ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
“အိမ်မြေပေါင်မယ်ဆိုရင် မှတ်ပုံတင် စာချုပ်ပြုလုပ်ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံလာ ရောက်ဆွေးနွေးပါသည်။
“ဦးတင်မြင့်က အိမ်ပေါင်ချင်လို့လား”
“ကျွန်တော့် တူတစ်ယောက်က နိုင်ငံခြားသင်္ဘောတက်ဖို့ ငွေလိုနေတာနဲ့ သူ့မြေနဲ့ အိမ်ကို ပေါင်ချင် တယ် ပြောလို့ပါ”
“မြေက ဂရန်မြေလား အမည် ပေါက်လား”
“သူ့အမည်တော့ မပေါက်သေးဘူး။ သူ့မိဘအမည်ပေါက်ဖြစ်နေတယ်”
“မိဘက ကွယ်လွန်သွားကြပြီလား။ သက်ရှိထင်ရှားရှိသေးလား”
“အမေကတော့ ရှိသေးတယ်။ သူ့အမည်တစ်ဦးတည်းအဖြစ်တော့ မပြောင်းရသေးဘူးထင်တယ်”
“ဂရန်စာချုပ်ထဲမှာ လင်မယား နှစ်ယောက် အမည်မဟုတ်လား”
“ဖြစ်မယ်ထင်တယ် သေချာ တော့ ကျွန်တော် မသိဘူး”
“ပစ္စည်းပေါင်တယ်ဆိုတာက အဲဒီပစ္စည်းကို ပိုင်ဆိုင်ကြောင်း လုံလောက်တဲ့ အထောက်အထားရှိဖို့လိုတယ်။ မိမိပိုင်ပစ္စည်းကိုမှ ပေါင်နှံခွင့်ရှိတာလေ။ အမည်ပေါက် ပိုင်ရှင်ဖြစ်တဲ့ မိခင်သက်ရှိထင်ရှားရှိနေလို့ ပေါင်နှံခွင့်ရှိ မှာဖြစ်တယ်။ အကယ်၍ မိဘနှစ်ဦးလုံး ကွယ်လွန်ထားရင်တော့ အမွေဆိုင်ပစ်္စည်းဖြစ်နေတဲ့အတွက် ကန့်ကွက် သူပေါ်လာလိမ့်မယ်”
“ဆရာပြောမှ သတိပြုမိတယ်။ မိခင်ဖြစ်သူကလည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ ကျန်သားသမီးတွေ ကလည်း ကန့်ကွက်နိုင်တာ ပေါ့”
“အခုတော့ ကန့်ကွက်လို့မရဘူး။ မိခင်ကြီးပိုင် အိမ်မြေဖြစ်လို့ သက်ရှိထင်ရှားရှိစဉ်မှာ မိမိပိုင်ပစ္စည်းကို ရောင်းပိုင်ခွင့်၊ ပေးပိုင်ခွင့်၊ ပေါင်နှံခွင့် စတဲ့ အခွင့်အရေးတွေရှိတဲ့အတွက် လက်ရှိအခြေအနေမှာ မိခင်ဖြစ်သူက ၎င်းင်းပိုင်အိမ်နဲ့မြေကို ပေါင်နှံခွင့်ရှိပါတယ်”
“အပေါင်ခံသူက မြေနဲ့ အိမ်ပေါ်က ဆင်းပေးဖို့ပြောတယ်။ အဲဒါ ဥပဒေနဲ့ ညီညွတ်ပါသလား”
“မြန်မာနိုင်ငံမှာ ပေါင်နှံခြင်းနှစ်မျိုးကိုပဲ လက်ခံကျင့်သုံးနေတာကို တွေ့ရတယ်”
“ဟုတ်ကဲ့ ဆရာ။ နည်းနည်းရှင်းပြပေးပါဦး”
