သူတောင်းစားဘဝမှ ဘီလျံနာဘဝသို့ရောက်ရှိခဲ့သော သူဌေးကြီး၊ ကျောင်းတက်ချင်သောကြောင့် မိုင် ၃၀ ကျော်ဝေးသည့်မြို့သို့ ခြေလျင်လမ်းလျှောက်ကာ အပြီးတိုင်ပြောင်းရွှေ့ခဲ့သူ၊ မူလတန်း အထက်တန်းပညာရေး ၂ ရပ်လုံးကို အခိုင်းအစေဘဝဖြင့် ကျောင်းတက်ခဲ့ရသူ

သူတောင်းစားဘဝမှ ဘီလျံနာဘဝသို့ရောက်ရှိခဲ့သော သူဌေးကြီး၊ ကျောင်းတက်ချင်သောကြောင့် မိုင် ၃၀ ကျော်ဝေးသည့်မြို့သို့ ခြေလျင်လမ်းလျှောက်ကာ အပြီးတိုင်ပြောင်းရွှေ့ခဲ့သူ၊ မူလတန်း အထက်တန်းပညာရေး ၂ ရပ်လုံးကို အခိုင်းအစေဘဝဖြင့် ကျောင်းတက်ခဲ့ရသူ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jul 2020 12:16 pm တွင် တင်ခဲ့သည်
6019 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

များစွာသောလူတို့သည် အောင်မြင်ကျော်ကြားသူတစ်ဦး၏ ထိုအခြေအနေသို့ ရောက်ရှိလာအောင် ဆင်းရဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပုံများကို မသိကြ။ အောင်မြင်မှုကိုသာ အားကျလိုချင်ကြသည်၊ ဆင်းရဲဒုက္ခများ ၊ အကျပ်အတည်းများကိုမူ မသိချင်ကြ။

ဆင်းရဲကြမ်းတမ်းလှသော ဘဝမျိုးမှ ချမ်းသာကြွယ်ဝသွားသူတို့၏ ဘဝဇာတ်ကြောင်းများတွင် မိုက်ခ် အမ်လွန်းဘွာလောက် အဆင်းရဲဆုံး ဘဝမျိုး ကြုံနိုင်ခဲ့ဖူးသူ မရှိနိုင်ချေ။

အနိမ့်ကျဆုံးသော ဘဝမျိုးမှသည် မာလာဝီ၏ သြဇာအရှိဆုံး လုပ်ငန်းရှင်ကြီးတစ်ခုဘဝသို့ ရောက်ရှိအောင် လျှောက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။

မိုက်ခ် အမ်လွန်းဘွာသည် မာလာဝီ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး မာလာဝီငွေဖြင့် ဘီလျံနာကြီးတစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း တချိန်ကမူ သူနှင့် ထိတွေ့ဆက်ဆံလိုသူ မရှိခဲ့။

မိုက်ခ်သည် Countrywide Car Hire အမည်ရှိ မော်တော်ကားငှားရမ်းသည့် ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး မာလာဝီနိုင်ငံတဝန်းရှိ အထင်ကရမြို့ကြီးများ၊ လေဆိပ်များနှင့် ဟိုတယ်များတွင် ကားငှားရမ်းခြင်းနှင့် မော်တော်ကားမောင်းနှင်ပေးမှု ဝန်ဆောင်မှုတို့ကို ပေးသည့်ကုမ္ပဏီ ဖြစ်သည်။

နောက်ပိုင်းတွင် မိုက်ခ်သည် ဟိုတယ်များဆောက်လုပ်ကား ဟိုတယ်လုပ်ငန်းအတွင်း ထပ်မံဝင်ရောက်ခဲ့သည်။

ယနေ့တွင် မိုက်ခ်သည် မာလာဝီ၏ စီးပွားရေးလုပ်ငန်းအောင်မြင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်လာပြီး ကမ္ဘာတစ်ဝန်းတွင် ဟောပြောပွဲများလည်း ပြုလုပ်ပေးနေသည်။

မိုက်ခ် အမ်လွန်းဘွာသည် အလွန်တရာဆင်းရဲနုံချာလှသောဘဝမှာ လာခဲ့သူဖြစ်ရာ သူ၏ဘဝမှာ အောင်မြင်မှုရရန် ရုန်းကန်နေရသူတို့ အတွက် စိတ်ဓာတ်ခွန်အားပေးမည့် ဘဝဇာတ်လမ်းလည်း ဖြစ်သည်။

မာလာဝီနိုင်ငံတောင်ပိုင်း၊ မိုဇမ်ဘစ်နိုင်ငံနယ်စပ်တွင် တည်ရှိသော Mwanza မြို့တွင် ကြီးပြင်းခဲ့သည်။ မူလတန်းကျောင်းသားဘဝအရွယ်က ကျောင်းထားပေးမည့် မိသားစု အများအပြားနှင့် နေထိုင်ခဲ့ရကာ ကျောင်းထားပေးသည့်အတွက် တောက်တိုမယ်ရ အလုပ်မျိုးစုံလုပ်ကိုင်ပေးခဲ့ရသည်။

“အမေက သိပ်ဆင်းရဲတယ်။ ဒါကြောင့် ရွာထဲမှာ ကျောင်းစရိတ်ပေးမယ့် လူအများကြီးဆီမှာ ကျွန်တော်ကြီးပြင်းခဲ့ရပါတယ်” ဟု မိုက်ခ်က ပြန်ပြောင်းစဉ်းစားရင်း ပြောပြသည်။

“မွန်းလွဲပိုင်းမှာ ကျောင်းဆင်းလာပြီးရင် ပန်းခြံတွေထဲမှာ အလုပ်လုပ်တာ (ဒါမှမဟုတ်) နွားကျောင်းရတာ တစ်ခုခု လုပ်ရပါတယ်”

မူလတန်းပြီးသွားချိန်တွင်ကား သူနေထိုင်ရာဒေသလေးတွင် အထက်တန်းပညာရေးအတွက် ဆက်လက်ထောက်ပံ့မည့်သူ ရှာမတွေ့တော့ချေ။

