ပုံစံ (၁၀၅)ကျပြီးသော ရွာမြေကိုတိုးချဲ့ခြင်း
ပုံစံ (၁၀၅)ကျပြီးသော ရွာမြေကိုတိုးချဲ့ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2020 12:28 pm တွင် တင်ခဲ့သည်
7198 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
စာရေးသူသည် ပုံစံ(၁၀၅) ဆိုသည်မှာ ဟူသော ခေါင်းစဉ်ဖြင့် (၂၀၁၅) ခုနှစ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပုံစံ(၁၀၅)ရရုံနှင့်ကျရုံဖြင့် မြို့/ရွာမြေတိုးချဲ့ခြင်း၊ အိမ်ယာဆောက်လုပ် နေထိုင်ခြင်း၊ အကွက်ရိုက်၍ ရောင်းချခြင်းလုံးဝပြုလုပ်၍ မရပေ။ ပုံစံ(၁၀၅)ဆိုသည်မှာ- လယ်ယာမြေပေါ်တွင် ဆောင်ရွက်မည့်ကိစ္စရပ်အတွက် အမှုတွဲ(သို့) လုပ်ငန်းစာတွဲတည်ဆောက်ရန် (မြေပုံရေးကူးခွင့် လျှောက်ထားပြီးမှ) ပူးတွဲတင်ပြရသော သက်သေခံမြေပုံသာဖြစ်သဖြင့် ခွင့်ပြုမိန့်မဟုတ်ပါ။ မသိနားမလည်သော သူများက ပုံစံ(၁၀၅)ပြလျှင် ပိုင်ဆိုင်မှုအထောက်အထားတစ်ရပ်ဟု ယခုထိ ထင်မြင်ယူဆ နေကြသည်။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိရန်အတွက်ဆိုလျှင် အရေးကြီးဆုံးအချက်မှာ အမှုတွဲ(သို့)လုပ်ငန်းစာတွဲတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) မုချပါရှိရမည်ဖြစ်သည်။ ၎င်းလက်မှတ်သည် လျှောက်ထားသည့်ကိစ္စရပ်တိုင်းတွင် အရေးပါသည်။
ပုံစံ(၇)ရပြီး၍ ရွာမြေကို တိုးချဲ့ခြင်း(သို့) အခြားနည်းအသုံးပြုခြင်း
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ဟူသည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုမိန့် မဟုတ်သဖြင့် ပုံစံ(၇)ရပြီးပြီဆိုရုံမျှနှင့် ရွာမြေတိုးချဲ့၍မရပေ။ လယ်ယာမြေကို အခြားနည်းအသုံးပြုလိုက (ဥပမာ- ရွာမြေတိုးချဲ့လိုပါက) လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ-၁၄)အား ဖြည့်စွက်ရေးသား၍ သက်သေခံမြေပုံ(မြေစာရင်းပုံစံ-၁၀၅)နှင့်ပတ်ဝန်းကျင်ပြမြေပုံ၊ ပုံစံ(၇)၊ အခြားလိုအပ်သည့် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးသို့ လျှောက်ထားရမည်။ ထိုအခါ၎င်းရုံးမှ လယ်မြေဆိုလျှင် ပုဒ်မ ၃၀-က၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေဆိုလျှင် ပုဒ်မ-၃၀(ခ)အမှုတွဲဖွင့်လှစ် ဆောင်ရွက်ပြီးနောက် အထက်အဆင့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်ပေးပို့တင်ပြကြရသည်။ အမှုတွဲပြည့်စုံမှန်ကန်ပြီး အောက်ခြေလယ်ယာစီမံခန့်ခွဲမှုအဖွဲ့မှ အဆင့်ဆင့်ထောက်ခံတင်ပြလာပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေအားအခြားနည်း အသုံးပြုရန်ခွင့်ပြုမိန့်(ပုံစံ-၁၅)ထုတ်ပေးမည် ဖြစ်၍ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး အခြားလယ်ယာမြေအား အခြားနည်းဖြင့်အသုံံးပြုရန် ခွင့်ပြုမိန့်၊ ပုံစံ (၁၅-က)ထုတ်ပေးမည်ဖြစ်ပါသည်။ ပုံစံ- ၁၅ (သို့) ပုံစံ-၁၅(က) လက်ဝယ်ပိုင်ဆိုင်ရရှိတော့မှ ရွာမြေတိုးချဲ့ခြင်း ပြုလုပ်နိုင်ပေမည်။ သို့ဖြစ်၍ ထန်းတပင်အနောက်ပိုင်းတက္ကသိုလ်အနီး၊ ရွှေပြည်သာ၊ လှည်းကူး၊မှော်ဘီ၊စသည့် မြို့နယ်ရှိ ရပ်ကွက်များတွင် (၂၀×၆၀)ပေ၊ (၄၀×၆၀)ပေ မြေကွက်များအား ဈေးပေါသည်ဟုထင်မြင်ပြီး လိုက်လံဝယ်ယူသူများအနေနှင့် မြေကွက်ရိုက်၍ ရောင်းချသူ(သို့) လယ်မြေပိုင်ရှင်၏ လက်ဝယ်တွင် လယ်ယာမြေအား အခြားနည်းဖြင့် အသုံံးပြုရန် ခွင့်ပြုမိန့်၊ ပုံစံ- ၁၅ (သို့) ပုံစံ-၁၅(က) လက်မှတ်ကိုင်ဆောင်ပြသနိုင်မှသာ ဝယ်ယူသင့်ပါကြောင်း လယ်ယာမြေဥပဒေစာစုများမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
The Crest
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service