အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ကိုးကွယ်ဘာသာ မတူသည့် မိဘများ၏ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ကိုးကွယ်ဘာသာ မတူသည့် မိဘများ၏ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2020 3:48 pm တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

''ကိုးကွယ်ရာ ဘာသာမတူသူ သားသမီးတွေက မိဘဆီက အမွေရ ပိုင်ခွင့်ရှိပါသလား''ဟု မိတ်ဆွေတစ် ဦးက စာရေးသူထံ လာရောက်ဆွေး နွေးပါသည်။

''ဘယ်လိုအခက်အခဲရှိနေလို့ လဲ သူငယ်ချင်း''ဟု စာရေးသူမှ မေး မြန်းလိုက်သည်။

''မြေကွက်ဝယ်ဖို့သွားကြည့် တယ် သူငယ်ချင်း၊ အဲဒါစိတ်ထဲဘဝင် မကျလု့ိ လာပြီး ဆွေးနွေးတာပဲ''

''ဘယ်လိုမြေကွက်လဲ၊ ဂရန်မြေ လား''

''ဂရန်မြေတော့ မဟုတ်ဘူး။ ရွာ မြေလို့ ပြောတာပဲ၊ တိုက်ခံအိမ်လို့ ခေါ်ရမှာပေါ့ကွယ်''

''အောက်ထပ်က အုတ်တက်ပြီး အပေါ်ထပ်က ပျဉ်ကာအိမ်မဟုတ် လား''

''ဟုတ်ပါတယ်။ ရွာမြေဆိုတော့ အရောင်းအဝယ်လုပ်လို့ရပါသလား''

''အရောင်းအဝယ်တော့ လုပ်လို့ ရပါတယ်။ ဒါပေမယ့် မှတ်ပုံတင်စာ ချုပ်တော့ ချုပ်လို့မရဘူး။ မြေစာရင်း ဦးစီးဌာနမှာ တင်ပြပြီး အမည်ပေါက် လျှောက်ထားနိုင်ပါတယ်''

''မြေစာရင်းဦးစီးဌာနမှာ စုံစမ်း တော့ ရွာမြေအဖြစ် သတ်မှတ်ထား တယ်လို့တော့ တွေ့ရတယ်''

''ဒါဆို ဘာအခက်အခဲရှိလို့လဲ၊ မြေအမည်ပေါက်လွဲနေလို့လား''

''မြေစာရင်းဦးစီးဌာနက မြေ အမည်ပေါက်တော့ မဟုတ်ဘူး။ မြေ ကို ပိုင်းခြားပြီး ရောင်းထားတယ်''

''သူငယ်ချင်းဝယ်မယ်ဆိုတဲ့ အ ပိုင်းက ခွဲရောင်းထားတဲ့အပိုင်းလား''

''မဟုတ်ဘူး၊ မူလအမည်ပေါက် ရဲ့ မြေးဖြစ်သူက ရောင်းမှာ''

''ဒါဆိုပိုပြီး အဆင်ပြေတာပေါ့''

''အမွေခံသူဖြစ်ပေမယ့် ဘာသာ ခြားတွေဖြစ်နေတော့ အမွေဆက်ခံ ခွင့် ရှုပ်နေလို့ သူငယ်ချင်း''

''မူလအမည်ပေါက်က အဘိုး အဘွားအမည်လား၊ နှစ်ဦးအမည် ပေါက်နေသလား''

''မူလအမည်ပေါက်က အဘိုး အမည်ပေါက်ဖြစ်တယ်။ အဘိုး အဘွားနှစ်ဦးလုံးက ခရစ်ယာန် ဘာသာကိုးကွယ်ကြတယ်။ သူ့မှာ သားတစ်ဦးထွန်းကားတယ်'' ''သားဖြစ်သူက ဘာသာခြားနဲ့ လက်ထပ်ခဲ့လို့လား''

''ဟုတ်တယ် သူငယ်ချင်း၊ သား ဖြစ်သူက ခရစ်ယာန်ဘာသာဝင်ဖြစ် ပေမယ့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုး သမီးကို လက်ထပ်ယူလိုက်တယ်''

''ဟုတ်ပြီ။ အဲဒီဘာသာမတူသူ လင်မယားနှစ်ဦးက သားသမီးထွန်း ကားသေးလား''

''သားသမီးနှစ်ဦးထွန်းကား တယ်''

''သူတို့နှစ်ဦးလုံးက ဘယ်ဘာ သာ ကိုးကွယ်ကြသလဲ''

''သမီးကြီးက မိခင်ဘာသာဖြစ် တဲ့ ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဗုဒ္ဓ ဘာသာဝင် ယောကျ်ားနဲ့ လက်ထပ် လိုက်တယ်''