သို့နှင့် ကျောင်းအလွန်တက်ချင်သော အမ်လွန်းဘွာသည် ကီလိုမီတာ ၆၀ (၃၇ မိုင်) ဝေးကွာသော စီးပွားရေးမြို့တော် Blantyre တွင် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ပေါများကြောင်းသိထား၏။ Blantyre တွင် အလုပ်လုပ်ရင်း ကျောင်းတက်နိုင်အောင် ကြိုးစားရန် မလွမ်းဘွာက ကြံစည်သည်။

သို့သော် ဘတ်စ်ကားခပင် မရှိသောကြောင့် ၃၇ မိုင်ကျော် ဝေးကွာသောခရီးကို လမ်းလျှောက်သွားခဲ့ရရှာ၏။ အဆိုပါမြို့တွင် နေထိုင်စရာ အသိအကျွမ်းလည်းမရှိ။ အမ်လွန်းဘွာက ဘုရားကျောင်းများသို့သွားကာ အကူအညီတောင်း၏။

မြို့သို့ရောက်စ ရက်အနည်းငယ်ခန့်တွင် ညသို့ရောက်လျှင် ဘုရားကျောင်းများ၊ ပန်းခြံများတွင် သွားရောက်အိပ်စက်၏။ ငွေလည်း တစ်ပြားမျှ ပါမလာသောကြောင့် စားစရာကိုမူ တောင်းရမ်း စားသောက်ရရှာသည်။

ထိုဘဝမျိုးဖြင့် အတန်ကြာဖြတ်သန်းရှင်သန်နေခဲ့ပြီး တစ်နေ့တွင်မူ အမျှော်အမြင်ရှိသူတစ်ဦးက အမ်လွန်းဘွာကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာသည်။ ၎င်းတို့အိမ်တွင် မိသားစုအခိုင်းအစေအဖြစ် လုပ်ကိုင်မည်ဆိုပါက အထက်တန်းတက်ရန် ကျောင်းထားပေးမည်ဟု ကမ်းလှမ်းလာသည်။

မာလာဝီတွင် အထက်တန်းပညာရေး (Secondary Education) ဟူသည်မှာ မြန်မာနိုင်ငံတွင် ၉ တန်းမှစသော အဆင့်မျိုး ဖြစ်ဖွယ်ရှိသည်။ သို့သော် မာလာဝီ၏ အထက်တန်းမှာ ၄ နှစ်တက်ရ၏။ မူလတန်း (Primary) ပညာရေးမှာ ၈ တန်း (Standard 8) တွင် အဆုံးသတ်ပြီး အသက် ၁၃ နှစ်မှ ၁၄ နှစ်ကြားဖြစ်သည်။ အထက်တန်းတွင် Form 1 ဟုခေါ်သော အတန်းမှ စတက်ရပြီး အသက် ၁၈ နှစ်သို့ ရောက်ရှိချိန် Form 4 တွင် အထက်တန်းပညာရေး ပြီးဆုံး၏။

အမ်လွန်းဘွာသည် အစေခံအလုပ်ကို လက်ခံလိုက်ပြီး အလုပ်လုပ်ရင်း ကျောင်းတက်ရ၏။ သို့သော် ထိုသူက ကျောင်းစရိတ်အပြင် ပုံမှန်လခလည်း ပေးရာ အမ်လွန်းဘွာက လခငွေများကို စုဆောင်းထားပြီး ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်ကိုင်ရန် ရည်မှန်းထားသည်။

အထက်တန်းပြီးချိန်တွင် အမ်လွန်းဘွာက ကျောင်းတက်စဉ် ရရှိထားသော လစာငွေများဖြင့် ရုံးသုံးစာရေးကိရိယာပစ္စည်းများ စတင်ရောင်းချပြီး အမြတ်အစွန်းများကို စုဆောင်းကာ ကားဟောင်းတစ်စီး ဝယ်ယူနိုင်ရန် ကြိုးစားရာ နောက်ဆုံးတွင် ဝယ်ယူနိုင်ခဲ့သည်။

အမ်လွန်းဘွာက အဆိုပါကားကလေးဖြင့် မိုဇမ်ဘစ်၊ ဇမ်ဘီယာနှင့် တောင်အာဖရိကနိုင်ငံများမှ လက်ကားရောင်းသူတို့ထံမှ တိုက်ရိုက်ဝယ်ယူမှု ပြုလုပ်သည်။

အမ်လွန်းဘွာသည် နောက်ပိုင်း ဒုတိယမြောက် ကားတစ်စီး၊ ယင်းနောက် တတိယမြောက် တစ်စီး စသဖြင့် ဆက်လက်ဝယ်ယူလာနိုင် ခဲ့သည်။

သို့သော် ပြိုင်ဖက်စီးပွားရေးလုပ်ငန်းများ အလုံးအရင်းလှိမ့်ဝင်လာရာ အလုပ်သိပ်မဖြစ်တော့။ အထူးသဖြင့် အိန္ဒိယမှ ဖြစ်၏။ သို့အတွက် အမ်လွန်းဘွာလည်း ထိုကိစ္စကို စဉ်းစားသည် ။ မိမိအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

“အဲဒီနောက်မှာ မော်တော်ကား ငှားရမ်းတဲ့ကုမ္ပဏီထောင်ဖို့စိတ်ကူး ခေါင်းထဲကို ဝင်လာခဲ့ပါတယ်” ၁၉၉၇ ခုနှစ်။ အသက် ၂၈ နှစ်အရွယ်တွင် ကားအဟောင်း ၃ စင်းဖြင့် သူ၏ လုပ်ငန်းကို စတင်ခဲ့သည်။ သို့ဖြင့် အမ်လွန်းဘွာက ကားအစီးရေတိုးလာအောင် တဖြေးဖြေးချင်းကြိုးစားရာ ၂၀၀၅ ခုနှစ်တွင် ကား ၇ စင်း ဖြစ်လာသည်။

