ပုဂ္ဂလိက ရော်ဘာစိုက်ခင်းတည်ထောင်ခွင့်ရရှိသူ လိုက်နာရမည့်စည်းကမ်းချက်များ
ပုဂ္ဂလိက ရော်ဘာစိုက်ခင်းတည်ထောင်ခွင့်ရရှိသူ လိုက်နာရမည့်စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
13 Feb 2020 12:41 pm တွင် တင်ခဲ့သည်
1955 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
### Unicode Version ###
၁။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ရန်အတွက် မြေငှားရမ်းခြင်းကို နှစ်(၃၀)မြေငှားစာချုပ်စနစ်ဖြခွင့် ပြုသည်။ စာချုပ်သက်တမ်းတိုးမြင့်လိုပါက စာချုပ်သက်တမ်း မကုန်ဆုံးမီ (၁)နှစ် ကြိုတင်၍ သစ်တောဦးစီး ဌာနသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီး တစ်ကြိမ်လျှင် (၁၀) နှစ်ဖြင့် သက်တမ်း(၂)ကြိမ် တိုးမြှင့်နိုင်သည်။
၂။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေနေရာတွင် သစ်တောဦးစီးဌာနမှ အတည်ပြုထားသည့် စီမံချက်အတိုင်း ဧရိယာအားလုံး အပြည့်အဝ စိုက်ပျိုးရမည်။
၃။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေပေါ်တွင် စိုက်ခင်း တည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်ကို မထိခိုက်စေဘဲ အခြားလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။
၄။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေပေါ်တွင် လုပ်ကိုင် မည့် လုပ်ငန်းအစီအစဉ်များကို ကြိုတင်ရေးဆွဲပြီး သစ်တောဦးစီးဌာနကအတည်ပြုထားသည့် စီမံချက်ပါအတိုင်း သတ်မှတ်ထားသော အချိန်ကာလများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရမည်။ လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှု အတွက် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးဆောင်ရမည်။
၅။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ငှားရမ်းထားသောမြေအား ဆက်လက် စိုက်ပျိုး လုပ်ကိုင် လိုခြင်းမရှိပါက သစ်တောဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည့်အပြင် သစ်တော ပျက်စီးဆုံးရှုံးမှုအတွက် သစ်တော ဦးစီးဌာနမှ သတ်မှတ်ထားသောလျော်ကြေးငွေကို (၁)လ အတွင်း ပေးဆောင်ရမည်။
၆။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်း ပေါက်ရောက်နေသည့် ရင်စို့လုံးပတ် ၂' နှင့်အထက် သစ်ပင်များကို သစ်တောစိုက်ခင်း တည်ထောင်ရန်အတွက် ခုတ်လှဲရှင်းလင်းမည်ဆိုပါက သစ်တောဦးစီးဌာနသို့တင်ပြရမည်။
၇။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့်ဧရိယာအတွင်း မြေပေါ် မြေအောက်သယံဇာတပစ္စည်းများကို ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းမပြုရ။
၈။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့် သက်တမ်းအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ၎င်း၏တရားဝင် အမွေဆက်ခံခွင့်ရရှိသူနှင့် ဥပဒေနှင့်အညီ လွှဲအပ်ခခင်းခံရသူ (ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူနှင့် ကုမ္ပဏီ၏ Board of Directors- ဒါရိုက်တာများအဖွဲ့၏ ဆုံးခြတ်ချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့်ရရှိသူ)ထံသို့ လုပ်ကိုင်ခွင့် လွှဲပြောင်းခြင်းအား ခိုင်လုံသောအထောက်အထားများတင်ပြ၍ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက် ရယူရမည်။
၉။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် သစ်တောဦးစီးဌာနမှအတည်ပြုထားသည့် စီမံချက်အရ စတင်စိုက်ပျိုးမည့်ဧကအတွက် သစ်တောဦးစီးဌာနမှသတ်မှတ်ထားသည့် လုပ်ငန်းအာမခံကြေး ငွေကို လုပ်ငန်းစတင်ဆောင်ရွက်မည့်နေ့ရက်မတိုင်မီ ပေးသွင်းရမည်ဖြစ်ပြီး ထိုလုပ်ငန်း အာမခံကြေးငွေကို စိုက်ပျိုးပြီး ရှင်သန်မှုရာခိုင်နှုန်း (၇၀%)ကျော်လွန်မှသာ ပြန်လည်ထုတ်ယူခွင့်ရှိမည်။ ခွင့်ပြုနှစ်အတွင်း မစိုက်ပျိုးသည့်ဧကအတွက် လုပ်ငန်းအာမခံကြေးငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံရမည်။