''သမီးကြီးက ဗုဒ္ဓဘာသာကိုး ကွယ်တယ်ဆိုတော့ နောက်တစ် ယောက်က ခရစ်ယာန်ဘာသာ ကိုး ကွယ်တဲ့ သူဖြစ်မှာပေါ့''

''သမီးငယ်ကတော့ ဖခင်ကိုး ကွယ်တဲ့ ခရစ်ယာန်ဘာသာကို ကိုး ကွယ်တယ်''

''အခုရောင်းမယ်ဆိုတဲ့ အိမ်မှာ ဘယ်သူနေသလဲ၊ ဘယ်သူက ကန့် ကွက်နေလို့လဲ''

''သမီးငယ်ကနေတယ်။ သူက ရောင်းမယ်လို့ပြောတာနဲ့ သွားကြည့် တာ သူငယ်ချင်း၊ နောက်ပိုင်းမှ သမီး ကြီးတစ်ယောက်ရှိတယ်ဆိုတာ သိရ တယ်''

''သမီးကြီးက အိမ်ထောင်ခွဲပြီး နေတာပေါ့''

''ဟုတ်ပါတယ်။ သမီးငယ်က လည်း ကရင်လူမျိုး ခရစ်ယာဉ် ဘာသာဝင်နဲ့ လက်ထပ်ထားတာ သူငယ်ချင်း''

''ကဲ-ဒါဆိုရင် ဥပဒေကြောင်း အရ ဆွေမျိုးစပ်ရမှာပေါ့''

''အဘိုးအဘွားကလည်း သက် ရှိထင်ရှားမရှိတော့ဘူး။ အဖေအမေ ကလည်း ကွယ်လွန်သွားကြပြီ မဟုတ်လား''

''ဟုတ်ပါတယ်။ ဒါဆိုရင် ဖခင် နဲ့ မိခင်မှာ အရင်ကွယ်လွန်သူ ဘယ် သူလဲဆိုတာ သိပါသလား''

''သူတို့ ပြောစကားအရတော့ ဖခင်က အရင်ကွယ်လွန်သွားတယ် လို့ ပြောပါတယ်''

''ဒါဆို ဥပဒေကြောင်းအရ စဉ်း စားရင် ဖခင်က သားတစ်ဦးတည်းဆို တော့ အဘိုးအဘွားရဲ့ အမွေကို ဖခင် ဖြစ်သူကသာ အမွေရမှာဖြစ်တဲ့အ တွက် အငြင်းပွားမယ့်သူမရှိဘူး''

''ဖခင်ဖြစ်သူက ခရစ်ယာန် ဘာသာကိုးကွယ်ပြီး မိခင်က ဗုဒ္ဓ ဘာသာဝင်ဆိုတော့ အမွေက ဘယ် လိုဖြစ်သွားနိုင်သလဲ''

''သူငယ်ချင်းပြောစကားအရ ဆိုရင် ဖခင်ဖြစ်သူက အရင်ကွယ် လွန်တယ်ဆိုတော့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဥပဒေအရ ဖခင်ထံ ဆင်းသက်ခဲ့တဲ့ အမွေပစ္စည်းအိမ်နဲ့ မြေဟာ မိခင်ဖြစ်တဲ့ ဇနီးထံဆင်း သက်သွားမှာဖြစ်တယ်''

''ဒါဆိုရင် သူငယ်ချင်းပြော စကားအရ နောက်ဆုံးပစ္စည်းပိုင်ရှင် အမွေရှင်က မြန်မာဗုဒ္ဓဘာသာဝင် မိခင်ဖြစ်နေတာပေါ့''

''မှန်ပါတယ်''

''ဒါပေမယ့် သမီးငယ်က ဖခင် အမွေမို့ ခရစ်ယာန်ကိုးကွယ်တဲ့သူပဲ အမွေရမှာဖြစ်လို့ အစ်မဖြစ်သူက ကန့်ကွက်ခွင့်မရှိဘူးလို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား''

''အဲဒီလိုတော့ မဟုတ်ဘူး။ ဥပဒေအရ ဖခင်ကအရင် ကွယ်လွန် လို့ အမွေရှင်ဟာ ဗုဒ္ဓဘာသာဝင် မိခင်ဖြစ်လို့ ဗုဒ္ဓဘာသာဓလေ့ထုံး တမ်း ဥပဒေအရ ဆုံးဖြတ်ရမှာဖြစ် တယ်''

''ဘာသာမတူတဲ့ ခရစ်ယာန် သမီးငယ်က အမွေဆက်ခံခွင့်မရနိုင် ဘူးပေါ့''