၂၀၀၇ ခုနှစ်တွင် ကား ၁၅ စင်းဖြစ်လာသည်။ သို့သော် လေးပုံ သုံးပုံခန့်မှာ ကားဟောင်းများ ဖြစ်ကြသည်။ အစိုးရက တင်ဒါခေါ်သည့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းအတွက် မလွမ်းဘွာက သူ၏ကားအစီးရေနှင့် လုပ်ငန်းတိုးချဲ့ရန် ချေးငွေ ရရန်လိုအပ်လာသည်။

သို့နှင့် ဘဏ်များထံသွား၏။ သို့သော် ကံမကောင်းချေ။

“ကျွန်တော့်မှာ ဘွဲ့လက်မှတ်ရတာမျိုး ပညာရေးအခြေခံကောင်းမရှိတော့ ဒါက မလွယ်ကူခဲ့ပါဘူး။ ဘဏ်တွေက ကျွန်တော့်ကို အခွင့်အရေး မပေးခဲ့ဘူး”

သို့သော် အမ်လွန်းဘွာက ဇွဲမလျှော့။ သူ၏ကားအစီးရေနှင့် ဝန်ဆောင်မှုကို တိုးချဲ့နိုင်ရန် မော်တော်ကားပိုင်ရှင် အများအပြားနှင့် တွေ့ဆုံညှိနှိုင်းကာ ၎င်းတို့၏ မော်တော်ကားများကို ကော်မရှင်ခ ၂၀ ရာခိုင်နှုန်းဖြင့် အသုံးပြုရန် သဘောတူညီချက် ရယူနိုင်ခဲ့သည်။

ဤသည်ကား အမ်လွန်းဘွာ၏ စီးပွားရေးလုပ်ဆောင်ခဲ့ပုံ ဖြစ်သည်။

ရရှိလာသော အမြတ်အစွန်းများကို ကားများထပ်မံဝယ်ယူနိုင်ရန် အသုံးပြုခဲ့သည်။ လုပ်ငန်းအောင်မြင်မှုများ စတင်ရရှိလာပြီးနောက် ဘဏ်က ချေးငွေ ထုတ်ပေးခဲ့သည်။

“ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်တာကို သူတို့ တွေ့သွားတဲ့နောက် ဘဏ်ကလူတွေ ကျွန်တော့်ဆီရောက်လာပြီး …ငါတို့မင်းကို အခု အကူအညီပေးနိုင်ပါပြီ” ဟု ပြောကြားခဲ့ကြောင်း အမ်လွန်းဘွာက ပြောပြသည်။ ယနေ့တွင် အမ်လွန်းဘွာ၏ ကုမ္ပဏီသည် မော်တော်ကား အစီး ၁၀၀ ကျော် ပိုင်ဆိုင်ထားပြီး နိုင်ငံတစ်ဝန်းရှိ လေဆိပ်များနှင့် ဟိုတယ်များတွင် သူ၏ မော်တော်ကားများကို တွေ့နိုင်သည်။

သို့သော် အမ်လွန်းဘွာက သူ၏လုပ်ငန်း ဆက်လက်ကြီးထွားတိုးတက်နိုင်သေးကြောင်း ယုံကြည်နေပြီး မော်တော်ကားစင်းရေကို ၂ ဆ တိုးချဲ့နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။

Countrywide ဟူသော အမည်အမှတ်တံဆိပ်ဖြင့် ဟိုတယ်များလည်း ဆောက်လုပ်လျက်ရှိပြီး လာမည့် ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

“ကျွန်တော်ဟာ အလွန်ဆင်းရဲတဲ့ မိသားစုက လာခဲ့တာပါ။ ကျွန်တော်ပြောတဲ့ ဆင်းရဲတယ်ဆိုတာက အဆင်းရဲဆုံး မိသားစုကို ဆိုလိုပါတယ်။ ဒီအချိန်မှာတော့ တခါတခါမှာ ကိုယ့်ကိုယ်ကိုယ် ငါသေသွားပြီး ကောင်းကင်ဘုံကို ရောက်နေတာလား၊ ဒါမှမဟုတ် အသက်ရှင်နေတုန်းပဲလားလို့ မေးကြည့်မိတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက ဒီလိုနေရာမျိုးရောက်အောင် ပို့ပေးလိုက်တာ ကျွန်တော်မယုံနိုင်အောင်ဖြစ်နေလို့ပါ။ ကျွန်တော်ဟာ ကမ္ဘာမှာ…အာဖရိကမှာ နာမည်တစ်လုံး ရခဲ့ပါပြီ” အမ်လွန်းဘွာသည် တက္ကသိုလ်တွင် ဘွဲ့ရလိုခဲ့သော်လည်း မရခဲ့သည့်အတွက် ဝမ်းနည်းခြင်းမဖြစ်။

“ကျွန်တော်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာ ပျော်တယ်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတာ ပျော်ပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျောင်းမပြီးခဲ့တာ ဝမ်းနည်းစရာလို့ ကျွန်တော်မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် မဟာဘွဲ့ရသူတွေကို ကျွန်တော် အလုပ်ခန့်ထားပေးနေနိုင်ပါပြီ။ သူတို့ဟာ ကျွန်တော့်ကို နေရာအနှံ့မှာ အကူအညီပေးနေကြပါတယ်”

မာလာဝီတွင် လုပ်ငန်းငယ်တစ်ခု တည်ထောင်ကာ ကြီးမားသောနိုင်ငံတကာလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူလှကြောင်း အမ်လွန်းဘွာက ပြောပြသည်။

ငွေရေးကြေးရေးနှင့် သတင်းအချက်အလက်ရရှိနိုင်ရေးမှာလည်း အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အဓိကအဟန့်အတား တစ်ခုဖြစ်နေဆဲပင်။

အမ်လွန်းဘွာက ပြောရာတွင် မြင့်မားသည့်အတိုးနှုန်းများသည် စီးပွားရေးလုပ်ငန်းတစ်ခုကို ချိနဲ့စေနိုင်ကြောင်း ပြောကြားသည်။

