ သိန်းသို့ လျှော့ချပေးလာခြင်းဖြစ်သည်။

ထို့အပြင် သာမန်လူနေ တိုက်ခန်းများကိုလည်း အနည်း ဆုံး ၁၅ ရာခိုင်နှုန်းခန့် ဈေးလျှော့ချလာသည်။

COVID-19 ကပ်ရောဂါ၏ စီးပွားရေးလုပ်ကိုင်မှုပုံစံအ ပြောင်းအလဲ၊ လုပ်ငန်းများပိတ်သိမ်းမှု၊ လုပ်သားအင်အားလျှော့ချမှုတို့ကြောင့် ရန်ကုန်တွင် အိမ်ငှားနေထိုင်မှု လျော့နည်းလာသည်ဟု အိမ်ခြံမြေအကျိုးဆောင် အချို့က သုံးသပ်သည်။

အိမ်ခြံမြေ ဈေးကွက်နှင့် ဆက်စပ်နေသည့် ပုဂ္ဂလိကတည် ဆောက်ရေး လုပ်ငန်းများကလည်း ယခင်လုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်နေပြီး လုပ်ငန်းအသစ်များ ထပ်မံလုပ်ကိုင်မှု အလွန်နည်းပါးသည်။

‘‘အခုချိန် ပုဂ္ဂလိက ကဏ္ဍက လုပ်ငန်းသစ်လုပ်နိုင်တာအတော်ရှားတယ်’’ ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်ကပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက် နှင့် ပုဂ္ဂလိကတည်ဆောက်ရေး ကဏ္ဍကို အပြောင်းအလဲဖြစ်စေရန် ကွန်ဒိုဥပဒေကို အသက်ဝင် အောင်လုပ်ဆောင်ပြီး နိုင်ငံခြားသားများကို ရောင်းချခွင့်ပြုပေး ခြင်း၊ APARTMENT LAW ကို အမြန်ဆုံး ပြဋ္ဌာန်းပေးရေးအပြင် အခွန်သက်သာခွင့်ပြုပေးရေးကို ဦးမျိုးမြင့်က တောင်းဆိုသည်။

ထို့အတူ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များ ပြန်လည်သွက်လက်လာစေရန်အတွက် လက်ရှိ ခွင့်ပြုပြဋ္ဌာန်းထားသော အခွန်သက်သာခွင့်ကို COVID ကြောင့် အရောင်းအဝယ် မပြုလုပ်နိုင်သောကာလတစ်ခုအတွက် အချိန်အစားထိုးပေးရန်လိုလားသည်ဟု အိမ်ခြံမြေအကျိုး ဆောင်အချို့ကပြောသည်။

လက်ရှိ ကြုံနေရသည့် အိမ် ခြံမြေဈေးကွက်အခြေအနေက COVID အလွန်ကာလတွင် အနည်းဆုံး ခြောက်လမှ တစ်နှစ်အထိ ကျန်ရှိနေနိုင်တာပါ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမေလာကအတြက္ အသက္႐ွဴခြင့္ေပးမယ့္ အခြန္ေတြေျဖေလွ်ာ့မွာလား

အိမ္ျခံေျမေဈးကြက္၏ အဓိကတြန္းအားတစ္ခုျဖစ္ေသာ အခြန္သက္သာခြင့္က စက္တင္ဘာ ၃၀ ရက္တြင္ ကုန္ဆုံးေတာ့မည္ ျဖစ္ၿပီး ေနာက္ထပ္သက္သာခြင့္ကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းသည့္ ဥပေဒၾကမ္းတြင္ မပါဝင္သျဖင့္ ယင္းအေျခအေနက လက္႐ွိ အိမ္ျခံေျမေဈးကြက္ကို လႈပ္ခါလိုက္သည္။

COVID-19 ကပ္ေရာဂါကာလ အေရာင္းအဝယ္ေအးေနခ်ိန္တြင္ အခြန္သက္သာခြင့္အဆုံးသတ္က အိမ္ျခံေျမေလာကအတြက္ သတင္းဆိုးတစ္ခုပင္ျဖစ္သည္။

