အိမ်လခကြွေးကျန်များကိုအရစ်ကျပေးခွင့်ရှိပါသလား

အိမ်လခကြွေးကျန်များကိုအရစ်ကျပေးခွင့်ရှိပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
3 Mar 2020 10:47 am တွင် တင်ခဲ့သည်
871 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Unicode Version ###

“ အိမ်လခကြွေးကျန်ကို အရစ်ကျပေးသွင်းလို့ရတယ်ဆိုတာ ဟုတ်ပါသလားဆရာ ” ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံတိုင်ပင်ဆွေးနွေးလာပါသည်။

“ တရားစွဲထားလို့လား”

“တရားတော့မစွဲသေးဘူးဆရာ။ အိမ်လခကြွေးကျန်တွေရှိလို့ အိမ်ရှင်အိမ်ငှါးဖြတ်တောက်ပြီး အိမ်မှဖယ်ရှားပေးဖို့ အကြောင်းကြားစာပေးပို့တယ်ဆရာ ”

“ မိတ်ဆွေတို့က အိမ်လခကြွေးကျန်ပေးပါမယ်ဆိုပြီး ညှိနှိုင်းဆောင်ရွက်တာ မရှိဘူးလား ”

“ ကျွန်တော်တို့က အိမ်လခကြွေးကျန်သွားပေးပေမယ့် မယူဘူးဆရာ။ အိမ်က ဖယ်ပေးဖို့ပဲပြောတယ်ဆရာ။ အဲဒါ ဘာဆက်လုက်ရမလဲဆိုတာ သိချင်လို့”

“ အိမ်လခမပေးဖြစ်တာ ဘယ်လောက်ကြာပြီလဲ ”

“ ၂ နှစ်ကျော် ၃ နှစ်နှီးပါးရှိသွားပြီထင်တယ်။ အိမ်ရှင်က အိမ်လခလာမကောက်တော့လည်း မပေးဖြစ်တော့ဘူးပေါ့ ဆရာ”

“ အခုနေတဲ့ အိမ်က တိုက်ခန်းလား၊ အိမ်လုံးချင်းလား ”

“ တိုက်ခန်းပါဆရာ။ အခြားတိုက်ခန်းနေသူတွေလည်း အိမ်လခမပေးတာကြာပြီ ပြောတယ်။ အိမ်ရှင်လာမကောက်တော့ သူတို့လည်း မပေးဖြစ်ဘူးပြောပါတယ် ”

“ မိတ်ဆွေက တိုက်ခန်းကို ဘယ်လိုပုံစံနဲ့ငှါးနေတာလဲ။ အပျောက်စနစ်နဲ့ ဝယ်ထားတဲ့တိုက်ခန်းလား ”

“ အပျောက်စနစ်နဲ့ ဝယ်ထားတာတော့မဟုတ်ဘူး။ အိမ်ရှင်ဆိုတဲ့ မိန်းကလေးရဲ့ ဖခင်လက်ထက်ကတည်းက ငှါးနေတာ ၁၈ နှစ်ကျော်ခန့်ရှိလိမ့်မယ်။ အနှစ် ၂၀ ဆိုပါတော့ ”

“ စပေါ် ငွေပေးထားတာရှိသေးလား”

“ ဟိုခေတ်ကာလက စပေါ်ငွေက သောင်းဂဏန်းပဲရှိတာ ဆရာ။ အခု အိမ်လခတစ်ထောင်နဲ့ နှုတ်လိုက်ရင် ဘာကျန်တော့မလဲ ဆရာ”

“ တချို့ကပြောတော့ ကြီးကြပ်ရေးဝန်ဆိုလား သူ့ထံက စံငှါးရမ်းခသတ်မှတ်ထားတဲ့ လက်မှတ်ရှိမှ အိမ်နှင်လိုမှုစွဲဆိုလို့ရတယ်ဆိုတာ ဟုတ်ပါသလား ”

