မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်

မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့် - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2020 3:02 pm တွင် တင်ခဲ့သည်
2985 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ခုတစ်လော အိမ်ခြံမြေကွက် ဝယ်သူတွေကိုကြည့်ရတာ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ Online မှာ တွေ့ဆုံပြီး စရံငွေပေး စာချုပ်ချုပ်လိုက်ကြတယ်။ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူ ဈေးညှိနှိုင်းပြီး ဝယ်လိုက်ကြတယ်။ ပွဲစားမပါဘူးဆိုတော့လည်း ရောင်းသူက ရောင်းဈေးပြောတယ်။ ဝယ်သူကလည်း ပေးနိုင်တဲ့ ဈေးပေးပြီး စရံငွေ ပေးလိုက်ကြတာဘဲ။

ရောင်းသူကတော့ အရိုးခံဘဲ၊ မိမိလက်ဝယ်မှာရှိပြီး အိမ်ခြံမြေနဲ့ပက်သက်တဲ့ စာချုပ်စာတမ်းတွေ ထုတ်လိုက်တာဘဲ။ ဝယ်သူကလည်း မိမိနားလည်သလောက် သေသေချာချာ လေ့လာပြီး စရံငွေ ပေးလိုက်တာဘဲ။ ဒါပေမဲ့ အဲ့ဒီ အိမ်ခြံမြေကွက်က ဂရန်မိတ္တူ ဖြစ်နေမယ်။ မြေချပါမစ် မိတ္တူဖြစ်နေတယ်ဆိုတော့ နားလည်တတ်ကျွမ်းသူကို ရှာရပြီပေါ့။

ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်

တစ်နေ့မှာတော့ စာရေးသူလည်း အိမ်မှာရှိနေတဲ့ မနက်ပိုင်းမှာ လူကြီးနဲ့လူငယ် တစ်ဦး ''ဆရာကောင်းဖေ'' နဲ့ တွေ့ချင်ပါတယ်ဆိုပြီး အိမ်ကိုရောက်လာပါတယ်။ သူတို့နဲ့ ကျွန်ုပ် သိကျွမ်းသူတော့ မဟုတ်ကြပါ။ စားပွဲမှာ ထိုင်လိုက်တာနဲ့ ဆရာ လိပ်စာကို မိတ်ဆွေပွဲစားတစ်ယောက်က ပေးလိုက်လို့ ခုရောက်လာတာပါ။ လာရင်းကိစ္စကတော့ ''အိမ်ခြံမြေအပြီး စာချုပ်ချုပ်ချင်လို့ပါ။'' ရပါတယ် ဘယ်လိုစီစဉ်ထားလို့လဲ။

အခု ကျွန်တော်တို့က စရံငွေပေး စာချုပ် ချုပ်ခဲ့ပြီးပြီ။ မြေချပါမစ် မိတ္တူနဲ့ စာချုပ်အဆက်အစပ်မိတ္တူတွေ ယူလာခဲ့ပါတယ်။ အဲဒါ မြေချပါမစ် မှန်ကန်မှု ရှိမရှိရယ်၊ အရှု့ပ်အရှင်း ရှိမရှိရယ်၊ ပြီးတော့ ဆက်စပ်စာချုပ်တွေ ပြည့်စုံရဲ့လား စစ်ပေးစေချင်ပါတယ်။

မှန်ကန်တယ်၊ ပြည့်စုံတယ်ဆိုရင် ဒီတစ်ပါတ် သောကြာနေ့ ငွေချေပြီး အပြီးသတ် အရောင်းအဝယ် စာချုပ်ချုပ်ပေးစေချင်ပါတယ်ခင်ဗျာ'' လို့ လူငယ်ဖြစ်သူက ရှင်းပြပါတယ်။ သူ့အမည်က ''စည်သူကျော်'' ပါ။

