ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Unicode Version ###
ကျွနု်ပ်တို့ ငယ်စဉ်က တန်ဆောင်တိုင်ပွဲတော် ညများ၊ သီတင်းကျွတ်ပွဲတော်ညများဆိုလျှင် အထူး ပျော်ရွှင်ခဲ့ဖူးပါသည်။အိမ်တိုင်းအိမ်တိုင်းတွင် တစ်နေ့လုံး ဆီမီး ခွက်များ၊ ဖယောင်းတိုင်များ ကိုယ်စီကိုယ်စီ ပြင်ဆင်နေကြရသည်ကပင် ပျော်စရာကောင်းလှပါတော့၏။
ကျွနု်ပ်တို့ငယ်စဉ်က ဖယောင်းတိုင်မှာရှားပါး ပစ္စည်းဖြစ်လေ၏။ သမဆိုင်ဆိုသော ဆိုင်မှထုတ်ပေးမှသာ သုံးကြရ၏။ ငွေကြေးတတ်နိုင်ကုံလုံသောသူအများစုသာလျှင် သုံးနိုင်သောပစ္စည်း ဖြစ်လေ၏။ အများစုမှာမူ ရေနံဆီမီးခွက်များကိုသာလျှင် သုံးကြရလေ၏။ ဈေးမှရောင်းသော အသင့်လုပ်ပြီး ရေနံဆီမီးခွက်ကိုပင် ဝယ်ယူ၍အသုံးပြုရန် ငွေကြေး ခက်ခဲသူများမှာ မင်ပုလင်းကဲ့သို့သော ပုလင်းများကို ဖောက်၍မီးစာတပ်ပြီး ရေနံဆီမီးခွက်လုပ်ကြရလေ၏။
ထိုစဉ်က ကျွနု်ပ်တို့ ကျောင်းသူကျောင်းသား အများစုမှာ စာကြည့်စားပွဲပေါ်တွင် မီးခိုး တအူအူ တက်နေသော ရေနံဆီမီးခွက်ဖြင့် စာကျက်ခဲ့ကြရလေ ၏။ ရေနံဆီမီးစာမှာ နာရီဝက်ခန့်ကြာလျှင် မှိုင်းများ တက်လာသောကြောင့် မီးတောက်အားမှာ တဖြည်း ဖြည်း နည်းလာသဖြင့် ထိုမှိုင်းများကို တုတ်ကလေး ဖြင့် ထိုးချရသည်မှာလည်း တစ်လုပ်ဖြစ်လေတော့၏။ မကြာမကြာလည်း ငှက်ပျောဖူးပုလင်းဟုခေါ် သော ဖန်ပုလင်းများနှင့် သိုလှောင်ထားလေ့ရှိသည့် ရေနံဆီကို ရေနံဆီမီးခွက်ထဲသို့ ဖြည့်ပေးရသေး၏။ လျှပ်စစ်မီးမှာလည်း များသောအားဖြင့် နေ့ခင်း တွင်မလာဘဲ ညဘက်ကျမှ ပေးသည်များလည်း ရှိ၏။ ညစဉ်ပင်မရဘဲ အလှည့်ကျရသည်များလည်း ရှိလေ၏။
ထို့ကြောင့် ထိုခေတ်ထိုအခါက ကျွနု်ပ်တို့အိမ်များတွင် ရေနံဆီမီးခွက်ဟူသည်မှာ မရှိမဖြစ်ဇာတ်လိုက်ကျော်ကြီး ဖြစ်ခဲ့ပါလေတော့၏။ဖယောင်းတိုင်မှာမူ အလွန်ပင် သုံးခဲလှသော ပစ္စည်းဖြစ်လေ၏။ တန်ဆောင်တိုင်ပွဲတော်ရက်များ၊ သီတင်းကျွတ် ပွဲတော်ရက်များတွင်မူ ရေနံဆီမီးခွက်ကိုပင် ပေါပေါ များများ မသုံးနိုင်ကြတော့ဘဲ ဆီမီးခွက်များဖြင့် မီး ထွန်းကြရလေ၏။အမေက ဈေးတွင် မြေဆီမီးခွက်ကလေးများ အစိတ် ငါးဆယ် စသည်ဖြင့် ဝယ်လာလေ၏။
