မျှော်လင့်ချက်နဲ့ တိုက်ခန်းဝယ်ပြီးတဲ့နောက်…….

မျှော်လင့်ချက်နဲ့ တိုက်ခန်းဝယ်ပြီးတဲ့နောက်……. - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2020 1:33 pm တွင် တင်ခဲ့သည်
1842 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အခုလက်ရှိအနေအထားအရတော့ စီးပွားရေး၊ ပညာရေး ကအစ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းတွေအားလုံး Covid -19 ရောဂါပိုးကြောက်ပြီး ပုန်းလျှိုးနေကြလေရဲ့။ ဒီလို အခြေအနေမျိုးမှာ “ ပုဆိုးခြုံ”ဲက လက်သီးဆုတ် ” ပြတဲ့ ကိစ္စတွေကလည်း ရှိနေပြန်တယ် “ ဝူဟန် ဗိုင်းရပ်စ် ” ရောဂါကိုတောင် အလေးဂရုမပြုနိုင်ဘဲ ဒီထက်မက ပူလွန်းလှတဲ့ သောကတွေပိုက်နေရတဲ့ သူကတော့ “ မခင်အေးချမ်း ” ပါ။

မခင်အေးချမ်း အလုပ်က အကြားအမြင်ဟောတဲ့ ဗေဒင်ဆရာမ တစ်ယောက်ပါ။ အလုပ်ခန်းကတော့ ( …) ရပ်ကွက် မှာပါ။ မိမိနေထိုင်တဲ့ (၂၀ x ၆၀) မြေကွက်ထဲကအိမ်မှာ ဘဲဟောတာပါ။ ဒဂုံဆိပ်ကမ်း ဆိုတာကတော့ အိမ်ခြံမြေ အရောင်းအဝယ်လုပ်တဲ့သူတွေ အသွားအလာများတဲ့နေရာပါ။ အရောင်းအဝယ်လုပ်ရင်းရောင်းမှား၊ ဝယ်မှား ဖြစ်ကြတဲ့အခါ ဘယ်နေ့ငွေရမလဲ ဘယ်နေ့မှာ နှစ်ဘက်အဆင်ပြေမလဲ သိချင်ကြတဲ့အခါ ဗေဒင်ဆရာကို သတိရကြတယ်လေ။

ဝယ်ရောင်းပွဲစားတွေ သတိရတဲ့အထဲမှာ ဗေဒင်ဆရာမ “ မခင်အေးချမ်း ” လည်းတစ်ယောက် အပါအဝင်ပေါ့။ “ ခင်အေးချမ်း ” ကလည်း အကြားအမြင် ဟောပြီး ယကြာပေးလိုက်ခြင်းအားဖြင့် အဆင်ပြေသွားကြတဲ့ သူတွေများတယ်။ ဒီလို လူသတင်းလူချင်းဆောင်ပေးတာကြောင့် မခင်အေးချမ်း ရဲ့ဟောခန်းကို အလွှာစုံက လာကြတယ်။ တစ်ချို့ကလည်း တစ်လမ်းဝင်၊တစ်လမ်းထွက် မရမက လာရှာပြီး မေးကြတဲ့သူတွေလည်းရှိတယ်။

ဒီလိုလာမေးကြတဲ့ သူတွေထဲမှာ ၊ ရန်ကုန်မြို့တွင်းက ချမ်းသားတဲ့ သူဌေးသူကြွယ်တွေလည်းပါတာပေါ့။ သူမရဲ့ဟောပြောချက်တွေက ကွက်တိဖြစ်နေတော့ တစ်နေ့တစ်ခြား လူစည်ကားလာတယ်။ ဗေဒင်လာမေးတဲ့ သူတွေကိုကြည့်ပြီး “ခင်အေးချမ်း ” က အားနာလာတယ်။ လာရောက်သူတွေကလည်း ဆရာ မရယ် သင်္ဃန်ကျွန်း/တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းဝယ်ပြီး ဟောပါလား လို့ အကြံပေးကြတယ်။

