ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
“သေတမ်းစာနဲ့ အမွေထိန်းစာ ဘယ်လိုကွာခြားပါသလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေး သူထံ လာရောက်မေးမြန်းဆွေး နွေးပါသည်။
“သေတမ်းစာဆိုတာက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရေးခွင့်မရှိဘူး။ ခရစ်ယာန် ဘာသာကိုးကွယ်သူ၊ အစ္စလာမ် ဘာသာကိုးကွယ်သူတွေကတော့ မိမိပိုင်ပစ္စည်းတွေကို မိမိကွယ်လွန်သွားရင် ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို ကြိုတင်ပြီး ရေးသားညွှန်ကြားခဲ့တဲ့စာဖြစ်တယ်”
“ဆရာပြောသလို သေတမ်းစာကို မိမိကွယ်လွန်ခဲ့ရင် စီမံခန့်ခွဲဖို့ ရေးသားတယ်ဆိုတော့ တစ်ဦးဦးက ဆောင် ရွက်ပေးရမယ့် သဘောလား ဆရာ”
“မှန်ပါတယ်။ ဥပဒေအရတော့ စီမံခန့်ခွဲ ဆောင်ရွက်ဖို့ သေတမ်းစာ အတည်ပြုသူ တစ်ဦးတစ်ယောက်ကို သေတမ်းစာထဲမှာ တိတိကျကျ ဖော်ပြခန့်ထားရမှာဖြစ်ပါတယ်”
“တချို့ကပြောတော့ သေတမ်း စာရေးထားခဲ့တဲ့ ပစ္စည်းဆိုရင် တရားရုံးမှာ လျှောက်ထားရယူကြရတယ်လို့ ပြောကြတယ်။ ဆရာ၊ အဲဒါ ဟုတ်ပါသလား။ သေတမ်းစာမှာပါရှိတဲ့အတိုင်း ပစ္စည်းခွဲဝေယူလိုက်ကြလို့ မရဘူး လား”
“ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ရွှေ၊ ငွေ၊ ကားစတဲ့ ပစ္စည်းတွေဆိုရင်တော့ လက်ရောက်ပေးအပ်ခွဲဝေလို့ရတယ်။ ဒါပေမယ့် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ်၊ မြေ၊ တိုက်ခန်းတွေကိုတော့ လက်ရောက်ပေးအပ်သည့်တိုင် ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့် အမည်ပြောင်းတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်”
“အိမ်ပေါ်မှာ လက်ရှိနေထိုင်သူက ဖယ်မပေးတာလည်း ရှိနိုင်တာပေါ့ ဆရာ”
“ဟုတ်ပါတယ်။ သေတမ်းစာဆိုတာက ပစ္စည်းပိုင်ရှင်နဲ့ ဆွေမျိုးနီးစပ် မဟုတ်သူ၊ သူစိမ်းတစ်ယောက်ကိုလည်း ပစ္စည်းပိုင်ရှင်က မိမိပိုင်ပစ္စည်းကို အပြီးအပိုင်လွှဲပြောင်းပေးခွင့်ရှိတာမို့ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်က အဓိကဖြစ် လာတယ်။ ဒါကြောင့် တရားရုံးမှာ သေတမ်းစာအတည်ပြု လက်မှတ် လျှောက်ထားရယူရမှာဖြစ်တယ်”