အဆိုပါစိန်ခေါ်မှုများကို တိုက်ထုတ်ရန်အတွက် အမ်လွန်းဘွာက Indigenous Business Association of Malawi (IBAM) အမည်ရှိ အသင်းတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလုပ်ငန်းရှင်များကို အခွင့်အလမ်းများနှင့်ပတ်သက်ပြီး အသိပေးရန်နှင့် ၎င်းတို့၏ လုပ်ငန်းများကြီးထွားလာရေး အကူအညီပေးရန် ရည်ရွယ်သည်။

African Dream ရုပ်သံအစီအစဉ်တွင် အမ်လွန်းဘွာက ကြိုးနီစနစ်များကို မည်သို့ ကျော်လွှားရမည့်နည်းလမ်းများ အကြံပြုခဲ့သည်။ မာလာဝီတွင် ကြိုးနီစနစ်သည် စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့်အတားအဆီးကြီးတစ်ခု ဖြစ်နေကြောင်း အမ်လွန်းဘွာက ပြောကြားသည်။

၁။ အစိုးရက ထုတ်ပြန်ထားသော မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းလုပ်ထုံးအားလုံးကို လေ့လာထားပါ။

၂။ အပြုသဘောဆောင်သည့် မေးခွန်းများ ထုတ်ပါ။ ဥပမာ- သင်၏ပြိုင်ဖက်များ မည့်သည့်အနေအထားရှိနေသနည်း?

၃။ သင်၏ လုပ်ငန်းကို ယခင်နှင့် အကြီးအကျယ်ကွာခြား (အကောင်း၊ အဆိုး ၂ ရပ်လုံး) သွားစေအောင် ဆောင်ကြဉ်းပေးမည့်အရာတို့အပေါ် ဂရုထားပါ။ အဆိုပါ အချက်တို့ကို အရေးကြီးမှုအလိုက် အဆင့်ခွဲခြားသတ်မှတ်ကြည့်ပါ။

၄။ မိမိလုပ်ငန်းမိတ်ဖက်များကို စာရင်းချရေးကြည့်ပြီး ၎င်းတို့အနေဖြင့် သင်၏ လုပ်ထုံးလုပ်နည်းကိစ္စ ဝန်ထုပ်ဝန်ပိုးကို မည်သို့ ကူညီနိုင်သည်ကို လေ့လာပါ။

၅။ သင်၏ မန်နေဂျာများကို လုပ်ထုံးလုပ်နည်းများအား မည်သို့ စီမံခန့်ခွဲရမည်ကို လမ်းညွှန်ခြင်းနှင့် လုပ်ပိုင်ခွင့်များ ပေးပါ။

၆။ ကုမ္ပဏီတွင်း အလေ့အထ ပြောင်းလဲမှု (culture change) ပြုလုပ်ပါ။

အမ်လွန်းဘွာက ပြောကြားရာတွင် မာလာဝီနှင့် အာဖရိကရှိ လူငယ်လုပ်ငန်းရှင်များစွာ မအောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ စိတ်မရှည်ကြခြင်းနှင့် အောင်မြင်မှုကို ဆောလျင်စွာရလိုကြခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

“သူတို့က အလျင်လိုကြတယ်။ ပထမနှစ်မှာ လုပ်ငန်းအခြေအနေကောင်းတာမြင်တာနဲ့ ဘဝကို ဇိမ်ကျကျနေချင်ကြတယ်။ Porsche ကား စီးချင်ကြတယ်”

အောင်မြင်လိုသူများကို အမ်လွန်းဘွာက အကြံပေးရာတွင် လုပ်ငန်းကို သေးငယ်စွာဖြင့်စတင်ပြီး စဉ်ဆက်မပြတ် တိုးတက်ကြီးထွားလာ အောင် ကြိုးစားရန် အကြံပြုသည်။

“လူငယ်တွေဟာ အလျင်လိုချင်ကြတယ်။ ၂ နှစ်လောက်အတွင်း ဘီလျံနာဖြစ်ချင်ကြတယ်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How Malawi’s Mike Mlombwa went from beggar to billionaire (howwemadeitinafrica.com, weetracker, BBC)

 

[Zawgyi]

သူေတာင္းစားဘဝမွ ဘီလ်ံနာဘဝသို႔ေရာက္ရွိခဲ့ေသာ သူေဌးၾကီး၊ ေက်ာင္းတက္ခ်င္ေသာေၾကာင့္ မိုင္ ၃၀ ေက်ာ္ေဝးသည့္ျမိဳ႕သို႔ ေျခလ်င္လမ္းေလွ်ာက္ကာ အျပီးတိုင္ေျပာင္းေရႊ႕ခဲ့သူ၊ မူလတန္း အထက္တန္းပညာေရး ၂ ရပ္လံုးကို အခိုင္းအေစဘဝျဖင့္ ေက်ာင္းတက္ခဲ့ရသူ

မ်ားစြာေသာလူတို႔သည္ ေအာင္ျမင္ေက်ာ္ၾကားသူတစ္ဦး၏ ထိုအေျခအေနသို႔ ေရာက္ရွိလာေအာင္ ဆင္းရဲၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ရပံုမ်ားကို မသိၾက။ ေအာင္ျမင္မႈကိုသာ အားက်လိုခ်င္ၾကသည္၊ ဆင္းရဲဒုကၡမ်ား ၊ အက်ပ္အတည္းမ်ားကိုမူ မသိခ်င္ၾက။

ဆင္းရဲၾကမ္းတမ္းလွေသာ ဘဝမ်ဳိးမွ ခ်မ္းသာၾကြယ္ဝသြားသူတို႔၏ ဘဝဇာတ္ေၾကာင္းမ်ားတြင္ မိုက္ခ္ အမ္လြန္းဘြာေလာက္ အဆင္းရဲဆံုး ဘဝမ်ဳိး ၾကံဳႏိုင္ခဲ့ဖူးသူ မရွိႏိုင္ေခ်။

