တရုတ်ပြည်တွင် ၂၀၁၂ ကတည်းက COVID-19 ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ

တရုတ်ပြည်တွင် ၂၀၁၂ ကတည်းက COVID-19 ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 Aug 2020 11:50 am တွင် တင်ခဲ့သည်
1569 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည်တွင် ပြီးခဲ့သောနှစ်အတွင်း ဝူဟန်မြို့သားငါးဈေးမှ စတင်ခြင်းမဟုတ်ဘဲ ဝူဟန်မှ မိုင်ပေါင်း ၁၀၀၀ ခန့် ဝေးကွာသည့် သတ္တုတွင်းတစ်ခုတွင် အလုပ်လုပ်နေသော အလုပ်သမားများက လင်းနို့များနှင့် ထိတွေ့ရာမှ ထူးဆန်းသော အဆုပ်ရောင်ရောဂါတစ်မျိုးအဖြစ် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

နယူးယောက်မြို့၊ Ithaca အရပ်အခြေစိုက် အကျိုးအမြတ်အတွက်မဟုတ်သော Bioscience Resource Project မှ သိပ္ပံပညာရှင်များဖြစ်သော ဗိုင်းရပ်စ်ပညာရှင် ဂျိုနသန် လာသမ်နှင့် မော်လီကျူး ဇီဝဗေဒပညာရှင် အေလစ်ဆင် ဝီလ်ဆင်တို့သည် တရုတ်ပြည်မှ ဆေးဝါးပညာဆရာဝန်တစ်ဦးတင်သွင်းသော စာမျက်နှာ ၆၆ မျက်နှာပါ မဟာဘွဲ့ကျမ်းကို ဘာသာပြန် လေ့လာပြီးနောက် အဆိုပါတွေ့ရှိချက်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

တရုတ်ဆရာဝန်သည် ၂၀၁၂ ခုနှစ်က သတ္တုတွင်းလုပ်သားများကို ကုသမှုပေးခဲ့သူဖြစ်ပြီး ၎င်းတို့၏ တစ်သျှူးနမူနာများကို ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ပေးပို့ကာ စစ်ဆေးခဲ့သည်ဟု ဆိုသည်။

“အဲဒီမှာ တွေ့ရတဲ့ အထောက်အထားတွေအရ Covid-19 စတင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့သိထားတာတွေကို ပြန်လည်သုံးသပ်ဖို့ ဖြစ်လာပါတယ်” ဟု လာသမ်နှင့် ဝီလ်ဆင်တို့က ၎င်းတို့၏ ဝက်ဘ်ဆိုက်ဖြစ်သော Independent Science News တွင် လွှင့်တင်ခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်းက ဖြစ်သည်။ တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ Mojiang သတ္တုတွင်းရှိ အလုပ်သမား ၆ ဦးသည် လင်းနို့ချေးများကို ၁၄ ရက်ခန့် ရှင်းလင်းခဲ့ရပြီးနောက် နာမကျန်းဖြစ်ခဲ့ကြကာ နောက်ဆုံးတွင် ၃ ဦး သေဆုံးသွားခဲ့ရသည်။

တရုတ်ဆေးပညာရှင် Li Xu က သူ၏ မဟာဘွဲ့ကျမ်းတွင် ရေးသားထားရာတွင် အဆိုပါ သတ္တုတွင်းလုပ်သားများကို ကုသခဲ့ရကြောင်း၊ လူနာများသည် အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ အချို့သူများတွင် ခေါင်းကိုက်ခြင်း အစရှိသည်တို့ ခံစားကြရကြောင်း ရေးသားဖော်ပြထားရာ ယခုပျံ့ပွားနေသည့် Covid-19 ၏ ရောဂါလက္ခဏာများဖြစ်နေသည်ကို တွေ့ရသည်ဟု လာသမ်နှင့် ဝီလ်ဆင်တို့က ပြောကြားသည်။

ထိုစဉ်က သတ္တုတွင်းလုပ်သားများကို ကုသမှုပေးခဲ့ပုံမှာ အသက်ရှုစက်ပေးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကြဲဆေးနှင့် ပဋိဇီဝဆေးများ ပေးကာ ကုသခဲ့ခြင်းဖြစ်ရာ ယနေ့ ကမ္ဘာတစ်လွှားတွင် COVID-19 လူနာများကို ကုသနေပုံနှင့် တူညီနေကြောင်း လာသမ်တို့က ပြောကြားသည်။