“ဘယ်သူက သေတမ်းစာ အတည်ပြုလက်မှတ်လျှောက်ထားရမှာလဲ ဆရာ”
“အဲဒါကတော့ သေတမ်းစာထဲမှာ သေတမ်းစာအတည်ပြုသူအဖြစ် ပစ္စည်းပိုင်ရှင်ရဲ့ ခန့်အပ်ခံရသူက တရားရုံး ထံ လျှောက်ထားရမှာဖြစ်ပါတယ်”
“သေတမ်းစာ အတည်ပြုလက်မှတ်ရမှ ပစ္စည်းခွဲဝေခြင်းဆက်လုပ်ရမှာလား ဆရာ”
“မှန်ပါတယ်။ သေတမ်းစာထဲမှာ သူပိုင် အိမ်မြေကို ရောင်းချပြီး သားသမီးများကို ဒါမှမဟုတ် အခြားသူများကို မည်သို့ခွဲဝေပေးပါလို့ပါရှိတယ်ဆိုပါတော့”
“ဟုတ်ကဲ့ ဆရာ”
“အဲဒီလို အခြေအနေမျိုးဆိုရင် အဆိုပါ အိမ်နဲ့မြေကို ရောင်းချခွင့်ပြုရန် သေတမ်းစာအတည်ပြု လက်မှတ် ရရှိထားတဲ့ သေတမ်းစာ အတည်ပြုသူက တရားရုံးမှာ ခွင့်ပြုချက် လျှောက်ထားရပါမယ်။ တရားရုံးက ခွင့်ပြုရင် ဝယ်သူနဲ့ အရောင်း အဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး ရောင်းဖိုးငွေကို ခွဲဝေပေးရမှာ ဖြစ်ပါတယ်”
“တကယ်လို့ ကွယ်လွန်သူက သူပိုင်ပစ္စည်းတစ်ခုခုကို တစ်ဦးတစ်ယောက်အား အပြီးအပိုင်ပေးတယ်လို့ သေ တမ်းစာမှာ ရေးထားရင် ဘာဖြစ်နိုင်သလဲ ဆရာ”
“အဲဒီလို အခြေအနေဆိုရင်တော့ တရားရုံးမှာ ပေးကမ်းခြင်း စာ ချုပ်ချုပ်ဆိုရန် ခွင့်ပြုချက်တောင်းခံပြီး ပေး ကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”
“ဆရာပြောတဲ့ သေတမ်းစာ အတည်ပြုသူက တရားရုံးမှာ လျှောက်ထားဆောင်ရွက်မပေးရင် ဘယ်လို ဆောင်ရွက်နိုင်ပါသလဲ ဆရာ”
“သေတမ်းစာအရ အမွေဆက်ခံ သူတစ်ဦးဦးကဖြစ်စေ၊ အားလုံးကဖြစ်စေ၊ သေတမ်းစာပါအတိုင်း ဆောင်ရွက် ပေးရန် သေတမ်းစာအတည်ပြုခွင့်ရသူကို တရားစွဲဆိုဆောင်ရွက်ခွင့်ရှိပါတယ်”
“ကျွန်တော် အခုဝယ်မယ့် အိမ်က သေတမ်းစာနဲ့ ပေးသွားတဲ့ အိမ်ဖြစ်နေတယ် ဆရာ။ အဲဒါကြောင့် တရားဝင် အောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ”
