ဗဟုသုတ | Posted by စည်သူအောင်
### Zawgyi Version ###
“တုိက္ခန္းတစ္ခန္း၀ယ္လုိက္တာ အခုမွ ပူးတြဲပုိင္ရွင္ပါဆုိၿပီး လာေရာက္ကန္႔ကြက္လုိ႔ ဆရာ”ဟု မိတ္ေဆြ တစ္ဦးက စာေရးသူထံ လာေရာက္ တုိင္ပင္ေဆြးေႏြးပါသည္။
“တုိက္ခန္းကို ၀ယ္တာ ဘယ္ေလာက္ၾကာၿပီလဲ”
“ႏွစ္လခန္႔ရွိၿပီ ဆရာ။ ကုိယ္တုိင္လည္း တုိက္ခန္းမွာ၀င္ေနၾကၿပီးမွ အခုလုိ ကိစၥေပၚလာတာ”
“တုိက္ခန္းလက္ေရာက္ရၿပီး ေနထုိင္ေနၿပီပဲ”
“ဟုတ္ပါတယ္ ဆရာ၊ အခုမွလာၿပီး ကန္႔ကြက္တာဆုိေတာ့ ကန္႔ကြက္ပုိင္ခြင့္ ရွိပါသလား”
“သူငယ္ခ်င္းအေနနဲ႔ တုိက္ခန္း၀ယ္စဥ္က ကန္႔ကြက္သူရွိမရွိ ကန္႔ကြက္ႏုိင္ေၾကာင္း သတင္းစာထဲမွာ ထည့္ သြင္းေၾကညာခဲ့တာရွိသလား”
“အဲဒီလုိေတာ့ မလုပ္ခဲ့ဘူး။ ေရာင္းသူကလည္း သူ႔ေယာက်္ား ကြယ္လြန္တာနဲ႔ ေရာင္းလုိက္တာပဲ”
“သတင္းစာထဲ ေၾကညာခဲ့ရင္ေတာ့ သတ္မွတ္ရက္အတြင္းမွာ လာေရာက္ကန္႔ကြက္သူမရွိက သေဘာတူတယ္ လုိ႔ သတ္မွတ္ႏုိင္ေၾကာင္း ဥပေဒျပ႒ာန္းခ်က္ေတြရွိတယ္။ ဒါေၾကာင့္မုိ႔ အိမ္ေျမတုိက္ခန္း၀ယ္မယ္ဆုိရင္ သတင္းစာထဲမွာ မျဖစ္မေန ကန္႔ကြက္ရန္ ရွိ မရွိကုိ ေၾကညာဖုိ႔ လုိပါတယ္”
“ဟုတ္ကဲ့၊ လင္မယားႏွစ္ေယာက္ ပုိင္ဆုိေတာ့လည္း ျပႆနာမရွိဘူးလုိ႔ ထင္ခဲ့မိတာကုိး”
“ကန္႔ကြက္တဲ့သူက ပုိင္ရွင္နဲ႔ ဘယ္လုိေတာ္စပ္လုိ႔လဲ”
“သားေတာ္စပ္တယ္လုိ႔ ေျပာပါတယ္”
“ဟုတ္ရဲ႕လားဗ်ာ။ သားအရင္း မဟုတ္ဘူးထင္တယ္”
“ကြယ္လြန္သြားတဲ့ လူရဲ႕သားအရင္းေတာ့ ဟုတ္တယ္”
“ဒါဆုိရင္ က်န္ရစ္တဲ့ မိန္းမရဲ႕သားအရင္းေတာ့ မဟုတ္ဘူး။ ဒီလုိမဟုတ္လား”
“ဟုတ္ပါတယ္ ဆရာ။ အခု လက္ရွိ မိန္းမက ေနာက္အိမ္ေထာင္လုိ႔ ေျပာပါတယ္”
“ဒါဆုိ အေမြကိစၥျဖစ္သြားၿပီေပါ့”
“အေမြကိစၥဆုိေတာ့ ဘယ္လုိလဲ ဆရာ။ ကၽြန္ေတာ္တု႔ိ ေနထုိင္သူေတြကိုပါ တရားစြဲဆုိခံရႏုိင္သလား”
“တုိက္ခန္းဆုိေတာ့ ခဲြစိတ္ဖုိ႔ ခက္တာေပါ့ဗ်ာ။ ေျမကြက္ဆုိင္ရင္ေတာ့ ခြဲစိတ္လုိ႔ လြယ္တာေပါ့”
“ဘာကုိဆုိလုိၿပီးေျပာတာလဲ ဆရာ၊ ကၽြန္ေတာ္ မရွင္းသလုိ ျဖစ္ေနတယ္”
“သူငယ္ခ်င္း ေျပာစကားအရဆုိရင္ေတာ့ မိေထြးနဲ႔ လင္ပါသားတုိ႔ရဲ႕ အေမြေ၀စုျဖစ္ေနတယ္၊ ဖခင္ မကြယ္လြန္မီွက သားျဖစ္သူကို အေမြတစ္စိတ္တစ္ပုိင္းေပးခဲ့တယ္ဆုိရင္ ေတာ့ အခုကိစၥမွာသားျဖစ္သူက ဖခင္ပစၥည္း အေပၚ ထပ္မံရပုိင္ခြင့္ မရွိပါဘူး”