ထိုမြေ ဆီမီးခွက်လေးများကို တစ်နေကုန် ရေတွင် စိမ်ထား ကြရ၏။ သို့မှသာ ရေဝပြီးလျှင် ဆီကို မစုပ်တော့မည် ဖြစ်လေ၏။ မီးစာပြုလုပ်ရန်အတွက် ဂွမ်းကိုလည်း အတောင့်ကလေးများ အဆင်သင့် ပြုလုပ်ထားကြရ လေ၏။ညနေစောင်းပြီဆိုသည်နှင့် ဘုရားစင်မှစကာ အိမ်အဝင်ဝများ၊ ပြတင်းပေါက်ဘောင်များ စသည် ဖြင့် နေရာအနှံ့တွင် ဆီမီးခွက်များကိုတင်ကာ စားသော ဆီကို လောင်းထည့်ကြ၏။ များသောအားဖြင့် ကျွနု်ပ်တို့ မြေလတ်ဘက် တွင် နှမ်းဆီကို အသုံးများကြလေ၏။
နှမ်းဆီကမှ လေးလေးပင်ပင်ကလေး ရှိသည်ဟု ဆိုကြ၏။ ပဲဆီ ကို စားလေ့မရှိပေ။ ရန်ကုန်တွင်မူ ပဲဆီကိုသာ အသုံး များလေ၏။ နှမ်းဆီက ခါးသည်ဟု ဆိုကြလေ၏။ ရန် ကုန်ဘက်တွင် နှမ်းဆီဆိုသည်မှာ ဆေးဖော်ဆေးလူး ရန်အတွက်သာဟု ထင်မှတ်ကြ၏။ ဆီထည့်ပြီးနောက် ဆီမီးခွက်တွင် မီးစာလေး များကို ထည့်ကြပြီး တပျော်တပါးကြီး ဆီမီးထွန်းကြ လေတော့၏။ ပါးစပ်မှလည်း တပျော်တပါး အော်ဟစ်လေ့ရှိကြ၏။ အိမ်တိုင်းအိမ်တိုင်းတွင် ထိုသို့ ပြုလုပ် နေသောကြောင့် တစ်ရပ်ကွက်လုံးမှာ ကျွက်ကျွက်ညံ နေလေတော့၏။ထိုခေတ်ထိုအခါက ယခုကဲ့သို့ ဂက်စ်မီးခြစ် များလည်း မပေါ်သေးပေ။ ဂွမ်းနှင့် ဓာတ်ဆီထည့်ပြီး သုံးရသောကြေးမီးခြစ်၊ ဒန်မီးခြစ်များသာလျှင် ရှိလေ၏။
ရှေးလူကြီးများက ဓာတ်မီးခြစ်ဟု ခေါ်ကြလေ၏။ မြန်မာ့အစဉ်အလာတွင်မရှိခဲ့သေးဘဲအင်္ဂ္လိပ် နှင့်အတူ ပါလာသော ခေတ်ပေါ်ပစ္စည်းများကို ရှေး မြန်မာများက ဓာတ်ဟူ၍ တွဲပြီး သုံးပစ်ခဲ့ကြလေ၏။ များသောအားဖြင့် ဘာမှန်းမသိသောအရာများဆိုလျှင် ဓာတ်ဟူ၍လုပ်ပစ်လိုက်ကြလေ၏။ရေနံဆီမှတစ်ဆင့် တက်လာသောဆီကို ဓာတ်ဆီ၊ ထင်း၊ မီးသွေး မသုံး တော့သော ရထားကို ဓာတ်ရထား၊ ရုပ်ရှင်ကို ဓာတ် ရှင်၊ ထူးထူးဆန်းဆန်း လျှပ်စစ်သိုလှောင်ထားသော အခဲလေးကို ဓာတ်ခဲ၊ ဓာတ်ခဲထည့်၍ မီးလင်းသော အရာကိုဓာတ်မီး …စသည်ဖြင့် အမည်ပေးပစ်ဖြစ်ခဲ့ ကြလေ၏။
ရှေးလူကြီးများသာ ရှိနေဦးမည်ဆိုပါလျှင် ဟိုလိုလိုဒီလိုလို ဘာမှန်းမသိသောသမ္မတအား ဓာတ် သမ္မတ၊ ယောင်လည်လည်ဖြစ်နေသော အစိုးရအား ဓာတ်အစိုးရ …စသည်ဖြင့် အမည်ပေးဦးမည်လော မသိနိုင် …။ကျွနု်ပ်တို့သည် ဓာတ်ဆီနှင့် ဂွမ်းကိုသုံးသော ဓာတ်မီးခြစ်ကြီးများကိုလည်းတဂျောက်ဂျောက်ခြစ်ကာ သုံးခဲ့ကြရဖူးလေ၏။ဆေးပေါ့လိပ်သောက်သောအဘိုး ကြီးအဘွားကြီးများဆိုလျှင် ထိုဓာတ်မီးခြစ်များကိုသေ မတတ် ခြစ်ကြရသောကြောင့် လက်မများတွင် မည်း နေကာ အသားမာများပင် တက်နေလေ့ရှိလေ၏။
