အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်းသိမ်းနည်း
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်းသိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Jul 2020 1:39 pm တွင် တင်ခဲ့သည်
1428 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ခေတ်မီတိုးတက်ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရကော၊ တိုးများလာတဲ့ လူဦးရေနေထိုင်မှုအရကြောင့်ပါ ကျွန်တော်တို့တွေရဲ့ နေထိုင်မှုပုံစံတွေက မြေကြီးထုကြမ်းပြင်နဲ့ထိတွေ့ဖို့ ခက်ခဲသွားတဲ့အထပ်မြင့်အလုံပိတ် တိုက်ခန်းတွေနဲ့ နေထိုင်လာကြရတာများလာပါတယ်။ ဒီလိုမျိုးအခန်းတွင်းမှန်တွေအထပ်ထပ်ကာရံထားပြီး ပြင်ပ လေမဝင်ပဲ ဖန်တီးထားတဲ့ အောက်ဆီဂျင်လေထုနဲ့ အသက်ရှင်နေ ထိုင်ရတဲ့ အခြေအနေက တကယ့်ဆိုးရွားလွန်းပြီး ကျန်းမာရေးအ တွက်လည်း ထိခိုက်စေပါတယ်။
ဒီအနေအထားအတွက် လူ့ကျန်းမာရေး လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းရဲ့အကြံပေးချက် စာတစ်စောင်ထဲဖော်ပြဖူးတာက အခန်းတွင်း ပန်းပင်လေးတွေ စိုက်ပျိုးထားသင့်ပါတယ်တဲ့။ အပင် လေးတွေ ကနေထုတ်လွှတ်တဲ့ သန့်စင်တဲ့ အောက်ဆီဂျင်ကိုရယူလို့ရနိုင်ပါသေးတယ်လို့ အကြံပေးထားပါတယ်။
ဒါပေမယ့် ဒီလိုမျိုး နေအလင်း ရောင်ကောင်းစွာမရ၊ သဘာဝလေမထိတဲ့ အခန်း တွေမှာ အပင် လေးတွေရှင်သန်ဖို့အတွက် ဘယ်လိုပြုစုပျိုးထောင် ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေသိထားရမှာ ဖြစ် လို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ အိမ်တွင်းမှာစိုက်ပျိုးမယ့် အပင်လေးတွေကို နေရာချတဲ့အခါမှာ သင့်တော်တဲ့နေရာကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ဥပမာ - ရာသီ ဥတုအခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ။ အခန်းတွင်းအ နေအထားလုံးဝမပြောင်းလဲနိုင်တဲ့နေရာမျိုးမှာ ထားပြီးစိုက်ပျိုးပါ။ နေရောင်နဲ့ သဘာဝလေထုကို မရသော်လည်းပဲ အခန်းတွင်းကလေထု နဲ့တင် ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီ့အတွက်ကြောင့် မျှတနဲ့အနေ အထားနဲ့ သင့်တော်မယ့်နေရာမှာပဲ ပန်းပင်လေးတွေ စိုက်ပျိုးသင့်ပါတယ်။
၂။ပန်းပင်လေးတွေအတွက် ရေလောင်းခြင်းနဲ့ ရေဝင်ရေထွက်စနစ်ကို အကောင်းဆုံးဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။ အပင်ရဲ့ အမြစ်နဲ့ပင်စည်တို့ရဲ့ ရေစုပ်ယူမှုအတွက် ရေလောင်းပေးခြင်းကို အချိန်အဆနဲ့သာပြုလုပ်ပေးရမှာပါ။ နေရောင်ခြည်မရတဲ့ အခန်းတွင်းအနေအထားကြောင့် အပင်မှာ အမြဲလိုလိုအစိုဓာတ်ကရှိနေ တာကြောင့် ရေလောင်းခြင်းကို ပုံမှန်ထက်လျော့ပြီးလိုက်ရုံနဲ့တင် အပင်ရဲ့ရှင်သန်ကြီးထွားမှု လုံလောက်စွာ ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
၃။ အလင်းရောင်ကောင်းကောင်း မှီဝဲနိုင်ပါစေ။ သဘာဝအလင်း ရောင်အများကြီး မရနိုင်ရင်တောင် အလင်းရောင်နည်းနည်းထိုး ဖောက်ဝင်ရောက်နိုင်အောင် ဖန်တီးပေးသင့်ပါတယ်။ သဘာဝအ လင်းရောင်ရတဲ့အပင်နဲ့ အလင်းရောင်လုံးဝမရတဲ့ အပင်တွေရဲ့ ရှင်သန်မှုကမတူညီပါဘူး။ အလင်းရောင်ကောင်းကောင်းရတဲ့အပင်ကတော့ တာရှည်စွာရှင်သန်ကြီးထွားနိုင်ပြီး အလင်းရောင်မရတဲ့ အပင်ကတော့ မရှင်သန်နိုင်မှာမဟုတ်ပါဘူး။
၄။ အပင်ကြီးထွားဆေး၊ ဖျန်းဆေးတွေအသုံးပြုမှုကို စနစ်တကျသုံးစွဲ တတ်ဖို့လိုပါတယ်။ ကိုယ့်အပင်လေး ကြီးထွားသန်မာဖို့အတွက်ကိုပဲ ပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေပဲ ဖျန်းနေပေးလို့ မရပါ ဘူး။ ဓာတုဗေဒဆေးဝါးဒဏ်တွေကို အပင်ငယ်က ခံနိုင်ရည်မရှိတာ ကြောင့် အပင်သေဆုံးသွားတာတွေ၊ ညိုးနွမ်းသွားတာမျိုးတွေဖြစ် လာနိုင်ပါတယ်။ ကိုယ့်အပင်နဲ့ သင့်တင့်မျှတလောက်တဲ့ ဆေးဝါး၊ ကြီးထွားဆေး ပမာဏလောက်ကိုပဲ သုံးစွဲပေးသင့်ပါတယ်။
၅။ အပင်အတွက် နေရာချစိုက်ပျိုးခြင်းကို ခဏခဏပြောင်းရွှေ့တာ မျိုးတွေ မလုပ်ပါနဲ့။ ဒီနေရာ၊ ဟိုနေရာပြောင်းရွှေ့ခြင်းက လုံလောက်တဲ့ စွမ်းအင်နဲ့နေသားတကျ မရှိခြင်းကြောင့် အပင်အတွက်ကြီးထွားမှုကို အားနည်းစေပါတယ်။ အရွှေ့အပြောင်းတွေများခြင်းကြောင့်လည်းအပင်ကို ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်လာစေနိုင်တာပဲဖြစ် ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Maha Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service