''ဒီလိုမဟုတ်ဘူး။ သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်အမာနှင့် ဒေါ်လှ တင်ပါရှစ်ဦး၊ ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၁၆၁ အမှုမှာ အစ္စလာမ်ဘာသာဝင် လင် ယောကျ်ားကွယ်လွန်သောအခါ ဇနီး ဖြစ်သူ ဗုဒ္ဓဘာသာဝင်က မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်း မြားခြင်းနှင့် အမွေဆက်ခံခြင်း ဥပဒေ အရ အမွေဆက်ခံသည်။ ဗုဒ္ဓဘာသာ ဝင် မိခင်ကွယ်လွန်သော် မြန်မာ ဗုဒ္ဓ ဘာသာဝင်တစ်ဦး၏ အမွေကို ဘာသာခြားသားသမီးများကလည်း အမွေရခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါ တယ်''

''သူငယ်ချင်းရဲ့ ပြောစကားအရ ဆိုရင် ခရစ်ယာန်ဘာသာဝင် သမီး ငယ်ကလည်း အမွေဆက်ခံခွင့်ရ တယ်ပေါ့''

''မှန်ပါတယ်။ ဒါကြောင့် ညီ အစ်မနှစ်ဦးလုံးအမွေရခွင့်ရှိတဲ့အ တွက် နှစ်ဦးသဘောတူမှ ဝယ်ပါသူ ငယ်ချင်း''ဟု အကြံပြုဆွေးနွေးလိုက် ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : ထီယု(ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ၿခံေျမ၀ယ္ယူလုိသူမ်ား သတိျပဳစရာ ကိုးကြယ္ဘာသာ မတူသည့္ မိဘမ်ား၏ ေျမႏွင့္အိမ္ကို ၀ယ္မည္ဆုိလွ်င္

''ကုိးကြယ္ရာ ဘာသာမတူသူ သားသမီးေတြက မိဘဆီက အေမြရ ပုိင္ခြင့္ရွိပါသလား''ဟု မိတ္ေဆြတစ္ ဦးက စာေရးသူထံ လာေရာက္ေဆြး ေႏြးပါသည္။

''ဘယ္လုိအခက္အခဲရွိေနလုိ႔ လဲ သူငယ္ခ်င္း''ဟု စာေရးသူမွ ေမး ျမန္းလုိက္သည္။

''ေျမကြက္ဝယ္ဖုိ႔သြားၾကည့္ တယ္ သူငယ္ခ်င္း၊ အဲဒါစိတ္ထဲဘဝင္ မက်လု႔ိ လာၿပီး ေဆြးေႏြးတာပဲ''

''ဘယ္လုိေျမကြက္လဲ၊ ဂရန္ေျမ လား''

''ဂရန္ေျမေတာ့ မဟုတ္ဘူး။ ရြာ ေျမလုိ႔ ေျပာတာပဲ၊ တုိက္ခံအိမ္လုိ႔ ေခၚရမွာေပါ့ကြယ္''

''ေအာက္ထပ္က အုတ္တက္ၿပီး အေပၚထပ္က ပ်ဥ္ကာအိမ္မဟုတ္ လား''

''ဟုတ္ပါတယ္။ ရြာေျမဆုိေတာ့ အေရာင္းအဝယ္လုပ္လုိ႔ရပါသလား''

''အေရာင္းအဝယ္ေတာ့ လုပ္လုိ႔ ရပါတယ္။ ဒါေပမယ့္ မွတ္ပုံတင္စာ ခ်ဳပ္ေတာ့ ခ်ဳပ္လုိ႔မရဘူး။ ေျမစာရင္း ဦးစီးဌာနမွာ တင္ျပၿပီး အမည္ေပါက္ ေလွ်ာက္ထားႏုိင္ပါတယ္''

''ေျမစာရင္းဦးစီးဌာနမွာ စုံစမ္း ေတာ့ ရြာေျမအျဖစ္ သတ္မွတ္ထား တယ္လုိ႔ေတာ့ ေတြ႔ရတယ္''

''ဒါဆုိ ဘာအခက္အခဲရွိလုိ႔လဲ၊ ေျမအမည္ေပါက္လြဲေနလုိ႔လား''

''ေျမစာရင္းဦးစီးဌာနက ေျမ အမည္ေပါက္ေတာ့ မဟုတ္ဘူး။ ေျမ ကုိ ပုိင္းျခားၿပီး ေရာင္းထားတယ္''

''သူငယ္ခ်င္းဝယ္မယ္ဆုိတဲ့ အ ပုိင္းက ခြဲေရာင္းထားတဲ့အပုိင္းလား''