အိမ်တိုင်းအိမ်တိုင်းတွင် မီးထွန်းကြသကဲ့သို့ ဘုရားစေတီများတွင်လည်း ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲ များနှင့်အတူ လူပရိသတ်များ စည်ကားသောရက် ဖြစ် လေ၏။ကျွနု်ပ်တို့သည် အိမ်များတွင် မီးထွန်းပြီးသည် နှင့်လမ်းများပေါ်သို့ပြေးထွက်ကြလေတော့၏။ကလေး အားလုံးလိုလိုတွင် တုတ်ချောင်းကလေးတပ်၍ လက် နှင့် တွန်းရသော မီးပုံးကလေးများ ရှိနေတတ်ကြ၏။ များသောအားဖြင့် ပိုက်ဆံပေး၍ဝယ်သော မီးပုံးက လေးများမဟုတ်ဘဲ လက်ဖြစ် ကိုယ်တိုင်ဖန်တီးထား ကြသည့် မီးပုံးကလေးများသာ များလေ၏။
ထို့အပြင် ဗြောက်အိုးမဖောက်ရဟု မည်သည့် ခေတ်အဆက်ဆက် အစိုးရမင်းများက အမိန့်ထုတ် သည်ဖြစ်စေ ထိုရက်များဆိုလျှင် ကျွနု်ပ်တို့ယောကျာ်း လေးများအားလုံးလိုလို၌ ဗြောက်အိုးများ ကိုယ်စီရှိနေ ကြလေ၏။ ယခုခေတ်ကဲ့သို့ အသင့်မီးတို့ပြီး ဖောက် နိုင်သော ဗြောက်အိုးဆိုသည်မှာ သူဌေးသား၊ သူဌေး သမီးများသာ သုံးနိုင်သော ပစ္စည်းဖြစ်လေ၏။ ထို့ကြောင့် ကျွနု်ပ်တို့သည် တစ်ပေခန့် ဝါးခြမ်း ပြား၏ထိပ်တွင် စက်ဘီးမှ စပုတ်တံနှင့် စပုတ်တံခေါင်း ကို သားရေပင်နှင့်ကပ်ပြီး စည်းရ၏။
အိမ်ရိုက်သံက လေးကိုအဖျား အနည်းငယ်တုံးအောင် ထုလျက်သား ရေပင်ကလေးဖြင့် တွဲလောင်းဆွဲထားရ၏။ ထိုခေတ် ကအသုံးများသောနတ်သမီးတံဆိပ်၊ ကင်းမြီးကောက် တံဆိပ်ယမ်းမီးခြစ်ဘူးလေးများကို မုန့်ဖိုးထဲမှ စု၍ဝယ် ကာ မီးခြစ်ဆံခေါင်းမှ ယမ်းကို လက်သည်းဖြင့် ြွခေ၍ စပုတ်တံခေါင်းထဲသို့ ထည့်သိပ်ရလေ၏။ ပြီးနောက် သံချွန်ကလေးကို တေ့ကာ ကျောက်တုံး စသော အမာခံများပေါ်သို့ အားဖြင့် ရိုက်ချရလေ၏။ ဤသည်မှာပင် ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ကျွနု်ပ်တို့ကလေးများ ၏ ဧရာမမဟာကစားစရာကြီး ဖြစ်ခဲ့ရပါလေတော့၏။