“အပေါင်ပစ္စည်းရဲ့ ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများကို ပေးအပ်၍ ပေါင်နှံခြင်း၊ ဥပမာပြောရရင် ဂရန်စာချုပ် အပ်နှံပေါင်နှံခြင်းဖြစ်တယ်။ နောက်တစ်မျိုးကတော့ ဦးတင်မြင့် ပြောသလို စာချုပ် ချုပ်ဆိုပြီး မိမိပိုင်ပစ္စည်းကို လက်ရောက်ပေးအပ်ပေါင်နှံခြင်းတို့ဖြစ်တယ်”
“ဆရာပြောသလို စာချုပ် ချုပ်ဆို ပေါင်နှံတယ်ဆိုတော့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြုလုပ် ချုပ်ဆိုရမှာပေါ့”
“ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ - ၅၉ နဲ့ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေပုဒ်မ - ၁၆ တို့မှာ တန်ဖိုးငွေ ကျပ်တစ်သိန်းနှင့် အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း၊ ဝန်ခံလက်မှတ် ရေးထိုး ထားသည့် ပေါင်နှံခြင်း စာချုပ်များနှင့် ပေါင်နှံခြင်း ဖျက်သိမ်းသော စာချုပ်များသည် စာချုပ်စာတမ်းမှတ် ပုံတင်ရုံး၌ မှတ်ပုံမတင်မနေရ စာချုပ် စာတမ်းတွင် ပါဝင်ကြောင်း ပြဋ္ဌာန်းထားပါတယ်”
“ဒါဆိုရင် မှတ်ပုံတင်စာချုပ် ပြုလုပ်ဖို့လိုမှာပေါ့”
“ဥပဒေအရ ရှင်းအောင်ပြောရရင် အပေါင်ပစ္စည်းတန်ဖိုးဟာ တစ်သိန်းကျပ်ထက်ပိုပြီး စာချုပ်စာတမ်း ပေးအပ် ပေါင်နှံခြင်းမဟုတ်ရင် (ဥပမာ - အိမ်မြေကို အပေါင်ခံသူထံ လက်ဝယ်ပေးအပ်ပေါင်နှံမယ်ဆိုရင်) စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်အပေါင်စာချုပ်ပြုလုပ်ရမှာဖြစ်တယ်။ အကယ်၍ ဂရန်စာချုပ်စာတမ်းလို မိမိပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းကို အပ်နှံပေါင်နှံရင်တော့ အပေါင်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုခွင့်မှ ကင်းလွတ်မှာ ဖြစ်ပါ တယ်။
“ဒါကြောင့်ဘဏ်မှာ မိမိပိုင်စာ ရွက်စာတမ်းကို ပေးအပ်ပေါင်နှံခြင်းမှာ မှတ်ပုံတင်စာချုပ် မချုပ်ဆိုရတာ ဖြစ် မယ်”
“မှန်ပါတယ်။ စာချုပ်စာတမ်းပေးအပ်ပေါင်နံှခြင်းကလွဲပြီး အခြား နည်းတစ်မျိုးမျိုးနဲ့ပေါင်ရင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်အပေါင်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ ဒါမှမဟုတ်ရင် ပေါင်နှံခြင်းကိစ်္စဥပဒေအရ တရားမဝင်ဖြစ်နေမှာ ဖြစ်တယ်”
“ဒါဆိုရင် အပေါင်ရွေးနုတ်ခွင့် ကိစ္စက ဘယ်လိုအခွင့်အရေးရှိပါသလဲ”