''မဟုတ္ဘူး၊ မူလအမည္ေပါက္ ရဲ႕ ေျမးျဖစ္သူက ေရာင္းမွာ''

''ဒါဆုိပိုၿပီး အဆင္ေျပတာေပါ့''

''အေမြခံသူျဖစ္ေပမယ့္ ဘာသာ ျခားေတြျဖစ္ေနေတာ့ အေမြဆက္ခံ ခြင့္ ႐ႈပ္ေနလုိ႔ သူငယ္ခ်င္း''

''မူလအမည္ေပါက္က အဘုိး အဘြားအမည္လား၊ ႏွစ္ဦးအမည္ ေပါက္ေနသလား''

''မူလအမည္ေပါက္က အဘုိး အမည္ေပါက္ျဖစ္တယ္။ အဘုိး အဘြားႏွစ္ဦးလုံးက ခရစ္ယာန္ ဘာသာကုိးကြယ္ၾကတယ္။ သူ႔မွာ သားတစ္ဦးထြန္းကားတယ္'' ''သားျဖစ္သူက ဘာသာျခားနဲ႔ လက္ထပ္ခဲ့လုိ႔လား''

''ဟုတ္တယ္ သူငယ္ခ်င္း၊ သား ျဖစ္သူက ခရစ္ယာန္ဘာသာဝင္ျဖစ္ ေပမယ့္ ျမန္မာဗုဒၶဘာသာဝင္ အမ်ဳိး သမီးကို လက္ထပ္ယူလုိက္တယ္''

''ဟုတ္ၿပီ။ အဲဒီဘာသာမတူသူ လင္မယားႏွစ္ဦးက သားသမီးထြန္း ကားေသးလား''

''သားသမီးႏွစ္ဦးထြန္းကား တယ္''

''သူတုိ႔ႏွစ္ဦးလုံးက ဘယ္ဘာ သာ ကိုးကြယ္ၾကသလဲ''

''သမီးႀကီးက မိခင္ဘာသာျဖစ္ တဲ့ ဗုဒၶဘာသာကုိးကြယ္ၿပီး ဗုဒၶ ဘာသာဝင္ ေယာက်္ားနဲ႔ လက္ထပ္ လုိက္တယ္''

''သမီးႀကီးက ဗုဒၶဘာသာကုိး ကြယ္တယ္ဆုိေတာ့ ေနာက္တစ္ ေယာက္က ခရစ္ယာန္ဘာသာ ကုိး ကြယ္တဲ့ သူျဖစ္မွာေပါ့''

''သမီးငယ္ကေတာ့ ဖခင္ကုိး ကြယ္တဲ့ ခရစ္ယာန္ဘာသာကုိ ကုိး ကြယ္တယ္''

''အခုေရာင္းမယ္ဆုိတဲ့ အိမ္မွာ ဘယ္သူေနသလဲ၊ ဘယ္သူက ကန္႔ ကြက္ေနလုိ႔လဲ''

''သမီးငယ္ကေနတယ္။ သူက ေရာင္းမယ္လုိ႔ေျပာတာနဲ႔ သြားၾကည့္ တာ သူငယ္ခ်င္း၊ ေနာက္ပုိင္းမွ သမီး ႀကီးတစ္ေယာက္ရွိတယ္ဆုိတာ သိရ တယ္''

''သမီးႀကီးက အိမ္ေထာင္ခြဲၿပီး ေနတာေပါ့''

''ဟုတ္ပါတယ္။ သမီးငယ္က လည္း ကရင္လူမ်ဳိး ခရစ္ယာဥ္ ဘာသာဝင္နဲ႔ လက္ထပ္ထားတာ သူငယ္ခ်င္း''

''ကဲ-ဒါဆုိရင္ ဥပေဒေၾကာင္း အရ ေဆြမ်ဳိးစပ္ရမွာေပါ့''

''အဘုိးအဘြားကလည္း သက္ ရွိထင္ရွားမရွိေတာ့ဘူး။ အေဖအေမ ကလည္း ကြယ္လြန္သြားၾကၿပီ မဟုတ္လား''

''ဟုတ္ပါတယ္။ ဒါဆုိရင္ ဖခင္ နဲ႔ မိခင္မွာ အရင္ကြယ္လြန္သူ ဘယ္ သူလဲဆုိတာ သိပါသလား''

''သူတုိ႔ ေျပာစကားအရေတာ့ ဖခင္က အရင္ကြယ္လြန္သြားတယ္ လုိ႔ ေျပာပါတယ္''

