ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ရန်ကုန် - ပုသိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း နိုင်ငံပိုင်သတင်းစာမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအပိုင်းတွင် ၅ မိုင် ၄ ဖာလုံမှ ၁၇ မိုင် ၄ ဖာလုံအထိ ၁၂ မိုင်အား ၄၈ ပေအကျယ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ရာမှာ ၅၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအပိုင်းတွင် မိုင် ၁၇ / ၄– ၄၁ / ၄ အထိ ၂၄ မိုင်အား ပေ ၃၀ အကျယ်ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းမှာ ၆၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်- ပုသိမ်လမ်း ၅ မိုင် ၄ ဖာလုံမှ ၄၁ မိုင် ၄ ဖာလုံအထိ စုစုပေါင်း ၃၆ မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို မေလကုန် အပြီး ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းမှ အဆိုပါလမ်း အဆင့်မြှင့်တင်ခြင်းကို မတ် ၂၁ ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ရန္ကုန္-ပုသိမ္လမ္းအား ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမႇင့္တင္
ရန္ကုန္ - ပုသိမ္လမ္းအား ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ေနေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွသိရသည္။
ထိုသို႔ေဆာင္ရြက္ရာတြင္ ရန္ကုန္တိုင္းေဒသႀကီးအပိုင္းတြင္ ၅ မိုင္ ၄ ဖာလုံမွ ၁၇ မိုင္ ၄ ဖာလုံအထိ ၁၂ မိုင္အား ၄၈ ေပအက်ယ္ ကြန္ကရစ္လမ္း အဆင့္ျမႇင့္တင္ရာမွာ ၅၅ ရာခိုင္ႏႈန္း ၿပီးစီးေနေၾကာင္း၊ ဧရာဝတီတိုင္းေဒသႀကီးအပိုင္းတြင္ မိုင္ ၁၇ / ၄– ၄၁ / ၄ အထိ ၂၄ မိုင္အား ေပ ၃၀ အက်ယ္ကြန္ကရစ္ လမ္းခင္းျခင္းလုပ္ငန္းမွာ ၆၈ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္- ပုသိမ္လမ္း ၅ မိုင္ ၄ ဖာလုံမွ ၄၁ မိုင္ ၄ ဖာလုံအထိ စုစုေပါင္း ၃၆ မိုင္အား ကြန္ကရစ္လမ္း အဆင့္ျမႇင့္တင္ျခင္းကို ေမလကုန္ အၿပီး ေဆာင္ရြက္ရန္လ်ာထားေၾကာင္း သိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေက်ာ္လင္းမွ အဆိုပါလမ္း အဆင့္ျမွင့္တင္ျခင္းကို မတ္ ၂၁ ရက္က သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com