“ဥပဒေနဲ့အညီ ပေါင်နှံခြင်းဖြစ်တယ်ဆိုရင်တော့ ရွေးနုတ်ပိုင်ခွင့်ကို ဥပဒေအရ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ (၆၀) မှာ ငွေရင်းကို ပေးဆပ်ရန် အချိန်ကျရောက်သည့်နောက် မည်သည့် အခါမဆို အပေါင်နှင့် ချေးသည့်ငွေကို သင့်လျော်ရာ အချိန်၊သင့် လျော်ရာနေရာတွင် ပေးဆပ်ခြင်းပြု နိုင်တယ် လို့ ပြဋ္ဌာန်းထားပါတယ်”
“တချို့ ကိစ္စတွေမှာ ပေးဆပ်ရန် ကာလကျော်လွန်လို့ အပေါင်ဆုံးတာမျိုးလည်း ရှိတယ် မဟုတ်လား”
“နှစ်ဦးသဘောတူအပေါင်ဆုံးအဖြစ် စာချုပ်မှာ ဖော်ပြထားရင်တော့ ဆုံးရှုံးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အတိ အကျ ချုပ်ဆိုထားခြင်းမရှိဘဲ မိမိပစ္စည်းကို ရွေးနုတ်ခွင့်မပြုဘဲ သတ်မှတ်ရက်ကျော်တယ်ဆိုတဲ့အကြောင်းပြ ချက်နဲ့ ရွေးနုတ်ခွင့်ကို ပိတ်ပင်ခွင့်မရှိပါဘူး။ တရားရုံးရဲ့ အမိန့်အရသာ ရွေးနုတ်ခွင့်ကို ပိတ်ပင်ခွင့်ရမှာ ဖြစ်ပါတယ်”
“ပေါင်နှံသူကလည်း တရားရုံးမှာ ပေါင်နှံထားသည့် ပစ္စည်းကို ရွေးနုတ်ခွင့်ပြုရန် လျှောက်ထားနိုင်တယ် မဟုတ်လား”
“မှန်ပါတယ်။ အီး၊ အာရ်ဘီဒန်နှင့် ဦးလှိုင်ဖေပါ (၆) ဦး - ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၁၇ အမှုမှာ ရောင်း ပေါင်စာချုပ်၌ ပြန်ရွေးခွင့်မရှိဟု စည်းကမ်းချက်ပါရှိစေကာမူ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ (၆၀) အရ ကာလစည်းကမ်းသတ် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချိန်ကာလ အတွင်း ပြန်လည်ရွေးနုတ် ပိုင်ခွင့်ရှိပေသည်။ ပစ္စည်းပေါင်နှံမှုအပေါ် အပေါင်ခံသူက မတရားအခွင့်အရေးယူခြင်းမှ ကာကွယ်ရန် အလို့ငှာ အပေါင် စာချုပ်၌ မည်သို့ပင် ကန့်သတ်ထားကြစေကာမူ အပေါင်ပစ္စည်းကို ပေါင်နှံသူက ရွေးနုတ်ပိုင်ခွင့်ရှိသည် ဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အပေါင်ပစ္စည်းရွေးနုတ်ခွင့်ကို အလွယ်တကူ ပိတ်ပင်ခွင့်မရှိပါဘူး”
“တစ်ခါတစ်ရံမှာ အပေါင်စာချုပ်အဖြစ် မချုပ်ဆိုဘဲ အိမ်မြေကို အရောင်းစာချုပ်အဖြစ် ချုပ်ဆိုတာ မျိုးရှိတတ် တယ် မဟုတ်လား”