“အစောကပြောသလို သေတမ်းစာထဲမှာ သေတမ်းစာအတည်ပြုသူအဖြစ် ဘယ်သူ့ကို ခန့်ထားခဲ့သလဲဆိုတာ ကြည့်ရမယ်။ သေတမ်းစာ အတည်ပြုသူအဖြစ် တိတိကျကျ ဖော်ပြခန့်ထားခဲ့ရင်တော့ သူကပဲ တရားရုံးမှာ သေ တမ်းစာအတည်ပြု လက်မှတ်လျှောက်ထားပြီး အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်”
“ဟုတ်ကဲ့ ဆရာ၊ ဒါပေမယ့် သေတမ်းစာမှာက သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားတာ မတွေ့ရဘူး ဆရာ။ အချို့ကပြောတော့ အမွေထိန်းလျှောက်ရမယ်လို့ ပြောပြန်တယ်”
“ဒီလိုပါ။ သေတမ်းစာထဲမှာ သေတမ်းစာအတည်ပြုသူအဖြစ် တိတိကျကျ ဖော်ပြမထားဘူးဆိုရင် သေတမ်း စာပူးတွဲပါရှိသည့် အမွေထိန်းစာကို လျှောက်ထားရမှာ ဖြစ်ပါတယ်”
“အဲဒါကတော့ ဘယ်သူက လျှောက်ထားရပါသလဲ ဆရာ”
“ဒါကတော့ ပစ္စည်းရပိုင်ခွင့်ရှိသူက တရားရုံးမှာ တိုက်ရိုက်လျှောက်ထားခွင့်ရှိပါတယ်”
“ဆရာ ပြောစကားအရဆိုရင် သေတမ်းစာအရ အဲဒီအိမ်မြေကို ရပိုင်ခွင့်ရှိသူက တရားရုံးမှာ အမွေထိန်းစာ လျှောက်ရမယ်ပေါ့”
“ဟုတ်ပါတယ်၊ ဒါပေမယ့် ရိုးရိုးအမွေထိန်းစာမဟုတ်ဘူး။ သေတမ်းစာအရ လုပ်ပိုင်ခွင့်ရရှိတဲ့ အမွေထိန်း စာဖြစ်တယ်”
“ရိုးရိုး အမွေထိန်းစာနဲ့ ဘယ်လိုကွာပါသလဲ ဆရာ”
“ရိုးရိုးအမွေထိန်းစာဆိုတာက ဥပဒေနဲ့အညီ သားစဉ်မြေးဆက် အမွေဆက်ခံသူက လျှောက်ထားတာ ဖြစ်တယ်။ သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာကတော့ သေတမ်းစာအရ ပိုင်ဆိုင်ခွင့်ရှိသူက လျှောက်ထားရတာဖြစ် တဲ့အတွက် အခြားသူတစ်ဦးဦးက ပြိုင်ဆိုင်လျှောက်ထားဖို့ ခက်ခဲမှာ ဖြစ်ပါတယ်”
“ဒါဆိုရင် သေတမ်းစာအရ ပိုင်ဆိုင်ခွင့်ရမယ့်သူက လျှောက်ထားရမှာဆိုတော့ အခုရောင်းမယ့်သူ ဟုတ် မဟုတ် စုံစမ်းဖို့လိုမယ်ထင်တယ်”
“ဒါတော့ မှန်တယ်။ အခုလက်ရှိနေသူက ရောင်းမယ်လို့ ပြောတာလား”
“ရောင်းသူပြောတာကတော့ မြန်မာကရင်လူမျိုး၊ ခရစ်ယာန်ကိုးကွယ်သူတွေလို့ ပြောပါတယ်။ သူ့ကို အမေက သေတမ်းစာနဲ့ ပေးသွားတဲ့ အိမ်ဖြစ်လို့ ရောင်းပိုင်ခွင့်ရှိတယ်လို့ ပြောတယ်။ ကျန်တဲ့ မောင်နှမတွေကလည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်”
“ဒါဆိုရင်တော့ ရှင်းပါတယ်။ သူကိုယ်တိုင်လည်း လက်ရှိရောင်းမယ့် အိမ်မှာနေတယ်ဆိုတော့ အဆင်ပြေမှာပါ”