“ဖခင္ဆီက အေမြမရခဲ့လုိ႔ပဲ ျဖစ္မယ္”
“ျမန္မာ့ ဓေလ့ထုံးတမ္းဥပေဒအရဆုိရင္ သားသမီးမ်ားသည္ မိဘတစ္ဦးဦး ကြယ္လြန္၍ က်န္တစ္ဦးက ေနာက္အိမ္ေထာင္ျပဳသည့္အခါ လက္၀ယ္ရွိ ပစၥည္းမ်ားအေပၚ အေမြေတာင္းခြင့္ရွိတယ္လုိ႔ ျပ႒ာန္းထားပါတယ္”
“ဆရာ့ ေျပာစကားအရဆုိရင္ အခုကိစၥမွာ ဖခင္ေနာက္အိမ္ေထာင္ျပဳတာနဲ႔ အေမြေတာင္းခြင့္ရွိၿပီေပါ့”
“အဲဒီကာလက အေမြမေတာင္းခဲ့ရင္ ဖခင္ကြယ္လြန္တဲ့အခါမွာ မိေထြးထံက အေမြေတာင္းခြင့္ရွိမွာ ျဖစ္ပါတယ္”
“ေရာင္းဖုိးေငြကို မိေထြးက ခဲြေ၀မေပးရင္ ကၽြန္ေတာ္တုိ႔က အိမ္ကဆင္းေပးရမွာလား ဆရာ။ ႏုိ႔တစ္အရေတာ့ ကၽြန္ေတာ္တုိ႔ကို က်ဴးေက်ာ္သူအျဖစ္ တရားစြဲႏွင္ထုတ္မယ့္ သေဘာအေၾကာင္းၾကားထားတာ ဆရာ”
“ေျမရွင္နဲ႔ အဆက္အသြယ္ရလား ဘယ္လုိ ေဆာင္ရြက္ထားသလဲ”
“ေျမရွင္ကေတာ့ အဆင္ေျပပါတယ္။ ေရာင္းတဲ့ အမ်ဳိးသမီးထံက အမည္ေျပာင္းခယူၿပီး ကၽြန္ေတာ့္ အမည္ေျပာင္းေပးခဲ့ပါတယ္”
“အိမ္လချဖတ္ပုိင္းေပးသလား”
“ဟုတ္ကဲ့ တစ္ႏွစ္ကာလအတြက္ အိမ္လခေပးထားပါတယ္။ ေျပစာလည္း ကၽြန္ေတာ့္ အမည္နဲ႔ ျဖတ္ေပးထားပါတယ္။ တုိက္ခန္းအေရာင္းအ၀ယ္စာခ်ဳပ္မွာလည္း ေျမရွင္ကုိယ္တုိင္ သိရွိသူအေနနဲ႔ လက္မွတ္ေရးထုိးထားပါတယ္။ အုပ္ခ်ဳပ္ေရးမွဴး ရပ္ကြက္႐ုံးမွာ စာခ်ဳပ္ခ်ဳပ္တာျဖစ္လုိ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကုိယ္တုိင္ တုိက္ခန္းအေရာင္းအ၀ယ္ ကတိစာခ်ဳပ္မွာလက္မွတ္ေရးထုိးေပးပါတယ္”
“သူငယ္ခ်င္းေျပာစကားအရဆုိရင္ေတာ့ တုိက္ခန္းအေရာင္းအ၀ယ္ျပဳလုပ္တာ ဥပေဒနဲ႔အညီ ျပည့္စုံပါတယ္။ တစ္ခုရွိတာက သတင္းစာထဲမွာထည့္ၿပီး ကန္႔ကြက္သူရွိ မရွိ ေၾကညာမႈမျပဳခဲ့တာေတာ့ မိမိရဲ႕ အားနည္းခ်က္တစ္ခုျဖစ္ေနတာေပါ့”
“အခ်ဳိ႕ကေျပာေတာ့ ကၽြန္ေတာ္တုိ႔နဲ႔ မဆုိင္ဘူး။ ေရာင္းဖုိးေငြရယူသြားတဲ့ မိေထြးဆီကပဲ ေတာင္းရမယ္လုိ႔ ေျပာတယ္။ အဲဒါ ဟုတ္ပါသလား”
“ဟုတ္ပါတယ္။ တရားစြဲရင္ေတာ့ အေမြခြဲေ၀ေပးေစလုိမႈအျဖစ္ တရားမေၾကာင္းအရ မိေထြးေပၚမွာ တရားစြဲခြင့္ ရွိတယ္။ ရာဇ၀တ္ေၾကာင္းအရ စြဲမယ္ဆုိရင္လည္း မိမိပုိင္ဆုိင္မႈအျပည့္အ၀ မရွိမွန္းသိလ်က္နဲ႔ အလြဲသုံးစား လုပ္ေရာင္းတယ္ဆုိၿပီး တရားစြဲဆုိႏုိင္ပါတယ္”