ကျွနု်ပ်တို့သည်ထိုသို့လျှင် သီတင်းကျွတ်အခါ ရက်များ၊ တန်ဆောင်မုန်းအခါရက်များ၌ ဆီမီးများ မြိုင်မြိုင်ထွန်း၍ ပျော်ခဲ့ကြရဖူးသကဲ့သို့ အခြားသော ရက်များတွင်လည်း ညနေစောင်းပြီဆိုသည်နှင့် အဘိုး အဘွားများက ဘုရားစင်တွင် ဆီမီးထွန်း၍ နေ့စဉ် ပူဇော်ကြစမြဲ ဖြစ်လေတော့၏။ အဘိုးအဘွားများ မအား၍လည်းကောင်း၊ နေ ထိုင်မကောင်းဖြစ်၍လည်းကောင်း ဘုရားတွင် မီးမပူ ဇော်နိုင်သော ရက်များ၌ ကျွနု်ပ်တို့ကလေးများအား ထွန်းခိုင်းလေ့ရှိလေ၏။
ကျွနု်ပ်တို့က – “ခဏနေပါဦး အမေကြီးရဲ့ …၊ ပြီးရင် ထွန်းပါ့မယ် …” စသည်ဖြင့် ဆင်ခြေဆင်လက်ပေး ၍ အချိန်ရွှေ့လျှင် အဘိုးအဘွားများက – “ဟဲ့ …ကလေးလေး အချိန်မဆွဲနဲ့ …၊ အခု ထွန်းဆို ထွန်းလိုက် …” စသည်ဖြင့် မြည်တွန် လေ့ရှိကြလေ၏။ ထို့နောက် – “အခုထွန်းမှ ရမှာဟဲ့ …၊ နေဝင်းမီးလက် စီးပွားတက်ဆိုတာ မကြားဖူးဘူးလား …၊ နေဝင်ချိန် မှာ မီးထွန်းရတယ် …၊ ဘုရားမှာ ပထမဆုံးစပြီး ပူ ဇော်၊ ပြီးတော့မှ အိမ်မီးတွေ လိုက်ထွန်း …” ဟု ပြောလေ့ရှိရာ ကျွနု်ပ်တို့က – “နေဝင်တာပဲ အဘကြီးရယ် …၊ ဘာ အချိန် တွေ ရွေးနေရဦးမှာလဲ …” ဟု ပြန်၍ စောဒက တက် လေ့ရှိကြလေ၏။ ထို
အခါ အဘိုးအဘွားတို့က မြန်မာ လများအလိုက် နေဝင်ချိန်ဟူ၍ အချိန်နာရီကို သတ်မှတ်ထားကြောင်း၊ ထိုနေဝင်ချိန်တွင် ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းအားဖြင့် နေဝင်မီးလက် စီးပွားတက်ဟူသော ဆိုထုံးနှင့်အညီ စီးပွား တက်စေနိုင်ကြောင်း ရှင်းပြကြလေ၏။ သို့ပါသောကြောင့် ခုနစ်ရက်သားသမီးများ အနေနှင့် မိမိတို့၏ အိမ်ခန်းအလုပ်ခန်း၊ ရုံးခန်းများ တွင် ညနေစောင်း နေဝင်ချိန်၌ ဘုရားမီးပူဇော်၍ ဆု တောင်းခြင်း၊ အိမ်မီးများ၊ ဆိုင်မီးများဖွင့်၍ ဆုတောင်း ခြင်းများ ပြုလုပ်နိုင်ကြပါစေရန် အလို့ငှာ ရှေးမြန်မာ ကြီးတို့ သတ်မှတ်ခဲ့သော လအလိုက် နေဝင်ချိန်များကို အောက်တွင် ဖော်ပြလိုက်ရပါတော့သတည်း။
လအလိုက် နေဝင်ချိန်များ
၁။ တန်ခူးလ – ညနေ ၆းဝဝ နာရီ
၂။ ကဆုန်လ – ညနေ ၆း၁၀ နာရီ
၃။ နယုန်လ – ညနေ ၆း၂၀ နာရီ
၄။ ဝါဆိုလ – ညနေ ၆း၃၀ နာရီ
၅။ ဝါခေါင်လ – ညနေ ၆း၂၀ နာရီ
၆။ တော်သလင်းလ – ညနေ ၆း၁၀ နာရီ
၇။ သီတင်းကျွတ်လ – ညနေ ၆းဝဝ နာရီ
၈။ တန်ဆောင်မုန်းလ – ညနေ ၅း၅၀ နာရီ
၉။ နတ်တော်လ – ညနေ ၅း၄၀ နာရီ
၁၀။ ပြာသိုလ – ညနေ ၅း၃၀ နာရီ
၁၁။ တပို့တွဲလ – ညနေ ၅း၄၀ နာရီ
၁၂။ တပေါင်းလ – ညနေ ၅း၅၀ နာရီ