အဲဒီလို ဗေဒင်လာမေးကြတဲ့ ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ ခင်အေးချမ်းလည်း ယခုလက်ရှိ မြေနဲ့အိမ်ကို ရောင်းပြီး ၊ တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ဈေးအနီးက (၃) လွှာ အခန်းကို သိန်း (၃၀၀) ပေးပြီး ဝယ်လိုက်ပါတယ်။ ဝယ်သာဝယ်လိုက်ရတယ် လက်ထဲမှာ သိန်း (၃၀၀) အပြည့်ရှိတာတော့ မဟုတ်ပါဘူး၊ ဒဂုံဆိပ်ကမ်းက မြေနဲ့အိမ်ရောင်းရတဲ့ ငွေရယ်၊ ယောကျာ်းစုဆောင်းရတဲ့ငွေရယ်ပေါင်း လိုက်တာတောင် သိန်း (၈၀) လောက်လိုနေသေးတယ်။

ဒီတော့ ငွေရမဲ့နည်းလမ်း အကြံထုတ်ရတော့တာပေါ့။ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက အပေါင်ခံမယ့် ငွေရှင်တစ်ဦးကို ခေါ်လာပေးတယ်။ ဒီတော့ မခင်အေးချမ်းလည်း အမေပိုင်တဲ့ (ပေ ၂၀ X ပေ ၆၀) မြေနဲ့အိမ်ကို သိန်း (၈၀)နဲ့ အပေါင်ထားပြီး (၅) ကျပ်အတိုးနဲ့ ချေးငှါးကာ တိုက်ခန်းဖိုးငွေချေလိုက်ပါတယ်။ တစ်လတစ်လ အတိုးမှန်မှန် ပေးနေတာပေါ့။ သူမရဲ့ ဗေဒင်ဟောခန်း ကလည်း လူတွေရဲ့ စီးပွားရေးလုပ်ငန်းကောင်းမကောင်းပေါ်မှာ မူတည်ပါတယ်။

ဝင်ငွေကောင်းတဲ့ လရှိသလို ၊ ဝင်ငွေနည်းတဲ့ လတွေလည်း ရှိတာပေါ့။ ခက်တာက ငွေတိုးပေးစားသူတွေအနေနဲ့ အတိုးနဲ့အရင်းခွဲဆပ်တာကို မကြိုက်ကြဘူး။ ပေးနိုင်ရင် အရင်းငွေ အားလုံးကို တစ်လုံးတစ်ခဲတည်းပြန်ပေးစေချင်ကြတယ်လေ။ ဒီတော့ အခက်တွေ့တာပေါ့။ မပေးနိုင်တဲ့ လတွေလည်းရှိတော့ ငွေရှင်က တစ်နှစ်ပြည့်တဲ့ အခါအတိုးအရင်းပေါင်း သိန်း (၁၂၀) ရှိတယ်ဆိုပြီး။ အမေရဲ့ အိမ်ကို သိမ်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုင်ပါလေရော။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ ငွေရှင်က ဟန်ဆောင်ချုပ်ထားတဲ့ မြေနဲ့အိမ် အရောင်းအဝယ်စာချုပ်ကို ပြပြီး တိုင်တော့ ၊ အဟုတ်ထင်ပြီး ခင်အေးချမ်း ကိုခေါ်ပါလေရော။

“ခင်အေးချမ်း ” ကလည်း ခေ သူမဟုတ် ဗေဒင်ဆရာမ လည်းဖြစ်တယ်၊ ဥပဒေတွေကိုလည်းလေ့လာထားသူဖြစ်တော့ ရပ်ကွက်ရုံးမှာသွားပြီး ဖြစ်ရပ်မှန်ကို ရှင်းပြလိုက်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆိုတာကလည်း နှစ်ဦးနှစ်ဘက် ပြဿနာညှိနှိုင်းဖြေရှင်းပေး ရုံကလွဲလို့ အရေးယူနိုင်တာမဟုတ်ဘူးလေ။ ငွေရှင်တွေကလည်း မြေနှင့်အိမ်အရောင်းအဝယ်စာချုပ်ကြီးရှိပါလျက်နဲ့ အရေးယူပေးခြင်းမပြုတဲ့အတွက် သူတို့နေတဲ့ မြို့နယ်က “ ရဲ ” တစ်ယောက်ရဲ့ အကူအညီနဲ့ ခင်အေးချမ်းကို လာရောက်ဖြေရှင်းဖို့စာနဲ့ခေါ်ပါတယ်။