“သေတမ်းစာကို တင်ပြပြီး အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရဘူးလား။ တရားရုံးမှာ မဖြစ်မနေ လျှောက်ထားရမှာလား ဆရာ”
“ဟုတ်ပါတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစမ်းမောင်ပါ ၅ နှင့် ဒေါ်ခင်မြယု-၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ - ၁၅ အမှုမှာ သေတမ်းစာတွင် သေတမ်းစာအတည်ပြုသူ ခန့်ထားခြင်းမရှိပါက သေတမ်းစာပူးတွဲပါရှိသော အမွေထိန်းစာလျှောက်ထားရမယ်လို့ အတိအကျဆုံးဖြတ်ထား တာလည်း ရှိပါတယ်။ ဒါကြောင့် ယခုကိစ္စမှာ သေတမ်းစာပူးတွဲပါရှိသော အမွေထိန်းစာကို တရားရုံးမှာ ဦးစွာလျှောက်ထား ဆောင်ရွက်ရပါမယ်”
“တရားရုံးလျှောက်ထားတဲ့ ကုန်ကျစရိတ်ကို ထုံးစံအတိုင်း ရောင်းသူက ကျခံရသလား ဆရာ”
“အတိအကျတော့ သတ်မှတ်ချက်မရှိပေမယ့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ကြတာဖြစ်ပါတယ်”
“ဟုတ်ကဲ့ ဆရာ။ စရန်ပေးရင် ဆရာနဲ့ ဆက်သွယ်လိုက်ပါမယ်”ဟုပြောပြီး ဆွေးနွေးခကို ကန်တော့သွား ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
ေသတမ္းစာ ေရးသြားသူပိုင္ အိမ္ႏွင့္ ေျမကို ဝယ္မည္ဆိုလွ်င္
“ေသတမ္းစာနဲ႔ အေမြထိန္းစာ ဘယ္လိုကြာျခားပါသလဲ ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရး သူထံ လာေရာက္ေမးျမန္းေဆြး ေႏြးပါသည္။
“ေသတမ္းစာဆိုတာက ဗုဒၶဘာသာဝင္ေတြအေနနဲ႔ ေရးခြင့္မရွိဘူး။ ခရစ္ယာန္ ဘာသာကိုးကြယ္သူ၊ အစၥလာမ္ ဘာသာကိုးကြယ္သူေတြကေတာ့ မိမိပိုင္ပစၥည္းေတြကို မိမိကြယ္လြန္သြားရင္ ဘယ္လိုစီမံခန႔္ခြဲရမယ္ဆိုတာကို ႀကိဳတင္ၿပီး ေရးသားၫႊန္ၾကားခဲ့တဲ့စာျဖစ္တယ္”
“ဆရာေျပာသလို ေသတမ္းစာကို မိမိကြယ္လြန္ခဲ့ရင္ စီမံခန႔္ခြဲဖို႔ ေရးသားတယ္ဆိုေတာ့ တစ္ဦးဦးက ေဆာင္ ႐ြက္ေပးရမယ့္ သေဘာလား ဆရာ”
“မွန္ပါတယ္။ ဥပေဒအရေတာ့ စီမံခန႔္ခြဲ ေဆာင္႐ြက္ဖို႔ ေသတမ္းစာ အတည္ျပဳသူ တစ္ဦးတစ္ေယာက္ကို ေသတမ္းစာထဲမွာ တိတိက်က် ေဖာ္ျပခန႔္ထားရမွာျဖစ္ပါတယ္”