ဝယ်တဲ့မြေက ပါမစ်မြေ တစ်ဝက်ခွဲလို့ ဝယ်ကြမလေ

ကျွန်ုပ်လည်း လူငယ်ထံက မြေချပါမစ်မိတ္တူနဲ့ စာချုပ်အဆက်အစပ်တွေကို ယူကြည့်လိုက်တဲ့အခါ အခု ဝယ်သူဝယ်မဲ့ မြေကွက်ဟာ (၇)ဦးအထိ လက်ဆင့်ကမ်း ဝယ်ယူထားတာကို တွေ့ရပါတယ်။ မြေကွက် အကျယ်အဝန်းက (အလျား ၄၀ ပေ x အနံ ၆၀ ပေ) ရှိပါတယ်။ ခေါင်းရင်းက တစ်ဦးက (အလျား ၂၀ ပေ x အနံ ၆၀ ပေ) တစ်ဝက်ခွဲဝယ်ထားပြီး မြေချပါမစ်မူရင်းကို ကိုင်ထားတယ်။ အခု ''စည်သူကျော်'' က ခြေရင်းခြမ်း (အလျား ၂၀ ပေ x အနံ ၆၀ ပေ)ကျန်တစ်ဝက်ခွဲ ဝယ်တာပါ။

နေရာက ဒဂုံတောင် ၁၄၄-တိုးချဲ့စက်မှုဇုန်နဲ့နီးတဲ့ (၁၀၆)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်မှာပါ။ အမှတ်(၂)လမ်းမကြီးအထိ ပေါ်ပါတယ်။ ကွန်ကရစ်လမ်းမကြီးလည်း ဖြစ်နေပြီဆိုတော့ နေရာကောင်းလို့ စီးပွားရေးလုပ်ငန်း၊ ဆိုင်ဖွင့်ရန် အဆင်ပြေပါတယ်။ ဒါကြောင့် စည်သူကျော်က သဘောကျနေတာပါ။ ပေ (၂၀)ကွက်ထဲမှာ တစ်ထပ်အိမ်(၂)လုံးက ပါသေးတယ်။ ရောင်းဈေးကတော့ သိန်း (၂၈၀)တဲ့။

မြို့မြေစာရင်းမှာစစ်ကြည့် အရှုပ်အရှင်း ရှိမရှိသိ

ဒါကြောင့် စည်သူကျော်က ပါမစ်မိတ္တူဘဲရမှာ စာချုပ်အဆက်အစပ်တွေကလည်း ရောင်းသူဝယ်သူ သဘောတူ အရပ်ကတိစာချုပ်တွေနဲ့ဘဲ ချုပ်ဆိုထားတာ တွေ့ရပါတယ်။ ပါမစ်မိတ္တူနဲ့ ဝယ်ရတာဆိုတော့ အမည်ပေါက် မှန်ကန်မှု ရှိမရှိ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့မြေစာရင်းမှာ ပါမစ်အမည်ပေါက် မှန်ကန်မှု ရှိမရှိ စစ်ဆေးကြည့်ရသေးတယ်။ အမည်ပေါက် မှန်ကန်တယ်။ အရှုပ်အရှင်းကင်းတယ်။ ကန့်ကွက်မှု မရှိဘူး ဆိုတာ သိရတယ်။ ဒီလို မြို့မြေစာရင်းထဲမှာ စုံစမ်းသိရှိရမှ ဝယ်တာကောင်းတယ်။ ပိုမိုပြီး စိတ်ချရတာပေါ့။

မှန်(၃)မှန်ရင် ဝယ်ဖို့ပြင်

စာချုပ်အဆက်အစပ်တွေကလည်း မှန်တယ်၊ အမည်ပေါက်ကလည်း မှန်တယ်၊ အရှုပ်အရှင်းလည်း ကင်းတယ် သိရတာနဲ့ သောကြာနေ့မှာဘဲ ကျန်ငွေပေးချေဖို့ ရောင်းသူကို အကြောင်းကြားလိုက်ပါတယ်။ သောကြာနေ့ (၁၂)နာရီမှာ ရောင်းသူ ဝယ်သူ ဆုံကြပါတယ်။ စာချုပ်မူရင်းတွေ ကြည့်တယ်၊ တကယ်မူရင်း စာချုပ်တွေမှာလည်း (၇)ဆက်အတိ တွေ့ရတယ်။ မြေချပါမစ်မိတ္တူပြတယ်၊ ပါမစ်ဖြစ်နေလေတော့ ရောင်းသူရဲ့ စိတ်နေစိတ်ထားကိုလည်း ခန့်မှန်းကြည့်ရသေးတယ်။ ရိုးရိးသားသားနဲ့ ရောင်းတာကို တွေ့ရတယ်။ ပါမစ်တစ်ခုရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မိသားစုဓာတ်ပုံရယ်၊ မြေကွက်ရထားသူရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း၊ မှီခိုနေထိုင်သူစာရင်း၊ အိမ်ရာဆောက်လုပ်ခွင့်ပြုချက်အစုံ တွေ့ရပါတယ်။ ဓာတ်ပုံနောက်ကျောမှာပါတဲ့ မူလနေထိုင်ခဲ့တဲ့ ရဝတ ဥက္ကဌ ရဲ့ လက်မှတ်စည်းတံဆိပ်၊ အိုးအိမ်ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးရဲ့ စည်းတံဆိပ်လက်မှတ်တွေ အပြည့်အစုံပါလို့ အမှန်အကန် ပါမစ်မိတ္တူတစ်ခုလို့ ဆိုနိုင်ပါတယ်။

