နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ

နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2020 2:51 pm တွင် တင်ခဲ့သည်
3133 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အဝတ်ဗီရို၊ အမှတ်တရတွေနဲ့ နေ့စဉ်ဘ၀ နေထိုင်မှုတွေကို ကြည့်ပြီး ကိုယ့်နေအိမ်အတွက် နံရံသုတ်ဆေး အရောင်ကို ရွေးချယ်နိုင်ပါတယ်။ အခန်းတစ်ခန်းကို အသွင်ပြောင်းဖို့ အလျင်မြန်ဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းက ဆေးသုတ်တာပါပဲ။ ဒါပေမဲ့ နံရံသုတ်ဆေးအရောင်ကို မရွေးချယ်ရသေးဘူး ဆိုရင် ဘယ်နေရာက စစဉ်းစားကြမလဲ။ အိမ်တွင်းအလှဆင် ဒီဇိုင်နာသုံးဦးရဲ့ အကြံပြုချက်တွေ နဲ့အတူ အချိန်တို အတွင်း အလှပဆုံး ဆေးရောင်ကို ရွေးချယ်နိုင်ဖို့ ဖော်ပြ ပေးချင်ပါတယ်။

ဗီရိုဖွင့်ကြည့်ပါ

အိမ်သုတ်ဆေး အရောင်းဆိုင်ကို တန်းသွား၊ ဆေးနမူနာ အရောင်ပြားလေးတွေ ကြည့်ပြီး လှမယ်ထင်တဲ့ အရောင်ကို စွန့်စွန့်စားစား ရွေးချယ် ဝယ်ယူလေ့ရှိတတ်ကြတာ သဘာဝပါ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ လူအများစုက ကိုယ်သုတ်မယ့် ဆေးရောင်ကို မရွေးခင် ဆေးသုတ်သမား အရင် ငှားထားတတ် ကြပါတယ်။ တကယ်တမ်း လုပ်ရမှာက နံရံသုတ်ဆေး အရောင်းဆိုင်ကို မသွားခင် ကိုယ်ရွေးချယ်ရမယ့် အရောင်တွေကို ပဏာမအဆင့် ကြိုတင် ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုရွေးမလဲ

ဗီရိုကိုဖွင့်ပြီး ကိုယ်ဘယ်အရောင်တွေ အများဆုံး ဝတ်လေ့ရှိတယ် ဆိုတာကြည့်ပါ။ အဝတ်အစားတွေက ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တွေ အများဆုံး ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ အလိုက်ဖက်ဆုံး အရောင်ကို အိမ်ထဲမှာ သုတ်မယ်ဆိုရင် ဒီထက်ကောင်းတဲ့ ရွေးချယ်မှုမျိုး ရှိမှာ မဟုတ်တော့ပါဘူး။

အဝတ်အစား ထွက်ဝယ်ခြင်းကလည်း နံရံသုတ်ဆေး အရောင်အတွက် စိတ်ကူး ပေါ်လာစေပါတယ်။ အပြာရောင် အဝတ်အစားကို ကာကီရောင်၊ အနက်ရောင် သားရေဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တတ်တယ်ဆိုရင် ဒီအရောင်တွေက ကိုယ့်အိမ်အတွက် ဆေးရောင်လေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ဧည့်ခန်းကို Navy ပြာရောင် ဆေးသုတ်မယ်။ သားရေအလှဆင် ပစöည်းလေးတွေ ထားမယ်။ ငွေရောင်ဖယောင်းတိုင်စင်၊ လက်ဝတ်တန်ဆာလေးတွေ၊ ဓာတ်ပုံဘောင်လေးတွေ စတာတွေနဲ့ တွဲဖက် တန်ဆာဆင်လို့ ရပါပြီ။

ပျော်ရွှင်စရာအမှတ်တရများကိုတူးဖော်ခြင်း

ကိုယ်ကြီးပြင်းလာခဲ့တဲ့ အခန်းမှာ ဘာဆေးရောင် သုတ်ထားလဲ။ ဘယ်သုတ်ဆေးအရောင်က ကိုယ့်ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သလဲ။ ဘယ်နေရာကမဆို စိတ်ကူး ရနိုင်ပါတယ်။ အဖွားအိမ်ကို အလည်သွားတုန်းက ဆေးအဝါရောင် သုတ်ထားတဲ့ အဖွားအိမ်ရဲ့မီးဖိုချောင်မှာ ကိုယ့်အတွက် ပျော်ရွှင်စရာ အမှတ်တရတွေ ရှိခဲ့မယ်။ ပင်လယ်ပြင်ကို ခရီးထွက်တဲ့ အချိန်မှာ အပြာရောင်က ကိုယ့်စိတ်ကို တည်ငြိမ်စေခဲ့တယ် စသဖြင့်ပေါ့။ ပျော်ရွှင်စရာ အမှတ်တရတွေထဲမှာ အရောင်တွေကို ရှာမတွေခဲ့ဘူးဆိုရင် ကိုယ်အနှစ်သက်ဆုံး ခရီးသွား ဓာတ်ပုံစာအုပ် တစ်အုပ်ကို ယူလိုက်ပါ။ ကိုယ့်စိတ်ကို ဖမ်းစားနိုင်တဲ့ အရောင် ရှိမရှိကြည့်ပါ။ ကိုယ်ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာလည်း စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ တခြားအိမ်ကို သွားလည်တဲ့အခါ ကိုယ်အကြိုက်ဆုံးက ဘယ်အရောင်ဆိုတာ သတိထား ကြည့်နိုင်ပါတယ်။

