မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့်ချက်ပြုတ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက် (၅) ရပ်
မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့်ချက်ပြုတ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက် (၅) ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2020 3:21 pm တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ အစာတွေကို ထုတ်ယူပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်လိုက်ရင် သုံးမိနစ်အတွင်း အစာတွေ ပူနွေးပြီး ချက်ထားခါစလို စားချင်စဖွယ် ဖြစ်သွားတတ်ပါတယ်။ ဒီလို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆိုတာကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ အောက်ပါအချက်ငါးရပ်ကို တွေ့ရှိခဲ့ရပါတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် အစာအာဟာရဓာတ်ကို လျော့ကျစေတယ်
အစာတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် ပင်ကိုအာဟာရဓာတ်တွေ လျော့ကျစေပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အထဲမှာ ထည့်ထားတဲ့ အစာထဲကို ရေမော်လီကျူးတွေ လှည့်လည်နေပြီး မော်လီကျူး ပွတ်တိုက်မှု ဖြစ်စေပါတယ်။ နောက်ဆုံးမှာ အပူရှိန်ကြောင့် အစာထဲက မော်လီကျူး တည်ဆောက်ပုံ ပြောင်းလဲသွားပြီး ရလဒ်အနေနဲ့ အာဟာရပါဝင်မှု လျော့ကျ သွားပါတော့တယ်။
မိုက်ခရိုဝေ့ဖ်အစာဟာ သွေးထဲက ဓာတ်တွေကို ပြောင်းလဲစေတယ်
ဆွစ်ဇ်ဆေးပညာ လေ့လာမှုအရ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးထားတဲ့ နွားနို့နဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့ သူတွေရဲ့ သွေးဟာ ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ပြင်ဆင်ထားပုံ မတူညီတဲ့ အစာတွေကိုစားတဲ့ လူရှစ်ဦးအား လေ့လာခဲ့ရာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ်ထားတဲ့ အစာစားထားရင် သွေးဖြူဥပမာဏ မြင့်တက်ပြီး သွေးနီဥပမာဏ လျော့နည်းနေတာကို လေ့လာတွေ့ရှိရပါတယ်။
မိုက်ခရိုဝေ့ဖ် မီးဖိုဟာ မိခင်နို့နဲ့ ဗီတာမင် B12 ကို လျော့ပါးစေတယ်
မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အစာကို အပူပေးလိုက်တဲ့အခါ ဗီတာမင် B12 ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးက လျော့ပါးသွားပါတယ်။ စားနပ်ရိက္ခာဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အပူပေးလိုက်တဲ့အခါ ဗီတာမင် B12 ဆုံးရှုံးသွားတဲ့ အစားအသောက်တွေက အမဲသား၊ ဝက်သား နဲ့ နွားနို့တွေလို ဗီတာမင် B12 ပါဝင်မှု များတဲ့ အစာတွေ ဖြစ်ပါတယ်။လေ့လာမှု ရလဒ်အရ အစာဟာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးပြီးတဲ့အခါ ဗီတာမင် ဆုံးရှုူံးမှုက ၃၀-၄၀ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ အပူပေးလိုက်တဲ့အခါ အစာထဲက ဗီတာမင် B12 ဟာ မတက်ကြွတဲ့ ပုံစံအဖြစ်ကို ပြောင်းသွားပါတယ်။
မိခင်နို့ထဲက ဘက်တီးရီးယား တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် ပစ္စည်းတွေ ဟာလည်း မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးလိုက်တဲ့အခါ ဆုံးရှုံးသွားတတ်ပါတယ်။ အေးခဲထားတဲ့ မိခင်နို့ နမူနာ ၂၂ ခုကို စမ်းသပ်ကြည့်ရာ အပူပေးချိန် ၃၀ စက္ကန့်အတွင်း အပူရှိန်မြင့်လေ၊ အီးကိုလိုင်ဘက်တီးရီးယားပိုး ပမာဏဟာ အခန်းအပူချိန်မှာ ထားတာထက် ၁၈ ဆ ပိုပွားများလေ ဖြစ်ကြောင်း တွေ့ရပါတယ်။ အပူချိန်နည်းနည်း ပေးတဲ့အခါ လိုင်ဆိုဇိုမ်းစွမ်းအား လျော့ကျပြီး ကလေးမှာ ဘက်တီးရီးယား ကူးစက်ခံရနိုင်ခြေများကြောင်း သိရပါတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုဟာ အစာထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ကို အားပေးတယ်
မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့အစာတွေကို အပူပေးတဲ့အခါ အစာထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ထွက်ရှိ လာစေပါတယ်။ ဂျာမန်နဲ့ ရုရှားလေ့လာမှုအရ မိုက်ခရိုဝေ့ဖ် မီးဖိုအကြောင်း ကျန်းမာရေးသတိပေးချက်တွေ ဖော်ပြခဲ့ဖူးကြောင်း၊ မိုက်ခရိုဝေ့ဖ်မီးဖိုထဲက ပလတ်စတစ်ထုပ်ပိုးထားတဲ့ အစာတွေမှာ BPA၊ ပိုလီအီသိုင်လင်းတာ့ပ်သားလိတ်၊ ဘန်ဇင်း၊ တော်လင်းနဲ့ ဇိုင်လင်းတို့လို အဆိပ်ရှိဓာတုပစ္စည်းတွေ ပါဝင်ကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးထားတဲ့ အစာတွေကိုပလတ်စတစ် ထုပ်ပိုးပြီး အပူပေးရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေထွက်လာပြီး အဲဒီအစာတွေစားတဲ့အခါ သင့်ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုဟာ နှလုံးခုန်နှုန်းကို ပြောင်းလဲစေတယ်
မိုက်ခရိုဝေ့ဖ်မီးဖိုကို အသုံးပြုစဉ်မှာ ဓာတ်ရောင်ခြည် 2 ဒဿမ 4 GHz နှုန်းကို အဆက်မပြတ် ထုတ်လွှတ်နေတာကြောင့် သင့်ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိစေပါတယ်။ ထရန့်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မိုက်ခရိုဝေ့ဖ်မီးဖိုက ထွက်လာတဲ့ဓာတ်ရောင်ခြည်ဟာ နှလုံးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲအပေါ် သက်ရောက်မှုရှိကြောင်းသိရပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ထားတဲ့အစာတွေကို ပုံမှန်စားရင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာနဲ့ ရင်ဘတ်အောင့်တာတို့ကို ဖြစ်စေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service