ပါမစ်မိတ္တူဝယ်ရင် မူရင်းပါမစ်ကိုလည်း ကြည့်ဖို့လိုတယ်

အပြီးငွေချေတဲ့ စာချုပ်ချုပ်ပြီးတဲ့အခါမှာတော့ ၁၄၄-စက်မှုဇုန်၊ ရတနာလမ်းမပေါ်မှာ ကုန်စုံဆိုင်ဖွင့်နေတဲ့ ပါမစ်မူရင်းကိုင်ထားသူဆီကို သွားခဲ့ကြရပါသေးတယ်။ ပါမစ်ကိုင်ထားသူက ပါမစ်မူရင်းနဲ့ ခေါင်းရင်းဘက်ခြမ်း အဆင့်ဆင့် ရောင်းဝယ်ထားတဲ့ စာချုပ်အဆက်အစပ်တွေ ပြပါတယ်။ မူရင်းကိုင်ထားသူရဲ့ လက်မှတ်မှာရှိတဲ့ (ပေ ၄၀X ပေ ၆၀) မှ (ပေ ၂၀X ပေ ၆၀)တစ်ဝက်ခွဲရောင်းထားတဲ့ စာချုပ်တွေ ကြည့်ရလို့ ဝယ်သူ '' စည်သူကျော်'' လည်း ကျေနပ်သွားပါတယ်။

ဂရန်သစ်လျှောက်ရင်တော့ (၂)ယောက်ပေါင်းမှဖြစ်

အကယ်၍ ပါမစ်မြေကနေ နှစ်(၆၀)ဂရန်သစ်လျှောက်ရင်တော့ (၂)ယောက်မည်နဲ့ ရလာတဲ့ နှစ်(၆၀)ဂရန်ကို (ပေ ၂၀X ပေ ၆၀)စီတစ်ဝက် ဂရန်ခွဲလျှောက်ယူရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ စည်သူကျော်နဲ့ ပါမစ်မူရင်းကိုင်ထားသူတို့လည်း ဂရန်သစ်မလုပ်သေးဘဲ နေကြဦးမှာပါ။ နှစ်ဘက်အဆင်ပြေတဲ့နေ့မှာ ဂရန်သစ်လျှောက်ဖို့ ညှိနှိုင်းဆွေးနွေးပြီး ပြန်ခဲ့ကြပါတော့တယ်။

မြေချပါမစ် တစ်ဝက်ခွဲဝယ်တဲ့ အတွေ့အကြုံလေးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမခ်ပါမစ္ မူရင္းမိတၱဴဝယ္ရင္ကြယ္ မူရင္းၾကည့္ဖို႔လည္း မေမ့သင့္

ခုတစ္ေလာ အိမ္ၿခံေျမကြက္ ဝယ္သူေတြကိုၾကည့္ရတာ ပြဲစားမပါပဲ ေရာင္းသူနဲ႔ဝယ္သူ Online မွာ ေတြ႕ဆံုၿပီး စရံေငြေပး စာခ်ဳပ္ခ်ဳပ္လိုက္ၾကတယ္။ ပြဲစားမပါပဲ ေရာင္းသူနဲ႔ဝယ္သူ ႏွစ္ဦးသေဘာတူ ေစ်းၫွိႏိႈင္းၿပီး ဝယ္လုိက္ၾကတယ္။ ပြဲစားမပါဘူးဆိုေတာ့လည္း ေရာင္းသူက ေရာင္းေစ်းေျပာတယ္။ ဝယ္သူကလည္း ေပးႏိုင္တဲ့ ေစ်းေပးၿပီး စရံေငြ ေပးလုိက္ၾကတာဘဲ။