“ ငှါးရမ်းခများမပေးလို့ အိမ်နှင် လိုမှုစွဲဆိုခြင်းက မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁) (က) အရ တရားစွဲဆိုတာဖြစ်တယ်။ စံငှါးရမ်းခသတ်မှတ်ထားခြင်းမရှိလျှင် အိမ်ရှင်အိမ်ငှါးသဘောတူညီချက်အရ သတ်မှတ်ထားသော ငှါးရမ်းခသည် တရားဥပဒေနှင့်အညီ ရထိုက်သော ငှါးရမ်းခဖြစ်တယ်လို့ အထက်ပါ (၂) နှင့် ကိုစိုးမြင့် ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ ၂၂၄ မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အိမ်ငှါးကိုနှင်လိုမှုစွဲဆိုတဲ့အခါ စံငှါးရမ်းခသတ်မှတ်ချက်ပေါ် အခြေမခံဘဲ အိမ်ရှင်အိမ်ငှါးသဘောတူထားတဲ့ အိမ်ငှါးရမ်းခအပေါ် အခြေတည်တရားစွဲခွင့်ရှိပါတယ် ”

“ အိမ်လခမပေးတော့လည်း မယူတော့တရားစွဲခံရနိုင်ပါသလား ”

“ အိမ်ရှင်ရဲ့ ရည်ရွယ်ချက်ကတော့ အိမ်ငှါးအဖြစ်ထားလိုခြင်းမရှိတော့ဘဲ အိမ်မှ ဖယ်ရှားစေချင်တဲ့သဘောပဲ။ ဒါကြောင့် အိမ်လခကြွေးကျန်တွေမယူတော့ဘဲ နေတာဖြစ်တယ် ”

“ ဒါဆိုရင် ဘယ်လိုကုစားလို့ရနိုင်မလဲ။ အနှစ် ၂၀ နီးပါးနေလာပြီး အိမ်လခမပေး၊ အခုလိုဆက်နေရင် ကျူးကျော်နေထိုင်သူဖြစ်မလာနိုင်ဘူးလား ”

“ အဲဒီလိုတော့ မဖြစ်ဘူး။ မိတ်ဆွေပြောစကားအရ အိမ်လခမပေးတာလဲ ၃ နှစ်နီးပါး ရှိတာမဟုတ်လား။ ဥပဒေအရတော့ အငှါးစာချုပ်ကုန်ဆုံးသွားတည့်တိုင်အောင် အိမ်ရှင်ရဲ့ သဘောတူညီချက်အရဖြစ်စေ၊ သဘောတူညီချက်အရမဟုတ်ဘဲဖြစ်စေ၊ လက်ရှိနေမြဲနေထိုင်သူများသည် အိမ်ငှါးများဖြစ်တယ်လို့ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ဆ) မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် အိမ်လခမပေးဘဲ အိမ်ရှင်ရဲ့ သဘောတူညီချက်လည်းမရှိ ၊ ဆက်လက်ပြီး အဆိုပါအဆောက်အအုံမှာ ဆက်လက်နေသူသည် ဥပဒေအရ အိမ်ငှါးဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူဖြစ်မလာပါဘူး”

“ အိမ်ရှင်လာမယူလို့ အိမ်လခမပေးဖြစ်တာမို့ ကျွန်တော်တို့အိမ်ငှါးဘက်က ပျက်ကွက်တာမဟုတ်ဘဲ သူတို့အိမ်ရှင်ဘက်က ပျက်ကွက်တာဆိုတော့ အိမ်က နှင်ချပိုင်ခွင့်ရှိပါသလား ”

“ အိမ်ငှါးများလိုက်နာရန် တာဝန်နဲ့ပတ်သက်လို့ အိမ်ငှါးများသည် အိမ်ရှင်ထံ အိမ်ငှါးရမ်းခများကို ပေးသွင်းရန် တာဝန်ရှိသည်လို့ သတ်မှတ်ပြဌာန်းထားပါတယ်။ ဒါကြောင့် အိမ်ရှင်မှ လာရောက်၍ အိမ်လခကောက်ခံသည်ဖြစ်စေ၊ မကောက်ခံသည်ဖြစ်စေ။ အိမ်ငှါးမှ အိမ်လခပေးသွင်းရန် တာဝန်ရှိမှာဖြစ်ပါတယ် ”

