အိမ်အသစ်ဆောက်လုပ်မှုအတွက် ငွေကြေးကုန်ကျစရိတ် မမှားယွင်းရလေအောင်
အိမ်အသစ်ဆောက်လုပ်မှုအတွက် ငွေကြေးကုန်ကျစရိတ် မမှားယွင်းရလေအောင် - Property Knowledge in Myanmar from iMyanmarHouse.com
10 Jul 2020 2:51 pm တွင် တင်ခဲ့သည်
1612 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
နေရာထိုင်ခင်းအသစ်တစ်ခုကို ပြောင်းပြီးနေထိုင်ဖို့ စိတ်ကူးသင့်ဆီမှာရှိနေတယ်ဆိုပါ စို့။ ဒီနေရာလေးကတော့ ပတ်ဝန်းကျင်ကောင်းတယ်။ ရှုခင်းမြေနေရာကောင်းတယ်။ တိတ်တိတ်ဆိတ်ဆိတ်လည်း ရှိတယ်။ စီးပွားရေးလုပ်ငန်းအတွက်လည်းကောင်းတယ်။ သွားရေးလာရေးအတွက်လည်း အဆင်ပြေတယ်။ နေလို့ထိုင်လို့ကောင်းမယ့်နေရာတစ် ခုလို့ သင့်စိတ်ကြိုက်ရွေးချယ်ပြီးတဲ့နောက် သင့်ကိုယ်ပိုင်အိမ်တစ်လုံးဆောက်လုပ်တော့မယ်ဆိုရင် ဆောက်လုပ်မှုကုန်ကျစရိတ်အတွက် စာရင်းဇယားတွက်ချက်မှုက အရမ်းကိုအရေးကြီးပါတယ်။
တကယ်အမှန်လိုအပ်တဲ့နေရာတွေမှာ ငွေကြေးတွေကို အသုံးပြုပြီး မလိုအပ်တဲ့အပိုနေရာတွေမှာ ကုန်ကျစရိတ်လျှော့ချနိုင်လိုက်တဲ့ ငွေစာရင်း ဇယားစီမံခန့်ခွဲမှုက ကောင်းမွန်သေချာနေမယ်ဆိုရင် သင့်ရဲ့ အိမ်သစ်တစ်လုံးဆောက် လုပ်မှုက ပြီးပြည့်စုံပြီး အလေအလွင့်မရှိပဲ ဆောက်လုပ်ပြီးစီးသွားနိုင်မှာဖြစ်ပါတယ်။ အိမ်ဆောက်လုပ်ခြင်းမှ မဟုတ်ပါဘူး။ ငွေရေးကြေးရေး သုံးစွဲတတ်ခြင်းစီမံခန့်ခွဲမှု ကနေရာတိုင်းမှာ အရေးကြီးပါတယ်။ အသုံးစရိတ်ကိုချွေတာနိုင်မယ်ဆိုရင် နောင်တချိန် ဆိုတဲ့ အချိန်တစ်ခုမှာ အဆင်ပြေပြေနဲ့ မပူမပင်နေသွားနိုင်မှာမို့ပါ။ ဒီ့အတွက် နေအိမ် ဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ငွေကြေးသုံးစွဲစီမံခန့်ခွဲမှုအတွက် အလေအလွင့်တွေမဖြစ်ရလေအောင် ဗဟုသုတဖြစ်စေမယ့် အချက် ၅ ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်
၁။ အိမ်တစ်လုံး မဆောက်လုပ်ခင်ကတည်းက ဆောက်လုပ်မယ့်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အသေးစိတ် အသေအချာ လေ့လာသိထားသင့်ပါတယ်။
ဘယ်လိုမြေအမျိုး အစားဖြစ်မလဲဆိုတာကိုပါ။ အိမ်တစ်လုံးရဲ့ အခြေခံအုတ်မြစ်ချ ဆောက်လုပ်ဖို့အတွက် မြေအမျိုးအစားနဲ့ပတ်ဝန်းကျင်က အရေးကြီးပါတယ်။ အိမ် ဒီဇိုင်း၊ ဘယ်လိုပုံစံအခန်း ဖွဲ့မှုမျိုးတွေနဲ့ တည်ဆောက်သွားတာတွေကလွယ်ကူတယ် ဆိုပေမယ့် တကယ်တမ်း အိမ်ဆောက်လုပ်တဲ့နေရာမှာ မြေရွေးချယ်မှုနဲ့ကွဲလွဲတဲ့ ဆောက်လုပ်မှုတွေကြောင့်အိမ်တစ်လုံးရဲ့တာရှည်ခိုင်ခံ့မှုတွေမှာ ခံနိုင်ရည်မရှိတာ မျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါ့ ကြောင့်မို့လို့နေပြီး သိပ်မကြာခင်မှာပဲ အိမ်ရဲ့ အခန်းတချို့မှာ ယိုယွင်းမှုတွေ၊ မြေပြို မှုတွေနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်လာပြီး ပြန်လည်ပြုပြင်ရမယ့် ကုန်ကျစရိတ်ထပ်မံ ကုန်ကျလာနိုင်တာပဲဖြစ်ပါတယ်။
၂။ သင့်အိမ်ဆောက်လုပ်မှုကို တိကျသေချာတဲ့ ကန်ထရိုက်ဆောက်လုပ်သူတွေနဲ့သာ အပ်နှံပြီးဆောက်လုပ်ပါ။
လိုင်စင်ရအင်ဂျင်နီယာ ဆောက်လုပ်သူတွေပဲငှားငှား၊ ဒါမှမ ဟုတ် အိုးအိမ်တိုက်တာဆောက်လုပ်ခြင်းတွေအတွက် ဝါရင့်သမ္ဘာရင့်လက်သမားတွေ ကိုငှားငှား သင့်အိမ်ဆောက်လုပ်မှုကို စိတ်ချလက်ချတာရှည်ခိုင်ခံ့အောင် ဆောက်လုပ် ပေးမယ့် သူတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။ အိုးအိမ်ဆောက်လုပ်မှုအတွက် အိမ် ဆောက်ပစ္စည်းအုတ်၊ သဲ၊ ကျောက်၊ သွပ်၊ သံ၊ ဝါး ဘိလပ်မြေ စသဖြင့်တို့အသုံး၊ ရွေးချယ်မှုနဲ့ အချိန်အဆကို တိတိကျကျနားမလည်ပဲ ပုံသေနည်းအတိုင်းတွက်ချက်ပြီး ဆောက်လုပ်လိုက်မယ်ဆိုရင် သင့်အိမ်ရဲ့တာရှည်ခံနိုင်ရည်က သက်တမ်းကြာရှည်ခံ နိုင်မှာမဟုတ်ပါဘူး။ ဒီ့အတွက်ကြောင့် လက်သမားငှားရမ်းခလည်းကုန်မယ်။ ကိုယ့် အိမ်အတွက်လည်း ပြီးပြည့်စုံ စိတ်ချထားလို့လည်း မရဆိုတော့ ငွေသာကုန်သွားတယ် စိတ်တိုင်းကျရတယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။
၃။ ကြီးမားလွန်းတဲ့ အိမ်တစ်လုံးအဖြစ် မဆောက်လုပ်သင့်ပါဘူး။
အိမ်အသစ်မှာ မနေထိုင်ခင်ကတည်းက သင်ကအိမ်ထောင်ပရိဘောဂတွေ စုဆောင်း တတ်လို့ ပစ္စည်းတွေများပြားလွန်းနေရင်တော့ ကျယ်လွန်းတဲ့ အိမ်ကသင့်တော်အဆင်ပြေပေမယ့် ရေရှည်မှာတော့ မလွယ်ကူနိုင်ပါဘူး။ ဘာလို့လဲဆိုတော့စပြီးဆောက်လုပ်ကတည်းက အိမ်ကြီးမားလို့ ငွေကုန်ကြေးကျများခဲ့ရာကနေ နေထိုင်ပြီဆိုလည်း ထိန်းသိမ်းရတဲ့ အခြေအနေနဲ့ နောက်ပြီးပြန်လည်ပြုပြင်ရမယ့် ကုန်ကျစရိတ်တွေကလည်း မသေးပါဘူး။ အိမ်ကျယ်လေ ပိုပြီးထိန်းသိမ်းရလေပဲလို့ ဆိုရမှာပါ။ အိမ်ရဲ့ အဓိကလိုအပ်မယ့် အခန်းတွေအပြင် အခြားအပိုအခန်းတွေ၊ အသုံးမပြုတဲ့အခန်းတွေ ထည့်ပြီးတည်ဆောက်ထားတာကြောင့် အဲ့ဒီအခန်းပိုတွေအတွက်လည်း ထိန်းသိမ်းမှု၊ ပြင်ဆင်မှုတွေ ပြုလုပ်ရတာကြောင့် အပိုငွေတွေကုန်ကျနိုင်ပါတယ်။