ေရာင္းသူကေတာ့ အ႐ိုးခံဘဲ၊ မိမိလက္ဝယ္မွာရွိၿပီး အိမ္ၿခံေျမနဲ႔ပက္သက္တဲ့ စာခ်ဳပ္စာတမ္းေတြ ထုတ္လိုက္တာဘဲ။ ဝယ္သူကလည္း မိမိနားလည္သေလာက္ ေသေသခ်ာခ်ာ ေလ့လာၿပီး စရံေငြ ေပးလုိက္တာဘဲ။ ဒါေပမဲ့ အဲ့ဒီ အိမ္ၿခံေျမကြက္က ဂရန္မိတၱဴ ျဖစ္ေနမယ္။ ေျမခ်ပါမစ္ မိတၱဴျဖစ္ေနတယ္ဆိုေတာ့ နားလည္တတ္ကၽြမ္းသူကို ရွာရၿပီေပါ့။

ပန္းသတင္း ေလၫွင္းေဆာင္၊ လူသတင္း လူခ်င္းေဆာင္

တစ္ေန႔မွာေတာ့ စာေရးသူလည္း အိမ္မွာရွိေနတဲ့ မနက္ပိုင္းမွာ လူႀကီးနဲ႔လူငယ္ တစ္ဦး ''ဆရာေကာင္းေဖ'' နဲ႔ ေတြ႕ခ်င္ပါတယ္ဆိုၿပီး အိမ္ကိုေရာက္လာပါတယ္။ သူတို႔နဲ႔ ကၽြႏု္ပ္ သိကၽြမ္းသူေတာ့ မဟုတ္ၾကပါ။ စားပြဲမွာ ထိုင္လုိက္တာနဲ႔ ဆရာ လိပ္စာကို မိတ္ေဆြပြဲစားတစ္ေယာက္က ေပးလိုက္လို႔ ခုေရာက္လာတာပါ။ လာရင္းကိစၥကေတာ့ ''အိမ္ၿခံေျမအၿပီး စာခ်ဳပ္ခ်ဳပ္ခ်င္လို႔ပါ။'' ရပါတယ္ ဘယ္လိုစီစဥ္ထားလို႔လဲ။

အခု ကၽြန္ေတာ္တုိ႔က စရံေငြေပး စာခ်ဳပ္ ခ်ဳပ္ခဲ့ၿပီးၿပီ။ ေျမခ်ပါမစ္ မိတၱဴနဲ႔ စာခ်ဳပ္အဆက္အစပ္မိတၱဴေတြ ယူလာခဲ့ပါတယ္။ အဲဒါ ေျမခ်ပါမစ္ မွန္ကန္မႈ ရွိမရွိရယ္၊ အရႈ႔ပ္အရွင္း ရွိမရွိရယ္၊ ၿပီးေတာ့ ဆက္စပ္စာခ်ဳပ္ေတြ ျပည့္စံုရဲ႕လား စစ္ေပးေစခ်င္ပါတယ္။

မွန္ကန္တယ္၊ ျပည့္စံုတယ္ဆိုရင္ ဒီတစ္ပါတ္ ေသာၾကာေန႔ ေငြေခ်ၿပီး အၿပီးသတ္ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ေပးေစခ်င္ပါတယ္ခင္ဗ်ာ'' လို႔ လူငယ္ျဖစ္သူက ရွင္းျပပါတယ္။ သူ႔အမည္က ''စည္သူေက်ာ္'' ပါ။