''ဒါဆုိ ဥပေဒေၾကာင္းအရ စဥ္း စားရင္ ဖခင္က သားတစ္ဦးတည္းဆုိ ေတာ့ အဘုိးအဘြားရဲ႕ အေမြကို ဖခင္ ျဖစ္သူကသာ အေမြရမွာျဖစ္တဲ့အ တြက္ အျငင္းပြားမယ့္သူမရွိဘူး''

''ဖခင္ျဖစ္သူက ခရစ္ယာန္ ဘာသာကုိးကြယ္ၿပီး မိခင္က ဗုဒၶ ဘာသာဝင္ဆုိေတာ့ အေမြက ဘယ္ လုိျဖစ္သြားႏုိင္သလဲ''

''သူငယ္ခ်င္းေျပာစကားအရ ဆုိရင္ ဖခင္ျဖစ္သူက အရင္ကြယ္ လြန္တယ္ဆုိေတာ့ ဗုဒၶဘာသာျမန္မာ အမ်ဳိးသမီးမ်ားထိမ္းျမားျခင္းႏွင့္ အေမြဆက္ခံျခင္းဥပေဒအရ ဖခင္ထံ ဆင္းသက္ခဲ့တဲ့ အေမြပစၥည္းအိမ္နဲ႔ ေျမဟာ မိခင္ျဖစ္တဲ့ ဇနီးထံဆင္း သက္သြားမွာျဖစ္တယ္''

''ဒါဆုိရင္ သူငယ္ခ်င္းေျပာ စကားအရ ေနာက္ဆုံးပစၥည္းပိုင္ရွင္ အေမြရွင္က ျမန္မာဗုဒၶဘာသာဝင္ မိခင္ျဖစ္ေနတာေပါ့''

''မွန္ပါတယ္''

''ဒါေပမယ့္ သမီးငယ္က ဖခင္ အေမြမုိ႔ ခရစ္ယာန္ကိုးကြယ္တဲ့သူပဲ အေမြရမွာျဖစ္လုိ႔ အစ္မျဖစ္သူက ကန္႔ကြက္ခြင့္မရွိဘူးလုိ႔ ေျပာတယ္။ အဲဒါ ဟုတ္ပါသလား''

''အဲဒီလုိေတာ့ မဟုတ္ဘူး။ ဥပေဒအရ ဖခင္ကအရင္ ကြယ္လြန္ လုိ႔ အေမြရွင္ဟာ ဗုဒၶဘာသာဝင္ မိခင္ျဖစ္လုိ႔ ဗုဒၶဘာသာဓေလ့ထုံး တမ္း ဥပေဒအရ ဆုံးျဖတ္ရမွာျဖစ္ တယ္''

''ဘာသာမတူတဲ့ ခရစ္ယာန္ သမီးငယ္က အေမြဆက္ခံခြင့္မရႏုိင္ ဘူးေပါ့''

''ဒီလုိမဟုတ္ဘူး။ သူငယ္ခ်င္းကုိ ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚအမာႏွင့္ ေဒၚလွ တင္ပါရွစ္ဦး၊ ၂ဝဝ၃ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ -၁၆၁ အမႈမွာ အစၥလာမ္ဘာသာဝင္ လင္ ေယာက်္ားကြယ္လြန္ေသာအခါ ဇနီး ျဖစ္သူ ဗုဒၶဘာသာဝင္က ျမန္မာဗုဒၶ ဘာသာဝင္ မိန္းမမ်ား အထူးထိမ္း ျမားျခင္းႏွင့္ အေမြဆက္ခံျခင္း ဥပေဒ အရ အေမြဆက္ခံသည္။ ဗုဒၶဘာသာ ဝင္ မိခင္ကြယ္လြန္ေသာ္ ျမန္မာ ဗုဒၶ ဘာသာဝင္တစ္ဦး၏ အေမြကို ဘာသာျခားသားသမီးမ်ားကလည္း အေမြရခြင့္ရွိတယ္လုိ႔ ဆုံးျဖတ္ထားပါ တယ္''

''သူငယ္ခ်င္းရဲ႕ ေျပာစကားအရ ဆုိရင္ ခရစ္ယာန္ဘာသာဝင္ သမီး ငယ္ကလည္း အေမြဆက္ခံခြင့္ရ တယ္ေပါ့''

''မွန္ပါတယ္။ ဒါေၾကာင့္ ညီ အစ္မႏွစ္ဦးလုံးအေမြရခြင့္ရွိတဲ့အ တြက္ ႏွစ္ဦးသေဘာတူမွ ဝယ္ပါသူ ငယ္ခ်င္း''ဟု အႀကံျပဳေဆြးေႏြးလုိက္ ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : ထီယု(ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service