“ဥပဒေအရ ပြောရရင်တော့ ဟန်ဆောင်စာချုပ်လို့ ခေါ်ပါတယ်။ အပေါင်စာချုပ်ကို အရောင်းစာချုပ်အဖြစ် ဟန်ဆောင်ချုပ်ဆိုထားကြောင်း၊ ပစ္စည်းပေါင်နှံသူက အထောက်အထားခိုင်မာစွာနဲ့ တရားရုံးမှာ တင်ပြပြီး ပစ္စည်းကို အပေါင်ရွေး နုတ်ခွင့်ပြုကြောင်း အမိန့်ဒီကရီချ မှတ်ပေးဖို့ လျှောက်ထားနိုင်ပါတယ်”
“ဒါဆိုရင် အခုကိစ်္စမှာ ဘယ်လို အပေါင်ထားရင် ကောင်းမလဲ”
“မြေဂရန် အမည်ပေါက်ကိုယ်တိုင်က သက်ရှိထင်ရှားရှိနေတော့ ဂရန်အမည်ပေါက်က မိမိပိုင်ဆိုင်ကြောင်း အထောက်အထားဖြစ်သည့် မြေဂရန်မူရင်းကို ပေးအပ်ပြီး ပေါင်နှံလို့ရပါတယ်။ ပစ္စည်းပေါင်နှံစာချုပ်ကိုလည်း မှတ်ပုံတင်ပြုလုပ်ရန် မလို အပ်တဲ့အတွက် ကတိစာချုပ်အဖြစ် ချုပ်ဆို ပေါင်နှံနိုင်ပါတယ်”
“ပစ္စည်းလက်ရောက်ပေးအပ် ပေါင်ရန် မလိုဘူးပေါ့”
“မှန်ပါတယ်။ ပေါင်နှံသူကိုယ်တိုင် ဂရန်အမည်မပေါက်ရင်တော့ အပေါင်ခံသူက ပစ္စည်းလက်ရောက် ပေါင်နှံခြင်း ကို တောင်းဆိုနိုင်ကြောင်း” ဆွေးနွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
အိမ္ေျမကို အေပါင္ထားမည္ဆုိလွ်င္
“အိမ္ေျမေပါင္မယ္ဆုိရင္ မွတ္ပုံတင္ စာခ်ဳပ္ျပဳလုပ္ရပါသလား”ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံလာ ေရာက္ေဆြးေႏြးပါသည္။
“ဦးတင္ျမင့္က အိမ္ေပါင္ခ်င္လုိ႔လား”
“ကၽြန္ေတာ့္ တူတစ္ေယာက္က ႏုိင္ငံျခားသေဘၤာတက္ဖုိ႔ ေငြလုိေနတာနဲ႔ သူ႔ေျမနဲ႔ အိမ္ကို ေပါင္ခ်င္ တယ္ ေျပာလုိ႔ပါ”
“ေျမက ဂရန္ေျမလား အမည္ ေပါက္လား”
“သူ႔အမည္ေတာ့ မေပါက္ေသးဘူး။ သူ႔မိဘအမည္ေပါက္ျဖစ္ေနတယ္”
“မိဘက ကြယ္လြန္သြားၾကၿပီလား။ သက္ရွိထင္ရွားရွိေသးလား”
“အေမကေတာ့ ရွိေသးတယ္။ သူ႔အမည္တစ္ဦးတည္းအျဖစ္ေတာ့ မေျပာင္းရေသးဘူးထင္တယ္”
“ဂရန္စာခ်ဳပ္ထဲမွာ လင္မယား ႏွစ္ေယာက္ အမည္မဟုတ္လား”
“ျဖစ္မယ္ထင္တယ္ ေသခ်ာ ေတာ့ ကၽြန္ေတာ္ မသိဘူး”
“ပစၥည္းေပါင္တယ္ဆုိတာက အဲဒီပစၥည္းကို ပုိင္ဆုိင္ေၾကာင္း လုံေလာက္တဲ့ အေထာက္အထားရွိဖုိ႔လုိတယ္။ မိမိပုိင္ပစၥည္းကိုမွ ေပါင္ႏွံခြင့္ရွိတာေလ။ အမည္ေပါက္ ပုိင္ရွင္ျဖစ္တဲ့ မိခင္သက္ရွိထင္ရွားရွိေနလုိ႔ ေပါင္ႏွံခြင့္ရွိ မွာျဖစ္တယ္။ အကယ္၍ မိဘႏွစ္ဦးလုံး ကြယ္လြန္ထားရင္ေတာ့ အေမြဆုိင္ပစ္ၥည္းျဖစ္ေနတဲ့အတြက္ ကန္႔ကြက္ သူေပၚလာလိမ့္မယ္”