“ အိမ်လခပေးလျက်နဲ့ အိမ်ရှင်ကမယူတဲ့ ကိစ္စကြတော့ ဘယ်လိုဖြေရှင်းမလဲဆရာ ”

“ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၆ (၁) မှာ အိမ်ရှင်က အိမ်လခများကို မယူငြင်းဆိုလျှင် အိမ်ငှါးသည် ထိုငှါးရမ်းခငွေကို ကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်တယ်လို့ ပြဌာန်းထားပါတယ်”

“ ဒါဆိုရင် ငှါးရမ်းခကြီးကြပ်ရေးဝန်ထံငှါးရမ်းခငွေတွေသွားပေးသွင်းလို့ရတာပေါ့ ”

“ မှန်ပါတယ်။ ငှါးရမ်းခကြီးကြပ်ရေးဝန်ရုံးဖြစ်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ စိစစ်ပြီး ခွင့်ပြုသင့်ရင်တော့ ငှါးရမ်းခကြွေးကျန်များကို ပေးသွင်းရမှာဖြစ်ပါတယ် ”

“ ဒါဆိုရင် တရားစွဲဆိုနှင်ပိုင်ခွင့်မရှိတော့ဘူးပေါ့ ဒီလိုလား ဆရာ”

“ တရားစွဲဆိုခွင့်ပိတ်ပင်တာတော့ မဟုတ်ဘူး။ တရားစွဲဆိုရင် အိမ်လခကြွေးကျန်များကိုဥပဒေနှင့်အညီ ပေးသွင်းထားတဲ့အတွက် ဆက်လက်နေထိုင်ခွင့်တော့ ရသွားမှာဖြစ်တယ်။ ဒါပေမဲ့ အိမ်လခပေးသွင်းတာရပ်သွားရင်တော့ တရားစွဲဆိုခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ”

“ ဒါဆိုရင် ငှါးရမ်းခကြီးကြပ်ရေးဝန်ရုံးမှာ လစဉ်မပျက်ပေးသွင်းရမယ့်သဘောပေါ့ ”

“ ဟုတ်ပါတယ်။ ဒီလိုပေးသွင်းနေဆဲမှာ အိမ်ရှင်က အိမ်လခများကို ငှါးရမ်းခကြီးကြပ်ရေးဝန်ရုံးမှ ထုတ်ယူနိုင်သလို ဆက်လက်ပြီး အိမ်ငှါးရမ်းခကို လက်ခံယူလိုက်ရင်တော့ အဆင်ပြေသွားမှာ ဖြစ်ပါတယ် ”

“ ငှါးရမ်းခကြွေးကျန်ကို အရစ်ကျပေးသွင်းခွင်ရှိတယ်ဆိုတာက ဘယ်လိုပါလဲ ”

“ အိမ်လခမပေး ပျက်ကွက်လို့ အိမ်ငှါးကို အိမ်မှ ဖယ်ရှားနှင်လိုမှုစွဲဆိုတဲ့အခါ အိမ်ရှင်က အနိုင်ဒီဂရီရမယ်။ အဲဒီင်္အနိုင်ဒီဂရီအရ တရားရုံးမှာ ဇာရီအမှုဖွင့်မယ်။ တရားရုံးမှာ အိမ်ငှါးအပေါ် အိမ်အပ်ဝရမ်းထုတ်ဆင့်တဲ့အခါ တရားရုံးအိမ်ငှါးက ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၅(၁) အရ အိမ်လခကြွေးကျန်များကို အရစ်ကျပေးသွင်းခွင့်လျှေျာက်ထားနိုင်ပါတယ်။ ရုံးတော်က သင့်လျော်သလို အမိန့်ချမှတ်နိုင်မှာဖြစ်တယ် ”

“ အိမ်လခကြွေးငွေကို ဘယ်လိုတွက်ပါသလဲ ”

