ဒီရာသီဖွားနဲ့ တွေ့ရင် လက်လွတ်မခံပါနဲ့ (သို့မဟုတ်) သူဌေးဖြစ်နိုင်ချေ အများဆုံးရာသီဖွားနှင့် ကမ္ဘာကျော်သူဌေးကြီးများ
ဒီရာသီဖွားနဲ့ တွေ့ရင် လက်လွတ်မခံပါနဲ့ (သို့မဟုတ်) သူဌေးဖြစ်နိုင်ချေ အများဆုံးရာသီဖွားနှင့် ကမ္ဘာကျော်သူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2020 12:28 pm တွင် တင်ခဲ့သည်
55071 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
သင်သည် စိတ်ခံစားမှုပြင်းထန်သော ဗြိ စ္ဆာရာသီဖွားတစ်ဦးဖြစ်ပါသလော(သို့မဟုတ်) သစ္စာရှိသော သိဟ်ရာသီဖွားဖြစ်ပါသလော (သို့မဟုတ်) ကိုယ်ချင်းစာတတ်သော မိန်ရာသီဖွားဖြစ်ပါသလော။ ရာသီဖွားတစ်ခုချင်းစီတွင် ထူးခြားကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။
သို့သော် ဘီလျံနာ သူဌေးကြီးများ အများဆုံး မွေးဖွားပေးသည့် ရာသီကို သင်သိပါသလော။
မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာချက်တစ်ရပ်တွင် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးများ၏ အများဆုံးတူညီနေသည့် ရာသီခွင်ကို ဖော်ထုတ်ပြခဲ့သည်။
အဆိုပါလေ့လာချက်တွင် Forbes မဂ္ဂဇင်းကြီးက နောက်ဆုံးထုတ်ပြန်သည့် ဘီလျံနာ ၂၅၀ ဦးစာရင်းမှ သူဌေးကြီးများ၏ ရာသီခွင်ကို ဖော်ထုတ်စမ်းစစ်ခဲ့ရာ တူရာသီဖွားများမှာ အများဆုံးပါဝင်သည်ကို တွေ့ရသည်။
အကယ်၍ သင်သည် ၁၂ ရာသီနက္ခတ်ဗေဒင်ကို ယုံကြည်သူတစ်ဦးဖြစ်ပြီး တူရာသီဖွားဆိုပါက သင့်တွင် သူဌေးကြီးတစ်ဦးဖြစ်လာရန် ကံဇာတာအလွန်အားကောင်းနေသည်ဟု ယုံကြည်လိုက်ပါ။ သင်ကံကောင်းလှပါသည်။
အထင်ကရ ဘီလျံနာ သူဌေးကြီးများဖြစ်သော ရပ်ဖ် လော်ရန် ၊ Stefan Persson (ဆွီဒင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်)၊ Liliane Bettencourt (L'Oréal ၏ အဓိကရှယ်ယာရှင်၊ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး)၊ Alice Walton (Walmart Inc တည်ထောင်သူ ဆမ်ဝေါလ်တန်၏ သမီး) တို့အပါအဝင် တူရာသီဖွား နာမည်ကျော် သူဌေးကြီး ၂၇ ဦးရှိသည်။
တူရာသီဖွား၏ နောက်တွင် ရပ်တည်နေသည်မှာ မိန်ရာသီဖွားဖြစ်ပြီး ဘီလျံနာ ၂၂ ဦးရှိပြီး Bernard Arnault (ကမ္ဘာ့အကြီးမားဆုံး ဇိမ်ခံပစ္စည်းကုမ္ပဏီ LVMH Moët Hennessy ဥက္ကဌ၊ ပြင်သစ်ဘီလျံနာကြီး) ၊ Rupert Murdoch (အမေရိကန်မီဒီယာသူဌေးကြီးဖြစ်ပြီး ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီကြီး Twentieth Century Fox နှင့် ကမ္ဘာကျော်စီးပွားရေးသတင်းဂျာနယ် The Wall Street Journal တို့ အပါအဝင် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူတို့ ပါဝင်သည်။
အောက်တွင် ၁၂ လရာသီဖွား သူဌေးကြီးများကို အများဆုံးမှ အနည်းဆုံး အစီအစဉ်ဖြင့် ဖော်ပြအပ်ပါသည်။