ဝယ္တဲ့ေျမက ပါမစ္ေျမ တစ္ဝက္ခြဲလို႔ ဝယ္ၾကမေလ

ကၽြႏု္ပ္လည္း လူငယ္ထံက ေျမခ်ပါမစ္မိတၱဴနဲ႔ စာခ်ဳပ္အဆက္အစပ္ေတြကို ယူၾကည့္လိုက္တဲ့အခါ အခု ဝယ္သူဝယ္မဲ့ ေျမကြက္ဟာ (၇)ဦးအထိ လက္ဆင့္ကမ္း ဝယ္ယူထားတာကို ေတြ႕ရပါတယ္။ ေျမကြက္ အက်ယ္အဝန္းက (အလ်ား ၄၀ ေပ x အနံ ၆၀ ေပ) ရွိပါတယ္။ ေခါင္းရင္းက တစ္ဦးက (အလ်ား ၂၀ ေပ x အနံ ၆၀ ေပ) တစ္ဝက္ခြဲဝယ္ထားၿပီး ေျမခ်ပါမစ္မူရင္းကို ကိုင္ထားတယ္။ အခု ''စည္သူေက်ာ္'' က ေျခရင္းျခမ္း (အလ်ား ၂၀ ေပ x အနံ ၆၀ ေပ)က်န္တစ္ဝက္ခြဲ ဝယ္တာပါ။

ေနရာက ဒဂံုေတာင္ ၁၄၄-တိုးခ်ဲ႕စက္မႈဇုန္နဲ႔နီးတဲ့ (၁၀၆)ရပ္ကြက္၊ မဟာဗႏၶဳလလမ္းေပၚမွာပါ။ အမွတ္(၂)လမ္းမႀကီးအထိ ေပၚပါတယ္။ ကြန္ကရစ္လမ္းမႀကီးလည္း ျဖစ္ေနၿပီဆိုေတာ့ ေနရာေကာင္းလို႔ စီးပြားေရးလုပ္ငန္း၊ ဆုိင္ဖြင့္ရန္ အဆင္ေျပပါတယ္။ ဒါေၾကာင့္ စည္သူေက်ာ္က သေဘာက်ေနတာပါ။ ေပ (၂၀)ကြက္ထဲမွာ တစ္ထပ္အိမ္(၂)လံုးက ပါေသးတယ္။ ေရာင္းေစ်းကေတာ့ သိန္း (၂၈၀)တဲ့။

ၿမိဳ႕ေျမစာရင္းမွာစစ္ၾကည့္ အ႐ႈပ္အရွင္း ရွိမရွိသိ

ဒါေၾကာင့္ စည္သူေက်ာ္က ပါမစ္မိတၱဴဘဲရမွာ စာခ်ဳပ္အဆက္အစပ္ေတြကလည္း ေရာင္းသူဝယ္သူ သေဘာတူ အရပ္ကတိစာခ်ဳပ္ေတြနဲ႔ဘဲ ခ်ဳပ္ဆိုထားတာ ေတြ႔ရပါတယ္။ ပါမစ္မိတၱဴနဲ႔ ဝယ္ရတာဆိုေတာ့ အမည္ေပါက္ မွန္ကန္မႈ ရွိမရွိ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ေျမစာရင္းမွာ ပါမစ္အမည္ေပါက္ မွန္ကန္မႈ ရွိမရွိ စစ္ေဆးၾကည့္ရေသးတယ္။ အမည္ေပါက္ မွန္ကန္တယ္။ အရႈပ္အရွင္းကင္းတယ္။ ကန္႔ကြက္မႈ မရွိဘူး ဆိုတာ သိရတယ္။ ဒီလို ၿမိဳ႕ေျမစာရင္းထဲမွာ စံုစမ္းသိရွိရမွ ဝယ္တာေကာင္းတယ္။ ပိုမိုၿပီး စိတ္ခ်ရတာေပါ့။