“ တရားမစွဲဆိုမီကာလက ပေးရန်ရှိတဲ့ အိမ်လခများအနက် ၃နှစ်ကာလအတွက်နဲ့ အမှုဒီဂရီကျသည့် နေ့အထိပေးရန်ရှိတဲ့ အိမ်လခကြွေးများဖြစ်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်တဲ့ အေအီးမငှါးပါ ၂ ဦးနှင့် ဒေါ်ရင်ရင်နု ၁၉၇၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်မှာ ၁၂၄ အမှုမှာ စီရင်ထုံးဖွဲ့ထားပါတယ် ”

“ အိမ်လခအကြွေးငွေအကြေပေးဆပ်လိုက်ရင် အမှုပိတ်သွားမှာလား ”

“ မှန်ပါတယ်။ အမှုပိတ်သွားပြီး အိမ်ငှါးအဖြစ် ဆက်လက်နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၅(၁) အရ အရစ်ကျပေးသွင်းခွင့်ဟာ တစ်ကြိမ်သာရသည့်အခွင့်အရေးဖြစ်ပြီး အကြိမ်ကြိမ်ပျက်ကွက်က အရစ်ကျပေးသွင်းခွင့်မပြုတော့ဘဲ ဥပစာမှ ထွက်ခွာရန် တရားရုံးက အမိန့်ချမှတ်နိုင်ပါတယ် ” ဟု ရှင်းပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Creditး ထီးယု(ဥပဒေအတိုင်ပင်ခံ)

 

 

### Zawgyi Version ###

အိမ္လခေႂကြးက်န္မ်ားကိုအရစ္က်ေပးခြင့္ရွိပါသလား

“ အိမ္လခေႂကြးက်န္ကို အရစ္က်ေပးသြင္းလို႔ရတယ္ဆိုတာ ဟုတ္ပါသလားဆရာ ” ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံတိုင္ပင္ေဆြးေႏြးလာပါသည္။

“ တရားစြဲထားလို႔လား”

“တရားေတာ့မစြဲေသးဘူးဆရာ။ အိမ္လခေႂကြးက်န္ေတြရွိလို႔ အိမ္ရွင္အိမ္ငွါးျဖတ္ေတာက္ၿပီး အိမ္မွဖယ္ရွားေပးဖို႔ အေၾကာင္းၾကားစာေပးပို႔တယ္ဆရာ ”

“ မိတ္ေဆြတို႔က အိမ္လခေႂကြးက်န္ေပးပါမယ္ဆိုၿပီး ညႇိႏႈိင္းေဆာင္႐ြက္တာ မရွိဘူးလား ”

“ ကြၽန္ေတာ္တို႔က အိမ္လခေႂကြးက်န္သြားေပးေပမယ့္ မယူဘူးဆရာ။ အိမ္က ဖယ္ေပးဖို႔ပဲေျပာတယ္ဆရာ။ အဲဒါ ဘာဆက္လုက္ရမလဲဆိုတာ သိခ်င္လို႔”

“ အိမ္လခမေပးျဖစ္တာ ဘယ္ေလာက္ၾကာၿပီလဲ ”

“ ၂ ႏွစ္ေက်ာ္ ၃ ႏွစ္ႏွီးပါးရွိသြားၿပီထင္တယ္။ အိမ္ရွင္က အိမ္လခလာမေကာက္ေတာ့လည္း မေပးျဖစ္ေတာ့ဘူးေပါ့ ဆရာ”

“ အခုေနတဲ့ အိမ္က တိုက္ခန္းလား၊ အိမ္လုံးခ်င္းလား ”

“ တိုက္ခန္းပါဆရာ။ အျခားတိုက္ခန္းေနသူေတြလည္း အိမ္လခမေပးတာၾကာၿပီ ေျပာတယ္။ အိမ္ရွင္လာမေကာက္ေတာ့ သူတို႔လည္း မေပးျဖစ္ဘူးေျပာပါတယ္ ”

“ မိတ္ေဆြက တိုက္ခန္းကို ဘယ္လိုပုံစံနဲ႔ငွါးေနတာလဲ။ အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့တိုက္ခန္းလား ”