“ခင်အေးချမ်း” ကလည်း ခေါ်တဲ့ “ ရဲ ” ထံမှာသွားတွေ့လိုက်ပါတယ်။ ဒါပေမဲ့ မြေနှင့်အိမ်အရောင်းအဝယ်စာချုပ်တဲ့နေရာက ဒဂုံဆိပ်ကမ်းမြို့နယ်မှာလေ။ အခု……. ငွေရှင်တွေနေတဲ့ မြို့နယ်မှာ အရောင်းအဝယ်စာချုပ်လုပ်တာ မဟုတ်ဘူးလေ။ တကယ်လို့ ငွေရှင်ဘက်က တရားစွဲချင်ရင်တောင်မှ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာလာပြီး တရားစွဲရမှာပေါ့။ တကယ် အရောင်းအဝယ်စာချုပ်တဲ့ မြို့နယ်မှာဘဲ စာချုပ်ရမှာဖြစ်တယ်။

ဒီအကြောင်းတွေကို ငွေရှင်ဘက်က ခင်အေးချမ်းကို မသိလောက်ဘူးထင်ပြီး “ ရဲ ” အကူအညီနဲ့ခေါ်ယူကာ မြေနဲ့အိမ်ကို လက်ရောက်အပ်ဖို့ အတင်းအကြပ်လုပ်ပေမဲ့ ခင်အေးချမ်း က ပြန်လည်ရှင်းပြလိုက်တော့၊ ငွေရှင်တွေကလည်း စိတ်ဆိုးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ မိကျောင်းမင်းရေခင်းပြသလို ဖြစ်သွားတော့ မြို့နယ်ကျော်ပြီး အကြောင်းကြားစာတွေပို့လာတဲ့ “ ရဲ ” တစ်ယောက်လည်း “ကျွန်တော်က ညှိနှိုင်းပေးတာပါဗျာ ”…လို့ နှုတ်ဆက်ပြောရင်းပြန်သွားပါတော့တယ်။

ဒီလို အပေါင်ကိစ္စ/ငွေတိုးပေးတဲ့ ကိစ္စ ၊ မြေနဲ့အိမ်ဟန်ဆောင်အရောင်းအဝယ်စာချုပ်ပေးတဲ့ ကိစ္စတွေ ဟာ လူတွေစားဝတ်နေရေးကြပ်တည်လာရင် ဖြစ်ပေါ်လာတတ်ပါတယ်။ အပေါင်ခံသူတွေကတော့ ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ တရားစွဲချင်ကြပါတယ်။ ပြစ်မှုမမြောက်ဘူးထင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်တာတို့ ရဲ စခန်းတိုင်တာတို့ လုပ်ကြပါတယ်။

ယုံကြည်အပ်နှံမှု လိမ်လည်မှု မမြောက်ဘူးထင်မှ မြေနဲ့အိမ်လက်ရောက်ရလိုမှုနဲ့ တရားစွဲတတ်ကြပါတယ်။ မြေနဲ့အိမ်လက်ရောက်ရဖို့ဆိုတာကလည်း သက်သေတွေအထောက်အထားတွေ ခိုင်လုံရပါတယ်။ ဟန်ဆောင်စာချုပ်ကြီးကို အမှန်အကန်အရောင်းအဝယ်စာချုပ်ကြီးပါလို့ တင်ပြစွဲပေမဲ့လည်း ၊ သက်သေခိုင်လုံမှ အနိုင်ရမှာပါ။ အကောင်းဆုံးကတော့ လောဘ၊ ဒေါသ၊ မာန်မာန တွေ ရှေ့တန်းမတင်ဘဲ မေတ္တာတရားနဲ့ ညှိနှိုင်းဆောင်ရွက်တာသာ အကောင်းဆုံးပါလို့ အကြံပေးတင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေမွ်ာ္လင့္ခ်က္နဲ႕ တိုက္ခန္း၀ယ္ျပီးတဲ့ေနာက္…….

အခုလက္ရွိအေနအထားအရေတာ့ စီးပြားေရး၊ ပညာေရး ကအစ အိမ္ျခံေျမ အေရာင္းအဝယ္ လုပ္ငန္းေတြအားလံုး Covid -19 ေရာဂါပိိုးေၾကာက္ျပီး ပုန္းလွ်ိ္ဳးေနၾကေလရဲ႕။ ဒီလို အေျခအေနမ်ိဳးမွာ “ ပုဆိုးျခံဳ”ဲက လက္သီးဆုတ္ ” ျပတဲ့ ကိစၥေတြကလည္း ရွိေနျပန္တယ္ “ ဝူဟန္ ဗိုင္းရပ္စ္ ” ေရာဂါကိုေတာင္ အေလးဂရုမျပဳႏိုင္ဘဲ ဒီထက္မက ပူလြန္းလွတဲ့ ေသာကေတြပိုက္ေနရတဲ့ သူကေတာ့ “ မခင္ေအးခ်မ္း ” ပါ။