“ဆရာေျပာမွ သတိျပဳမိတယ္။ မိခင္ျဖစ္သူကလည္း က်န္းမာေရးေကာင္းတာ မဟုတ္ဘူး။ က်န္သားသမီးေတြ ကလည္း ကန္႔ကြက္ႏုိင္တာ ေပါ့”
“အခုေတာ့ ကန္႔ကြက္လုိ႔မရဘူး။ မိခင္ႀကီးပိုင္ အိမ္ေျမျဖစ္လုိ႔ သက္ရွိထင္ရွားရွိစဥ္မွာ မိမိပုိင္ပစၥည္းကုိ ေရာင္းပုိင္ခြင့္၊ ေပးပုိင္ခြင့္၊ ေပါင္ႏွံခြင့္ စတဲ့ အခြင့္အေရးေတြရွိတဲ့အတြက္ လက္ရွိအေျခအေနမွာ မိခင္ျဖစ္သူက ၎င္းပုိင္အိမ္နဲ႔ေျမကို ေပါင္ႏွံခြင့္ရွိပါတယ္”
“အေပါင္ခံသူက ေျမနဲ႔ အိမ္ေပၚက ဆင္းေပးဖုိ႔ေျပာတယ္။ အဲဒါ ဥပေဒနဲ႔ ညီၫြတ္ပါသလား”
“ျမန္မာႏုိင္ငံမွာ ေပါင္ႏွံျခင္းႏွစ္မ်ဳိးကိုပဲ လက္ခံက်င့္သုံးေနတာကုိ ေတြ႕ရတယ္”
“ဟုတ္ကဲ့ ဆရာ။ နည္းနည္းရွင္းျပေပးပါဦး”
“အေပါင္ပစၥည္းရဲ႕ ပုိင္ဆုိင္ခြင့္ စာရြက္စာတမ္းမ်ားကို ေပးအပ္၍ ေပါင္ႏွံျခင္း၊ ဥပမာေျပာရရင္ ဂရန္စာခ်ဳပ္ အပ္ႏွံေပါင္ႏွံျခင္းျဖစ္တယ္။ ေနာက္တစ္မ်ဳိးကေတာ့ ဦးတင္ျမင့္ ေျပာသလုိ စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး မိမိပုိင္ပစၥည္းကုိ လက္ေရာက္ေပးအပ္ေပါင္ႏွံျခင္းတုိ႔ျဖစ္တယ္”
“ဆရာေျပာသလုိ စာခ်ဳပ္ ခ်ဳပ္ဆုိ ေပါင္ႏွံတယ္ဆိုေတာ့ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ျပဳလုပ္ ခ်ဳပ္ဆုိရမွာေပါ့”
“ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ပုဒ္မ - ၅၉ နဲ႔ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ ဥပေဒပုဒ္မ - ၁၆ တုိ႔မွာ တန္ဖုိးေငြ က်ပ္တစ္သိန္းႏွင့္ အထက္ရွိသည့္ ပိုင္ဆုိင္ခြင့္စာခ်ဳပ္ကို အပ္ႏွံ၍ ေပါင္ႏွံေငြေခ်းျခင္းမွတစ္ပါး ေပါင္ႏွံျခင္းကို ေပါင္ႏွံသူလက္မွတ္ေရးထုိးၿပီး အနည္းဆုံးအသိသက္ေသႏွစ္ဦးက မွန္ကန္ေၾကာင္း၊ ၀န္ခံလက္မွတ္ ေရးထုိး ထားသည့္ ေပါင္ႏွံျခင္း စာခ်ဳပ္မ်ားႏွင့္ ေပါင္ႏွံျခင္း ဖ်က္သိမ္းေသာ စာခ်ဳပ္မ်ားသည္ စာခ်ဳပ္စာတမ္းမွတ္ ပုံတင္႐ုံး၌ မွတ္ပုံမတင္မေနရ စာခ်ဳပ္ စာတမ္းတြင္ ပါ၀င္ေၾကာင္း ျပ႒ာန္းထားပါတယ္”
“ဒါဆုိရင္ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ဖုိ႔လုိမွာေပါ့”