“ အေပ်ာက္စနစ္နဲ႔ ဝယ္ထားတာေတာ့မဟုတ္ဘူး။ အိမ္ရွင္ဆိုတဲ့ မိန္းကေလးရဲ႕ ဖခင္လက္ထက္ကတည္းက ငွါးေနတာ ၁၈ ႏွစ္ေက်ာ္ခန႔္ရွိလိမ့္မယ္။ အႏွစ္ ၂၀ ဆိုပါေတာ့ ”

“ စေပၚ ေငြေပးထားတာရွိေသးလား”

“ ဟိုေခတ္ကာလက စေပၚေငြက ေသာင္းဂဏန္းပဲရွိတာ ဆရာ။ အခု အိမ္လခတစ္ေထာင္နဲ႔ ႏႈတ္လိုက္ရင္ ဘာက်န္ေတာ့မလဲ ဆရာ”

“ တခ်ိဳ႕ကေျပာေတာ့ ႀကီးၾကပ္ေရးဝန္ဆိုလား သူ႔ထံက စံငွါးရမ္းခသတ္မွတ္ထားတဲ့ လက္မွတ္ရွိမွ အိမ္ႏွင္လိုမႈစြဲဆိုလို႔ရတယ္ဆိုတာ ဟုတ္ပါသလား ”

“ ငွါးရမ္းခမ်ားမေပးလို႔ အိမ္ႏွင္ လိုမႈစြဲဆိုျခင္းက ၿမိဳ႕ျပဆိုင္ရာ ငွါးရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၂(၁) (က) အရ တရားစြဲဆိုတာျဖစ္တယ္။ စံငွါးရမ္းခသတ္မွတ္ထားျခင္းမရွိလွ်င္ အိမ္ရွင္အိမ္ငွါးသေဘာတူညီခ်က္အရ သတ္မွတ္ထားေသာ ငွါးရမ္းခသည္ တရားဥပေဒႏွင့္အညီ ရထိုက္ေသာ ငွါးရမ္းချဖစ္တယ္လို႔ အထက္ပါ (၂) ႏွင့္ ကိုစိုးျမင့္ ၁၉၆၄ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံးစာမ်က္ႏွာ ၂၂၄ မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ အိမ္ငွါးကိုႏွင္လိုမႈစြဲဆိုတဲ့အခါ စံငွါးရမ္းခသတ္မွတ္ခ်က္ေပၚ အေျခမခံဘဲ အိမ္ရွင္အိမ္ငွါးသေဘာတူထားတဲ့ အိမ္ငွါးရမ္းခအေပၚ အေျခတည္တရားစြဲခြင့္ရွိပါတယ္ ”

“ အိမ္လခမေပးေတာ့လည္း မယူေတာ့တရားစြဲခံရႏိုင္ပါသလား ”

“ အိမ္ရွင္ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ အိမ္ငွါးအျဖစ္ထားလိုျခင္းမရွိေတာ့ဘဲ အိမ္မွ ဖယ္ရွားေစခ်င္တဲ့သေဘာပဲ။ ဒါေၾကာင့္ အိမ္လခေႂကြးက်န္ေတြမယူေတာ့ဘဲ ေနတာျဖစ္တယ္ ”

“ ဒါဆိုရင္ ဘယ္လိုကုစားလို႔ရႏိုင္မလဲ။ အႏွစ္ ၂၀ နီးပါးေနလာၿပီး အိမ္လခမေပး၊ အခုလိုဆက္ေနရင္ က်ဴးေက်ာ္ေနထိုင္သူျဖစ္မလာႏိုင္ဘူးလား ”