အနိမ့္က်ဆံုးေသာ ဘဝမ်ဳိးမွသည္ မာလာဝီ၏ ၾသဇာအရွိဆံုး လုပ္ငန္းရွင္ၾကီးတစ္ခုဘဝသို႔ ေရာက္ရွိေအာင္ ေလွ်ာက္လွမ္းႏိုင္ခဲ့သူ ျဖစ္သည္။

မိုက္ခ္ အမ္လြန္းဘြာသည္ မာလာဝီ စီးပြားေရးလုပ္ငန္းရွင္ၾကီးတစ္ဦးျဖစ္ျပီး မာလာဝီေငြျဖင့္ ဘီလ်ံနာၾကီးတစ္ဦး ျဖစ္ေနျပီျဖစ္ေသာ္လည္း တခ်ိန္ကမူ သူႏွင့္ ထိေတြ႔ဆက္ဆံလိုသူ မရွိခဲ့။

မိုက္ခ္သည္ Countrywide Car Hire အမည္ရွိ ေမာ္ေတာ္ကားငွားရမ္းသည့္ ကုမၸဏီကို ပိုင္ဆိုင္ထားျပီး မာလာဝီႏိုင္ငံတဝန္းရွိ အထင္ကရျမိဳ႕ၾကီးမ်ား၊ ေလဆိပ္မ်ားႏွင့္ ဟိုတယ္မ်ားတြင္ ကားငွားရမ္းျခင္းႏွင့္ ေမာ္ေတာ္ကားေမာင္းႏွင္ေပးမႈ ဝန္ေဆာင္မႈတုိ႔ကို ေပးသည့္ကုမၸဏီ ျဖစ္သည္။

ေနာက္ပိုင္းတြင္ မိုက္ခ္သည္ ဟိုတယ္မ်ားေဆာက္လုပ္ကား ဟိုတယ္လုပ္ငန္းအတြင္း ထပ္မံဝင္ေရာက္ခဲ့သည္။ ယေန႔တြင္ မိုက္ခ္သည္ မာလာဝီ၏ စီးပြားေရးလုပ္ငန္းေအာင္ျမင္သူမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္လာျပီး ကမၻာတစ္ဝန္းတြင္ ေဟာေျပာပြဲမ်ားလည္း ျပဳလုပ္ေပးေနသည္။

မိုက္ခ္ အမ္လြန္းဘြာသည္ အလြန္တရာဆင္းရဲႏံုခ်ာလွေသာဘဝမွာ လာခဲ့သူျဖစ္ရာ သူ၏ဘဝမွာ ေအာင္ျမင္မႈရရန္ ရုန္းကန္ေနရသူတို႔ အတြက္ စိတ္ဓာတ္ခြန္အားေပးမည့္ ဘဝဇာတ္လမ္းလည္း ျဖစ္သည္။

မာလာဝီႏိုင္ငံေတာင္ပိုင္း၊ မိုဇမ္ဘစ္ႏိုင္ငံနယ္စပ္တြင္ တည္ရွိေသာ Mwanza ျမိဳ႕တြင္ ၾကီးျပင္းခဲ့သည္။ မူလတန္းေက်ာင္းသားဘဝအရြယ္က ေက်ာင္းထားေပးမည့္ မိသားစု အမ်ားအျပားႏွင့္ ေနထိုင္ခဲ့ရကာ ေက်ာင္းထားေပးသည့္အတြက္ ေတာက္တိုမယ္ရ အလုပ္မ်ဳိးစံုလုပ္ကိုင္ေပးခဲ့ရသည္။

“အေမက သိပ္ဆင္းရဲတယ္။ ဒါေၾကာင့္ ရြာထဲမွာ ေက်ာင္းစရိတ္ေပးမယ့္ လူအမ်ားၾကီးဆီမွာ ကၽြန္ေတာ္ၾကီးျပင္းခဲ့ရပါတယ္” ဟု မိုက္ခ္က ျပန္ေျပာင္းစဥ္းစားရင္း ေျပာျပသည္။

“မြန္းလြဲပိုင္းမွာ ေက်ာင္းဆင္းလာျပီးရင္ ပန္းျခံေတြထဲမွာ အလုပ္လုပ္တာ (ဒါမွမဟုတ္) ႏြားေက်ာင္းရတာ တစ္ခုခု လုပ္ရပါတယ္”

မူလတန္းျပီးသြားခ်ိန္တြင္ကား သူေနထိုင္ရာေဒသေလးတြင္ အထက္တန္းပညာေရးအတြက္ ဆက္လက္ေထာက္ပံ့မည့္သူ ရွာမေတြ႔ေတာ့ေခ်။

သို႔ႏွင့္ ေက်ာင္းအလြန္တက္ခ်င္ေသာ အမ္လြန္းဘြာသည္ ကီလိုမီတာ ၆၀ (၃၇ မိုင္) ေဝးကြာေသာ စီးပြားေရးျမိဳ႕ေတာ္ Blantyre တြင္ အလုပ္အကိုင္ႏွင့္ အခြင့္အလမ္းမ်ား ေပါမ်ားေၾကာင္းသိထား၏။ Blantyre တြင္ အလုပ္လုပ္ရင္း ေက်ာင္းတက္ႏိုင္ေအာင္ ၾကိဳးစားရန္ မလြမ္းဘြာက ၾကံစည္သည္။

သို႔ေသာ္ ဘတ္စ္ကားခပင္ မရွိေသာေၾကာင့္ ၃၇ မိုင္ေက်ာ္ ေဝးကြာေသာခရီးကို လမ္းေလွ်ာက္သြားခဲ့ရရွာ၏။ အဆိုပါျမိဳ႕တြင္ ေနထိုင္စရာ အသိအကၽြမ္းလည္းမရွိ။ အမ္လြန္းဘြာက ဘုရားေက်ာင္းမ်ားသုိ႔သြားကာ အကူအညီေတာင္း၏။