“ဥပေဒအရ ရွင္းေအာင္ေျပာရရင္ အေပါင္ပစၥည္းတန္ဖုိးဟာ တစ္သိန္းက်ပ္ထက္ပိုၿပီး စာခ်ဳပ္စာတမ္း ေပးအပ္ ေပါင္ႏွံျခင္းမဟုတ္ရင္ (ဥပမာ - အိမ္ေျမကုိ အေပါင္ခံသူထံ လက္၀ယ္ေပးအပ္ေပါင္ႏွံမယ္ဆုိရင္) စာခ်ဳပ္စာတမ္း ႐ုံးမွာ မွတ္ပုံတင္အေပါင္စာခ်ဳပ္ျပဳလုပ္ရမွာျဖစ္တယ္။ အကယ္၍ ဂရန္စာခ်ဳပ္စာတမ္းလုိ မိမိပုိင္ဆုိင္ေၾကာင္း စာရြက္စာတမ္းကို အပ္ႏွံေပါင္ႏွံရင္ေတာ့ အေပါင္စာခ်ဳပ္ကုိ မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆိုခြင့္မွ ကင္းလြတ္မွာ ျဖစ္ပါ တယ္။
“ဒါေၾကာင့္ဘဏ္မွာ မိမိပုိင္စာ ရြက္စာတမ္းကို ေပးအပ္ေပါင္ႏွံျခင္းမွာ မွတ္ပုံတင္စာခ်ဳပ္ မခ်ဳပ္ဆိုရတာ ျဖစ္ မယ္”
“မွန္ပါတယ္။ စာခ်ဳပ္စာတမ္းေပးအပ္ေပါင္ႏံွျခင္းကလဲြၿပီး အျခား နည္းတစ္မ်ဳိးမ်ဳိးနဲ႔ေပါင္ရင္ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္အေပါင္စာခ်ဳပ္ ခ်ဳပ္ဆုိရမွာျဖစ္တယ္။ ဒါမွမဟုတ္ရင္ ေပါင္ႏွံျခင္းကိစ္ၥဥပေဒအရ တရားမ၀င္ျဖစ္ေနမွာ ျဖစ္တယ္”
“ဒါဆုိရင္ အေပါင္ေရြးႏုတ္ခြင့္ ကိစၥက ဘယ္လုိအခြင့္အေရးရွိပါသလဲ”
“ဥပေဒနဲ႔အညီ ေပါင္ႏွံျခင္းျဖစ္တယ္ဆုိရင္ေတာ့ ေရြးႏုတ္ပုိင္ခြင့္ကုိ ဥပေဒအရ ခံစားခြင့္ရွိမွာ ျဖစ္ပါတယ္။ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒ ပုဒ္မ (၆၀) မွာ ေငြရင္းကုိ ေပးဆပ္ရန္ အခ်ိန္က်ေရာက္သည့္ေနာက္ မည္သည့္ အခါမဆုိ အေပါင္ႏွင့္ ေခ်းသည့္ေငြကို သင့္ေလ်ာ္ရာ အခ်ိန္၊သင့္ ေလ်ာ္ရာေနရာတြင္ ေပးဆပ္ျခင္းျပဳ ႏုိင္တယ္ လုိ႔ ျပ႒ာန္းထားပါတယ္”
“တခ်ဳိ႕ ကိစၥေတြမွာ ေပးဆပ္ရန္ ကာလေက်ာ္လြန္လုိ႔ အေပါင္ဆုံးတာမ်ဳိးလည္း ရွိတယ္ မဟုတ္လား”
“ႏွစ္ဦးသေဘာတူအေပါင္ဆုံးအျဖစ္ စာခ်ဳပ္မွာ ေဖာ္ျပထားရင္ေတာ့ ဆုံး႐ႈံးႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီလုိ အတိ အက် ခ်ဳပ္ဆုိထားျခင္းမရွိဘဲ မိမိပစၥည္းကို ေရြးႏုတ္ခြင့္မျပဳဘဲ သတ္မွတ္ရက္ေက်ာ္တယ္ဆုိတဲ့အေၾကာင္းျပ ခ်က္နဲ႔ ေရြးႏုတ္ခြင့္ကုိ ပိတ္ပင္ခြင့္မရွိပါဘူး။ တရား႐ုံးရဲ႕ အမိန္႔အရသာ ေရြးႏုတ္ခြင့္ကို ပိတ္ပင္ခြင့္ရမွာ ျဖစ္ပါတယ္”
“ေပါင္ႏွံသူကလည္း တရား႐ုံးမွာ ေပါင္ႏွံထားသည့္ ပစၥည္းကုိ ေရြးႏုတ္ခြင့္ျပဳရန္ ေလွ်ာက္ထားႏုိင္တယ္ မဟုတ္လား”