“ အဲဒီလိုေတာ့ မျဖစ္ဘူး။ မိတ္ေဆြေျပာစကားအရ အိမ္လခမေပးတာလဲ ၃ ႏွစ္နီးပါး ရွိတာမဟုတ္လား။ ဥပေဒအရေတာ့ အငွါးစာခ်ဳပ္ကုန္ဆုံးသြားတည့္တိုင္ေအာင္ အိမ္ရွင္ရဲ႕ သေဘာတူညီခ်က္အရျဖစ္ေစ၊ သေဘာတူညီခ်က္အရမဟုတ္ဘဲျဖစ္ေစ၊ လက္ရွိေနၿမဲေနထိုင္သူမ်ားသည္ အိမ္ငွါးမ်ားျဖစ္တယ္လို႔ ၿမိဳ႕ျပဆိုင္ရာ ငွါးရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၂ (ဆ) မွာ ျပဌာန္းထားပါတယ္။ ဒါေၾကာင့္ အိမ္လခမေပးဘဲ အိမ္ရွင္ရဲ႕ သေဘာတူညီခ်က္လည္းမရွိ ၊ ဆက္လက္ၿပီး အဆိုပါအေဆာက္အအုံမွာ ဆက္လက္ေနသူသည္ ဥပေဒအရ အိမ္ငွါးျဖစ္ပါတယ္။ က်ဴးေက်ာ္ေနထိုင္သူျဖစ္မလာပါဘူး”

“ အိမ္ရွင္လာမယူလို႔ အိမ္လခမေပးျဖစ္တာမို႔ ကြၽန္ေတာ္တို႔အိမ္ငွါးဘက္က ပ်က္ကြက္တာမဟုတ္ဘဲ သူတို႔အိမ္ရွင္ဘက္က ပ်က္ကြက္တာဆိုေတာ့ အိမ္က ႏွင္ခ်ပိုင္ခြင့္ရွိပါသလား ”

“ အိမ္ငွါးမ်ားလိုက္နာရန္ တာဝန္နဲ႔ပတ္သက္လို႔ အိမ္ငွါးမ်ားသည္ အိမ္ရွင္ထံ အိမ္ငွါးရမ္းခမ်ားကို ေပးသြင္းရန္ တာဝန္ရွိသည္လို႔ သတ္မွတ္ျပဌာန္းထားပါတယ္။ ဒါေၾကာင့္ အိမ္ရွင္မွ လာေရာက္၍ အိမ္လခေကာက္ခံသည္ျဖစ္ေစ၊ မေကာက္ခံသည္ျဖစ္ေစ။ အိမ္ငွါးမွ အိမ္လခေပးသြင္းရန္ တာဝန္ရွိမွာျဖစ္ပါတယ္ ”

“ အိမ္လခေပးလ်က္နဲ႔ အိမ္ရွင္ကမယူတဲ့ ကိစၥၾကေတာ့ ဘယ္လိုေျဖရွင္းမလဲဆရာ ”

“ ငွါးရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၆ (၁) မွာ အိမ္ရွင္က အိမ္လခမ်ားကို မယူျငင္းဆိုလွ်င္ အိမ္ငွါးသည္ ထိုငွါးရမ္းခေငြကို ႀကီးၾကပ္ေရးဝန္ထံ ေပးသြင္းႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္”

“ ဒါဆိုရင္ ငွါးရမ္းခႀကီးၾကပ္ေရးဝန္ထံငွါးရမ္းခေငြေတြသြားေပးသြင္းလို႔ရတာေပါ့ ”

“ မွန္ပါတယ္။ ငွါးရမ္းခႀကီးၾကပ္ေရးဝန္႐ုံးျဖစ္တဲ့ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ စိစစ္ၿပီး ခြင့္ျပဳသင့္ရင္ေတာ့ ငွါးရမ္းခေႂကြးက်န္မ်ားကို ေပးသြင္းရမွာျဖစ္ပါတယ္ ”

“ ဒါဆိုရင္ တရားစြဲဆိုႏွင္ပိုင္ခြင့္မရွိေတာ့ဘူးေပါ့ ဒီလိုလား ဆရာ”

“ တရားစြဲဆိုခြင့္ပိတ္ပင္တာေတာ့ မဟုတ္ဘူး။ တရားစြဲဆိုရင္ အိမ္လခေႂကြးက်န္မ်ားကိုဥပေဒႏွင့္အညီ ေပးသြင္းထားတဲ့အတြက္ ဆက္လက္ေနထိုင္ခြင့္ေတာ့ ရသြားမွာျဖစ္တယ္။ ဒါေပမဲ့ အိမ္လခေပးသြင္းတာရပ္သြားရင္ေတာ့ တရားစြဲဆိုျခင္းကို ဆက္လက္ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္ ”