အရောင်တွေ အတွက် တကယ့်စည်းမျဉ်းအစစ် ဆိုတာ မရှိပါဘူး။ မျက်စိအေးတဲ့ အရောင်တွေအစား ကိုယ့်အခန်းကို အနီရောင်ရဲရဲ သုတ်မယ်ဆိုလည်း သုတ်လို့ရပါတယ်။ အိပ်ငိုက်နေတဲ့ အချိန်ဆိုရင် အနီရောင်က လူ့စိတ်ကို နိုးကြား စေပါတယ်။ တချို့လူတွေ အတွက် အနီရောင်က စိတ်တည်ငြိမ်မှုကို ပေးစွမ်း နိုင်ပါတယ်။ သူများတွေပြောတာ နားမယောင်ဘဲ ကိုယ့်အတွက် တကယ် စိတ်အေးချမ်းမှု ပေးစွမ်းနိုင်တဲ့ အရောင်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

လိုချင်တဲ့ခံစားချက်ကို စိတ်ကူးပုံဖော်ပါ

အခန်းကို အပြာရောင်သုတ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပါစို့။ ဘယ်အပြာရောင် သုတ်မှာလဲ။ ကိုယ်ဖန်တီးချင်တဲ့ အခန်းပုံစံလေးကို စိတ်ကူးယဉ်ကြည့်မယ် ဆိုရင် အထောက်အကူ ဖြစ်နိုင်ပါတယ်။ သက်သောင့်သက်သာ ရှိချင်ရင် အပြာရောင်အရင့် ကိုရွေးချယ်ပါ။ တည်ငြိမ် အေးချမ်းမှုကို လိုချင်တယ် ဆိုရင် အပြာရောင်အဖျော့ ကိုရွေးပါ။ ပင်လယ်ပြာပြာအရောင် လောက်ဆိုရင် အကောင်းဆုံးပါပဲ။ အပြာရိပ် သန်းနေတာလေးကို နှစ်သက်တယ် ဆိုရင် အပြာရောင်၊ ခရမ်းပြာရောင်၊ အစိမ်းရောင်ဘက် သန်းတဲ့ အပြာရောင်တွေ ကိုရွေးချယ်ပါ။ အပြာရောင်ရဲ့ ရိပ်သန်းအရောင်တွေကို သိထားမယ်ဆိုရင် အခန်းတန်ဆာဆင်ဖို့ ပစöည်းတွေ ဝယ်ယူရာမှာ အသုံးဝင် ပါလိမ့်မယ်။ ကိုယ်ဘယ်အရောင် လိုချင်တယ်ဆိုတာ သေချာအောင် လုပ်ဖို့ အရောင်တွေနဲ့ ပတ်သတ်တဲ့ သူငယ်ချင်းရဲ့ အမြင်ကိုလည်း မေးကြည့်ပါ။ အရောင်နှစ်ခု၊ သုံးခုလောက် ယှဉ်ပြပြီး ဘယ်လိုမြင်လည်း မေးပါ။ အရောင်တစ်ရောင်ကို မြင်တဲ့ ကိုယ့်အမြင်နဲ့ သူ့အမြင် မတူညီနိုင်ပါဘူး။ အေးမြတဲ့ မီးခိုးရောင် သုံးသင့်လား။ နွေးထွေးတဲ့ မီးခိုးရောင် သုံးသင့်လား ဆိုတာ သူပြောပြပါလိမ့်မယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင် ကွဲပြားနေတယ် ဆိုရင် ဘာလို့ ဒီအရောင်ကို ရွေးချယ်ရတယ် ဆိုတဲ့ အကြောင်းရင်းကို မေးပါ။ ဒီအကျင့်က ကိုယ်လိုချင်တဲ့ ခံစားချက်နဲ့ ဦးတည်ချက်လွဲပြီး အရောင်ရွေးချယ်မှု မမှားရအောင် ကူညီပေးနိုင်ပါတယ်။ မီးခိုးရင့်ရောင်၊ အေးမြတဲ့မီးခိုးရောင်၊ နွေးထွေးတဲ့မီးခိုးရောင် အစရှိတဲ့ အရောင်တွေကနေ စတင် ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပိုပြီး နွေးထွေးတဲ့ အရောင်အသွေးနဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်ပစöည်းတွေ ရှိနေပြီးသား ဆိုရင် လိုက်ဖက်ညီဖို့ အတွက် ပိုပြီးနွေးထွေးမှု ရှိတဲ့ အရောင်အသွေး ကိုသာ ရွေးချယ်သင့်ပါတယ်။