“တခ်ိဳ႕ကေျပာေတာ့ ေသတမ္း စာေရးထားခဲ့တဲ့ ပစၥည္းဆိုရင္ တရား႐ုံးမွာ ေလွ်ာက္ထားရယူၾကရတယ္လို႔ ေျပာၾကတယ္။ ဆရာ၊ အဲဒါ ဟုတ္ပါသလား။ ေသတမ္းစာမွာပါရွိတဲ့အတိုင္း ပစၥည္းခြဲေဝယူလိုက္ၾကလို႔ မရဘူး လား”
“ေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္း ေ႐ႊ၊ ေငြ၊ ကားစတဲ့ ပစၥည္းေတြဆိုရင္ေတာ့ လက္ေရာက္ေပးအပ္ခြဲေဝလို႔ရတယ္။ ဒါေပမယ့္ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ ပစၥည္းျဖစ္တဲ့ အိမ္၊ ေျမ၊ တိုက္ခန္းေတြကိုေတာ့ လက္ေရာက္ေပးအပ္သည့္တိုင္ ဥပေဒနဲ႔အညီ ပိုင္ဆိုင္ခြင့္ အမည္ေျပာင္းတဲ့အခါမွာ အခက္အခဲရွိႏိုင္တယ္”
“အိမ္ေပၚမွာ လက္ရွိေနထိုင္သူက ဖယ္မေပးတာလည္း ရွိႏိုင္တာေပါ့ ဆရာ”
“ဟုတ္ပါတယ္။ ေသတမ္းစာဆိုတာက ပစၥည္းပိုင္ရွင္နဲ႔ ေဆြမ်ိဳးနီးစပ္ မဟုတ္သူ၊ သူစိမ္းတစ္ေယာက္ကိုလည္း ပစၥည္းပိုင္ရွင္က မိမိပိုင္ပစၥည္းကို အၿပီးအပိုင္လႊဲေျပာင္းေပးခြင့္ရွိတာမို႔ ဥပေဒနဲ႔အညီ ပိုင္ဆိုင္ခြင့္က အဓိကျဖစ္ လာတယ္။ ဒါေၾကာင့္ တရား႐ုံးမွာ ေသတမ္းစာအတည္ျပဳ လက္မွတ္ ေလွ်ာက္ထားရယူရမွာျဖစ္တယ္”
“ဘယ္သူက ေသတမ္းစာ အတည္ျပဳလက္မွတ္ေလွ်ာက္ထားရမွာလဲ ဆရာ”
“အဲဒါကေတာ့ ေသတမ္းစာထဲမွာ ေသတမ္းစာအတည္ျပဳသူအျဖစ္ ပစၥည္းပိုင္ရွင္ရဲ႕ ခန႔္အပ္ခံရသူက တရား႐ုံး ထံ ေလွ်ာက္ထားရမွာျဖစ္ပါတယ္”
“ေသတမ္းစာ အတည္ျပဳလက္မွတ္ရမွ ပစၥည္းခြဲေဝျခင္းဆက္လုပ္ရမွာလား ဆရာ”
“မွန္ပါတယ္။ ေသတမ္းစာထဲမွာ သူပိုင္ အိမ္ေျမကို ေရာင္းခ်ၿပီး သားသမီးမ်ားကို ဒါမွမဟုတ္ အျခားသူမ်ားကို မည္သို႔ခြဲေဝေပးပါလို႔ပါရွိတယ္ဆိုပါေတာ့”
“ဟုတ္ကဲ့ ဆရာ”
“အဲဒီလို အေျခအေနမ်ိဳးဆိုရင္ အဆိုပါ အိမ္နဲ႔ေျမကို ေရာင္းခ်ခြင့္ျပဳရန္ ေသတမ္းစာအတည္ျပဳ လက္မွတ္ ရရွိထားတဲ့ ေသတမ္းစာ အတည္ျပဳသူက တရား႐ုံးမွာ ခြင့္ျပဳခ်က္ ေလွ်ာက္ထားရပါမယ္။ တရား႐ုံးက ခြင့္ျပဳရင္ ဝယ္သူနဲ႔ အေရာင္း အဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေရာင္းဖိုးေငြကို ခြဲေဝေပးရမွာ ျဖစ္ပါတယ္”
“တကယ္လို႔ ကြယ္လြန္သူက သူပိုင္ပစၥည္းတစ္ခုခုကို တစ္ဦးတစ္ေယာက္အား အၿပီးအပိုင္ေပးတယ္လို႔ ေသ တမ္းစာမွာ ေရးထားရင္ ဘာျဖစ္ႏိုင္သလဲ ဆရာ”