Credit: Manawmaya Journal
### Zawgyi Version ###
ေ႐ႊမီးေငြမီး တထိန္ထိန္ စီးပြားတက္မယ့္အိမ္
ကြၽႏု္ပ္တို႔ ငယ္စဥ္က တန္ေဆာင္တိုင္ပြဲေတာ္ ညမ်ား၊ သီတင္းကြၽတ္ပြဲေတာ္ညမ်ားဆိုလွ်င္ အထူး ေပ်ာ္႐ႊင္ခဲ့ဖူးပါသည္။အိမ္တိုင္းအိမ္တိုင္းတြင္ တစ္ေန႔လုံး ဆီမီး ခြက္မ်ား၊ ဖေယာင္းတိုင္မ်ား ကိုယ္စီကိုယ္စီ ျပင္ဆင္ေနၾကရသည္ကပင္ ေပ်ာ္စရာေကာင္းလွပါေတာ့၏။
ကြၽႏု္ပ္တို႔ငယ္စဥ္က ဖေယာင္းတိုင္မွာရွားပါး ပစၥည္းျဖစ္ေလ၏။ သမဆိုင္ဆိုေသာ ဆိုင္မွထုတ္ေပးမွသာ သုံးၾကရ၏။ ေငြေၾကးတတ္ႏိုင္ကုံလုံေသာသူအမ်ားစုသာလွ်င္ သုံးႏိုင္ေသာပစၥည္း ျဖစ္ေလ၏။ အမ်ားစုမွာမူ ေရနံဆီမီးခြက္မ်ားကိုသာလွ်င္ သုံးၾကရေလ၏။ ေဈးမွေရာင္းေသာ အသင့္လုပ္ၿပီး ေရနံဆီမီးခြက္ကိုပင္ ဝယ္ယူ၍အသုံးျပဳရန္ ေငြေၾကး ခက္ခဲသူမ်ားမွာ မင္ပုလင္းကဲ့သို႔ေသာ ပုလင္းမ်ားကို ေဖာက္၍မီးစာတပ္ၿပီး ေရနံဆီမီးခြက္လုပ္ၾကရေလ၏။
ထိုစဥ္က ကြၽႏု္ပ္တို႔ ေက်ာင္းသူေက်ာင္းသား အမ်ားစုမွာ စာၾကည့္စားပြဲေပၚတြင္ မီးခိုး တအူအူ တက္ေနေသာ ေရနံဆီမီးခြက္ျဖင့္ စာက်က္ခဲ့ၾကရေလ ၏။ ေရနံဆီမီးစာမွာ နာရီဝက္ခန႔္ၾကာလွ်င္ မႈိင္းမ်ား တက္လာေသာေၾကာင့္ မီးေတာက္အားမွာ တျဖည္း ျဖည္း နည္းလာသျဖင့္ ထိုမႈိင္းမ်ားကို တုတ္ကေလး ျဖင့္ ထိုးခ်ရသည္မွာလည္း တစ္လုပ္ျဖစ္ေလေတာ့၏။ မၾကာမၾကာလည္း ငွက္ေပ်ာဖူးပုလင္းဟုေခၚ ေသာ ဖန္ပုလင္းမ်ားႏွင့္ သိုေလွာင္ထားေလ့ရွိသည့္ ေရနံဆီကို ေရနံဆီမီးခြက္ထဲသို႔ ျဖည့္ေပးရေသး၏။ လွ်ပ္စစ္မီးမွာလည္း မ်ားေသာအားျဖင့္ ေန႔ခင္း တြင္မလာဘဲ ညဘက္က်မွ ေပးသည္မ်ားလည္း ရွိ၏။ ညစဥ္ပင္မရဘဲ အလွည့္က်ရသည္မ်ားလည္း ရွိေလ၏။
ထို႔ေၾကာင့္ ထိုေခတ္ထိုအခါက ကြၽႏု္ပ္တို႔အိမ္မ်ားတြင္ ေရနံဆီမီးခြက္ဟူသည္မွာ မရွိမျဖစ္ဇာတ္လိုက္ေက်ာ္ႀကီး ျဖစ္ခဲ့ပါေလေတာ့၏။ဖေယာင္းတိုင္မွာမူ အလြန္ပင္ သုံးခဲလွေသာ ပစၥည္းျဖစ္ေလ၏။ တန္ေဆာင္တိုင္ပြဲေတာ္ရက္မ်ား၊ သီတင္းကြၽတ္ ပြဲေတာ္ရက္မ်ားတြင္မူ ေရနံဆီမီးခြက္ကိုပင္ ေပါေပါ မ်ားမ်ား မသုံးႏိုင္ၾကေတာ့ဘဲ ဆီမီးခြက္မ်ားျဖင့္ မီး ထြန္းၾကရေလ၏။အေမက ေဈးတြင္ ေျမဆီမီးခြက္ကေလးမ်ား အစိတ္ ငါးဆယ္ စသည္ျဖင့္ ဝယ္လာေလ၏။