ျမိဳ႕သို႔ေရာက္စ ရက္အနည္းငယ္ခန္႔တြင္ ညသို႔ေရာက္လွ်င္ ဘုရားေက်ာင္းမ်ား၊ ပန္းျခံမ်ားတြင္ သြားေရာက္အိပ္စက္၏။ ေငြလည္း တစ္ျပားမွ် ပါမလာေသာေၾကာင့္ စားစရာကိုမူ ေတာင္းရမ္း စားေသာက္ရရွာသည္။

ထိုဘဝမ်ဳိးျဖင့္ အတန္ၾကာျဖတ္သန္းရွင္သန္ေနခဲ့ျပီး တစ္ေန႔တြင္မူ အေမွ်ာ္အျမင္ရွိသူတစ္ဦးက အမ္လြန္းဘြာကို ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္လာသည္။ ၎တို႔အိမ္တြင္ မိသားစုအခိုင္းအေစအျဖစ္ လုပ္ကိုင္မည္ဆိုပါက အထက္တန္းတက္ရန္ ေက်ာင္းထားေပးမည္ဟု ကမ္းလွမ္းလာသည္။

မာလာဝီတြင္ အထက္တန္းပညာေရး (Secondary Education) ဟူသည္မွာ ျမန္မာႏိုင္ငံတြင္ ၉ တန္းမွစေသာ အဆင့္မ်ဳိး ျဖစ္ဖြယ္ရွိသည္။ သို႔ေသာ္ မာလာဝီ၏ အထက္တန္းမွာ ၄ ႏွစ္တက္ရ၏။ မူလတန္း (Primary) ပညာေရးမွာ ၈ တန္း (Standard 8) တြင္ အဆံုးသတ္ျပီး အသက္ ၁၃ ႏွစ္မွ ၁၄ ႏွစ္ၾကားျဖစ္သည္။ အထက္တန္းတြင္ Form 1 ဟုေခၚေသာ အတန္းမွ စတက္ရျပီး အသက္ ၁၈ ႏွစ္သို႔ ေရာက္ရွိခ်ိန္ Form 4 တြင္ အထက္တန္းပညာေရး ျပီးဆံုး၏။

အမ္လြန္းဘြာသည္ အေစခံအလုပ္ကို လက္ခံလိုက္ျပီး အလုပ္လုပ္ရင္း ေက်ာင္းတက္ရ၏။ သို႔ေသာ္ ထိုသူက ေက်ာင္းစရိတ္အျပင္ ပံုမွန္လခလည္း ေပးရာ အမ္လြန္းဘြာက လခေငြမ်ားကို စုေဆာင္းထားျပီး ကိုယ္ပိုင္အလုပ္တစ္ခုခု လုပ္ကိုင္ရန္ ရည္မွန္းထားသည္။

အထက္တန္းျပီးခ်ိန္တြင္ အမ္လြန္းဘြာက ေက်ာင္းတက္စဥ္ ရရွိထားေသာ လစာေငြမ်ားျဖင့္ ရံုးသံုးစာေရးကိရိယာပစၥည္းမ်ား စတင္ေရာင္းခ်ျပီး အျမတ္အစြန္းမ်ားကို စုေဆာင္းကာ ကားေဟာင္းတစ္စီး ဝယ္ယူႏိုင္ရန္ ၾကိဳးစားရာ ေနာက္ဆံုးတြင္ ဝယ္ယူႏိုင္ခဲ့သည္။

အမ္လြန္းဘြာက အဆိုပါကားကေလးျဖင့္ မိုဇမ္ဘစ္၊ ဇမ္ဘီယာႏွင့္ ေတာင္အာဖရိကႏိုင္ငံမ်ားမွ လက္ကားေရာင္းသူတို႔ထံမွ တိုက္ရိုက္ဝယ္ယူမႈ ျပဳလုပ္သည္။

အမ္လြန္းဘြာသည္ ေနာက္ပိုင္း ဒုတိယေျမာက္ ကားတစ္စီး၊ ယင္းေနာက္ တတိယေျမာက္ တစ္စီး စသျဖင့္ ဆက္လက္ဝယ္ယူလာႏိုင္ ခဲ့သည္။

သို႔ေသာ္ ျပိဳင္ဖက္စီးပြားေရးလုပ္ငန္းမ်ား အလံုးအရင္းလွိမ့္ဝင္လာရာ အလုပ္သိပ္မျဖစ္ေတာ့။ အထူးသျဖင့္ အိႏိၵယမွ ျဖစ္၏။ သို႔အတြက္ အမ္လြန္းဘြာလည္း ထိုကိစၥကို စဥ္းစားသည္ ။ မိမိအေနျဖင့္ မည္သုိ႔ လုပ္ေဆာင္ႏိုင္မည္နည္း။

“အဲဒီေနာက္မွာ ေမာ္ေတာ္ကား ငွားရမ္းတဲ့ကုမၸဏီေထာင္ဖို႔စိတ္ကူး ေခါင္းထဲကို ဝင္လာခဲ့ပါတယ္” ၁၉၉၇ ခုႏွစ္။ အသက္ ၂၈ ႏွစ္အရြယ္တြင္ ကားအေဟာင္း ၃ စင္းျဖင့္ သူ၏ လုပ္ငန္းကို စတင္ခဲ့သည္။ သို႔ျဖင့္ အမ္လြန္းဘြာက ကားအစီးေရတိုးလာေအာင္ တေျဖးေျဖးခ်င္းၾကိဳးစားရာ ၂၀၀၅ ခုႏွစ္တြင္ ကား ၇ စင္း ျဖစ္လာသည္။

၂၀၀၇ ခုႏွစ္တြင္ ကား ၁၅ စင္းျဖစ္လာသည္။ သို႔ေသာ္ ေလးပံု သံုးပံုခန္႔မွာ ကားေဟာင္းမ်ား ျဖစ္ၾကသည္။ အစိုးရက တင္ဒါေခၚသည့္ ေလဆိပ္ဝန္ေဆာင္မႈလုပ္ငန္းအတြက္ မလြမ္းဘြာက သူ၏ကားအစီးေရႏွင့္ လုပ္ငန္းတိုးခ်ဲ႕ရန္ ေခ်းေငြ ရရန္လိုအပ္လာသည္။