အိမ္ျခံေျမေဈးကြက္သည္ အခြန္သက္သာခြင့္ အလင္းေရာင္ အနည္းငယ္က်န္ခ်ိန္တြင္ လႈပ္႐ွားမႈ႐ွိေနေသာ္လည္း စက္တင္ဘာေနာက္ပိုင္းတြင္ အေမွာင္ကမ႓ာအတြင္း ျပန္ေရာက္ေတာ့မည္ဟု အက်ိဳးေဆာင္အခ်ိဳ႕က ဆိုသည္။

မႏၲေလး အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ေနသည့္ ေ႐ႊမႏၲေလး အိမ္ျခံေျမအက်ိဳး ေဆာင္ကုမၸဏီမွ ဦးေနလင္းေအာင္ကလည္း ‘‘စက္တင္ဘာ ေနာက္ပိုင္းမွာက အေရာင္းအဝယ္ေဈးကြက္တစ္ခုလုံး ဒီထက္ ပိုေအးမယ့္သေဘာပဲ’’ ဟု ေျပာသည္။

COVID-19 ကပ္ေရာဂါ ျမန္မာႏိုင္ငံသို႔မေရာက္မီအခ်ိန္ကပင္ ျပည္တြင္းအိမ္ျခံေျမေဈးကြက္ အေရာင္းအဝယ္က်ဆင္း သြားၿပီး COVID-19 ကပ္ေရာဂါ ျဖစ္ပြားခ်ိန္တြင္ အေရာင္းအဝယ္ရပ္ဆိုင္းခဲ့သည္။

ထိုအခ်ိန္ ၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္ အိမ္၊ ျခံ၊ ေျမ၊ ကား စေသာ ပစၥည္းမ်ား တရားဝင္ဝယ္ယူမည္ဆိုပါက အနည္းဆုံး အခြန္ ၃ ရာခိုင္ႏႈန္းသာ ေပးေဆာင္ရန္ ဝင္ေငြခြန္သက္သာ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ထို သက္သာခြင့္ေၾကာင့္ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားလည္ပတ္မႈျမန္ဆန္ၿပီး စီးပြားေရး အ႐ွိန္အဟုန္ ေကာင္းလာမည္ဟု လုပ္ငန္း႐ွင္မ်ားက ေမွ်ာ္လင့္ခဲ့ၾကသည္။ ျပည္တြင္းစီးပြားေရး ႏွင့္အတူ အိမ္ျခံေျမေဈးကြက္ကိုလည္း အက်ိဳးသက္ေရာက္မႈမ်ား ႐ွိမည္ဟု ေမွ်ာ္လင့္ခဲ့ၾကသည္။

သို႔ေသာ္ ၂၀၂၀ ႏွစ္ဆန္းက စတင္ၿပီး ကမ႓ာ့ႏိုင္ငံမ်ားတြင္ျဖစ္ပြားခဲ့ေသာ ကပ္ေရာဂါ၏အက်ိဳးဆက္အျဖစ္ ျပည္တြင္းစီးပြားေရးကို ႐ိုက္ခတ္လာသည့္အျပင္ အိမ္ျခံေျမေရာင္းဝယ္မႈ၊ ငွားရမ္းမႈ မ်ားတြင္လည္း အက်ိဳးသက္ေရာက္မႈမ်ား ၾကဳံခဲ့ရသည္။

အစိုးရေပးေသာ အခြန္သက္သာခြင့္ အခြင့္အေရးကို အိမ္ျခံေျမေဈးကြက္တြင္ အျပည့္အဝမခံစားရဘဲ မတ္လကစတင္ၿပီး ေမလကုန္အထိ အေရာင္းအဝယ္၊ အိမ္ငွားရမ္းမႈမ်ား လုံးဝရပ္ဆိုင္းခဲ့ရသည္။ ဇြန္လတြင္ ျပန္လည္စတင္လာေသာ္လည္း ေခၚေဈးထက္ ေဈးနင္းဝယ္ယူမႈ ေၾကာင့္ အေရာင္းအဝယ္မျဖစ္သည္က မ်ားေနသည္။

‘‘ဒီအလုပ္ကို လုပ္ရတာ အေတာ္စိတ္ကုန္လာတယ္။ လူ ေတြက ေဈးအရမ္းနင္းေတာ့ အေရာင္းအဝယ္မျဖစ္ၾကဘူး’’ ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ အိမ္ျခံ ေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္သူ ဦးပိုင္စိုးက ေျပာသည္။

