ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံကို ပွင့်ဖြူမြို့နယ်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာအရသိရသည်။
ပွင့်ဖြူမြို့သို့ ရောက်ရှိပြီးတာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် နေထိုင်ရေး အဆင်ပြေ စေရန် အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အဆောက်အအုံကို ဆောက်လုပ်မှာ ဖြစ်ကြောင်းသိရသည်။
အဆိုပါအိမ်ရာ တည်ဆောက်နိုင်ရန် ပွင့်ဖြူမြို့နယ် စံပြကျေးရွာအနီးရှိ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် (၄) ချည်မျှင်နှင့် အထည်စက်ရုံဝင်း အတွင်း မြေကွက်လပ်နှင့် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အနီး စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့သိုလှောင်ရုံဝင်း အတွင်းရှိ မြေကွက်လပ်နေရာများကိုရွေးချယ်ထားပြီး ထိုမြေနေ ရာ ရွေးချယ်ထားမှုကို မေ ၂၁ ရက်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ တိုင်းဒေသ ကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံ ပွင့်ဖြူမြို့နယ်တွင် ဆောက်လုပ်မည်