ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး

ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး - Property News in Myanmar from iMyanmarHouse.com
4 Aug 2020 12:58 pm တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။

တနင်္သာရီတံတားမှာ မြိတ်-တနင်္သာရီ - ဘုတ်ပြင်း-ကော့သောင်း လမ်းမကြီးပေါ်တွင် တည်ရှိပြီး ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်မှ မြိတ်မြို့သို့ ကုန်စည်နှင့် ခရီးသွားလာရေးအတွက် အလွန်အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတံတား ကို တည်ဆောက်ရေးအဖွဲ့(၄)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၁၀ ဦးကျော်နှင့် ကာယဉာဏလုပ်သားအင်အား ၃၀၀ ကျော် တို့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၁၄၄၄ ပေရှိပြီး နှစ်လမ်းသွားတံတား ဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေနှင့်လူသွားလမ်းအကျယ် တစ်ဖက်လျှင် လေးပေစီပါဝင်၍ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေနှင့် အမြင့် ၃၃ ပေရှိပြီး တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း အဆိုပါသတင်းမှသိရသည်။

တနင်္သာရီတံတားသစ်၏ဘေးတွင် နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည့် ဘေလီတံတားဟောင်းရှိပြီး ကန့်သတ်ကုန်တင်အလေးချိန် ၁၈ တန်အထိသာဖြတ်သန်းမောင်းနှင်ကြရကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]








နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service