အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ

အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ - Property Knowledge in Myanmar from iMyanmarHouse.com
9 May 2020 12:50 pm တွင် တင်ခဲ့သည်
3401 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အခွန်ထမ်းပြည်သူများအနေနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံလျှက်ရှိသည့် ဝင်ငွေခွန်ထမ်းဆောင်  ခြင်းမှ အခွန်ကင်းလွတ်ခွင့်များကို တည်ဆဲဥပဒေနှင့်အညီ ရှင်းလင်းစွာသိရှိနိုင်ရန် ရည်ရွယ်ကာ  ဖော်ပြခြင်းဖြစ်ပါသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိသော ဝင်ငွေအမျိုးအစားများမှာ-

(က) ဘာသာရေး (သို့) ကုသိုလ်ရေး အဖွဲ့အစည်းတစ်ခုခုက ရရှိ၍ ဘာသာရေး (သို့) ကုသိုလ်ရေး ကိစ္စများ အတွက် သက်သက် အသုံးပြုသော ဝင်ငွေ

(ခ) ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ အခွန်အခရရှိငွေ (ဥပမာ -စည်ပင်သာယာရေး အဖွဲ့များ၊ ဆိပ်ကမ်းအာဏာပိုင်များမှ အခွန်အခကောက်ခံရရှိငွေ)

(ဂ) ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)

(ဃ) သေဆုံး၍ (သို့)  ဒဏ်ရာရ၍ရရှိသည့်လျော်ကြေး

(င) အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေ

(စ) အဖန်တလဲလဲ မဟုတ်ပဲ တစ်ခါတစ်ရံရရှိသည့်ငွေ (အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့် ဝင်ငွေတို့ မပါဝင်ပါ)

(ဆ) ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီး ရရှိသည့် အမြတ်ဝေစု

(ဇ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဖမ်းဆီးရမှု (သို့)  တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ရရှိသည့် စုစုပေါင်း ဝင်ငွေ၏ ကျပ်သိန်း ၁၀၀ အထိ

(ဈ) နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့် အတူရရှိသည့် ချီးမြှင့်ငွေများ

(ည) ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ

(ဋ) အစိုးရ အောင်ဘာလေ သိန်းဆု ဆုမဲမှ ထုတ်ယူရရှိငွေ

(ဌ) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ

(ဍ) အသစ်ထူထောင်သော စက်မှုလက်မှုကိုအခြေခံသည့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းတစ်ခု (သို့) လုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လုပ်ငန်းစတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃နှစ်ကာလအတွင်း ၁နှစ်စုစုပေါင်း အသားတင်အမြတ် ဝင်ငွေကျပ်သိန်း ၁၀၀ ထိ

(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူူူူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့ တွင် ပြဋ္ဌာန်းပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ဝင်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ်  ချက်များမှအပ အခြားနည်းဖြင့်ရရှိသော ဝင်ငွေရလမ်းများသည် သတ်မှတ်ရာခိုင်နှုန်းများနှင့်အညီ အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း  တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများအရ အခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်း သိကောင်းစရာတွင် ဖော်ပြထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

















(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့ တွင် ပြဋ္ဌာန်းပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ဝင်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ် ချက်များမှအပ အခြားနည်းဖြင့်ရရှိသော ဝင်ငွေရလမ်းများသည် သတ်မှတ်ရာခိုင်နှုန်းများနှင့်အညီ အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများအရ အခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်း သိကောင်းစရာတွင် ဖော်ပြထားပါသည်။ 




နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service