“အဓိက ကိစၥကေတာ့ အမႈအခင္းထဲမွာ ကၽြန္ေတာ္တုိ႔ပါေနမွာ စုိးရိမ္တာဆရာ”
“အမႈအခင္းထဲမွာ မိမိကို ထည့္ၿပီး တရားစြဲရင္လည္း စြဲပိုင္ခြင့္မရွိတာေၾကာင့္ စိတ္ပူစရာမလုိပါဘူး။ ဒါနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးအုန္းေမာင္ႏွင့္ ေဒၚဘီဘီ ၁၉၈၄ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ ထုံးစာမ်က္ႏွာ - ၁၀၈ အမႈမွာ ေဒၚဘီဘီက ဦးအုန္းေမာင္အေပၚ မိမိႏွင့္ ကြယ္လြန္သူ ခင္ပြန္းဦးယူ စြတ္ပုိင္ တုိက္ခန္းတြင္ က်ဴးေက်ာ္ေနထုိင္သျဖင့္ တုိက္ခန္းလက္ေရာက္ရလုိမႈ တရားစြဲဆုိခဲ့သည္။ ႐ုံးေတာ္က ဦးအုန္းေမာင္သည္ ကြယ္လြန္သူ ဦးယူစြတ္၏ သားျဖစ္သူ ဦးလွေမာင္ထံမွ ၎င္း၏ အစ္မျဖစ္သူ ေဒၚတင္ၾကည္ ၀ယ္ထားသည့္ တုိက္ခန္းျဖစ္ၿပီး ၎ကို အစ္မျဖစ္သူက ခြင့္ျပဳခ်က္ျဖင့္ ေနထုိင္ခြင့္ေပးထားေၾကာင္း ထုေခ်သည္။ ဥပေဒသေဘာအရ ခင္ပြန္းျဖစ္သူ ဦးအီစြတ္ကြယ္လြန္ေသာအခါ ဇနီးျဖစ္သူ ေဒၚဘီဘီသည္ အိမ္ရွင္ ျဖစ္လာသည္။ ထုိ႔အတူဦးလွေမာင္သည္ ဦးအီစြတ္၏ သားျဖစ္၍ အိမ္ရွင္ျဖစ္လာပါသည္။ ထုိ႔ေၾကာင့္ ပူးတြဲ အိမ္ပုိင္ရွင္ျဖစ္သြားသည္။ ပူးတြဲ ပုိင္ရွင္တစ္ဦးျဖစ္သူ ဦးလွေမာင္၏ စီမံမႈအရ တုိက္ခန္းထဲသုိ႔ ေရာက္ရွိေနေသာ ဦးအုန္းေမာင္သည္ အျခားပူးတြဲအိမ္ပုိင္ရွင္ ေဒၚဘီဘီအား ဥပေဒႏွင့္အညီမဟုတ္ဘဲ ဖယ္ရွားေနထုိင္ျခင္း မဟုတ္ေပဟု ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ပူးတြဲအိမ္ရွင္ရဲ႕ တုိက္ခန္းေရာင္းခ်မႈဟာ အတည္ျဖစ္တဲ့အတြက္ သူငယ္ခ်င္းကိစၥမွာ စုိးရိမ္စရာမရွိပါဘူး”
“ဒါဆုိရင္ မိေထြးဆီကပဲ ေရာင္းဖုိးေငြေတာင္းယူရမယ့္ အေျခအေနေပါ့”
“မွန္ပါတယ္။ မိေထြးထံကပဲ ေတာင္းယူရမွာ ျဖစ္ပါတယ္။ တတ္ႏုိင္ရင္ေတာ့ ႏွစ္ဖက္ညိႇႏႈိင္းေဆာင္ ရြက္လုိက္ရင္ အဆင္ေျပသြားမွာပါ”
“တစ္ေယာက္ထက္၀က္စီရမွာေပါ့”
“ေ၀စုကေတာ့ ပစၥည္းရဲ႕ မူလပုိင္ဆုိင္ခဲ့တဲ့ အေျခအေနေပၚမူတည္ၿပီး ရပိုင္ခြင့္ရွိမွာ ျဖစ္တယ္”
“ဒါဆုိရင္ အခုအေျခအေနအရ ဘယ္လုိျဖစ္ႏုိသလဲ ရွင္းျပပါဦး”
“ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ က်န္ရစ္တဲ့ ပစၥည္းဟာ မိရင္း ဖရင္း လက္ထက္က ပစၥည္းျဖစ္ခဲ့ရင္ လင္ပါ မယားပါ သားသမီးက ပစၥည္းရဲ႕ ေလးပုံသုံးပုံရရွိၿပီး မိေထြး ပေထြးက ပစၥည္းရဲ႕ ေလးပုံတစ္ပုံရခြင့္ရွိမွာ ျဖစ္ တယ္။ ဒါေပမယ့္ က်န္ရစ္တဲ့ ပစၥည္းဟာ မိေထြး ပေထြးႏွင့္ ေပါင္းသင္းစဥ္ ျဖစ္ထြန္းေသာလက္ထက္ ပြား ပစၥည္းျဖစ္ၿပီး ေနာက္အိမ္ေထာင္ႏွင့္ သားသမီးမထြန္းကားလွ်င္ လင္ပါ မယားပါ သားသမီးက ပစၥည္း၏ ေျခာက္ပုံတစ္ပုံရရွိၿပီး က်န္ေျခာက္ပုံ ငါးပုံကုိ မိေထြး ပေထြးကရတယ္လုိ႔ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္း၀ယ္လုိက္တဲ့ တုိက္ခန္းဟာ ဘယ္လုိအေမြပစၥည္းမ်ဳိးဆုိတာ သိဖုိ႔လုိပါတယ္”
“ထက္၀က္မဟုတ္ေတာ့ အေတာ္ညိႇႏႈိင္းရမယ့္ အေျခအေနရွိမယ္ထင္တယ္”
“ဘာပဲျဖစ္ျဖစ္ မိမိရဲ႕ ပုိင္ဆုိင္မႈကုိ မထိခုိက္ႏုိင္တဲ့အတြက္ မစုိးရိမ္ပါနဲ႔”ဟုသာ အားေပးအႀကံျပဳလုိက္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)
### Unicode Version ###
“တိုက်ခန်းတစ်ခန်းဝယ်လိုက်တာ အခုမှ ပူးတွဲပိုင်ရှင်ပါဆိုပြီး လာရောက်ကန့်ကွက်လို့ ဆရာ”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် တိုင်ပင်ဆွေးနွေးပါသည်။
“တိုက်ခန်းကို ဝယ်တာ ဘယ်လောက်ကြာပြီလဲ”
“နှစ်လခန့်ရှိပြီ ဆရာ။ ကိုယ်တိုင်လည်း တိုက်ခန်းမှာဝင်နေကြပြီးမှ အခုလို ကိစ္စပေါ်လာတာ”
“တိုက်ခန်းလက်ရောက်ရပြီး နေထိုင်နေပြီပဲ”
“ဟုတ်ပါတယ် ဆရာ၊ အခုမှလာပြီး ကန့်ကွက်တာဆိုတော့ ကန့်ကွက်ပိုင်ခွင့် ရှိပါသလား”
“သူငယ်ချင်းအနေနဲ့ တိုက်ခန်းဝယ်စဉ်က ကန့်ကွက်သူရှိမရှိ ကန့်ကွက်နိုင်ကြောင်း သတင်းစာထဲမှာ ထည့် သွင်းကြေညာခဲ့တာရှိသလား”
“အဲဒီလိုတော့ မလုပ်ခဲ့ဘူး။ ရောင်းသူကလည်း သူ့ယောကျ်ား ကွယ်လွန်တာနဲ့ ရောင်းလိုက်တာပဲ”
“သတင်းစာထဲ ကြေညာခဲ့ရင်တော့ သတ်မှတ်ရက်အတွင်းမှာ လာရောက်ကန့်ကွက်သူမရှိက သဘောတူတယ် လို့ သတ်မှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်တွေရှိတယ်။ ဒါကြောင့်မို့ အိမ်မြေတိုက်ခန်းဝယ်မယ်ဆိုရင် သတင်းစာထဲမှာ မဖြစ်မနေ ကန့်ကွက်ရန် ရှိ မရှိကို ကြေညာဖို့ လိုပါတယ်”
“ဟုတ်ကဲ့၊ လင်မယားနှစ်ယောက် ပိုင်ဆိုတော့လည်း ပြဿနာမရှိဘူးလို့ ထင်ခဲ့မိတာကိုး”
