ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန (၁၀) ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း (၂၂) ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မတ်လ ၂၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။
တရုတ်ကပေးအပ်မည့် အဆိုပါအထူးရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ (၆.၇) သန်းကျော် (၆,၇၈၈,၈၅၀/-) ဖြစ်ပြီး ယင်းရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက်နည်းပညာ၊ တရား ဥပဒေစိုးမိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ (၂၀၁၇) ဖြင့် စီမံကိန်း (၁၀) ခုအတွက် အမေရိကန်ဒေါ်လာ ၂.၄ သန်း ကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၁၈) ဖြင့် စီမံကိန်း (၁၉) ခုအတွက် အမေရိကန်ဒေါ်လာ ၇.၂ သန်းကိုလည်းကောင်း မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်ဝန် ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္မႈအစီအစဥ္အရ အေကာင္အထည္ေဖၚေဆာင္ရြက္မည့္ ျမန္မာနိုင္ငံ၏ စီမံကိန္း (၂၂) ခုအတြက္ တ႐ုတ္နိုင္ငံမွ ရန္ပုံေငြလႊဲေျပာင္းေပးအပ္
မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္မႈအထူးရန္ပုံေငြ (၂၀၂၀) ျဖင့္ ျမန္မာနိုင္ငံဝန္ႀကီးဌာန (၁၀) ခုမွ အေကာင္အထည္ေဖာ္ေဆာင္ရြက္ခြင့္ရရွိေသာ စီမံကိန္း (၂၂) ခုအတြက္ တ႐ုတ္နိုင္ငံမွ ရန္ပုံေငြလႊဲေျပာင္းလက္ခံလႊာ လက္မွတ္ေရးထိုးပြဲအခမ္းအနားကို မတ္လ ၂၃ ရက္က နိုင္ငံျခားေရးဝန္ႀကီးဌာန၌ က်င္းပခဲ့ေၾကာင္းသိရသည္။
တရုတ္ကေပးအပ္မည့္ အဆိုပါအထူးရန္ပုံေငြမွာ အေမရိကန္ေဒၚလာ (၆.၇) သန္းေက်ာ္ (၆,၇၈၈,၈၅၀/-) ျဖစ္ၿပီး ယင္းရန္ပုံေငြျဖင့္ ျမန္မာနိုင္ငံ၏ စိုက္ပ်ိဳးေရး၊ ေရအရင္းအျမစ္၊ ပညာေရး၊ လူမႈေရးႏွင့္ ယဥ္ေက်းမႈ၊ သုေတသန၊ သတင္းအခ်က္အလက္နည္းပညာ၊ တရား ဥပေဒစိုးမိုးေရး၊ လူ႔စြမ္းအားအရင္းအျမစ္၊ ရင္းႏွီးျမႇုပ္ႏွံမႈနယ္ပယ္တို႔တြင္ စီမံကိန္းမ်ား အေကာင္အထည္ေဖၚေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသည္ မဲေခါင္-လန္ခ်န္းအထူးရန္ပုံေငြ (၂၀၁၇) ျဖင့္ စီမံကိန္း (၁၀) ခုအတြက္ အေမရိကန္ေဒၚလာ ၂.၄ သန္း ကိုလည္းေကာင္း၊ မဲေခါင္-လန္ခ်န္း အထူးရန္ပုံေငြ (၂၀၁၈) ျဖင့္ စီမံကိန္း (၁၉) ခုအတြက္ အေမရိကန္ေဒၚလာ ၇.၂ သန္းကိုလည္းေကာင္း ျမန္မာနိုင္ငံသို႔ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္ဝန္ ႀကီးခ်ဳပ္ Mr. Li Keqiang ၏ စတင္အဆိုျပဳခ်က္အရ မဲေခါင္ေဒသအတြင္း ဖြံ့ၿဖိဳးမႈကြာဟခ်က္ေလၽွာ့ခ်ရန္ႏွင့္ စဥ္ဆက္မျပတ္ ဖြံ့ၿဖိဳးတိုးတက္မႈရရွိေရးအတြက္ ပူးေပါင္းေဆာင္ရြက္ရန္ရည္ရြယ္လ်က္ ကေမၻာဒီးယား၊ တ႐ုတ္၊ လာအို၊ ျမန္မာ၊ ထိုင္းႏွင့္ ဗီယက္နမ္ နိုင္ငံတို႔ျဖင့္ ၂၀၁၆ ခုႏွစ္တြင္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္မႈအစီအစဥ္ဖြဲ႕စည္းတည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၃ ရက္သည္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္မႈ၏ (၄) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com