မွန္(၃)မွန္ရင္ ဝယ္ဖို႔ျပင္

စာခ်ဳပ္အဆက္အစပ္ေတြကလည္း မွန္တယ္၊ အမည္ေပါက္ကလည္း မွန္တယ္၊ အရႈပ္အရွင္းလည္း ကင္းတယ္ သိရတာနဲ႔ ေသာၾကာေန႔မွာဘဲ က်န္ေငြေပးေခ်ဖို႔ ေရာင္းသူကို အေၾကာင္းၾကားလိုက္ပါတယ္။ ေသာၾကာေန႔ (၁၂)နာရီမွာ ေရာင္းသူ ဝယ္သူ ဆံုၾကပါတယ္။ စာခ်ဳပ္မူရင္းေတြ ၾကည့္တယ္၊ တကယ္မူရင္း စာခ်ဳပ္ေတြမွာလည္း (၇)ဆက္အတိ ေတြ႕ရတယ္။ ေျမခ်ပါမစ္မိတၱဴျပတယ္၊ ပါမစ္ျဖစ္ေနေလေတာ့ ေရာင္းသူရဲ႕ စိတ္ေနစိတ္ထားကိုလည္း ခန္႔မွန္းၾကည့္ရေသးတယ္။ ႐ိုး႐ိးသားသားနဲ႔ ေရာင္းတာကို ေတြ႕ရတယ္။ ပါမစ္တစ္ခုရဲ႕ အဂၤါရပ္ေတြျဖစ္တဲ့ မိသားစုဓာတ္ပံုရယ္၊ ေျမကြက္ရထားသူရဲ႕ ကိုယ္ေရးရာဇဝင္အက်ဥ္း၊ မွီခိုေနထုိင္သူစာရင္း၊ အိမ္ရာေဆာက္လုပ္ခြင့္ျပဳခ်က္အစံု ေတြ႕ရပါတယ္။ ဓာတ္ပံုေနာက္ေက်ာမွာပါတဲ့ မူလေနထိုင္ခဲ့တဲ့ ရဝတ ဥကၠဌ ရဲ႕ လက္မွတ္စည္းတံဆိပ္၊ အိုးအိမ္ဦးစီးဌာနက ဒုတိယၫြန္ၾကားေရးမွဴးရဲ႕ စည္းတံဆိပ္လက္မွတ္ေတြ အျပည့္အစံုပါလို႔ အမွန္အကန္ ပါမစ္မိတၱဴတစ္ခုလို႔ ဆိုႏိုင္ပါတယ္။

ပါမစ္မိတၱဴဝယ္ရင္ မူရင္းပါမစ္ကိုလည္း ၾကည့္ဖို႔လိုတယ္

အၿပီးေငြေခ်တဲ့ စာခ်ုပ္ခ်ဳပ္ၿပီးတဲ့အခါမွာေတာ့ ၁၄၄-စက္မႈဇုန္၊ ရတနာလမ္းမေပၚမွာ ကုန္စံုဆုိင္ဖြင့္ေနတဲ့ ပါမစ္မူရင္းကိုင္ထားသူဆီကို သြားခဲ့ၾကရပါေသးတယ္။ ပါမစ္ကိုင္ထားသူက ပါမစ္မူရင္းနဲ႔ ေခါင္းရင္းဘက္ျခမ္း အဆင့္ဆင့္ ေရာင္းဝယ္ထားတဲ့ စာခ်ဳပ္အဆက္အစပ္ေတြ ျပပါတယ္။ မူရင္းကိုင္ထားသူရဲ႕ လက္မွတ္မွာရွိတဲ့ (ေပ ၄၀X ေပ ၆၀) မွ (ေပ ၂၀X ေပ ၆၀)တစ္ဝက္ခြဲေရာင္းထားတဲ့ စာခ်ဳပ္ေတြ ၾကည့္ရလို႔ ဝယ္သူ '' စည္သူေက်ာ္'' လည္း ေက်နပ္သြားပါတယ္။

ဂရန္သစ္ေလွ်ာက္ရင္ေတာ့ (၂)ေယာက္ေပါင္းမွျဖစ္

အကယ္၍ ပါမစ္ေျမကေန ႏွစ္(၆၀)ဂရန္သစ္ေလွ်ာက္ရင္ေတာ့ (၂)ေယာက္မည္နဲ႔ ရလာတဲ့ ႏွစ္(၆၀)ဂရန္ကို (ေပ ၂၀X ေပ ၆၀)စီတစ္ဝက္ ဂရန္ခြဲေလွ်ာက္ယူရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ စည္သူေက်ာ္နဲ႔ ပါမစ္မူရင္းကိုင္ထားသူတုိ႔လည္း ဂရန္သစ္မလုပ္ေသးဘဲ ေနၾကဦးမွာပါ။ ႏွစ္ဘက္အဆင္ေျပတဲ့ေန႔မွာ ဂရန္သစ္ေလွ်ာက္ဖို႔ ၫွိႏိႈင္းေဆြးေႏြးၿပီး ျပန္ခဲ့ၾကပါေတာ့တယ္။

ေျမခ်ပါမစ္ တစ္ဝက္ခြဲဝယ္တဲ့ အေတြ႕အႀကံဳေလးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service