၁၀။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုထားသည့်မြေကို ထပ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း(သို့)တစ်ခြားနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။
၁၁။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့်မြေပေါ်တွင် စိုက်ပျိုးထား သာ ရော်ဘာပင်များနှင့်ပုဂ္ဂလိကရော်ဘာစိုက်ခင်းတည်ထောင်ခွင့်ကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်း ခြင်း၊ ပေါင်နှံခြင်းတို့ကို ဆောင်ရွက်လိုပါက သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။ ခွင့်ပြုချက်ရရှိပါက တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်များနှင့်အညီလိုက်နာ ဆောင်ရွက်ရမည်။
၁၂။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုဧရိယာအတွင်း တည်ထောင်ပြီး စိုက်ခင်း များအား ပြုစုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပျိုးဥယျာဉ်နှင့် ယာယီနေအိမ်/တဲများမှအပ အခြားအဆောက် အအုံများကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ စိုက်ခင်းအတွင်းဆောက်လုပ်ခြင်း မပြုရ။
၁၃။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှတ်တမ်းစာအုပ်ထားရှိ၍ ရာသီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်မှန်ကန်စွာ ဖြည့်စွက်ထားရှိရမည်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများ အခါအားလျော်စွာ လာရောက် ကြည့်ရှု့စစ်ဆေး၍ အ ကြံပြုချက်များ၊ မှတ်ချက်များရေးသားပါက ယင်း အကြံပြုချက်များ၊ မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၁၄။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုသည့်နေ့ မှစ၍ ဘဏ္ဍာနှစ်တစ်နှစ်အတွက် မြေငှားရမ်းခကို (၁)ဧကလျှေင် သစ်တောဦးစီးဌာနမှသတ်မှတ်ထားသာနှုန်းဖြင့် နှစ်စဉ်ပေးသွင်းရမည်။ ဒုတိယနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ကြေးငွေ ၅၀၀ဝိ/-ကျပ်ပေးဆောင်ရမည်။ ရက်(၃၀)အတွင်း ပေးသွင်းခြင်းမရှိပါက စာချုပ်ရပ် စဲပြီး တရားစွဲဆိုခြင်းခံရမည်။
၁၅။ ချုပ်ဆိုခဲ့သော စာချုပ်သည် သစ်တောဦးစီးဌာနနှင့် ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူ ဦး/ဒေါ် ----------၊ နိုင်ငံသားစိစစ်ထရးကေ်ခပားအမှတ်၊-------------တို့နှင့်သာ (--------ကုမ္ပဏီနှင့်သာ) သက်ဆိုင် စေရမည်။
၁၆။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စာချုပ်ပါစည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့်မြေပါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းခြင်း ခံရမည့်အပြင် သစ်တောဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်။
၁၇။သစ်တောဦးစီးဌာနသည် စာချုပ်ပါစည်းကမ်းချက်များကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်သည်။ စသည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
၁၅။ ချုပ်ဆိုခဲ့သော စာချုပ်သည် သစ်တောဦးစီးဌာနနှင့် ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူ ဦး/ဒေါ် ----------၊ နိုင်ငံသားစိစစ်ထရးက်ေခပားအမှတ်၊-------------တို့ နှင့်သာ (--------ကုမ္ပဏီနှင့်သာ) သက်ဆိုင် စေရမည်။
၁၆။ ပုဂ္ဂလိကရော်ဘာစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စာချုပ်ပါစည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့်မြေပ်ါရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းခြင်း ခံရမည့်အပြင် သစ်တောဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Maha Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service