၄။ သင့်အိမ်ကို ပြန်အရောင်းထုတ်လို့ရမယ့်ဈေးနှုန်းကို စဉ်းစားပါ။
ဒီ အိမ်မှာပဲ တစ်သက် လုံးနေထိုင်သွားမယ်လို့ စိတ်ကူးရှိရင်တော့ ဒီအကြောင်းကို ခေါင်းထဲထည့်စရာမလိုပါ ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုပြီးသိနိုင်တာမဟုတ်တော့ စကားအကုန်ပြောလို့မရပြန်ပါဘူး။ နောင် ၁၀ နှစ် ၁၅ နှစ်အတွင်း ကိုယ့်အိမ်ရဲ့ဈေးနှုန်းကဘယ်လောက်ထိ တန်ကြေးရှိသလဲ။ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချနိုင်မလဲဆိုတာကို စဉ်းစားထားပါ။ ဆိုကြပါစို့။ စပြီးဆောက်လုပ် တုန်းကတော့ တစ်သတ်တာနေထိုင်ဖို့ ဆောက်လုပ်ခဲ့ကြတယ်ဆိုပေမယ့်လည်း တစ် စုံတစ်ခုသော မလွှဲမရှောင်သာအခက်အခဲကြောင့် ကိုယ့်အိမ်ကို လက်တလော ပြန်ပြီး အရောင်းထုတ်ရတော့မယ်ဆိုရင်တော့ ကိုယ့်အိမ်ရဲ့ဆောက်လုပ်မှုကုန်ကျစရိတ်နဲ့ ဈေး ကွက်အနေအထား တန်ကြေးတို့ကို စုံစမ်းသင့်ပါတယ်။ အိမ်ခြံမြေအရောင်းလောကမှာ ရှိတတ်တဲ့ သဘောတရားလေးက ဘယ်လိုပဲ အိမ်အသစ်တစ်လုံးကိုရောင်းရောင်း မူလ က ရောင်းဝယ်တဲ့ဈေးနှုန်း၊ ဆောက်လုပ်တဲ့ဈေးနှုန်းအတိုင်းမရနိုင်တော့တာအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ပိုင်ရှင်က အရေးတကြီးရောင်းချင်လို့(ဗိုက်နာလို့) ပဲဖြစ်ဖြစ်၊ ဒါမှမ ဟုတ်တခြားချို့ယွင်းချက်တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်လို့ ဆိုပြီး အိမ်ဈေးနှုန်းကို နှိမ်ချိုး လိုက်ကြတာကြောင့်ပါပဲ။
၅။ စိတ်ကူးထဲက သီရိဂေဟာစံအိမ်လေးအတိုင်း တည်ဆောက်သွားဖို့စိတ်မကူးထားပါ နဲ့။
ကိုယ်ပိုင်အိမ်ကလေးနဲ့ နေထိုင်တော့မယ်ဆိုရင်တော့ ဘယ်လိုလှပတဲ့ အိမ်ကလေးနဲ့ နေထိုင်မယ်။ ဘယ်လောက်ကဗျာဆန်လိုက်မယ်။ စိတ်ကူးယဉ်အိပ်မက်ဆန်နေရမယ်။ ဘာအရောင်လေးသုတ်မယ်။ ဘယ်ဒီဇိုင်းလေးနဲ့ ဘယ်လိုလေးဆောက်လုပ်လိုက်မယ် ဆိုတဲ့ အတွေးတွေကို ခဏဘေးဖယ်ထားပြီး တကယ့်လက်တွေ့ဆန်တဲ့အိမ်အဆောက် အအုံမျိုးကိုပဲ ဆောက်လုပ်စေချင်ပါတယ်။ တကယ်လိုအပ်မယ့် အိမ်အနေအထားနဲ့ လို အပ်မယ့် အိမ်အသုံးအဆောင်တွေ အတွက်ပဲတည်ဆောက်ပြီး ငွေကုန်ကြေးကျခံသင့်ပါ တယ်။ အပေါ်ယံလှပ ခမ်းနားအောင်ဆောက်လုပ်ပြီး ဆောက်လုပ်မှုက မခိုင်ခံ့မသေ သပ်ရင်ဖြင့် အချိန်အကြာကြီးနေထိုင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပေါ်ယံအလှအပ က အချိန်အကြာကြီးမခံဘူးဆိုတာမျိုးပေါ့။
ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service