သို႔ႏွင့္ ဘဏ္မ်ားထံသြား၏။ သို႔ေသာ္ ကံမေကာင္းေခ်။

“ကၽြန္ေတာ့္မွာ ဘြဲ႔လက္မွတ္ရတာမ်ဳိး ပညာေရးအေျခခံေကာင္းမရွိေတာ့ ဒါက မလြယ္ကူခဲ့ပါဘူး။ ဘဏ္ေတြက ကၽြန္ေတာ့္ကို အခြင့္အေရး မေပးခဲ့ဘူး”

သုိ႔ေသာ္ အမ္လြန္းဘြာက ဇြဲမေလွ်ာ့။ သူ၏ကားအစီးေရႏွင့္ ဝန္ေဆာင္မႈကို တိုးခ်ဲ႕ႏိုင္ရန္ ေမာ္ေတာ္ကားပိုင္ရွင္ အမ်ားအျပားႏွင့္ ေတြ႔ဆံုညွိႏႈိင္းကာ ၎တို႔၏ ေမာ္ေတာ္ကားမ်ားကို ေကာ္မရွင္ခ ၂၀ ရာခိုင္ႏႈန္းျဖင့္ အသံုးျပဳရန္ သေဘာတူညီခ်က္ ရယူႏိုင္ခဲ့သည္။

ဤသည္ကား အမ္လြန္းဘြာ၏ စီးပြားေရးလုပ္ေဆာင္ခဲ့ပံု ျဖစ္သည္။

ရရွိလာေသာ အျမတ္အစြန္းမ်ားကို ကားမ်ားထပ္မံဝယ္ယူႏိုင္ရန္ အသံုးျပဳခဲ့သည္။ လုပ္ငန္းေအာင္ျမင္မႈမ်ား စတင္ရရွိလာျပီးေနာက္ ဘဏ္က ေခ်းေငြ ထုတ္ေပးခဲ့သည္။

“ကၽြန္ေတာ့္ရဲ႕ လုပ္ေဆာင္မႈေတြ ေကာင္းမြန္တာကို သူတို႔ ေတြ႔သြားတဲ့ေနာက္ ဘဏ္ကလူေတြ ကၽြန္ေတာ့္ဆီေရာက္လာျပီး …ငါတို႔မင္းကို အခု အကူအညီေပးႏုိင္ပါျပီ” ဟု ေျပာၾကားခဲ့ေၾကာင္း အမ္လြန္းဘြာက ေျပာျပသည္။ ယေန႔တြင္ အမ္လြန္းဘြာ၏ ကုမၸဏီသည္ ေမာ္ေတာ္ကား အစီး ၁၀၀ ေက်ာ္ ပိုင္ဆိုင္ထားျပီး ႏိုင္ငံတစ္ဝန္းရွိ ေလဆိပ္မ်ားႏွင့္ ဟိုတယ္မ်ားတြင္ သူ၏ ေမာ္ေတာ္ကားမ်ားကို ေတြ႔ႏုိင္သည္။

သို႔ေသာ္ အမ္လြန္းဘြာက သူ၏လုပ္ငန္း ဆက္လက္ၾကီးထြားတိုးတက္ႏိုင္ေသးေၾကာင္း ယံုၾကည္ေနျပီး ေမာ္ေတာ္ကားစင္းေရကို ၂ ဆ တိုးခ်ဲ႕ႏိုင္ေရးအတြက္ ရင္းႏွီးျမွဳပ္ႏွံရန္ စီစဥ္လ်က္ရွိသည္။

Countrywide ဟူေသာ အမည္အမွတ္တံဆိပ္ျဖင့္ ဟိုတယ္မ်ားလည္း ေဆာက္လုပ္လ်က္ရွိျပီး လာမည့္ ဒီဇင္ဘာလတြင္ ျပီးစီးမည္ဟု ေမွ်ာ္လင့္ရသည္။

“ကၽြန္ေတာ္ဟာ အလြန္ဆင္းရဲတဲ့ မိသားစုက လာခဲ့တာပါ။ ကၽြန္ေတာ္ေျပာတဲ့ ဆင္းရဲတယ္ဆိုတာက အဆင္းရဲဆံုး မိသားစုကို ဆိုလိုပါတယ္။ ဒီအခ်ိန္မွာေတာ့ တခါတခါမွာ ကိုယ့္ကိုယ္ကိုယ္ ငါေသသြားျပီး ေကာင္းကင္ဘံုကို ေရာက္ေနတာလား၊ ဒါမွမဟုတ္ အသက္ရွင္ေနတုန္းပဲလားလို႔ ေမးၾကည့္မိတတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားက ဒီလိုေနရာမ်ဳိးေရာက္ေအာင္ ပို႔ေပးလိုက္တာ ကၽြန္ေတာ္မယံုႏိုင္ေအာင္ျဖစ္ေနလို႔ပါ။ ကၽြန္ေတာ္ဟာ ကမၻာမွာ…အာဖရိကမွာ နာမည္တစ္လံုး ရခဲ့ပါျပီ” အမ္လြန္းဘြာသည္ တကၠသိုလ္တြင္ ဘြဲ႔ရလိုခဲ့ေသာ္လည္း မရခဲ့သည့္အတြက္ ဝမ္းနည္းျခင္းမျဖစ္။

“ကၽြန္ေတာ္က စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရတာ ေပ်ာ္တယ္။ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာတာ ေပ်ာ္ပါတယ္။ ရိုးရိုးသားသား ေျပာရရင္ ေက်ာင္းမျပီးခဲ့တာ ဝမ္းနည္းစရာလို႔ ကၽြန္ေတာ္မျမင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခုဆိုရင္ မဟာဘြဲ႔ရသူေတြကို ကၽြန္ေတာ္ အလုပ္ခန႔္ထားေပးေနႏိုင္ပါျပီ။ သူတို႔ဟာ ကၽြန္ေတာ့္ကို ေနရာအႏွံ႔မွာ အကူအညီေပးေနၾကပါတယ္”