ဗဟိုဘဏ္၏ အတိုးႏႈန္း ေလွ်ာ့ခ်မႈေၾကာင့္ ဘဏ္အတြင္းမွ ေငြမ်ား အျပင္ျပန္ထြက္လာၿပီး အိမ္၊ ေျမမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ေျခလွမ္းျပင္မည္ဟု အက်ိဳးေဆာင္မ်ားက ေမွ်ာ္လင့္ၾကေသာ္လည္း COVID ကပ္ေရာဂါႏွင့္ အခြန္သက္သာခြင့္ အခြင့္အေရးဆုံး႐ႈံးမႈက ေခ်ဖ်က္လိုက္သည္။

ျမန္မာႏိုင္ငံ၏ အိမ္ျခံေျမ ေဈးႏႈန္းမ်ားသည္ ၂၀၀၇ ႏွစ္ကုန္ပိုင္းကစတင္ၿပီး အခြန္သက္သာခြင့္ေၾကာင့္ တစ္႐ွိန္ထိုးျမင့္တက္ခဲ့ ကာ အေ႐ွ႕ေတာင္အာ႐ွတြင္ ေျမ ေဈးအႀကီးဆုံးႏိုင္ငံျဖစ္ခဲ့သည္။

သို႔ေသာ္ ျမန္မာ့ အိမ္၊ ေျမ ေဈးကြက္၏ သေဘာတရားမ်ား အရ စီမံကိန္းမ်ားအေပၚမူတည္ျပီး ခါေတာ္မီေဈးကြက္မ်ိဳးကလည္း မၾကာခဏ ေပၚထြက္တတ္သည္။

‘‘ငါးပြက္ရာငါးစာခ်လုပ္တာမ်ိဳးက အိမ္ျခံေျမေဈးကြက္မွာ႐ွိတယ္။ ပုံမွန္အေရာင္းအဝယ္ ပုံစံမ်ိဳးမဟုတ္ဘူး’’ ဟုမဏၰိဳင္အိမ္ျခံေျမကုမၸဏီအုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာဦးသန္းဦးက ေျပာသည္။

ထို႔အျပင္ ပုံမွန္ေဈးကြက္ က်ပ္သိန္း ၅၀၀ မွ သိန္း ၃,၀၀၀ အၾကား အိမ္ေျမအေရာင္းအဝယ္လည္း႐ွိေနသည္ဟု အက်ိဳး ေဆာင္အခ်ိဳ႕ကဆိုသည္။ ဝယ္ယူသူမ်ားက အမွန္တကယ္ေနထိုင္သူမ်ားအျပင္ ေငြေၾကးပိုလွ်ံေနသျဖင့္ ဝယ္ယူသူအခ်ိဳ႕ကလည္း႐ွိေနသည္ဟု ၎တို႔ကေျပာသည္။

ထို႔အတူ မႏၲေလးတြင္လည္း က်ပ္သိန္း ၃၀၀၊ ၄၀၀ တန္ အိမ္ျခံေျမအခ်ိဳ႕ အေရာင္းအဝယ္ ျဖစ္ေၾကာင္း ဦးေနလင္းေအာင္ ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ ယခုႏွစ္ အထိ ၿမိဳ႕ျပေနထိုင္သူလူဦးေရက ၁၅ သန္းခန္႔႐ွိေနသည္။ ပုံမွန္အေျခအေနတြင္ လာမည့္ ၂၀၅၀ ျပည့္ႏွစ္တြင္ လူဦးေရ ၃၂ သန္းအ ထိတိုးလာမည္ဟု ကမ႓ာ့ဘဏ္က သုံးသပ္ထားသည္။ အလုပ္အကိုင္အခြင့္အလမ္းေၾကာင့္ ေက်းလက္မွ ေျပာင္းေ႐ႊ႕လာသူမ်ား ေၾကာင့္ လူေနထူထပ္မႈတိုးတက္လာမည္ဟု ဆိုထားသည္။

လက္႐ွိတြင္ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္တြင္ အလုပ္အကိုင္အခြင့္အလမ္းေၾကာင့္ ေဒသအစုံ မွ ေျပာင္းေ႐ႊ႕အေျခခ်သူမ်ားသျဖင့္ တိုးတက္ခဲ့ေသာ အိမ္ငွားေဈးကြက္လည္း COVID-19 ကပ္ ေရာဂါေၾကာင့္ ပုံစံေျပာင္းလဲလာသည္။