“မွန္ပါတယ္။ အီး၊ အာရ္ဘီဒန္ႏွင့္ ဦးလႈိင္ေဖပါ (၆) ဦး - ၁၉၆၇ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၁၇ အမႈမွာ ေရာင္း ေပါင္စာခ်ဳပ္၌ ျပန္ေရြးခြင့္မရွိဟု စည္းကမ္းခ်က္ပါရွိေစကာမူ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒ ပုဒ္မ (၆၀) အရ ကာလစည္းကမ္းသတ္ ဥပေဒတြင္ ျပ႒ာန္းထားသည့္ အခ်ိန္ကာလ အတြင္း ျပန္လည္ေရြးႏုတ္ ပုိင္ခြင့္ရွိေပသည္။ ပစၥည္းေပါင္ႏွံမႈအေပၚ အေပါင္ခံသူက မတရားအခြင့္အေရးယူျခင္းမွ ကာကြယ္ရန္ အလုိ႔ငွာ အေပါင္ စာခ်ဳပ္၌ မည္သုိ႔ပင္ ကန္႔သတ္ထားၾကေစကာမူ အေပါင္ပစၥည္းကုိ ေပါင္ႏွံသူက ေရြးႏုတ္ပုိင္ခြင့္ရွိသည္ ဟု ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ အေပါင္ပစၥည္းေရြးႏုတ္ခြင့္ကို အလြယ္တကူ ပိတ္ပင္ခြင့္မရွိပါဘူး”
“တစ္ခါတစ္ရံမွာ အေပါင္စာခ်ဳပ္အျဖစ္ မခ်ဳပ္ဆုိဘဲ အိမ္ေျမကို အေရာင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိတာ မ်ဳိးရွိတတ္ တယ္ မဟုတ္လား”
“ဥပေဒအရ ေျပာရရင္ေတာ့ ဟန္ေဆာင္စာခ်ဳပ္လုိ႔ ေခၚပါတယ္။ အေပါင္စာခ်ဳပ္ကုိ အေရာင္းစာခ်ဳပ္အျဖစ္ ဟန္ေဆာင္ခ်ဳပ္ဆုိထားေၾကာင္း၊ ပစၥည္းေပါင္ႏွံသူက အေထာက္အထားခုိင္မာစြာနဲ႔ တရား႐ုံးမွာ တင္ျပၿပီး ပစၥည္းကုိ အေပါင္ေရြး ႏုတ္ခြင့္ျပဳေၾကာင္း အမိန္႔ဒီကရီခ် မွတ္ေပးဖုိ႔ ေလွ်ာက္ထားႏုိင္ပါတယ္”
“ဒါဆုိရင္ အခုကိစ္ၥမွာ ဘယ္လုိ အေပါင္ထားရင္ ေကာင္းမလဲ”
“ေျမဂရန္ အမည္ေပါက္ကုိယ္တုိင္က သက္ရွိထင္ရွားရွိေနေတာ့ ဂရန္အမည္ေပါက္က မိမိပုိင္ဆုိင္ေၾကာင္း အေထာက္အထားျဖစ္သည့္ ေျမဂရန္မူရင္းကုိ ေပးအပ္ၿပီး ေပါင္ႏွံလုိ႔ရပါတယ္။ ပစၥည္းေပါင္ႏွံစာခ်ဳပ္ကိုလည္း မွတ္ပုံတင္ျပဳလုပ္ရန္ မလုိ အပ္တဲ့အတြက္ ကတိစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိ ေပါင္ႏွံႏုိင္ပါတယ္”
“ပစၥည္းလက္ေရာက္ေပးအပ္ ေပါင္ရန္ မလုိဘူးေပါ့”
“မွန္ပါတယ္။ ေပါင္ႏွံသူကုိယ္တုိင္ ဂရန္အမည္မေပါက္ရင္ေတာ့ အေပါင္ခံသူက ပစၥည္းလက္ေရာက္ ေပါင္ႏွံျခင္း ကို ေတာင္းဆုိႏုိင္ေၾကာင္း” ေဆြးေႏြးလုိက္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)