စိတ်ကူးဉာဏ်ကွန့်မြူးပါ

ကွန်ပျူတာနဲ့ ဖုန်းထဲမှာ မြင်ရတဲ့ အရောင်က အခန်းထဲမှာ မြင်ရတဲ့အရောင်နဲ့ မတူညီနိုင်ပါဘူး။ အလင်းရောင်ပမာဏ၊ အခန်းကို ဖြတ်သန်း ဝင်ရောက်လာတဲ့ အလင်းရဲ့ ဖြန့်ကျက်မှုတွေ ကြောင့် ကွဲပြားခြားနား သွားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အရောင်နဲ့ စတိုင်လ်ရွေးချယ်မှု အတွက် ဒစ်ဂျစ်တယ် ဓာတ်ပုံတွေကို အသုံးပြုပါ။ အလင်း အမှောင်နဲ့ တန်ဖိုးအာနိသင်တွေကို စိတ်ကူးဉာဏ် ကွန့်မြူးကြည့်ပါ။ တကယ် ဆေးသုတ်မယ့် အခန်းနဲ့ ပုံစံတူ နမူနာ အခန်းငယ်လေးမှာ အရင် ဆေးသုတ်ကြည့်ပါ။ အကျိုးသက်ရောက်မှုက အတူတူပဲ။

ဒီအချက်က အရေးကြီးပါတယ်။ အွန်လိုင်းမှာ အရောင်တစ်ရောင်ကို သဘောကျသွားပြီ ဆိုရင် မဝယ်ခင်မှာ နမူနာကို အိမ်ယူ လာကြည့်ပါ။ iPad ၊ဖုန်း၊ ကွန်ပျူတာထဲမှာ တွေ့ရတာနဲ့ အနည်းငယ်ကွဲ ပြားနေပါလိမ့်မယ်။ နမူနာပြားက အရောင်နဲ့ တကယ်ဆေးသုတ်လိုက်လို့ ပေါ်လာတဲ့ အရောင်က တစ်ထပ်တည်း ကျနေမှာမဟုတ်ပါဘူး။ အနီးစပ်ဆုံး တူညီတာလောက်ပဲ ရှိပါလိမ့်မယ်။

အရောင်လေးရောင်ထက်ပိုမရွေးပါနဲ့

နောက်ဆုံးတော့ နံရံသုတ်ဆေး အရောင်းဆိုင်ကို သွားဖို့ အချိန်ရောက်ပါပြီ။ ဆိုင်ရောက်တုန်း မီးချောင်းအလင်းရောင် အောက်မှာ အရောင်ကွဲနမူနာတွေ အများကြီးရွေးပြီး အိမ်ယူလာခဲ့ပါ။ အရောင်တွေကို ပြန်စစ်ထုတ်ဖို့ အချိန်ကျပါပြီ။ အပြာရောင် ခုနှစ်မျိုးကို အိမ်ယူလာခဲ့တယ် ဆိုပါစို့။ နမူနာပြားတွေ အားလုံးချထားပြီး နှိုင်းယှဉ်ကြည့်ပါ။ တစ်ရောင်နဲ့ တစ်ရောင်ကြား အနည်းငယ် ကွဲပြားမှုရှိနေတာကို သတိပြုမိ လာပါလိမ့်မယ်။ တချို့ အပြာရောင်တွေက အစိမ်းရောင်၊ စိမ်းပြာရောင်ဘက်ကို ရောက်ပါတယ်။ တချို့က ဂျင်းပြာရောင်ပါ။ တချို့ကတော့ ကိုယ်လုံးဝမကြိုက်တဲ့ တောက်ပတဲ့ အရောင်မျိုး ဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးလေးရောင် လောက်ပဲကျန်တဲ့အထိ မကြိုက်တဲ့ အရောင်တွေကို ဖယ်ထုတ်ပစ်ပါ။ အရောင်ကွဲလေးမျိုးလောက် ကျန်ပါစေ။ ဆေးသုတ်မယ့် နံရံမှာ အရောင်ပြားလေး တွေကို ကပ်ကြည့်ပါ။ ဒါမှမဟုတ်လည်း စကúူတစ်ခုပေါ် တင်ကြည့်ပါ။ နံရံပေါ်မှာဖြစ်ဖြစ်၊ စကúူပေါ်မှာဖြစ်ဖြစ် နှိုင်းယှဉ် ကြည့်လိုက်တဲ့ အခါ အရောင်ဖျော့တဲ့ နောက်ခံကြောင့် ဆေးရောင်နမူနာပြားလေး တွေက ပိုပြီးအရောင်ရင့် လာတတ်သလို ပိုပြီးလည်း အရောင်ဖျော့သွား တတ်ပါတယ်။ ဒီလို နှိုုင်းယှဉ်ပြီးရင်တော့ ဘယ်အရောင်နဲ့ လိုက်ဖက်မယ်ဆိုတာ ရွေးချယ်နိုင် သွားပါပြီ။ ဒါတောင်မှ လုံးဝစိတ်တိုင်းမကျဘူး ဖြစ်နေသေးတယ်ဆိုရင် အရောင်ပြား တစ်ခုချင်းစီကို တစ်ခုချင်း ပြန်ကြည့်ပါ။ လွယ်သလို ထင်ရပေမယ့် တကယ်တမ်းမှာ အရမ်းမေ့လွယ်ပါတယ်။ ဆိုလိုချင်တာက အရောင်တွေကို ချင့်ချိန် စဉ်းစားရွေးချယ်တဲ့အခါ တစ်ရောင်ချင်းစီက ကိုယ့်အခန်းထဲက ပစöည်းတွေနဲ့ ဘယ်လို လိုက်ဖက်ညီတယ် ဆိုတဲ့အချက်ကို မှတ်ထားပါ။

