ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်- COVID-19ကြောင့် ရန်ကုန်တိုင်းရွှေဈေးကွက်ကို ရက်အကန့်အသတ်မရှိပိတ်သိမ်းလိုက်ပြီး ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက ရွှေဆိုင်အချို့ကသာ အရောင်းပြုလုပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
လက်ရှိတွင် ပြည်ပရွှေအဝင်အထွက်ရပ်ဆိုင်းခြင်းနှင့် ဈေးကွက်အတွင်း အရောင်းအဝယ် မရှိသလောက်နည်းပါး၍ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
"ဗိုင်းရပ်စ်ကူးမှာ ကြောက်လို့ ပိတ်လိုက်တာပါ။ အသင်းက ဈေးကွက်ကို တာဝန်ယူဆောင်ရွက်တာမျိုး မလုပ်တော့ဘူး။ ဖွင့်တဲ့ ဆိုင်တွေက ကိုယ်ဖာသာ ဈေးဖွင့်ပြီးရောင်းချလိမ့်မယ်"ဟု ၎င်းကဆိုသည်။
လက်ရှိဈေးကွက်အတွင်း ရွှေအရောင်းအဝယ်မရှိသလောက်နည်းပါးနေပြီး ရွှေဆိုင်များကလည်း လက်လီဈေးကွက်ကိုသာ အားထားရောင်းချနေ သည်ဟု ၎င်းကဆိုသည်။
ရန်ကုန်ရွှေဈေးကွက်ကို ပိတ်သိမ်းသော်လည်း ငွေပြန်ဖော်လို့သူများရောင်းချနိုင်ရန် မန္တလေးရွှေဈေးကွက်ကို ပိတ်သိမ်းဦးမည် မဟုတ်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်ထွန်းကပြောသည်။
"အရောင်းအဝယ်တော့ရှိနေဆဲပဲ။ ငွေလိုတဲ့သူတွေ ပြန်ရောင်းနိုင်အောင် ဈေးတော့ဖွင့်ပေးထားတယ်၊ ဆိုင်တွေကတော့ ပိတ်ဖို့လုပ်နေတာရှိတယ်"ဟု ၎င်းကဆိုသည်။
မန္တလေးရှိ ရွှေဆိုင်များကို ဧပြီ ၁ ရက် သို့မဟုတ် ၃ ရက်အတွင်း ပိတ်သိမ်းရန် စဉ်းစားနေဟုလည်း ၎င်းကဆိုသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
COVID-19 ေၾကာင့္ ရန္ကုန္တြင္ ေ႐ႊေဈးကြက္ ပိတ္
ရန္ကုန္- COVID-19ေၾကာင့္ ရန္ကုန္တိုင္းေ႐ႊေဈးကြက္ကို ရက္အကန႔္အသတ္မရွိပိတ္သိမ္းလိုက္ၿပီး ျဖစ္ေၾကာင္းႏွင့္ ပုဂၢလိက ေ႐ႊဆိုင္အခ်ိဳ႕ကသာ အေရာင္းျပဳလုပ္ေတာ့မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္အသင္းဥကၠဌ ဦးမ်ိဳးျမင့္ကေျပာသည္။
လက္ရွိတြင္ ျပည္ပေ႐ႊအဝင္အထြက္ရပ္ဆိုင္းျခင္းႏွင့္ ေဈးကြက္အတြင္း အေရာင္းအဝယ္ မရွိသေလာက္နည္းပါး၍ ပိတ္သိမ္းလိုက္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။
"ဗိုင္းရပ္စ္ကူးမွာ ေၾကာက္လို႔ ပိတ္လိုက္တာပါ။ အသင္းက ေဈးကြက္ကို တာဝန္ယူေဆာင္႐ြက္တာမ်ိဳး မလုပ္ေတာ့ဘူး။ ဖြင့္တဲ့ ဆိုင္ေတြက ကိုယ္ဖာသာ ေဈးဖြင့္ၿပီးေရာင္းခ်လိမ့္မယ္"ဟု ၎ကဆိုသည္။
လက္ရွိေဈးကြက္အတြင္း ေ႐ႊအေရာင္းအဝယ္မရွိသေလာက္နည္းပါးေနၿပီး ေ႐ႊဆိုင္မ်ားကလည္း လက္လီေဈးကြက္ကိုသာ အားထားေရာင္းခ်ေန သည္ဟု ၎ကဆိုသည္။
ရန္ကုန္ေ႐ႊေဈးကြက္ကို ပိတ္သိမ္းေသာ္လည္း ေငြျပန္ေဖာ္လို႔သူမ်ားေရာင္းခ်ႏိုင္ရန္ မႏၲေလးေ႐ႊေဈးကြက္ကို ပိတ္သိမ္းဦးမည္ မဟုတ္ေၾကာင္း မႏၲေလးတိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးတင္ထြန္းကေျပာသည္။
"အေရာင္းအဝယ္ေတာ့ရွိေနဆဲပဲ။ ေငြလိုတဲ့သူေတြ ျပန္ေရာင္းႏိုင္ေအာင္ ေဈးေတာ့ဖြင့္ေပးထားတယ္၊ ဆိုင္ေတြကေတာ့ ပိတ္ဖို႔လုပ္ေနတာရွိတယ္"ဟု ၎ကဆိုသည္။
မႏၲေလးရွိ ေ႐ႊဆိုင္မ်ားကို ဧၿပီ ၁ ရက္ သို႔မဟုတ္ ၃ ရက္အတြင္း ပိတ္သိမ္းရန္ စဥ္းစားေနဟုလည္း ၎ကဆိုသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com