ထိုေျမ ဆီမီးခြက္ေလးမ်ားကို တစ္ေနကုန္ ေရတြင္ စိမ္ထား ၾကရ၏။ သို႔မွသာ ေရဝၿပီးလွ်င္ ဆီကို မစုပ္ေတာ့မည္ ျဖစ္ေလ၏။ မီးစာျပဳလုပ္ရန္အတြက္ ဂြမ္းကိုလည္း အေတာင့္ကေလးမ်ား အဆင္သင့္ ျပဳလုပ္ထားၾကရ ေလ၏။ညေနေစာင္းၿပီဆိုသည္ႏွင့္ ဘုရားစင္မွစကာ အိမ္အဝင္ဝမ်ား၊ ျပတင္းေပါက္ေဘာင္မ်ား စသည္ ျဖင့္ ေနရာအႏွံ႔တြင္ ဆီမီးခြက္မ်ားကိုတင္ကာ စားေသာ ဆီကို ေလာင္းထည့္ၾက၏။ မ်ားေသာအားျဖင့္ ကြၽႏု္ပ္တို႔ ေျမလတ္ဘက္ တြင္ ႏွမ္းဆီကို အသုံးမ်ားၾကေလ၏။
ႏွမ္းဆီကမွ ေလးေလးပင္ပင္ကေလး ရွိသည္ဟု ဆိုၾက၏။ ပဲဆီ ကို စားေလ့မရွိေပ။ ရန္ကုန္တြင္မူ ပဲဆီကိုသာ အသုံး မ်ားေလ၏။ ႏွမ္းဆီက ခါးသည္ဟု ဆိုၾကေလ၏။ ရန္ ကုန္ဘက္တြင္ ႏွမ္းဆီဆိုသည္မွာ ေဆးေဖာ္ေဆးလူး ရန္အတြက္သာဟု ထင္မွတ္ၾက၏။ ဆီထည့္ၿပီးေနာက္ ဆီမီးခြက္တြင္ မီးစာေလး မ်ားကို ထည့္ၾကၿပီး တေပ်ာ္တပါးႀကီး ဆီမီးထြန္းၾက ေလေတာ့၏။ ပါးစပ္မွလည္း တေပ်ာ္တပါး ေအာ္ဟစ္ေလ့ရွိၾက၏။ အိမ္တိုင္းအိမ္တိုင္းတြင္ ထိုသို႔ ျပဳလုပ္ ေနေသာေၾကာင့္ တစ္ရပ္ကြက္လုံးမွာ ကြၽက္ကြၽက္ညံ ေနေလေတာ့၏။ထိုေခတ္ထိုအခါက ယခုကဲ့သို႔ ဂက္စ္မီးျခစ္ မ်ားလည္း မေပၚေသးေပ။ ဂြမ္းႏွင့္ ဓာတ္ဆီထည့္ၿပီး သုံးရေသာေၾကးမီးျခစ္၊ ဒန္မီးျခစ္မ်ားသာလွ်င္ ရွိေလ၏။
ေရွးလူႀကီးမ်ားက ဓာတ္မီးျခစ္ဟု ေခၚၾကေလ၏။ ျမန္မာ့အစဥ္အလာတြင္မရွိခဲ့ေသးဘဲအဂၤႅိပ္ ႏွင့္အတူ ပါလာေသာ ေခတ္ေပၚပစၥည္းမ်ားကို ေရွး ျမန္မာမ်ားက ဓာတ္ဟူ၍ တြဲၿပီး သုံးပစ္ခဲ့ၾကေလ၏။ မ်ားေသာအားျဖင့္ ဘာမွန္းမသိေသာအရာမ်ားဆိုလွ်င္ ဓာတ္ဟူ၍လုပ္ပစ္လိုက္ၾကေလ၏။ေရနံဆီမွတစ္ဆင့္ တက္လာေသာဆီကို ဓာတ္ဆီ၊ ထင္း၊ မီးေသြး မသုံး ေတာ့ေသာ ရထားကို ဓာတ္ရထား၊ ႐ုပ္ရွင္ကို ဓာတ္ ရွင္၊ ထူးထူးဆန္းဆန္း လွ်ပ္စစ္သိုေလွာင္ထားေသာ အခဲေလးကို ဓာတ္ခဲ၊ ဓာတ္ခဲထည့္၍ မီးလင္းေသာ အရာကိုဓာတ္မီး …စသည္ျဖင့္ အမည္ေပးပစ္ျဖစ္ခဲ့ ၾကေလ၏။
ေရွးလူႀကီးမ်ားသာ ရွိေနဦးမည္ဆိုပါလွ်င္ ဟိုလိုလိုဒီလိုလို ဘာမွန္းမသိေသာသမၼတအား ဓာတ္ သမၼတ၊ ေယာင္လည္လည္ျဖစ္ေနေသာ အစိုးရအား ဓာတ္အစိုးရ …စသည္ျဖင့္ အမည္ေပးဦးမည္ေလာ မသိႏိုင္ …။ကြၽႏု္ပ္တို႔သည္ ဓာတ္ဆီႏွင့္ ဂြမ္းကိုသုံးေသာ ဓာတ္မီးျခစ္ႀကီးမ်ားကိုလည္းတေဂ်ာက္ေဂ်ာက္ျခစ္ကာ သုံးခဲ့ၾကရဖူးေလ၏။ေဆးေပါ့လိပ္ေသာက္ေသာအဘိုး ႀကီးအဘြားႀကီးမ်ားဆိုလွ်င္ ထိုဓာတ္မီးျခစ္မ်ားကိုေသ မတတ္ ျခစ္ၾကရေသာေၾကာင့္ လက္မမ်ားတြင္ မည္း ေနကာ အသားမာမ်ားပင္ တက္ေနေလ့ရွိေလ၏။
