ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိလ်များတွင် ETC စနစ်ဖြင့် လမ်းအသုံးပြုခပေးဆောင်ခြင်း စနစ် စတင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပြောဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ တိုးဂိလ်များတွင် တပ်ဆင်ထားသော Electronic Toll Collection(ETC) စနစ်အား အဆင့်မြင့်တင်ဆောင်ရွက်ပြီး ဖြစ်ရာ မေ ၂၂ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ် ပြန်သည်။
သို့ဖြစ်ရာ လမ်းအသုံးပြုခ ပေးဆောင်ခြင်းကို အီလက်ထရောနစ် Electronic Toll Collection(ETC) စနစ်ဖြင့် စတင်အသုံးပြုနိုင်ပြီရာ အမြန်လမ်းအသုံးပြုသူများအား အသိပေးကြေညာကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာ န၊ လမ်းဦးစီးဌာနမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]