နံရံမှာစမ်းသုတ်ပါ

နောက်ဆုံး လေးရောင်ကို ရွေးချယ်ပြီးပြီဆိုရင် စမ်းသပ်ဖို့အချိန် ရောက်ပါပြီ။ နမူနာအပြားတွေကို နံရံမှာ ကပ်ကြည့်တာထက် တကယ်သုတ်ကြည့်တာ ပိုကောင်းပါတယ်။ ဒါက ပိုပြီး ထိရောက်မှု ရှိပါတယ်။ နံရံရဲ့တစ်စတုရန်းပေ နေရာလေးနေရာမှာ ဆေးအရောင်လေးမျိုးကို သုတ်ကြည့်ပါ။ အောက်ခံ အရောင်ပေါ်မှာ ပေါ်လာတဲ့ အရောင်ချင်း ကွာသွားပါလိမ့်မယ်။ သုံးစတုရန်းပေနေရာ အရွယ်အစား လောက်ဆိုရင် ပိုသိသာ သွားပါလိမ့်မယ်။ အရောင်တွေကို ရွေးထုတ်ရဦးမှာ ဖြစ်လို့ အရောင် နမူနာပြားတွေကိုလည်း နံရံပေါ်မှာ ထားဖို့ လိုအပ်ပါသေးတယ်။ အဲဒါမှ မျက်စိထဲ မပေါ်သေးဘူး ဆိုရင်တော့ တစ်ခုနဲ့တစ်ခု နည်းနည်းခွဲထားပေးပါ။ ဆေးအရောင် နမူနာပြားကို ဝယ်ယူတဲ့အခါ နောက်ဆုံး အဆင့်ထိ အရောင်တင်ထားတဲ့ အပြားကို ဝယ်ယူဖို့ အရေးကြီး ပါတယ်။ ဆိုင်အများစုက ရောင်းတဲ့ ဆေးရောင် နမူနာပြားတွေက နောက်ဆုံး အဆင့်ထိ အရောင်တင် မထားပါဘူး။ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်ဖို့၊ အရည်အသွေး ကောင်းမွန်တဲ့ နမူနာပြားကို ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တစ်နေ့တာရဲ့ အချိန်အမျိုးမျိုးမှာ နမူနာပြားတွေကို သတိထား ကြည့်ပါ။ အရောင်တွေ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာ အလင်းရောင် အမျိုးမျိုးမှာ ထားကြည့်ပါ။ ရက်အနည်းငယ်လောက် ဒီအရောင်တွေနဲ့ နေကြည့်ပါ။ နောက်ဆုံးအဆင့် တစ်ခုတည်းကို ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ ဆေးသုတ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။

 

Credit: Myanmar Home & Decor Magazine

 

[Zawgyi]

နံရံသုတ္ေဆးအေရာင္ ဘယ္လိုေရြးခ်ယ္မလဲ

အ၀တ္ဗီရို၊ အမွတ္တရေတြနဲ႔ ေန႔စဥ္ဘ၀ ေနထိုင္မႈေတြကို ၾကည့္ၿပီး ကိုယ့္ေနအိမ္အတြက္ နံရံသုတ္ေဆး အေရာင္ကို ေရြးခ်ယ္ႏိုင္ပါတယ္။ အခန္းတစ္ခန္းကို အသြင္ေျပာင္းဖို႔ အလ်င္ျမန္ဆံုးနဲ႔ ကုန္က်စရိတ္ အသက္သာဆံုး နည္းလမ္းက ေဆးသုတ္တာပါပဲ။ ဒါေပမဲ့ နံရံသုတ္ေဆးအေရာင္ကို မေရြးခ်ယ္ရေသးဘူး ဆိုရင္ ဘယ္ေနရာက စစဥ္းစားၾကမလဲ။ အိမ္တြင္းအလွဆင္ ဒီဇိုင္နာသံုးဦးရဲ႕ အၾကံျပဳခ်က္ေတြ နဲ႔အတူ အခ်ိန္တို အတြင္း အလွပဆံုး ေဆးေရာင္ကို ေရြးခ်ယ္ႏိုင္ဖို႔ ေဖာ္ျပ ေပးခ်င္ပါတယ္။