“ ဒါဆိုရင္ ငွါးရမ္းခႀကီးၾကပ္ေရးဝန္႐ုံးမွာ လစဥ္မပ်က္ေပးသြင္းရမယ့္သေဘာေပါ့ ”

“ ဟုတ္ပါတယ္။ ဒီလိုေပးသြင္းေနဆဲမွာ အိမ္ရွင္က အိမ္လခမ်ားကို ငွါးရမ္းခႀကီးၾကပ္ေရးဝန္႐ုံးမွ ထုတ္ယူႏိုင္သလို ဆက္လက္ၿပီး အိမ္ငွါးရမ္းခကို လက္ခံယူလိုက္ရင္ေတာ့ အဆင္ေျပသြားမွာ ျဖစ္ပါတယ္ ”

“ ငွါးရမ္းခေႂကြးက်န္ကို အရစ္က်ေပးသြင္းခြင္ရွိတယ္ဆိုတာက ဘယ္လိုပါလဲ ”

“ အိမ္လခမေပး ပ်က္ကြက္လို႔ အိမ္ငွါးကို အိမ္မွ ဖယ္ရွားႏွင္လိုမႈစြဲဆိုတဲ့အခါ အိမ္ရွင္က အႏိုင္ဒီဂရီရမယ္။ အဲဒီအၤႏိုင္ဒီဂရီအရ တရား႐ုံးမွာ ဇာရီအမႈဖြင့္မယ္။ တရား႐ုံးမွာ အိမ္ငွါးအေပၚ အိမ္အပ္ဝရမ္းထုတ္ဆင့္တဲ့အခါ တရား႐ုံးအိမ္ငွါးက ငွါးရမ္းခႀကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ ၁၅(၁) အရ အိမ္လခေႂကြးက်န္မ်ားကို အရစ္က်ေပးသြင္းခြင့္ေလွ််ာက္ထားႏိုင္ပါတယ္။ ႐ုံးေတာ္က သင့္ေလ်ာ္သလို အမိန႔္ခ်မွတ္ႏိုင္မွာျဖစ္တယ္ ”

“ အိမ္လခေႂကြးေငြကို ဘယ္လိုတြက္ပါသလဲ ”

“ တရားမစြဲဆိုမီကာလက ေပးရန္ရွိတဲ့ အိမ္လခမ်ားအနက္ ၃ႏွစ္ကာလအတြက္နဲ႔ အမႈဒီဂရီက်သည့္ ေန႔အထိေပးရန္ရွိတဲ့ အိမ္လခေႂကြးမ်ားျဖစ္တယ္လို႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္တဲ့ ေအအီးမငွါးပါ ၂ ဦးႏွင့္ ေဒၚရင္ရင္ႏု ၁၉၇၈ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံးစာမ်က္မွာ ၁၂၄ အမႈမွာ စီရင္ထုံးဖြဲ႕ထားပါတယ္ ”

“ အိမ္လခအေႂကြးေငြအေၾကေပးဆပ္လိုက္ရင္ အမႈပိတ္သြားမွာလား ”

“ မွန္ပါတယ္။ အမႈပိတ္သြားၿပီး အိမ္ငွါးအျဖစ္ ဆက္လက္ေနထိုင္ခြင့္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ငွါးရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၅(၁) အရ အရစ္က်ေပးသြင္းခြင့္ဟာ တစ္ႀကိမ္သာရသည့္အခြင့္အေရးျဖစ္ၿပီး အႀကိမ္ႀကိမ္ပ်က္ကြက္က အရစ္က်ေပးသြင္းခြင့္မျပဳေတာ့ဘဲ ဥပစာမွ ထြက္ခြာရန္ တရား႐ုံးက အမိန႔္ခ်မွတ္ႏိုင္ပါတယ္ ” ဟု ရွင္းျပလိုက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Creditး ထီးယု(ဥပေဒအတိုင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service