မခင္ေအးခ်မ္း အလုပ္က အၾကားအျမင္ေဟာတဲ့ ေဗဒင္ဆရာမ တစ္ေယာက္ပါ။ အလုပ္ခန္းကေတာ့ ( …) ရပ္ကြက္ မွာပါ။ မိမိေနထိုင္တဲ့ (၂၀ x ၆၀) ေျမကြက္ထဲကအိမ္မွာ ဘဲေဟာတာပါ။ ဒဂုံဆိပ္ကမ္း ဆိုတာကေတာ့ အိမ္ၿခံေျမ အေရာင္းအဝယ္လုပ္တဲ့သူေတြ အသြားအလာမ်ားတဲ့ေနရာပါ။ အေရာင္းအဝယ္လုပ္ရင္းေရာင္းမွား၊ ဝယ္မွား ျဖစ္ၾကတဲ့အခါ ဘယ္ေန႔ေငြရမလဲ ဘယ္ေန႔မွာ ႏွစ္ဘက္အဆင္ေျပမလဲ သိခ်င္ၾကတဲ့အခါ ေဗဒင္ဆရာကို သတိရၾကတယ္ေလ။

ဝယ္ေရာင္းပြဲစားေတြ သတိရတဲ့အထဲမွာ ေဗဒင္ဆရာမ “ မခင္ေအးခ်မ္း ” လည္းတစ္ေယာက္ အပါအဝင္ေပါ့။ “ ခင္ေအးခ်မ္း ” ကလည္း အၾကားအျမင္ ေဟာျပီး ယၾကာေပးလိုက္ျခင္းအားျဖင့္ အဆင္ေျပသြားၾကတဲ့ သူေတြမ်ားတယ္။ ဒီလို လူသတင္းလူခ်င္းေဆာင္ေပးတာေၾကာင့္ မခင္ေအးခ်မ္း ရဲ႕ေဟာခန္းကို အလႊာစံုက လာၾကတယ္။ တစ္ခ်ိဳ႕ကလည္း တစ္လမ္း၀င္၊တစ္လမ္းထြက္ မရမက လာရွာျပီး ေမးၾကတဲ့သူေတြလည္းရွိတယ္။

ဒီလိုလာေမးၾကတဲ့ သူေတြထဲမွာ ၊ ရန္ကုန္ျမိဳ႕တြင္းက ခ်မ္းသားတဲ့ သူေဌးသူၾကြယ္ေတြလည္းပါတာေပါ့။ သူမရဲ႕ေဟာေျပာခ်က္ေတြက ကြက္တိျဖစ္ေနေတာ့ တစ္ေန႕တစ္ျခား လူစည္ကားလာတယ္။ ေဗဒင္လာေမးတဲ့ သူေတြကိုၾကည့္ျပီး “ခင္ေအးခ်မ္း ” က အားနာလာတယ္။ လာေရာက္သူေတြကလည္း ဆရာ မရယ္ သဃၤန္ကၽြန္း/ေတာင္ဥကၠလာမွာ တိုက္ခန္းတစ္ခန္းဝယ္ျပီး ေဟာပါလား လို႕ အၾကံေပးၾကတယ္။

အဲဒီလို ေဗဒင္လာေမးၾကတဲ့ ပရိတ္သတ္ေတြရဲ႕ ေတာင္းဆိုခ်က္အရ ခင္ေအးခ်မ္းလည္း ယခုလက္ရွိ ေျမနဲ႕အိမ္ကို ေရာင္းျပီး ၊ ေတာင္ဥကၠလာပ (၁၀) ရပ္ကြက္ေဈးအနီးက (၃) လႊာ အခန္းကို သိန္း (၃၀၀) ေပးျပီး ဝယ္လိုက္ပါတယ္။ ဝယ္သာဝယ္လိုက္ရတယ္ လက္ထဲမွာ သိန္း (၃၀၀) အျပည့္ရွိတာေတာ့ မဟုတ္ပါဘူး၊ ဒဂံုဆိပ္ကမ္းက ေျမနဲ႕အိမ္ေရာင္းရတဲ့ ေငြရယ္၊ ေယာက်ာ္းစုေဆာင္းရတဲ့ေငြရယ္ေပါင္း လိုက္တာေတာင္ သိန္း (၈၀) ေလာက္လိုေနေသးတယ္။