“အဲဒီလို အေျခအေနဆိုရင္ေတာ့ တရား႐ုံးမွာ ေပးကမ္းျခင္း စာ ခ်ဳပ္ခ်ဳပ္ဆိုရန္ ခြင့္ျပဳခ်က္ေတာင္းခံၿပီး ေပး ကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္”
“ဆရာေျပာတဲ့ ေသတမ္းစာ အတည္ျပဳသူက တရား႐ုံးမွာ ေလွ်ာက္ထားေဆာင္႐ြက္မေပးရင္ ဘယ္လို ေဆာင္႐ြက္ႏိုင္ပါသလဲ ဆရာ”
“ေသတမ္းစာအရ အေမြဆက္ခံ သူတစ္ဦးဦးကျဖစ္ေစ၊ အားလုံးကျဖစ္ေစ၊ ေသတမ္းစာပါအတိုင္း ေဆာင္႐ြက္ ေပးရန္ ေသတမ္းစာအတည္ျပဳခြင့္ရသူကို တရားစြဲဆိုေဆာင္႐ြက္ခြင့္ရွိပါတယ္”
“ကြၽန္ေတာ္ အခုဝယ္မယ့္ အိမ္က ေသတမ္းစာနဲ႔ ေပးသြားတဲ့ အိမ္ျဖစ္ေနတယ္ ဆရာ။ အဲဒါေၾကာင့္ တရားဝင္ ေအာင္ ဘယ္လို ေဆာင္႐ြက္ရမလဲဆိုတာ သိခ်င္လို႔ပါ”
“အေစာကေျပာသလို ေသတမ္းစာထဲမွာ ေသတမ္းစာအတည္ျပဳသူအျဖစ္ ဘယ္သူ႔ကို ခန႔္ထားခဲ့သလဲဆိုတာ ၾကည့္ရမယ္။ ေသတမ္းစာ အတည္ျပဳသူအျဖစ္ တိတိက်က် ေဖာ္ျပခန႔္ထားခဲ့ရင္ေတာ့ သူကပဲ တရား႐ုံးမွာ ေသ တမ္းစာအတည္ျပဳ လက္မွတ္ေလွ်ာက္ထားၿပီး အေရာင္းအဝယ္ကို ဆက္လက္ေဆာင္႐ြက္သြားရမွာ ျဖစ္ပါ တယ္”
“ဟုတ္ကဲ့ ဆရာ၊ ဒါေပမယ့္ ေသတမ္းစာမွာက ေသတမ္းစာ အတည္ျပဳသူအျဖစ္ ခန႔္ထားတာ မေတြ႕ရဘူး ဆရာ။ အခ်ိဳ႕ကေျပာေတာ့ အေမြထိန္းေလွ်ာက္ရမယ္လို႔ ေျပာျပန္တယ္”
“ဒီလိုပါ။ ေသတမ္းစာထဲမွာ ေသတမ္းစာအတည္ျပဳသူအျဖစ္ တိတိက်က် ေဖာ္ျပမထားဘူးဆိုရင္ ေသတမ္း စာပူးတြဲပါရွိသည့္ အေမြထိန္းစာကို ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္”
“အဲဒါကေတာ့ ဘယ္သူက ေလွ်ာက္ထားရပါသလဲ ဆရာ”
“ဒါကေတာ့ ပစၥည္းရပိုင္ခြင့္ရွိသူက တရား႐ုံးမွာ တိုက္႐ိုက္ေလွ်ာက္ထားခြင့္ရွိပါတယ္”
“ဆရာ ေျပာစကားအရဆိုရင္ ေသတမ္းစာအရ အဲဒီအိမ္ေျမကို ရပိုင္ခြင့္ရွိသူက တရား႐ုံးမွာ အေမြထိန္းစာ ေလွ်ာက္ရမယ္ေပါ့”
“ဟုတ္ပါတယ္၊ ဒါေပမယ့္ ႐ိုး႐ိုးအေမြထိန္းစာမဟုတ္ဘူး။ ေသတမ္းစာအရ လုပ္ပိုင္ခြင့္ရရွိတဲ့ အေမြထိန္း စာျဖစ္တယ္”
“႐ိုး႐ိုး အေမြထိန္းစာနဲ႔ ဘယ္လိုကြာပါသလဲ ဆရာ”
