ဗဟုသုတ | Posted by အေးမြတ်သူ
### Unicode Version ###
အဆောက်အဦး အက်ကွဲသွားသည်ဆိုလျှင် အက်ကွဲသွားသည့်အဆောက်အဦကို ဖာတေးပေးခြင်း၊ ပြန်အချောသတ်ပေးခြင်းဖြင့် ကျေနပ်လက်ခံလိုမရပါဘူး မလုံလောက်ပါဘူး။ တိမ်းဆောင်းသွားလျှင် မည်မျှ တိမ်းဆောင်းသွားလည်း တိမ်းဆောင်းမှုသည့် အန္တရာယ်ရှိနိုင်သလား စသည်တို့ကို စစ်ဆေးရန်လိုအပ်ပါမည်။
တိုက်ဆောက်သည့်အခါတွင် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အဦဆောက်လုပ်ခွင့် ခွင့်ပြုမိန့်တင်ပြီး ဆောက်လုပ်ရတာဖြစ်ပါတယ်။ ထိုသို့ဆောက်လုပ်တဲ့အခါ မှာ ဘေးအဆောက်အဦကို မထိခိုက်အောင်၊ မပျက်ဆီးအောင် ဘယ်လိုလုပ်မလဲ၊ အကယ်၍ဖြစ်ပွားလျှင် မည်သို့ တာဝန်ယူမလဲစသည့် စည်းကမ်းချက်တွေရှိပါသည်။
မြေတူးခြင်းကြောင့် တိမ်းဆောင်းသွားခြင်း၊ အဆောက်အဦကွဲအပ်ခြင်းများ ဖြစ်ပေါ်လာမည်ဆိုလျှင် နစ်နာသူမှ စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနသို့ တင်ပြရမည်ဖြစ်ပြီး တင်ပြချက်အပေါ် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများမှ ထိုသို့စည်းကမ်းချက်တွေကို မလိုက်နာ၍ ဖြစ်ပေါ်လာသည့် နစ်နာမှုတွေကို စုံစမ်းစစ်ဆေးပြီး နစ်နာမှုအပေါ် တန်ဖိုးဖျက်သတ်မှတ်ပေးသည့် အဖွဲ့ရှိပါသည်။ ထိုသို့ စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ ဆုံးဖြတ်ပေးသည့်အပေါ် မလုံလောက်ဘူး၊ အကျေနပ်နိုင်ဘူးဆိုလျှင် ပြင်ပလိုင်စင်ရအင်ဂျင်နီယာနဲ့ ထိခိုက်မှုကိုတွက်ချက်ပြီး အထောက်အထားရယူ တရားစွဲဆိုရမှာဖြစ်ပါသည်။ တရားစွဲဆိုသည့်အခါ တရားရုံးမှ ထိခိုက်သွားသည့်အပေါ်တွင် သင်လျော်သည့်လျော်ကြေး သတ်မှတ်ပေးမှာဖြစ်ပါသည်။ အကယ်၍ အဆောက်အဦခိုင်ခံမှုကိုများစွာထိခိုက်သည် ဆိုလျှင်တော့ ယင်းစားပြန်ပေးရန် တောင်းဆိုနိုင်မှာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မိမိအိမ္ေဘးတြင္ တိုက္ေဆာက္သျဖင့္ မိမိအေဆာက္အဦကြဲအက္ပ်က္ဆီးလွ်င္ မည္သို႔ကုစားမည္နည္း။
အေဆာက္အဦး အက္ကြဲသြားသည္ဆိုလွ်င္ အက္ကြဲသြားသည့္အေဆာက္အဦကို ဖာေတးေပးျခင္း၊ ျပန္အေခ်ာသတ္ေပးျခင္းျဖင့္ ေက်နပ္လက္ခံလိုမရပါဘူး မလံုေလာက္ပါဘူး။ တိမ္းေဆာင္းသြားလွ်င္ မည္မွ် တိမ္းေဆာင္းသြားလည္း တိမ္းေဆာင္းမႈသည့္ အႏၱရာယ္ရွိႏိုင္သလား စသည္တို႔ကို စစ္ေဆးရန္လိုအပ္ပါမည္။
တိုက္ေဆာက္သည့္အခါတြင္ စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနတြင္ အေဆာက္အဦေဆာက္လုပ္ခြင့္ ခြင့္ျပဳမိန္႔တင္ၿပီး ေဆာက္လုပ္ရတာျဖစ္ပါတယ္။ ထိုသုိ႔ေဆာက္လုပ္တဲ့အခါ မွာ ေဘးအေဆာက္အဦကို မထိခိုက္ေအာင္၊ မပ်က္ဆီးေအာင္ ဘယ္လိုလုပ္မလဲ၊ အကယ္၍ျဖစ္ပြားလွ်င္ မည္သို႔ တာ၀န္ယူမလဲစသည့္ စည္းကမ္းခ်က္ေတြရွိပါသည္။
ေျမတူးျခင္းေၾကာင့္ တိမ္းေဆာင္းသြားျခင္း၊ အေဆာက္အဦကြဲအပ္ျခင္းမ်ား ျဖစ္ေပၚလာမည္ဆိုလွ်င္ နစ္နာသူမွ စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနသို႔ တင္ျပရမည္ျဖစ္ၿပီး တင္ျပခ်က္အေပၚ စည္ပင္သာယာေရးေကာ္မတီမွ အင္ဂ်င္နီယာမ်ားမွ ထိုသုိ႔စည္းကမ္းခ်က္ေတြကို မလိုက္နာ၍ ျဖစ္ေပၚလာသည့္ နစ္နာမႈေတြကို စံုစမ္းစစ္ေဆးၿပီး နစ္နာမႈအေပၚ တန္ဖိုးဖ်က္သတ္မွတ္ေပးသည့္ အဖြဲ႔ရွိပါသည္။ ထိုသို႔ စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနမွ ဆံုးျဖတ္ေပးသည့္အေပၚ မလံုေလာက္ဘူး၊ အေက်နပ္ႏိုင္ဘူးဆိုလွ်င္ ျပင္ပလိုင္စင္ရအင္ဂ်င္နီယာနဲ႔ ထိခိုက္မႈကိုတြက္ခ်က္ၿပီး အေထာက္အထားရယူ တရားစြဲဆိုရမွာျဖစ္ပါသည္။ တရားစြဲဆိုသည့္အခါ တရားရံုးမွ ထိခိုက္သြားသည့္အေပၚတြင္ သင္ေလ်ာ္သည့္ေလ်ာ္ေၾကး သတ္မွတ္ေပးမွာျဖစ္ပါသည္။ အကယ္၍ အေဆာက္အဦခိုင္ခံမႈကိုမ်ားစြာထိခိုက္သည္ ဆိုလွ်င္ေတာ့ ယင္းစားျပန္ေပးရန္ ေတာင္းဆိုႏိုင္မွာျဖစ္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com