ဒီေတာ့ ေငြရမဲ့နည္းလမ္း အၾကံထုတ္ရေတာ့တာေပါ့။ အိမ္ျခံေျမ အက်ိဳးေဆာင္တစ္ဦးက အေပါင္ခံမယ့္ ေငြရွင္တစ္ဦးကို ေခၚလာေပးတယ္။ ဒီေတာ့ မခင္ေအးခ်မ္းလည္း အေမပိုင္တဲ့ (ေပ ၂၀ X ေပ ၆၀) ေျမနဲ႕အိမ္ကို သိန္း (၈၀)နဲ႕ အေပါင္ထားျပီး (၅) က်ပ္အတိုးနဲ႕ ေခ်းငွါးကာ တိုက္ခန္းဖိုးေငြေခ်လိုက္ပါတယ္။ တစ္လတစ္လ အတုိးမွန္မွန္ ေပးေနတာေပါ့။ သူမရဲ႕ ေဗဒင္ေဟာခန္း ကလည္း လူေတြရဲ႕ စီးပြားေရးလုပ္ငန္းေကာင္းမေကာင္းေပၚမွာ မူတည္ပါတယ္။

ဝင္ေငြေကာင္းတဲ့ လရွိသလို ၊ ဝင္ေငြနည္းတဲ့ လေတြလည္း ရွိတာေပါ့။ ခက္တာက ေငြတိုးေပးစားသူေတြအေနနဲ႕ အတိုးနဲ႕အရင္းခြဲဆပ္တာကို မၾကိဳက္ၾကဘူး။ ေပးႏိုင္ရင္ အရင္းေငြ အားလံုးကို တစ္လံုးတစ္ခဲတည္းျပန္ေပးေစခ်င္ၾကတယ္ေလ။ ဒီေတာ့ အခက္ေတြ႕တာေပါ့။ မေပးႏိုင္တဲ့ လေတြလည္းရွိေတာ့ ေငြရွင္က တစ္နွစ္ျပည့္တဲ့ အခါအတိုးအရင္းေပါင္း သိန္း (၁၂၀) ရွိတယ္ဆိုျပီး။ အေမရဲ႕ အိမ္ကို သိမ္းဖို႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးကုိ တိုင္ပါေလေရာ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ရုံးမွာ ေငြရွင္က ဟန္ေဆာင္ခ်ဳပ္ထားတဲ့ ေျမနဲ႕အိမ္ အေရာင္းအဝယ္စာခ်ဳပ္ကို ျပျပီး တိုင္ေတာ့ ၊ အဟုတ္ထင္ျပီး ခင္ေအးခ်မ္း ကိုေခၚပါေလေရာ။

“ခင္ေအးခ်မ္း ” ကလည္း ေခ သူမဟုတ္ ေဗဒင္ဆရာမ လည္းျဖစ္တယ္၊ ဥပေဒေတြကိုလည္းေလ့လာထားသူျဖစ္ေတာ့ ရပ္ကြက္ရုံးမွာသြားျပီး ျဖစ္ရပ္မွန္ကို ရွင္းျပလိုက္ပါတယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးဆုိတာကလည္း နွစ္ဦးနွစ္ဘက္ ျပႆနာညွိႏိႈင္းေျဖရွင္းေပး ရုံကလြဲလို႕ အေရးယူႏိုင္တာမဟုတ္ဘူးေလ။ ေငြရွင္ေတြကလည္း ေျမနွင့္အိမ္အေရာင္းအဝယ္စာခ်ဳပ္ၾကီးရွိပါလ်က္နဲ႕ အေရးယူေပးျခင္းမျပဳတဲ့အတြက္ သူတို႕ေနတဲ့ ျမိဳ႕နယ္က “ ရဲ ” တစ္ေယာက္ရဲ႕ အကူအညီနဲ႕ ခင္ေအးခ်မ္းကို လာေရာက္ေျဖရွင္းဖို႕စာနဲ႕ေခၚပါတယ္။