အိမ္ငွားလိုသူ နည္းသျဖင့္ ငွားရမ္းခေဈးႏႈန္းမ်ားကိုပင္ ပိုင္႐ွင္မ်ားက ေလွ်ာ့ခ်ေပးလာသည္ ဟု အက်ိဳးေဆာင္အခ်ိဳ႕က ေျပာ သည္။

ရန္ကုန္ၿမိဳ႕တြင္း ေျမညီထပ္ တိုက္ခန္းမ်ားကို ယခင္ က်ပ္သိန္း ၂၀ မွ က်ပ္ ၁၅ သိန္းသို႔ ေလွ်ာ့ခ်ေပးလာျခင္းျဖစ္သည္။

ထို႔အျပင္ သာမန္လူေန တိုက္ခန္းမ်ားကိုလည္း အနည္း ဆုံး ၁၅ ရာခိုင္ႏႈန္းခန္႔ ေဈးေလွ်ာ့ခ်လာသည္။

COVID-19 ကပ္ေရာဂါ၏ စီးပြားေရးလုပ္ကိုင္မႈပုံစံအ ေျပာင္းအလဲ၊ လုပ္ငန္းမ်ားပိတ္သိမ္းမႈ၊ လုပ္သားအင္အားေလွ်ာ့ခ်မႈတို႔ေၾကာင့္ ရန္ကုန္တြင္ အိမ္ငွားေနထိုင္မႈ ေလ်ာ့နည္းလာသည္ဟု အိမ္ျခံေျမအက်ိဳးေဆာင္ အခ်ိဳ႕က သုံးသပ္သည္။

အိမ္ျခံေျမ ေဈးကြက္ႏွင့္ ဆက္စပ္ေနသည့္ ပုဂၢလိကတည္ ေဆာက္ေရး လုပ္ငန္းမ်ားကလည္း ယခင္လုပ္ငန္းမ်ားကိုသာ ဆက္လက္လုပ္ကိုင္ေနၿပီး လုပ္ငန္းအသစ္မ်ား ထပ္မံလုပ္ကိုင္မႈ အလြန္နည္းပါးသည္။

‘‘အခုခ်ိန္ ပုဂၢလိက က႑က လုပ္ငန္းသစ္လုပ္ႏိုင္တာအေတာ္႐ွားတယ္’’ ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္ကေျပာသည္။

လက္႐ွိ အိမ္ျခံေျမေဈးကြက္ ႏွင့္ ပုဂၢလိကတည္ေဆာက္ေရး က႑ကို အေျပာင္းအလဲျဖစ္ေစရန္ ကြန္ဒိုဥပေဒကို အသက္ဝင္ ေအာင္လုပ္ေဆာင္ၿပီး ႏိုင္ငံျခားသားမ်ားကို ေရာင္းခ်ခြင့္ျပဳေပး ျခင္း၊ APARTMENT LAW ကို အျမန္ဆုံး ျပ႒ာန္းေပးေရးအျပင္ အခြန္သက္သာခြင့္ျပဳေပးေရးကို ဦးမ်ိဳးျမင့္က ေတာင္းဆိုသည္။

ထို႔အတူ အိမ္ျခံေျမေဈးကြက္ အေရာင္းအဝယ္မ်ား ျပန္လည္သြက္လက္လာေစရန္အတြက္ လက္႐ွိ ခြင့္ျပဳျပ႒ာန္းထားေသာ အခြန္သက္သာခြင့္ကို COVID ေၾကာင့္ အေရာင္းအဝယ္ မျပဳလုပ္ႏိုင္ေသာကာလတစ္ခုအတြက္ အခ်ိန္အစားထိုးေပးရန္လိုလားသည္ဟု အိမ္ျခံေျမအက်ိဳး ေဆာင္အခ်ိဳ႕ကေျပာသည္။

လက္႐ွိ ၾကဳံေနရသည့္ အိမ္ ျခံေျမေဈးကြက္အေျခအေနက COVID အလြန္ကာလတြင္ အနည္းဆုံး ေျခာက္လမွ တစ္ႏွစ္အထိ က်န္႐ွိေနႏိုင္တာပါ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service