သတ္တုတွင်းလုပ်သားများ၏ တစ်သျှူးနမူနာများကို အသည်းရောင်၊ တုပ်ကွေးနှင့် HIV စစ်ဆေးမှုများပင် ပြုလုပ်ခဲ့ပြီးနောက် တရုတ်ဆရာဝန် Li Xu သည် တရုတ်ပြည်တစ်လွှားရှိ အကျော်အမော် ဆရာဝန်များနှင့် တိုင်ပင်မှုများ ပြုလုပ်ခဲ့ရာ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါကြီး တရုတ်ပြည်တွင် ပျံ့ပွားစဉ်က ဦးစီးကွပ်ကဲခဲ့ပြီး တရုတ်ပြည်၏ အကြီးမားဆုံး သိပ္ပံပညာရှင်အဖြစ် သတ်မှတ်ခံထားရသူ ဗိုင်းရပ်စ်ပညာရှင် Zhong Nanshan နှင့်လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Zhong Nanshan နဲ့ အဝေးကနေဆွေးနွေးခဲ့ရတာဟာ ထူးခြားပါတယ်။ သတ္တုတွင်းလုပ်သား ၆ ဦးရဲ့ ဖျားနာမှုတွေဟာ အလွန်စိုးရိမ်စရာကောင်းပြီး ဆားစ်ရောဂါလိုမျိုး ကူးစက်ရောဂါတစ်ခုဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဆရာဝန် Lu Xu သည် သတ္တုတွင်းလုပ်သားများ၏ တစ်သျှူးနမူနာများကို ဝူဟန်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ တရုတ် rufous horseshoe လင်းနို့မျိုးမှ အခြေခံသည့် ဆားစ်ရောဂါကဲ့သို့ ကူးစက်ရောဂါတစ်မျိုးဖြစ်နေသည်ကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြောင်း မဟာဘွဲ့ကျမ်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 first appeared in a group of Chinese miners in 2012, scientists say (NY Post)

[Zawgyi]

တ႐ုတ္ျပည္တြင္ ၂၀၁၂ ကတည္းက COVID-19 ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ား ေတြ႕ရွိ

ကို႐ိုနာဗိုင္းရပ္စ္သည္ တ႐ုတ္ျပည္တြင္ ၿပီးခဲ့ေသာႏွစ္အတြင္း ဝူဟန္ၿမိဳ႕သားငါးေဈးမွ စတင္ျခင္းမဟုတ္ဘဲ ဝူဟန္မွ မိုင္ေပါင္း ၁၀၀၀ ခန႔္ ေဝးကြာသည့္ သတၱဳတြင္းတစ္ခုတြင္ အလုပ္လုပ္ေနေသာ အလုပ္သမားမ်ားက လင္းႏို႔မ်ားႏွင့္ ထိေတြ႕ရာမွ ထူးဆန္းေသာ အဆုပ္ေရာင္ေရာဂါတစ္မ်ိဳးအျဖစ္ စတင္ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။

နယူးေယာက္ၿမိဳ႕၊ Ithaca အရပ္အေျခစိုက္ အက်ိဳးအျမတ္အတြက္မဟုတ္ေသာ Bioscience Resource Project မွ သိပၸံပညာရွင္မ်ားျဖစ္ေသာ ဗိုင္းရပ္စ္ပညာရွင္ ဂ်ိဳနသန္ လာသမ္ႏွင့္ ေမာ္လီက်ဴး ဇီဝေဗဒပညာရွင္ ေအလစ္ဆင္ ဝီလ္ဆင္တို႔သည္ တ႐ုတ္ျပည္မွ ေဆးဝါးပညာဆရာဝန္တစ္ဦးတင္သြင္းေသာ စာမ်က္ႏွာ ၆၆ မ်က္ႏွာပါ မဟာဘြဲ႕က်မ္းကို ဘာသာျပန္ ေလ့လာၿပီးေနာက္ အဆိုပါေတြ႕ရွိခ်က္ကို ေတြ႕ခဲ့ရျခင္းျဖစ္သည္။

တ႐ုတ္ဆရာဝန္သည္ ၂၀၁၂ ခုႏွစ္က သတၱဳတြင္းလုပ္သားမ်ားကို ကုသမႈေပးခဲ့သူျဖစ္ၿပီး ၎တို႔၏ တစ္သွ်ဴးနမူနာမ်ားကို ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳသို႔ ေပးပို႔ကာ စစ္ေဆးခဲ့သည္ဟု ဆိုသည္။

“အဲဒီမွာ ေတြ႕ရတဲ့ အေထာက္အထားေတြအရ Covid-19 စတင္ရာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔သိထားတာေတြကို ျပန္လည္သုံးသပ္ဖို႔ ျဖစ္လာပါတယ္” ဟု လာသမ္ႏွင့္ ဝီလ္ဆင္တို႔က ၎တို႔၏ ဝက္ဘ္ဆိုက္ျဖစ္ေသာ Independent Science News တြင္ လႊင့္တင္ခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္တြင္ ေရးသားထားခဲ့သည္။