“ခင္ေအးခ်မ္း” ကလည္း ေခၚတဲ့ “ ရဲ ” ထံမွာသြားေတြ႕လိုက္ပါတယ္။ ဒါေပမဲ့ ေျမနွင့္အိမ္အေရာင္းအဝယ္စာခ်ဳပ္တဲ့ေနရာက ဒဂံုဆိပ္ကမ္းျမိဳ႕နယ္မွာေလ။ အခု……. ေငြရွင္ေတြေနတဲ့ ျမိဳ႕နယ္မွာ အေရာင္းအဝယ္စာခ်ဳပ္လုပ္တာ မဟုတ္ဘူးေလ။ တကယ္လို႕ ေငြရွင္ဘက္က တရားစြဲခ်င္ရင္ေတာင္မွ ဒဂံုျမိဳ႕သစ္ဆိပ္ကမ္းျမိဳ႕နယ္တရားရုံးမွာလာျပီး တရားစြဲရမွာေပါ့။ တကယ္ အေရာင္းအဝယ္စာခ်ဳပ္တဲ့ ျမိဳ႕နယ္မွာဘဲ စာခ်ဳပ္ရမွာျဖစ္တယ္။

ဒီအေၾကာင္းေတြကို ေငြရွင္ဘက္က ခင္ေအးခ်မ္းကို မသိေလာက္ဘူးထင္ျပီး “ ရဲ ” အကူအညီနဲ႕ေခၚယူကာ ေျမနဲ႕အိမ္ကို လက္ေရာက္အပ္ဖို႕ အတင္းအၾကပ္လုပ္ေပမဲ့ ခင္ေအးခ်မ္း က ျပန္လည္ရွင္းျပလိုက္ေတာ့၊ ေငြရွင္ေတြကလည္း စိတ္ဆိုးရုံကလြဲလို႕ ဘာမွမတတ္ႏိုင္ဘူး။ မိေက်ာင္းမင္းေရခင္းျပသလို ျဖစ္သြားေတာ့ ျမိဳ႕နယ္ေက်ာ္ျပီး အေၾကာင္းၾကားစာေတြပို႕လာတဲ့ “ ရဲ ” တစ္ေယာက္လည္း “ကၽြန္ေတာ္က ညွိႏိႈင္းေပးတာပါဗ်ာ ”…လို႕ ႏႈတ္ဆက္ေျပာရင္းျပန္သြားပါေတာ့တယ္။

ဒီလို အေပါင္ကိစၥ/ေငြတိုးေပးတဲ့ ကိစၥ ၊ ေျမနဲ႕အိမ္ဟန္ေဆာင္အေရာင္းအဝယ္စာခ်ဳပ္ေပးတဲ့ ကိစၥေတြ ဟာ လူေတြစား၀တ္ေနေရးၾကပ္တည္လာရင္ ျဖစ္ေပၚလာတတ္ပါတယ္။ အေပါင္ခံသူေတြကေတာ့ ယံုၾကည္အပ္နွံေဖာက္ဖ်က္မႈနဲ႕ တရားစြဲခ်င္ၾကပါတယ္။ ျပစ္မႈမေျမာက္ဘူးထင္ရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတိုင္တာတို႕ ရဲ စခန္းတိုင္တာတို႕ လုပ္ၾကပါတယ္။

ယံုၾကည္အပ္နွံမႈ လိမ္လည္မႈ မေျမာက္ဘူးထင္မွ ေျမနဲ႕အိမ္လက္ေရာက္ရလိုမႈနဲ႕ တရားစြဲတတ္ၾကပါတယ္။ ေျမနဲ႕အိမ္လက္ေရာက္ရဖို႕ဆိုတာကလည္း သက္ေသေတြအေထာက္အထားေတြ ခိုင္လံုရပါတယ္။ ဟန္ေဆာင္စာခ်ဳပ္ၾကီးကို အမွန္အကန္အေရာင္းအဝယ္စာခ်ဳပ္ၾကီးပါလို႕ တင္ျပစြဲေပမဲ့လည္း ၊ သက္ေသခိုင္လံုမွ အႏိုင္ရမွာပါ။ အေကာင္းဆံုးကေတာ့ ေလာဘ၊ ေဒါသ၊ မာန္မာန ေတြ ေရွ႕တန္းမတင္ဘဲ ေမတၱာတရားနဲ႕ ညွိႏိႈင္းေဆာင္ရြက္တာသာ အေကာင္းဆံုးပါလို႕ အၾကံေပးတင္ျပလိုက္ရပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service