ဗီရိုဖြင့္ၾကည့္ပါ

အိမ္သုတ္ေဆး အေရာင္းဆိုင္ကို တန္းသြား၊ ေဆးနမူနာ အေရာင္ျပားေလးေတြ ၾကည့္ၿပီး လွမယ္ထင္တဲ့ အေရာင္ကို စြန္႔စြန္႔စားစား ေရြးခ်ယ္ ၀ယ္ယူေလ့ရွိတတ္ၾကတာ သဘာ၀ပါ။ ကိုယ္တစ္ေယာက္တည္းမွ မဟုတ္ပါဘူး။ လူအမ်ားစုက ကိုယ္သုတ္မယ့္ ေဆးေရာင္ကို မေရြးခင္ ေဆးသုတ္သမား အရင္ ငွားထားတတ္ ၾကပါတယ္။ တကယ္တမ္း လုပ္ရမွာက နံရံသုတ္ေဆး အေရာင္းဆိုင္ကို မသြားခင္ ကိုယ္ေရြးခ်ယ္ရမယ့္ အေရာင္ေတြကို ပဏာမအဆင့္ ႀကိဳတင္ ေရြးခ်ယ္ထားဖို႔ လိုအပ္ပါတယ္။

ဘယ္လိုေရြးမလဲ

ဗီရိုကိုဖြင့္ၿပီး ကိုယ္ဘယ္အေရာင္ေတြ အမ်ားဆံုး ၀တ္ေလ့ရွိတယ္ ဆိုတာၾကည့္ပါ။ အ၀တ္အစားေတြက ကိုယ္နဲ႔ လိုက္ဖက္တဲ့ အေရာင္ေတြ အမ်ားဆံုး ျဖစ္ေနပါလိမ့္မယ္။ ဒီေတာ့ ကိုယ္နဲ႔ အလိုက္ဖက္ဆံုး အေရာင္ကို အိမ္ထဲမွာ သုတ္မယ္ဆိုရင္ ဒီထက္ေကာင္းတဲ့ ေရြးခ်ယ္မႈမ်ိဳး ရွိမွာ မဟုတ္ေတာ့ပါဘူး။

အ၀တ္အစား ထြက္၀ယ္ျခင္းကလည္း နံရံသုတ္ေဆး အေရာင္အတြက္ စိတ္ကူး ေပၚလာေစပါတယ္။ အျပာေရာင္ အ၀တ္အစားကို ကာကီေရာင္၊ အနက္ေရာင္ သားေရဖိနပ္ေတြနဲ႔ တြဲဖက္၀တ္ဆင္တတ္တယ္ဆိုရင္ ဒီအေရာင္ေတြက ကိုယ့္အိမ္အတြက္ ေဆးေရာင္ေလးေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါဆိုရင္ ဧည့္ခန္းကို Navy ျပာေရာင္ ေဆးသုတ္မယ္။ သားေရအလွဆင္ ပစöည္းေလးေတြ ထားမယ္။ ေငြေရာင္ဖေယာင္းတိုင္စင္၊ လက္၀တ္တန္ဆာေလးေတြ၊ ဓာတ္ပံုေဘာင္ေလးေတြ စတာေတြနဲ႔ တြဲဖက္ တန္ဆာဆင္လို႔ ရပါၿပီ။

ေပ်ာ္ရႊင္စရာအမွတ္တရမ်ားကိုတူးေဖာ္ျခင္း

ကိုယ္ႀကီးျပင္းလာခဲ့တဲ့ အခန္းမွာ ဘာေဆးေရာင္ သုတ္ထားလဲ။ ဘယ္သုတ္ေဆးအေရာင္က ကိုယ့္ကို အေပ်ာ္ရႊင္ဆံုး ျဖစ္ေစခဲ့သလဲ။ ဘယ္ေနရာကမဆို စိတ္ကူး ရႏိုင္ပါတယ္။ အဖြားအိမ္ကို အလည္သြားတုန္းက ေဆးအ၀ါေရာင္ သုတ္ထားတဲ့ အဖြားအိမ္ရဲ႕မီးဖိုေခ်ာင္မွာ ကိုယ့္အတြက္ ေပ်ာ္ရႊင္စရာ အမွတ္တရေတြ ရွိခဲ့မယ္။ ပင္လယ္ျပင္ကို ခရီးထြက္တဲ့ အခ်ိန္မွာ အျပာေရာင္က ကိုယ့္စိတ္ကို တည္ၿငိမ္ေစခဲ့တယ္ စသျဖင့္ေပါ့။ ေပ်ာ္ရႊင္စရာ အမွတ္တရေတြထဲမွာ အေရာင္ေတြကို ရွာမေတြခဲ့ဘူးဆိုရင္ ကိုယ္အႏွစ္သက္ဆံုး ခရီးသြား ဓာတ္ပံုစာအုပ္ တစ္အုပ္ကို ယူလိုက္ပါ။ ကိုယ့္စိတ္ကို ဖမ္းစားႏိုင္တဲ့ အေရာင္ ရွိမရွိၾကည့္ပါ။ ကိုယ္ျဖတ္သန္းေနရတဲ့ ေန႔စဥ္ဘ၀မွာလည္း စားေသာက္ဆိုင္ေတြ၊ ေစ်းဆိုင္ေတြနဲ႔ တျခားအိမ္ကို သြားလည္တဲ့အခါ ကိုယ္အႀကိဳက္ဆံုးက ဘယ္အေရာင္ဆိုတာ သတိထား ၾကည့္ႏိုင္ပါတယ္။