“႐ိုး႐ိုးအေမြထိန္းစာဆိုတာက ဥပေဒနဲ႔အညီ သားစဥ္ေျမးဆက္ အေမြဆက္ခံသူက ေလွ်ာက္ထားတာ ျဖစ္တယ္။ ေသတမ္းစာပူးတြဲပါရွိသည့္ အေမြထိန္းစာကေတာ့ ေသတမ္းစာအရ ပိုင္ဆိုင္ခြင့္ရွိသူက ေလွ်ာက္ထားရတာျဖစ္ တဲ့အတြက္ အျခားသူတစ္ဦးဦးက ၿပိဳင္ဆိုင္ေလွ်ာက္ထားဖို႔ ခက္ခဲမွာ ျဖစ္ပါတယ္”
“ဒါဆိုရင္ ေသတမ္းစာအရ ပိုင္ဆိုင္ခြင့္ရမယ့္သူက ေလွ်ာက္ထားရမွာဆိုေတာ့ အခုေရာင္းမယ့္သူ ဟုတ္ မဟုတ္ စုံစမ္းဖို႔လိုမယ္ထင္တယ္”
“ဒါေတာ့ မွန္တယ္။ အခုလက္ရွိေနသူက ေရာင္းမယ္လို႔ ေျပာတာလား”
“ေရာင္းသူေျပာတာကေတာ့ ျမန္မာကရင္လူမ်ိဳး၊ ခရစ္ယာန္ကိုးကြယ္သူေတြလို႔ ေျပာပါတယ္။ သူ႔ကို အေမက ေသတမ္းစာနဲ႔ ေပးသြားတဲ့ အိမ္ျဖစ္လို႔ ေရာင္းပိုင္ခြင့္ရွိတယ္လို႔ ေျပာတယ္။ က်န္တဲ့ ေမာင္ႏွမေတြကလည္း ကန႔္ကြက္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္”
“ဒါဆိုရင္ေတာ့ ရွင္းပါတယ္။ သူကိုယ္တိုင္လည္း လက္ရွိေရာင္းမယ့္ အိမ္မွာေနတယ္ဆိုေတာ့ အဆင္ေျပမွာပါ”
“ေသတမ္းစာကို တင္ျပၿပီး အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ မရဘူးလား။ တရား႐ုံးမွာ မျဖစ္မေန ေလွ်ာက္ထားရမွာလား ဆရာ”
“ဟုတ္ပါတယ္။ ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးစမ္းေမာင္ပါ ၅ ႏွင့္ ေဒၚခင္ျမယု-၂၀၁၇ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး၊ စာမ်က္ႏွာ - ၁၅ အမႈမွာ ေသတမ္းစာတြင္ ေသတမ္းစာအတည္ျပဳသူ ခန႔္ထားျခင္းမရွိပါက ေသတမ္းစာပူးတြဲပါရွိေသာ အေမြထိန္းစာေလွ်ာက္ထားရမယ္လို႔ အတိအက်ဆုံးျဖတ္ထား တာလည္း ရွိပါတယ္။ ဒါေၾကာင့္ ယခုကိစၥမွာ ေသတမ္းစာပူးတြဲပါရွိေသာ အေမြထိန္းစာကို တရား႐ုံးမွာ ဦးစြာေလွ်ာက္ထား ေဆာင္႐ြက္ရပါမယ္”
“တရား႐ုံးေလွ်ာက္ထားတဲ့ ကုန္က်စရိတ္ကို ထုံးစံအတိုင္း ေရာင္းသူက က်ခံရသလား ဆရာ”
“အတိအက်ေတာ့ သတ္မွတ္ခ်က္မရွိေပမယ့္ ႏွစ္ဖက္ညႇိႏႈိင္း ေဆာင္႐ြက္ၾကတာျဖစ္ပါတယ္”
“ဟုတ္ကဲ့ ဆရာ။ စရန္ေပးရင္ ဆရာနဲ႔ ဆက္သြယ္လိုက္ပါမယ္”ဟုေျပာၿပီး ေဆြးေႏြးခကို ကန္ေတာ့သြား ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)