၁။ Libra တူရာသီ (စက်တင်ဘာ ၂၃ မှ — အောက်တိုဘာ ၂၂) ဘီလျံနာ အရေအတွက် = ၂၇ ဦး နာမည်ကျော် ဘီလျံနာများ= ရပ်ဖ် လော်ရန် (Ralph Lauren) ၊ Stefan Persson (ဆွီဒင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်)၊ Liliane Bettencourt (L'Oréal ၏ အဓိကရှယ်ယာရှင်၊ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး)၊ Alice Walton (Walmart Inc တည်ထောင်သူ ဆမ်ဝေါလ်တန်၏ သမီး)
၂။ Pisces မိန် (February 19 – March 20) ဘီလျံနာ အရေအတွက် =၂၂ ဦး နာမည်ကျော် ဘီလျံနာများ= Bernard Arnault (ကမ္ဘာ့အကြီးမားဆုံး ဇိမ်ခံပစ္စည်းကုမ္ပဏီ LVMH Moët Hennessy ဥက္ကဌ၊ ပြင်သစ်ဘီလျံနာကြီး) ၊ Rupert Murdoch (အမေရိကန်မီဒီယာသူဌေးကြီးဖြစ်ပြီး ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီကြီး Twentieth Century Fox နှင့် ကမ္ဘာကျော်စီးပွားရေး သတင်းဂျာနယ် The Wall Street Journal တို့ အပါအဝင် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူ ၊ Michael Dell (ကမ္ဘာ့အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Dell Technologies တည်ထောင်သူအမေရိကန်ဘီလျံနာ- ၂၇ ဒသမ ၂ ဘီလီယံ)
၃။ Cancer ကရကဋ် (ဇွန် ၂၁ — ဇူလိုင် ၂၂ ) ဘီလျံနာ အရေအတွက် = ၂၀ ဦး ကရကဋ်ရာသီဖွား နာမည်ကျော် ဘီလျံနာများ= Sir Richard Branson (Virgin Group တည်ထောင်သူ၊ ၄ ဒသမ ၄ ဘီလီယံ), Elon Musk (SpaceX တည်ထောင်သူ၊ Tesla, Inc.၏ CEO ၊ ၆၉ ဒသမ ၄ ဘီလီယံ) , Charlene de Carvalho-Heineken (နယ်သာလန်၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာ့ဒုတိယအကြီးမားဆုံးအဖျော်ယမကာကုမ္ပဏီ Heineken ပိုင်ရှင်)
၄။ Taurus ပြိဿ (ဧပြီ ၂၀ — မေ ၂၀ ) ဘီလျံနာ အရေအတွက် = ၂၀ ဦး ပြိဿရာသီဖွား နာမည်ကျော် ဘီလျံနာများ= Mark Zuckerberg (Facebook တည်ထောင်သူ)
၅။ Leo သိဟ် (ဇူလိုင် ၂၃ — သြဂုတ် ၂၂ ) ဘီလျံနာ အရေအတွက် = ၂၀ ဦး သိဟ်ရာသီဖွား နာမည်ကျော် ဘီလျံနာများ= Larry Ellison (Oracle Corporation ပူးတွဲတည်ထောင်သူ- ၆၆ ဒသမ ၇ ဘီလီယံ၊ Sergey Brin (Google ပူးတွဲတည်ထောင်သူ-၆၆ ဒသမ ၂ ဘီလီယံ)၊ Sheldon Adelson ( စင်္ကာပူရှိ Marina Bay Sands နှင့် လာ့စ်ဗီးဂပ်စ်ရှိ Las Vegas Sands ၏ အမှုဆောင်အရာရှိချုပ် - ၃၂ ဒသမ ၃ ဘီလီယံ)
၆။ Scorpio ဗြိ စ္ဆာရာသီ (အောက်တိုဘာ ၂၃ — နိုဝင်ဘာ ၂၁ ) ဘီလျံနာ အရေအတွက် = ၁၆ ဦး ဗြိ စ္ဆာရာသီဖွား နာမည်ကျော် ဘီလျံနာများ= Laurene Powell Jobs, (Apple Inc. ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့၏ ကျန်ရစ်သူဇနီး-၂၁ ဒသမ ၉ ဘီလီယံ), Wang Jianlin (တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ခြံမြေကုမ္ပဏီ Dalian Wanda Group တည်ထောင်သူ) , Bill Gates (မိုက္ကရိုဆော့ဖ် တည်ထောင်သူ)