အေရာင္ေတြ အတြက္ တကယ့္စည္းမ်ဥ္းအစစ္ ဆိုတာ မရွိပါဘူး။ မ်က္စိေအးတဲ့ အေရာင္ေတြအစား ကိုယ့္အခန္းကို အနီေရာင္ရဲရဲ သုတ္မယ္ဆိုလည္း သုတ္လို႔ရပါတယ္။ အိပ္ငိုက္ေနတဲ့ အခ်ိန္ဆိုရင္ အနီေရာင္က လူ႔စိတ္ကို ႏိုးၾကား ေစပါတယ္။ တခ်ိဳ႕လူေတြ အတြက္ အနီေရာင္က စိတ္တည္ၿငိမ္မႈကို ေပးစြမ္း ႏိုင္ပါတယ္။ သူမ်ားေတြေျပာတာ နားမေယာင္ဘဲ ကိုယ့္အတြက္ တကယ္ စိတ္ေအးခ်မ္းမႈ ေပးစြမ္းႏိုင္တဲ့ အေရာင္ကို ေရြးခ်ယ္ဖို႔ လိုအပ္ပါတယ္။

လိုခ်င္တဲ့ခံစားခ်က္ကို စိတ္ကူးပံုေဖာ္ပါ

အခန္းကို အျပာေရာင္သုတ္ဖို႔ ဆံုးျဖတ္ၿပီးၿပီ ဆိုပါစို႔။ ဘယ္အျပာေရာင္ သုတ္မွာလဲ။ ကိုယ္ဖန္တီးခ်င္တဲ့ အခန္းပံုစံေလးကို စိတ္ကူးယဥ္ၾကည့္မယ္ ဆိုရင္ အေထာက္အကူ ျဖစ္ႏိုင္ပါတယ္။ သက္ေသာင့္သက္သာ ရွိခ်င္ရင္ အျပာေရာင္အရင့္ ကိုေရြးခ်ယ္ပါ။ တည္ၿငိမ္ ေအးခ်မ္းမႈကို လိုခ်င္တယ္ ဆိုရင္ အျပာေရာင္အေဖ်ာ့ ကိုေရြးပါ။ ပင္လယ္ျပာျပာအေရာင္ ေလာက္ဆိုရင္ အေကာင္းဆံုးပါပဲ။ အျပာရိပ္ သန္းေနတာေလးကို ႏွစ္သက္တယ္ ဆိုရင္ အျပာေရာင္၊ ခရမ္းျပာေရာင္၊ အစိမ္းေရာင္ဘက္ သန္းတဲ့ အျပာေရာင္ေတြ ကိုေရြးခ်ယ္ပါ။ အျပာေရာင္ရဲ႕ ရိပ္သန္းအေရာင္ေတြကို သိထားမယ္ဆိုရင္ အခန္းတန္ဆာဆင္ဖို႔ ပစöည္းေတြ ၀ယ္ယူရာမွာ အသံုး၀င္ ပါလိမ့္မယ္။ ကိုယ္ဘယ္အေရာင္ လိုခ်င္တယ္ဆိုတာ ေသခ်ာေအာင္ လုပ္ဖို႔ အေရာင္ေတြနဲ႔ ပတ္သတ္တဲ့ သူငယ္ခ်င္းရဲ႕ အျမင္ကိုလည္း ေမးၾကည့္ပါ။ အေရာင္ႏွစ္ခု၊ သံုးခုေလာက္ ယွဥ္ျပၿပီး ဘယ္လိုျမင္လည္း ေမးပါ။ အေရာင္တစ္ေရာင္ကို ျမင္တဲ့ ကိုယ့္အျမင္နဲ႔ သူ႔အျမင္ မတူညီႏိုင္ပါဘူး။ ေအးျမတဲ့ မီးခိုးေရာင္ သံုးသင့္လား။ ေႏြးေထြးတဲ့ မီးခိုးေရာင္ သံုးသင့္လား ဆိုတာ သူေျပာျပပါလိမ့္မယ္။ ကိုယ့္အျမင္နဲ႔ သူ႔အျမင္ ကြဲျပားေနတယ္ ဆိုရင္ ဘာလို႔ ဒီအေရာင္ကို ေရြးခ်ယ္ရတယ္ ဆိုတဲ့ အေၾကာင္းရင္းကို ေမးပါ။ ဒီအက်င့္က ကိုယ္လိုခ်င္တဲ့ ခံစားခ်က္နဲ႔ ဦးတည္ခ်က္လြဲၿပီး အေရာင္ေရြးခ်ယ္မႈ မမွားရေအာင္ ကူညီေပးႏိုင္ပါတယ္။ မီးခိုးရင့္ေရာင္၊ ေအးျမတဲ့မီးခိုးေရာင္၊ ေႏြးေထြးတဲ့မီးခိုးေရာင္ အစရွိတဲ့ အေရာင္ေတြကေန စတင္ ေရြးခ်ယ္တာ အေကာင္းဆံုးပါပဲ။ ဒါေပမဲ့ ပိုၿပီး ေႏြးေထြးတဲ့ အေရာင္အေသြးနဲ႔ ပရိေဘာဂေတြ၊ အသံုးအေဆာင္ပစöည္းေတြ ရွိေနၿပီးသား ဆိုရင္ လိုက္ဖက္ညီဖို႔ အတြက္ ပိုၿပီးေႏြးေထြးမႈ ရွိတဲ့ အေရာင္အေသြး ကိုသာ ေရြးခ်ယ္သင့္ပါတယ္။