အိမ္တိုင္းအိမ္တိုင္းတြင္ မီးထြန္းၾကသကဲ့သို႔ ဘုရားေစတီမ်ားတြင္လည္း ပြဲလမ္းသဘင္ ေပ်ာ္ပြဲ႐ႊင္ပြဲ မ်ားႏွင့္အတူ လူပရိသတ္မ်ား စည္ကားေသာရက္ ျဖစ္ ေလ၏။ကြၽႏု္ပ္တို႔သည္ အိမ္မ်ားတြင္ မီးထြန္းၿပီးသည္ ႏွင့္လမ္းမ်ားေပၚသို႔ေျပးထြက္ၾကေလေတာ့၏။ကေလး အားလုံးလိုလိုတြင္ တုတ္ေခ်ာင္းကေလးတပ္၍ လက္ ႏွင့္ တြန္းရေသာ မီးပုံးကေလးမ်ား ရွိေနတတ္ၾက၏။ မ်ားေသာအားျဖင့္ ပိုက္ဆံေပး၍ဝယ္ေသာ မီးပုံးက ေလးမ်ားမဟုတ္ဘဲ လက္ျဖစ္ ကိုယ္တိုင္ဖန္တီးထား ၾကသည့္ မီးပုံးကေလးမ်ားသာ မ်ားေလ၏။
ထို႔အျပင္ ေျဗာက္အိုးမေဖာက္ရဟု မည္သည့္ ေခတ္အဆက္ဆက္ အစိုးရမင္းမ်ားက အမိန႔္ထုတ္ သည္ျဖစ္ေစ ထိုရက္မ်ားဆိုလွ်င္ ကြၽႏု္ပ္တို႔ေယာက်ာ္း ေလးမ်ားအားလုံးလိုလို၌ ေျဗာက္အိုးမ်ား ကိုယ္စီရွိေန ၾကေလ၏။ ယခုေခတ္ကဲ့သို႔ အသင့္မီးတို႔ၿပီး ေဖာက္ ႏိုင္ေသာ ေျဗာက္အိုးဆိုသည္မွာ သူေဌးသား၊ သူေဌး သမီးမ်ားသာ သုံးႏိုင္ေသာ ပစၥည္းျဖစ္ေလ၏။ ထို႔ေၾကာင့္ ကြၽႏု္ပ္တို႔သည္ တစ္ေပခန႔္ ဝါးျခမ္း ျပား၏ထိပ္တြင္ စက္ဘီးမွ စပုတ္တံႏွင့္ စပုတ္တံေခါင္း ကို သားေရပင္ႏွင့္ကပ္ၿပီး စည္းရ၏။
အိမ္႐ိုက္သံက ေလးကိုအဖ်ား အနည္းငယ္တုံးေအာင္ ထုလ်က္သား ေရပင္ကေလးျဖင့္ တြဲေလာင္းဆြဲထားရ၏။ ထိုေခတ္ ကအသုံးမ်ားေသာနတ္သမီးတံဆိပ္၊ ကင္းၿမီးေကာက္ တံဆိပ္ယမ္းမီးျခစ္ဘူးေလးမ်ားကို မုန႔္ဖိုးထဲမွ စု၍ဝယ္ ကာ မီးျခစ္ဆံေခါင္းမွ ယမ္းကို လက္သည္းျဖင့္ ျြေခ၍ စပုတ္တံေခါင္းထဲသို႔ ထည့္သိပ္ရေလ၏။ ၿပီးေနာက္ သံခြၽန္ကေလးကို ေတ့ကာ ေက်ာက္တုံး စေသာ အမာခံမ်ားေပၚသို႔ အားျဖင့္ ႐ိုက္ခ်ရေလ၏။ ဤသည္မွာပင္ ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္ ကြၽႏု္ပ္တို႔ကေလးမ်ား ၏ ဧရာမမဟာကစားစရာႀကီး ျဖစ္ခဲ့ရပါေလေတာ့၏။