မာလာဝီတြင္ လုပ္ငန္းငယ္တစ္ခု တည္ေထာင္ကာ ၾကီးမားေသာႏိုင္ငံတကာလုပ္ငန္းရွင္မ်ားႏွင့္ ယွဥ္ျပိဳင္ရသည္မွာ မလြယ္ကူလွေၾကာင္း အမ္လြန္းဘြာက ေျပာျပသည္။

ေငြေရးေၾကးေရးႏွင့္ သတင္းအခ်က္အလက္ရရွိႏိုင္ေရးမွာလည္း အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ားအတြက္ အဓိကအဟန္႔အတား တစ္ခုျဖစ္ေနဆဲပင္။

အမ္လြန္းဘြာက ေျပာရာတြင္ ျမင့္မားသည့္အတိုးႏႈန္းမ်ားသည္ စီးပြားေရးလုပ္ငန္းတစ္ခုကို ခ်ိနဲ႔ေစႏိုင္ေၾကာင္း ေျပာၾကားသည္။

အဆိုပါစိန္ေခၚမႈမ်ားကို တိုက္ထုတ္ရန္အတြက္ အမ္လြန္းဘြာက Indigenous Business Association of Malawi (IBAM) အမည္ရွိ အသင္းတစ္ခုကို စတင္တည္ေထာင္ခဲ့ျပီး ျပည္တြင္းလုပ္ငန္းရွင္မ်ားကို အခြင့္အလမ္းမ်ားႏွင့္ပတ္သက္ျပီး အသိေပးရန္ႏွင့္ ၎တို႔၏ လုပ္ငန္းမ်ားၾကီးထြားလာေရး အကူအညီေပးရန္ ရည္ရြယ္သည္။

African Dream ရုပ္သံအစီအစဥ္တြင္ အမ္လြန္းဘြာက ၾကိဳးနီစနစ္မ်ားကို မည္သို႔ ေက်ာ္လႊားရမည့္နည္းလမ္းမ်ား အၾကံျပဳခဲ့သည္။ မာလာဝီတြင္ ၾကိဳးနီစနစ္သည္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ၾကီးမားသည့္အတားအဆီးၾကီးတစ္ခု ျဖစ္ေနေၾကာင္း အမ္လြန္းဘြာက ေျပာၾကားသည္။

၁။ အစိုးရက ထုတ္ျပန္ထားေသာ မိမိလုပ္ငန္းႏွင့္ သက္ဆိုင္သည့္ စည္းမ်ဥ္းလုပ္ထံုးအားလံုးကို ေလ့လာထားပါ။

၂။ အျပဳသေဘာေဆာင္သည့္ ေမးခြန္းမ်ား ထုတ္ပါ။ ဥပမာ- သင္၏ျပိဳင္ဖက္မ်ား မည့္သည့္အေနအထားရွိေနသနည္း?

၃။ သင္၏ လုပ္ငန္းကို ယခင္ႏွင့္ အၾကီးအက်ယ္ကြာျခား (အေကာင္း၊ အဆိုး ၂ ရပ္လံုး) သြားေစေအာင္ ေဆာင္ၾကဥ္းေပးမည့္အရာတို႔အေပၚ ဂရုထားပါ။ အဆိုပါ အခ်က္တို႔ကို အေရးၾကီးမႈအလိုက္ အဆင့္ခြဲျခားသတ္မွတ္ၾကည့္ပါ။

၄။ မိမိလုပ္ငန္းမိတ္ဖက္မ်ားကို စာရင္းခ်ေရးၾကည့္ျပီး ၎တို႔အေနျဖင့္ သင္၏ လုပ္ထံုးလုပ္နည္းကိစၥ ဝန္ထုပ္ဝန္ပိုးကို မည္သို႔ ကူညီႏိုင္သည္ကို ေလ့လာပါ။

၅။ သင္၏ မန္ေနဂ်ာမ်ားကို လုပ္ထံုးလုပ္နည္းမ်ားအား မည္သို႔ စီမံခန္႔ခြဲရမည္ကို လမ္းညႊန္ျခင္းႏွင့္ လုပ္ပိုင္ခြင့္မ်ား ေပးပါ။

၆။ ကုမၸဏီတြင္း အေလ့အထ ေျပာင္းလဲမႈ (culture change) ျပဳလုပ္ပါ။

အမ္လြန္းဘြာက ေျပာၾကားရာတြင္ မာလာဝီႏွင့္ အာဖရိကရွိ လူငယ္လုပ္ငန္းရွင္မ်ားစြာ မေအာင္ျမင္ရျခင္း၏ အဓိက အေၾကာင္းရင္းမွာ စိတ္မရွည္ၾကျခင္းႏွင့္ ေအာင္ျမင္မႈကို ေဆာလ်င္စြာရလိုၾကျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“သူတို႔က အလ်င္လိုၾကတယ္။ ပထမႏွစ္မွာ လုပ္ငန္းအေျခအေနေကာင္းတာျမင္တာနဲ႔ ဘဝကို ဇိမ္က်က်ေနခ်င္ၾကတယ္။ Porsche ကား စီးခ်င္ၾကတယ္”

ေအာင္ျမင္လိုသူမ်ားကို အမ္လြန္းဘြာက အၾကံေပးရာတြင္ လုပ္ငန္းကို ေသးငယ္စြာျဖင့္စတင္ျပီး စဥ္ဆက္မျပတ္ တိုးတက္ၾကီးထြားလာ ေအာင္ ၾကိဳးစားရန္ အၾကံျပဳသည္။

“လူငယ္ေတြဟာ အလ်င္လိုခ်င္ၾကတယ္။ ၂ ႏွစ္ေလာက္အတြင္း ဘီလ်ံနာျဖစ္ခ်င္ၾကတယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How Malawi’s Mike Mlombwa went from beggar to billionaire (howwemadeitinafrica.com, weetracker, BBC)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service