စိတ္ကူးဥာဏ္ကြန္႔ျမဴးပါ

ကြန္ပ်ဴတာနဲ႔ ဖုန္းထဲမွာ ျမင္ရတဲ့ အေရာင္က အခန္းထဲမွာ ျမင္ရတဲ့အေရာင္နဲ႔ မတူညီႏိုင္ပါဘူး။ အလင္းေရာင္ပမာဏ၊ အခန္းကို ျဖတ္သန္း ၀င္ေရာက္လာတဲ့ အလင္းရဲ႕ ျဖန္႔က်က္မႈေတြ ေၾကာင့္ ကြဲျပားျခားနား သြားႏိုင္ပါတယ္။ ေယဘုယ်အားျဖင့္ အေရာင္နဲ႔ စတိုင္လ္ေရြးခ်ယ္မႈ အတြက္ ဒစ္ဂ်စ္တယ္ ဓာတ္ပံုေတြကို အသံုးျပဳပါ။ အလင္း အေမွာင္နဲ႔ တန္ဖိုးအာနိသင္ေတြကို စိတ္ကူးဥာဏ္ ကြန္႔ျမဴးၾကည့္ပါ။ တကယ္ ေဆးသုတ္မယ့္ အခန္းနဲ႔ ပံုစံတူ နမူနာ အခန္းငယ္ေလးမွာ အရင္ ေဆးသုတ္ၾကည့္ပါ။ အက်ိဳးသက္ေရာက္မႈက အတူတူပဲ။

ဒီအခ်က္က အေရးႀကီးပါတယ္။ အြန္လိုင္းမွာ အေရာင္တစ္ေရာင္ကို သေဘာက်သြားၿပီ ဆိုရင္ မ၀ယ္ခင္မွာ နမူနာကို အိမ္ယူ လာၾကည့္ပါ။ iPad ၊ဖုန္း၊ ကြန္ပ်ဴတာထဲမွာ ေတြ႔ရတာနဲ႔ အနည္းငယ္ကြဲ ျပားေနပါလိမ့္မယ္။ နမူနာျပားက အေရာင္နဲ႔ တကယ္ေဆးသုတ္လိုက္လို႔ ေပၚလာတဲ့ အေရာင္က တစ္ထပ္တည္း က်ေနမွာမဟုတ္ပါဘူး။ အနီးစပ္ဆံုး တူညီတာေလာက္ပဲ ရွိပါလိမ့္မယ္။

အေရာင္ေလးေရာင္ထက္ပိုမေရြးပါနဲ႔

ေနာက္ဆံုးေတာ့ နံရံသုတ္ေဆး အေရာင္းဆိုင္ကို သြားဖို႔ အခ်ိန္ေရာက္ပါၿပီ။ ဆိုင္ေရာက္တုန္း မီးေခ်ာင္းအလင္းေရာင္ ေအာက္မွာ အေရာင္ကြဲနမူနာေတြ အမ်ားႀကီးေရြးၿပီး အိမ္ယူလာခဲ့ပါ။ အေရာင္ေတြကို ျပန္စစ္ထုတ္ဖို႔ အခ်ိန္က်ပါၿပီ။ အျပာေရာင္ ခုႏွစ္မ်ိဳးကို အိမ္ယူလာခဲ့တယ္ ဆိုပါစို႔။ နမူနာျပားေတြ အားလံုးခ်ထားၿပီး ႏႈိင္းယွဥ္ၾကည့္ပါ။ တစ္ေရာင္နဲ႔ တစ္ေရာင္ၾကား အနည္းငယ္ ကြဲျပားမႈရွိေနတာကို သတိျပဳမိ လာပါလိမ့္မယ္။ တခ်ိဳ႕ အျပာေရာင္ေတြက အစိမ္းေရာင္၊ စိမ္းျပာေရာင္ဘက္ကို ေရာက္ပါတယ္။ တခ်ိဳ႕က ဂ်င္းျပာေရာင္ပါ။ တခ်ိဳ႕ကေတာ့ ကိုယ္လံုး၀မႀကိဳက္တဲ့ ေတာက္ပတဲ့ အေရာင္မ်ိဳး ျဖစ္ေနပါလိမ့္မယ္။ ေနာက္ဆံုးေလးေရာင္ ေလာက္ပဲက်န္တဲ့အထိ မႀကိဳက္တဲ့ အေရာင္ေတြကို ဖယ္ထုတ္ပစ္ပါ။ အေရာင္ကြဲေလးမ်ိဳးေလာက္ က်န္ပါေစ။ ေဆးသုတ္မယ့္ နံရံမွာ အေရာင္ျပားေလး ေတြကို ကပ္ၾကည့္ပါ။ ဒါမွမဟုတ္လည္း စကúဴတစ္ခုေပၚ တင္ၾကည့္ပါ။ နံရံေပၚမွာျဖစ္ျဖစ္၊ စကúဴေပၚမွာျဖစ္ျဖစ္ ႏႈိင္းယွဥ္ ၾကည့္လိုက္တဲ့ အခါ အေရာင္ေဖ်ာ့တဲ့ ေနာက္ခံေၾကာင့္ ေဆးေရာင္နမူနာျပားေလး ေတြက ပိုၿပီးအေရာင္ရင့္ လာတတ္သလို ပိုၿပီးလည္း အေရာင္ေဖ်ာ့သြား တတ္ပါတယ္။ ဒီလို ႏႈိုင္းယွဥ္ၿပီးရင္ေတာ့ ဘယ္အေရာင္နဲ႔ လိုက္ဖက္မယ္ဆိုတာ ေရြးခ်ယ္ႏိုင္ သြားပါၿပီ။ ဒါေတာင္မွ လံုး၀စိတ္တိုင္းမက်ဘူး ျဖစ္ေနေသးတယ္ဆိုရင္ အေရာင္ျပား တစ္ခုခ်င္းစီကို တစ္ခုခ်င္း ျပန္ၾကည့္ပါ။ လြယ္သလို ထင္ရေပမယ့္ တကယ္တမ္းမွာ အရမ္းေမ့လြယ္ပါတယ္။ ဆိုလိုခ်င္တာက အေရာင္ေတြကို ခ်င့္ခ်ိန္ စဥ္းစားေရြးခ်ယ္တဲ့အခါ တစ္ေရာင္ခ်င္းစီက ကိုယ့္အခန္းထဲက ပစöည္းေတြနဲ႔ ဘယ္လို လိုက္ဖက္ညီတယ္ ဆိုတဲ့အခ်က္ကို မွတ္ထားပါ။