“ကန့်ကွက်တဲ့သူက ပိုင်ရှင်နဲ့ ဘယ်လိုတော်စပ်လို့လဲ”
“သားတော်စပ်တယ်လို့ ပြောပါတယ်”
“ဟုတ်ရဲ့လားဗျာ။ သားအရင်း မဟုတ်ဘူးထင်တယ်”
“ကွယ်လွန်သွားတဲ့ လူရဲ့ သားအရင်းတော့ ဟုတ်တယ်”
“ဒါဆိုရင် ကျန်ရစ်တဲ့ မိန်းမရဲ့ သားအရင်းတော့ မဟုတ်ဘူး။ ဒီလို မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ။ အခု လက်ရှိ မိန်းမက နောက်အိမ်ထောင်လို့ ပြောပါတယ်”
“ဒါဆို အမွေကိစ်္စဖြစ်သွားပြီပေါ့”
“အမွေကိစ္စဆိုတော့ ဘယ်လိုလဲ ဆရာ။ ကျွန်တော်တု့ိ နေထိုင်သူတွေကိုပါ တရားစွဲဆိုခံရနိုင်သလား”
“တိုက်ခန်းဆိုတော့ ခွဲစိတ်ဖို့ ခက်တာပေါ့ဗျာ။ မြေကွက်ဆိုင်ရင်တော့ ခွဲစိတ်လို့ လွယ်တာပေါ့”
“ဘာကိုဆိုလိုပြီးပြောတာလဲ ဆရာ၊ ကျွန်တော် မရှင်းသလို ဖြစ်နေတယ်”
“သူငယ်ချင်း ပြောစကားအရဆိုရင်တော့ မိထွေးနဲ့ လင်ပါသားတို့ရဲ့ အမွေဝေစုဖြစ်နေတယ်၊ ဖခင် မကွယ်လွန် မိက သားဖြစ်သူကို အမွေတစ်စိတ်တစ်ပိုင်းပေးခဲ့တယ်ဆိုရင် တော့ အခုကိစ္စမှာသားဖြစ်သူက ဖခင်ပစ္စည်း အပေါ် ထပ်မံရပိုင်ခွင့် မရှိပါဘူး”
“ဖခင်ဆီက အမွေမရခဲ့လို့ပဲ ဖြစ်မယ်”
“မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရဆိုရင် သားသမီးများသည် မိဘတစ်ဦးဦး ကွယ်လွန်၍ ကျန်တစ်ဦးက နောက်အိမ်ထောင်ပြုသည့်အခါ လက်ဝယ်ရှိ ပစ္စည်းများအပေါ် အမွေတောင်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါ တယ်”
“ဆရာ့ ပြောစကားအရဆိုရင် အခုကိစ္စမှာ ဖခင်နောက်အိမ်ထောင်ပြုတာနဲ့ အမွေတောင်းခွင့်ရှိပြီပေါ့”
“အဲဒီကာလက အမွေမတောင်းခဲ့ရင် ဖခင်ကွယ်လွန်တဲ့အခါမှာ မိထွေးထံက အမွေတောင်းခွင့်ရှိမှာ ဖြစ်ပါ တယ်”
“ရောင်းဖိုးငွေကို မိထွေးက ခွဲဝေမပေးရင် ကျွန်တော်တို့က အိမ်က ဆင်းပေးရမှာလား ဆရာ။ နို့တစ်အရတော့ ကျွန်တော်တို့ကို ကျူးကျော်သူအဖြစ် တရားစွဲနှင်ထုတ်မယ့် သဘောအကြောင်းကြားထားတာ ဆရာ”
“မြေရှင်နဲ့ အဆက်အသွယ်ရလား ဘယ်လို ဆောင်ရွက်ထားသလဲ”
“မြေရှင်ကတော့ အဆင်ပြေပါတယ်။ ရောင်းတဲ့ အမျိုးသမီးထံက အမည်ပြောင်းခယူပြီး ကျွန်တော့် အမည်ပြောင်းပေးခဲ့ပါတယ်”
“အိမ်လခဖြတ်ပိုင်းပေးသလား”