၇။ Gemini မေထုန် (မေ ၂၁ — ဇွန် ၂၀) ဘီလျံနာ အရေအတွက် = ၁၅ ဦး မေထုန်ရာသီဖွား နာမည်ကျော် ဘီလျံနာများ=Sir Leonard Blavatnik (ဗြိတိန်၏ တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်-၂၆ ဒသမ ၂ ဘီလီယံ)၊ David Thomson (ရိုက်တာသတင်းဌာန တည်ထောင်သူ- ၃၅ ဒသမ ၄ ဘီလီယံ)၊ Jim Walton (ကမ္ဘာ့ အဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်- ၅၄ ဒသမ ၉ ဘီလီယံ)
၈။ Aries မိဿ (မတ် ၂၁ — ဧပြီ ၁၉)
ဘီလျံနာ အရေအတွက် = ၁၅ ဦး မိဿရာသီဖွား နာမည်ကျော် ဘီလျံနာများ=Steve Ballmer (မိုက္ကရိုဆော့ဖ် အမှုဆောင်အရာရှိချုပ်ဟောင်း- ၇၂ ဒသမ ၈ ဘီလီယံ)၊ Mukesh Ambani (အာရှအချမ်းသာဆုံးပုဂ္ဂိုလ်-၇၂ ဘီလီယံ)၊ Amancio Ortega (Zara ပိုင်ရှင် သူဌေးကြီး- ၆၃ ဘီလီယံ)၊ Larry Page (Google ပူးတွဲတည်ထောင်သူ- ၆၈ ဘီလီယံ)
၉။ Aquarius ကုန်ရာသီ (ဇန်နဝါရီ ၂၀ — ဖေဖော်ဝါရီ ၁၈) ဘီလျံနာ အရေအတွက် = ၁၂ ဦး ကုန်ရာသီဖွား နာမည်ကျော် ဘီလျံနာများ= Michael Bloomberg (Bloomberg ပူးတွဲတည်ထောင်သူ- ၆၀ ဒသမ ၁ ဘီလီယံ) ၊ Paul Allen (ကလေးဘဝ သူငယ်ချင်းဖြစ်သူ ဘီလ်ဂိတ်နှင့်အတူ မိုက္ကရိုဆော့ဖ်ကို ပူးတွဲတည်ထောင်၊ ၂၀၁၈ တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀ ဒသမ ၃ ဘီလီယံဟု ခန့်မှန်း) ၊ Carlos Slim Helu (လက်တင်အမေရိကတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်- ၂၀၁၀ မှ ၁၃ အကြား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့)
၁၀။ Virgo ကန်ရာသီ (သြဂုတ် ၂၃ — စက်တင်ဘာ ၂၂ ) ဘီလျံနာ အရေအတွက် = ၁၁ ဦး ကန်ရာသီဖွား နာမည်ကျော် ဘီလျံနာများ= Warren Buffet (ကမ္ဘာ့စတုတ္ထ အချမ်းသာဆုံးပုဂ္ဂိလ်- ၇၂ ဒသမ ၆ ဘီလီယံ) ၊ Jack Ma (Alibaba တည်ထောင်သူ- ၄၆ ဒသမ ၃ ဘီလီယံ) ၊ Paulo Lemann (ဘရာဇီးဘဏ်လုပ်ငန်းရှင်- ၂၄ ဒသမ ၆ ဘီလီယံ)
၁၁။ Sagittarius ဓနုရာသီ (နိုဝင်ဘာ ၂၂ — ဒီဇင်ဘာ ၂၁ ) ဘီလျံနာ အရေအတွက် = ၈ ဦး ဓနုရာသီဖွား နာမည်ကျော် ဘီလျံနာများ= David Reuben နှင့် Simon Reuben (ဗြိတိန်၏ ဒုတိယအချမ်းသာဆုံးမိသားစု- ပေါင် ၁၆ ဘီလီယံ) ၊ Abigail Johnson (အမေရိကန်ဘီလျံနာ- ၁၅ ဒသမ ၅ ဘီလီယံ)
၁၂။ Capricorn မကာရ (ဒီဇင်ဘာ ၂၂ — ဇန်နဝါရီ ၁၉) ဘီလျံနာ အရေအတွက် = ၈ ဦး မကာရ ရာသီဖွား နာမည်ကျော် ဘီလျံနာများ= Vladimir Potanin (ရုရှားဘီလျံနာ-၂၂ ဒသမ ၉ ဘီလီယံ၊ Joseph Safra (ဘရာဇီးဘဏ်လုပ်ငန်းရှင်-၂၄ ဒသမ ၇ ဘီလီယံ)၊ Jeff Bezos (Amazon တည်ထောင်သူ- ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်- ၁၇၈ ဒသမ ၄ ဘီလီယံ)
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This is the most common zodiac sign among the world's richest billionaires (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnami Estate
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service