နံရံမွာစမ္းသုတ္ပါ

ေနာက္ဆံုး ေလးေရာင္ကို ေရြးခ်ယ္ၿပီးၿပီဆိုရင္ စမ္းသပ္ဖို႔အခ်ိန္ ေရာက္ပါၿပီ။ နမူနာအျပားေတြကို နံရံမွာ ကပ္ၾကည့္တာထက္ တကယ္သုတ္ၾကည့္တာ ပိုေကာင္းပါတယ္။ ဒါက ပိုၿပီး ထိေရာက္မႈ ရွိပါတယ္။ နံရံရဲ႕တစ္စတုရန္းေပ ေနရာေလးေနရာမွာ ေဆးအေရာင္ေလးမ်ိဳးကို သုတ္ၾကည့္ပါ။ ေအာက္ခံ အေရာင္ေပၚမွာ ေပၚလာတဲ့ အေရာင္ခ်င္း ကြာသြားပါလိမ့္မယ္။ သံုးစတုရန္းေပေနရာ အရြယ္အစား ေလာက္ဆိုရင္ ပိုသိသာ သြားပါလိမ့္မယ္။ အေရာင္ေတြကို ေရြးထုတ္ရဦးမွာ ျဖစ္လို႔ အေရာင္ နမူနာျပားေတြကိုလည္း နံရံေပၚမွာ ထားဖို႔ လိုအပ္ပါေသးတယ္။ အဲဒါမွ မ်က္စိထဲ မေပၚေသးဘူး ဆိုရင္ေတာ့ တစ္ခုနဲ႔တစ္ခု နည္းနည္းခြဲထားေပးပါ။ ေဆးအေရာင္ နမူနာျပားကို ၀ယ္ယူတဲ့အခါ ေနာက္ဆံုး အဆင့္ထိ အေရာင္တင္ထားတဲ့ အျပားကို ၀ယ္ယူဖို႔ အေရးႀကီး ပါတယ္။ ဆိုင္အမ်ားစုက ေရာင္းတဲ့ ေဆးေရာင္ နမူနာျပားေတြက ေနာက္ဆံုး အဆင့္ထိ အေရာင္တင္ မထားပါဘူး။ မွန္ကန္တဲ့ ေရြးခ်ယ္မႈ ျပဳလုပ္ႏိုင္ဖို႔၊ အရည္အေသြး ေကာင္းမြန္တဲ့ နမူနာျပားကို ၀ယ္ယူဖို႔ လိုအပ္ပါလိမ့္မယ္။ တစ္ေန႔တာရဲ႕ အခ်ိန္အမ်ိဳးမ်ိဳးမွာ နမူနာျပားေတြကို သတိထား ၾကည့္ပါ။ အေရာင္ေတြ ဘယ္လိုေျပာင္းလဲသြားလဲ ဆိုတာ အလင္းေရာင္ အမ်ိဳးမ်ိဳးမွာ ထားၾကည့္ပါ။ ရက္အနည္းငယ္ေလာက္ ဒီအေရာင္ေတြနဲ႔ ေနၾကည့္ပါ။ ေနာက္ဆံုးအဆင့္ တစ္ခုတည္းကို ေရြးခ်ယ္ၿပီးသြားၿပီ ဆိုရင္ေတာ့ ေဆးသုတ္ဖို႔ အဆင္သင့္ ျဖစ္ပါၿပီ။

 

Credit: Myanmar Home & Decor Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service