“ဟုတ်ကဲ့ တစ်နှစ်ကာလအတွက် အိမ်လခပေးထားပါတယ်။ ပြေစာလည်း ကျွန်တော့် အမည်နဲ့ ဖြတ်ပေးထားပါတယ်။ တိုက်ခန်းအရောင်းအဝယ်စာချုပ်မှာလည်း မြေရှင်ကိုယ်တိုင် သိရှိသူအနေနဲ့ လက်မှတ်ရေးထိုးထားပါတယ်။ အုပ်ချုပ်ရေးမှူး ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်တာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်မှာလက်မှတ်ရေးထိုးပေးပါတယ်”
“သူငယ်ချင်းပြောစကားအရဆိုရင်တော့ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်တာ ဥပဒေနဲ့အညီ ပြည့်စုံပါတယ်။ တစ်ခုရှိတာက သတင်းစာထဲမှာထည့်ပြီး ကန့်ကွက်သူရှိ မရှိ ကြေညာမှုမပြုခဲ့တာတော့ မိမိရဲ့ အားနည်းချက်တစ်ခုဖြစ်နေတာပေါ့”
“အချို့ကပြောတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ရောင်းဖိုးငွေရယူသွားတဲ့ မိထွေးဆီကပဲ တောင်းရမယ်လို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား”
“ဟုတ်ပါတယ်။ တရားစွဲရင်တော့ အမွေခွဲဝေပေးစေလိုမှုအဖြစ် တရားမကြောင်းအရ မိထွေးပေါ်မှာ တရားစွဲခွင့် ရှိတယ်။ ရာဇဝတ်ကြောင်းအရ စွဲမယ်ဆိုရင်လည်း မိမိပိုင်ဆိုင်မှုအပြည့်အ၀ မရှိမှန်းသိလျက်နဲ့ အလွဲသုံးစား လုပ်ရောင်းတယ်ဆိုပြီး တရားစွဲဆိုနိုင်ပါတယ်”
“အဓိက ကိစ္စကတော့ အမှုအခင်းထဲမှာ ကျွန်တော်တို့ပါနေမှာ စိုးရိမ်တာ ဆရာ”
“အမှုအခင်းထဲမှာ မိမိကို ထည့်ပြီး တရားစွဲရင်လည်း စွဲပိုင်ခွင့်မရှိတာကြောင့် စိတ်ပူစရာမလိုပါဘူး။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအုန်းမောင်နှင့် ဒေါ်ဘီဘီ ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံးစာမျက်နှာ - ၁၀၈ အမှုမှာ ဒေါ်ဘီဘီက ဦးအုန်းမောင်အပေါ် မိမိနှင့် ကွယ်လွန်သူ ခင်ပွန်းဦးယူ စွတ်ပိုင် တိုက်ခန်းတွင် ကျူးကျော်နေထိုင်သဖြင့် တိုက်ခန်းလက်ရောက်ရလိုမှု တရားစွဲဆိုခဲ့သည်။ ရုံးတော်က ဦးအုန်းမောင်သည် ကွယ်လွန်သူ ဦးယူစွတ်၏ သားဖြစ်သူ ဦးလှမောင်ထံမှ ၎င်းင်း၏ အစ်မဖြစ်သူ ဒေါ်တင်ကြည် ဝယ်ထားသည့် တိုက်ခန်းဖြစ်ပြီး ၎င်းကို အစ်မဖြစ်သူက ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပေးထားကြောင်း ထုချေသည်။ ဥပဒေသဘောအရ ခင်ပွန်းဖြစ်သူ ဦးအီစွတ်ကွယ်လွန်သောအခါ ဇနီးဖြစ်သူ ဒေါ်ဘီဘီသည် အိမ်ရှင် ဖြစ်လာသည်။ ထို့အတူဦးလှမောင်သည် ဦးအီစွတ်၏ သားဖြစ်၍ အိမ်ရှင်ဖြစ်လာပါသည်။ ထို့ကြောင့် ပူးတွဲ အိမ်ပိုင်ရှင်ဖြစ်သွားသည်။ ပူးတွဲ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးလှမောင်၏ စီမံမှုအရ တိုက်ခန်းထဲသို့ ရောက်ရှိနေသော ဦးအုန်းမောင်သည် အခြားပူးတွဲအိမ်ပိုင်ရှင် ဒေါ်ဘီဘီအား ဥပဒေနှင့်အညီမဟုတ်ဘဲ ဖယ်ရှားနေထိုင်ခြင်း မဟုတ်ပေဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပူးတွဲအိမ်ရှင်ရဲ့ တိုက်ခန်းရောင်းချမှုဟာ အတည်ဖြစ်တဲ့အတွက် သူငယ်ချင်းကိစ္စမှာ စိုးရိမ်စရာမရှိပါဘူး”
“ဒါဆိုရင် မိထွေးဆီကပဲ ရောင်းဖိုးငွေတောင်းယူရမယ့် အခြေအနေပေါ့”
“မှန်ပါတယ်။ မိထွေးထံကပဲ တောင်းယူရမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ နှစ်ဖက်ညှိနှိုင်းဆောင် ရွက်လိုက်ရင် အဆင်ပြေသွားမှာပါ”
“တစ်ယောက်ထက်ဝက်စီရမှာပေါ့”
“ဝေစုကတော့ ပစ္စည်းရဲ့ မူလပိုင်ဆိုင်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး ရပိုင်ခွင့်ရှိမှာ ဖြစ်တယ်”
“ဒါဆိုရင် အခုအခြေအနေအရ ဘယ်လိုဖြစ်နိုသလဲ ရှင်းပြပါဦး”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကျန်ရစ်တဲ့ ပစ္စည်းဟာ မိရင်း ဖရင်း လက်ထက်က ပစ္စည်းဖြစ်ခဲ့ရင် လင်ပါ မယားပါ သားသမီးက ပစ္စည်းရဲ့ လေးပုံသုံးပုံရရှိပြီး မိထွေး ပထွေးက ပစ္စည်းရဲ့ လေးပုံတစ်ပုံရခွင့်ရှိမှာ ဖြစ် တယ်။ ဒါပေမယ့် ကျန်ရစ်တဲ့ ပစ္စည်းဟာ မိထွေး ပထွေးနှင့် ပေါင်းသင်းစဉ် ဖြစ်ထွန်းသောလက်ထက် ပွား ပစ္စည်းဖြစ်ပြီး နောက်အိမ်ထောင်နှင့် သားသမီးမထွန်းကားလျှင် လင်ပါ မယားပါ သားသမီးက ပစ္စည်း၏ ခြောက်ပုံတစ်ပုံရရှိပြီး ကျန်ခြောက်ပုံ ငါးပုံကို မိထွေး ပထွေးကရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် သူငယ်ချင်းဝယ်လိုက်တဲ့ တိုက်ခန်းဟာ ဘယ်လိုအမွေပစ္စည်းမျိုးဆိုတာ သိဖို့လိုပါတယ်”
“ထက်ဝက်မဟုတ်တော့ အတော်ညှိနှိုင်းရမယ့် အခြေအနေရှိမယ်ထင်တယ်”
“ဘာပဲဖြစ်ဖြစ် မိမိရဲ့ ပိုင်ဆိုင်မှုကို မထိခိုက်နိုင်တဲ့အတွက် မစိုးရိမ်ပါနဲ့”ဟုသာ အားပေးအကြံပြုလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)