ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို

ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Aug 2020 12:08 pm တွင် တင်ခဲ့သည်
1722 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပုသိမ်စက်မှုမြို့တော်အတွင်းရှိ မြေဧက ၆၇၀၀ တွင် ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းတည်ဆောက်မည် ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရကုမ္ပဏီက ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။

ထိုစီမံကိန်းကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် (EFR)ကုမ္ပဏီက ပုသိမ်စက်မှုမြို့တော်တွင်တည်ဆောက်ရန် ဖက်စပ်ကုမ္ပဏီတစ်ခုကို ထူထောင်လိုက်ကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း (Ayeyarwaddy International Industrial Port (AIIP)) စီမံကိန်းသည် ပုသိမ်မြို့အနီး ပုသိမ်-ငပုတောအဝေးပြေးလမ်းမပေါ် တွင်ရှိသည်။ ၎င်းကို လုပ်ကိုင်ခွင့်ရထားသူမှ ဧရာဟင်္သာကုမ္ပဏီဖြစ်သည်။ထိုကုမ္ပဏီနှင့် EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Unison Choice services ကုမ္ပဏီတို့က A logistics ကုမ္ပဏီအဖြစ် ဖက်စက်ကုမ္ပဏီ ထူထောင်ခြင်းဖြစ်သည်။

Unison Choice Services ကုမ္ပဏီသည် လွန်ခဲ့သော ၁ နှစ်ကျော်မှစတင်၍ ထို AIIP ဆိပ်ကမ်း၏ စီမံကိန်းဖြစ်နိုင်ချေနှင့် ဒီဇိုင်းကို ဧရာဟင်္သာကုမ္ပဏီနှင့်အတူပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ A logistics ကုမ္ပဏီက AIIP၏ အော်ပရေတာအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းပြီးစီးပါက လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ လက်ဦးမှုရယူရောင်းချနိုင်မည်ဟုဆိုသည်။ ထိုပြင် ပြည်တွင်းထုတ်ကုန်စွမ်းအားကို တစိတ်တဒေသ ပံ့ပိုးမြှင့်တင်နိုင်မည်ဟုကုမ္ပဏီကဆိုသည်။ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာမည်ဟု ဆိုသည်။

EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Unison Choice Serviceက A Logistics ကုမ္ပဏီတွင် အစုရှယ်ယာ ၆၀% နှင့် ဧရာဟင်္သာကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်သည်။

EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် အများပိုင်ကုမ္ပဏီ TMH စာရင်း ဝင်ပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး စာရင်းဝင်လာသည့် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။

ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့် အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ကြေညာသည်။ EFR ကုမ္ပဏီသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ ဆောင်ရေးဂိတ် စီမံခန့်ခွဲမှု အစရှိသော ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ကုမ္ပဏီတခု ဖြစ်သည်။

EFR ကုမ္ပဏီသည် လက်အောက်ခံကုမ္ပဏီခုနစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် စီမံကိန်းကုမ္ပဏီနှစ်ခုတို့ဖြင့် ထူထောင်ထားသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THM တို့ဖြစ် သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service