ကြၽႏု္ပ္တို႔သည္ထိုသို႔လွ်င္ သီတင္းကြၽတ္အခါ ရက္မ်ား၊ တန္ေဆာင္မုန္းအခါရက္မ်ား၌ ဆီမီးမ်ား ၿမိဳင္ၿမိဳင္ထြန္း၍ ေပ်ာ္ခဲ့ၾကရဖူးသကဲ့သို႔ အျခားေသာ ရက္မ်ားတြင္လည္း ညေနေစာင္းၿပီဆိုသည္ႏွင့္ အဘိုး အဘြားမ်ားက ဘုရားစင္တြင္ ဆီမီးထြန္း၍ ေန႔စဥ္ ပူေဇာ္ၾကစၿမဲ ျဖစ္ေလေတာ့၏။ အဘိုးအဘြားမ်ား မအား၍လည္းေကာင္း၊ ေန ထိုင္မေကာင္းျဖစ္၍လည္းေကာင္း ဘုရားတြင္ မီးမပူ ေဇာ္ႏိုင္ေသာ ရက္မ်ား၌ ကြၽႏု္ပ္တို႔ကေလးမ်ားအား ထြန္းခိုင္းေလ့ရွိေလ၏။
ကြၽႏု္ပ္တို႔က – “ခဏေနပါဦး အေမႀကီးရဲ႕ …၊ ၿပီးရင္ ထြန္းပါ့မယ္ …” စသည္ျဖင့္ ဆင္ေျခဆင္လက္ေပး ၍ အခ်ိန္ေ႐ႊ႕လွ်င္ အဘိုးအဘြားမ်ားက – “ဟဲ့ …ကေလးေလး အခ်ိန္မဆြဲနဲ႔ …၊ အခု ထြန္းဆို ထြန္းလိုက္ …” စသည္ျဖင့္ ျမည္တြန္ ေလ့ရွိၾကေလ၏။ ထို႔ေနာက္ – “အခုထြန္းမွ ရမွာဟဲ့ …၊ ေနဝင္းမီးလက္ စီးပြားတက္ဆိုတာ မၾကားဖူးဘူးလား …၊ ေနဝင္ခ်ိန္ မွာ မီးထြန္းရတယ္ …၊ ဘုရားမွာ ပထမဆုံးစၿပီး ပူ ေဇာ္၊ ၿပီးေတာ့မွ အိမ္မီးေတြ လိုက္ထြန္း …” ဟု ေျပာေလ့ရွိရာ ကြၽႏု္ပ္တို႔က – “ေနဝင္တာပဲ အဘႀကီးရယ္ …၊ ဘာ အခ်ိန္ ေတြ ေ႐ြးေနရဦးမွာလဲ …” ဟု ျပန္၍ ေစာဒက တက္ ေလ့ရွိၾကေလ၏။ ထို
အခါ အဘိုးအဘြားတို႔က ျမန္မာ လမ်ားအလိုက္ ေနဝင္ခ်ိန္ဟူ၍ အခ်ိန္နာရီကို သတ္မွတ္ထားေၾကာင္း၊ ထိုေနဝင္ခ်ိန္တြင္ ဘုရားမီး ပူေဇာ္ျခင္း၊ အိမ္မီးမ်ား ထြန္းညႇိျခင္းအားျဖင့္ ေနဝင္မီးလက္ စီးပြားတက္ဟူေသာ ဆိုထုံးႏွင့္အညီ စီးပြား တက္ေစႏိုင္ေၾကာင္း ရွင္းျပၾကေလ၏။ သို႔ပါေသာေၾကာင့္ ခုနစ္ရက္သားသမီးမ်ား အေနႏွင့္ မိမိတို႔၏ အိမ္ခန္းအလုပ္ခန္း၊ ႐ုံးခန္းမ်ား တြင္ ညေနေစာင္း ေနဝင္ခ်ိန္၌ ဘုရားမီးပူေဇာ္၍ ဆု ေတာင္းျခင္း၊ အိမ္မီးမ်ား၊ ဆိုင္မီးမ်ားဖြင့္၍ ဆုေတာင္း ျခင္းမ်ား ျပဳလုပ္ႏိုင္ၾကပါေစရန္ အလို႔ငွာ ေရွးျမန္မာ ႀကီးတို႔ သတ္မွတ္ခဲ့ေသာ လအလိုက္ ေနဝင္ခ်ိန္မ်ားကို ေအာက္တြင္ ေဖာ္ျပလိုက္ရပါေတာ့သတည္း။
လအလိုက္ ေနဝင္ခ်ိန္မ်ား
၁။ တန္ခူးလ – ညေန ၆းဝဝ နာရီ
၂။ ကဆုန္လ – ညေန ၆း၁၀ နာရီ
၃။ နယုန္လ – ညေန ၆း၂၀ နာရီ
၄။ ဝါဆိုလ – ညေန ၆း၃၀ နာရီ
၅။ ဝါေခါင္လ – ညေန ၆း၂၀ နာရီ
၆။ ေတာ္သလင္းလ – ညေန ၆း၁၀ နာရီ
၇။ သီတင္းကြၽတ္လ – ညေန ၆းဝဝ နာရီ
၈။ တန္ေဆာင္မုန္းလ – ညေန ၅း၅၀ နာရီ
၉။ နတ္ေတာ္လ – ညေန ၅း၄၀ နာရီ
၁၀။ ျပာသိုလ – ညေန ၅း၃၀ နာရီ
၁၁။ တပို႔တြဲလ – ညေန ၅း၄၀ နာရီ
၁၂။ တေပါင္းလ – ညေန ၅း၅၀ နာရီ
Credit: Manawmaya Journal