၂၀၁၂ ခုႏွစ္၊ ဧၿပီလအတြင္းက ျဖစ္သည္။ တ႐ုတ္ျပည္အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္ရွိ Mojiang သတၱဳတြင္းရွိ အလုပ္သမား ၆ ဦးသည္ လင္းႏို႔ေခ်းမ်ားကို ၁၄ ရက္ခန႔္ ရွင္းလင္းခဲ့ရၿပီးေနာက္ နာမက်န္းျဖစ္ခဲ့ၾကကာ ေနာက္ဆုံးတြင္ ၃ ဦး ေသဆုံးသြားခဲ့ရသည္။

တ႐ုတ္ေဆးပညာရွင္ Li Xu က သူ၏ မဟာဘြဲ႕က်မ္းတြင္ ေရးသားထားရာတြင္ အဆိုပါ သတၱဳတြင္းလုပ္သားမ်ားကို ကုသခဲ့ရေၾကာင္း၊ လူနာမ်ားသည္ အဖ်ားႀကီးျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း၊ ကိုယ္လက္နာက်င္ျခင္း၊ အခ်ိဳ႕သူမ်ားတြင္ ေခါင္းကိုက္ျခင္း အစရွိသည္တို႔ ခံစားၾကရေၾကာင္း ေရးသားေဖာ္ျပထားရာ ယခုပ်ံ႕ပြားေနသည့္ Covid-19 ၏ ေရာဂါလကၡဏာမ်ားျဖစ္ေနသည္ကို ေတြ႕ရသည္ဟု လာသမ္ႏွင့္ ဝီလ္ဆင္တို႔က ေျပာၾကားသည္။

ထိုစဥ္က သတၱဳတြင္းလုပ္သားမ်ားကို ကုသမႈေပးခဲ့ပုံမွာ အသက္ရႈစက္ေပးျခင္း၊ စတီး႐ြိဳက္ေဆး၊ ေသြးႀကဲေဆးႏွင့္ ပဋိဇီဝေဆးမ်ား ေပးကာ ကုသခဲ့ျခင္းျဖစ္ရာ ယေန႔ ကမာၻတစ္လႊားတြင္ COVID-19 လူနာမ်ားကို ကုသေနပုံႏွင့္ တူညီေနေၾကာင္း လာသမ္တို႔က ေျပာၾကားသည္။

သတၱဳတြင္းလုပ္သားမ်ား၏ တစ္သွ်ဴးနမူနာမ်ားကို အသည္းေရာင္၊ တုပ္ေကြးႏွင့္ HIV စစ္ေဆးမႈမ်ားပင္ ျပဳလုပ္ခဲ့ၿပီးေနာက္ တ႐ုတ္ဆရာဝန္ Li Xu သည္ တ႐ုတ္ျပည္တစ္လႊားရွိ အေက်ာ္အေမာ္ ဆရာဝန္မ်ားႏွင့္ တိုင္ပင္မႈမ်ား ျပဳလုပ္ခဲ့ရာ ၂၀၀၃ ခုႏွစ္ ဆားစ္ေရာဂါႀကီး တ႐ုတ္ျပည္တြင္ ပ်ံ႕ပြားစဥ္က ဦးစီးကြပ္ကဲခဲ့ၿပီး တ႐ုတ္ျပည္၏ အႀကီးမားဆုံး သိပၸံပညာရွင္အျဖစ္ သတ္မွတ္ခံထားရသူ ဗိုင္းရပ္စ္ပညာရွင္ Zhong Nanshan ႏွင့္လည္း တိုင္ပင္ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

Zhong Nanshan နဲ႔ အေဝးကေနေဆြးေႏြးခဲ့ရတာဟာ ထူးျခားပါတယ္။ သတၱဳတြင္းလုပ္သား ၆ ဦးရဲ႕ ဖ်ားနာမႈေတြဟာ အလြန္စိုးရိမ္စရာေကာင္းၿပီး ဆားစ္ေရာဂါလိုမ်ိဳး ကူးစက္ေရာဂါတစ္ခုျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ သုံးသပ္ခဲ့ပါတယ္။

ဆရာဝန္ Lu Xu သည္ သတၱဳတြင္းလုပ္သားမ်ား၏ တစ္သွ်ဴးနမူနာမ်ားကို ဝူဟန္ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ရာ တ႐ုတ္ rufous horseshoe လင္းႏို႔မ်ိဳးမွ အေျခခံသည့္ ဆားစ္ေရာဂါကဲ့သို႔ ကူးစက္ေရာဂါတစ္မ်ိဳးျဖစ္ေနသည္ကို သိပၸံပညာရွင္မ်ား ေတြ႕ရွိခဲ့ေၾကာင္း မဟာဘြဲ႕က်မ္းတြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 first appeared in a group of Chinese miners in 2012, scientists say (NY Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service