ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကန္ေဒၚ လာသန္း ၅၀၀ ရင္းႏီွးျမႇဳပ္ႏွံမည့္ ထန္းတပင္စက္မႈဇုန္စီမံကိန္း ျမန္မာႏုိင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ MIC ႏွင့္ ျပည္ေထာင္စုအစုိးရ အတည္ျပဳရန္သာ က်န္ရွိေၾကာင္းသိရသည္။
ထန္းတပင္စက္မႈဇုန္စီမံကိန္းကို ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈျပပြဲ၌ နားလည္မႈ စာခြၽန္လႊာ (MoU) ေရးထုိးခဲ့ၿပီး ေဟာင္ေကာင္၊တုိင္ေပ တို႔ႏွင့္ပူးေပါင္းအေကာင္အထည္ေဖာ္ ရန္ကုန္တိုင္းလႊတ္ေတာ္ကလည္း အေကာင္အထည္ေဖာ္ခြင့္ျပဳထားသည္။
အလုပ္အကိုင္အခြင့္အလမ္း တစ္သိန္းခြဲေက်ာ္ ဖန္တီးေပးႏုိင္မည့္ အထည္ခ်ဳပ္လုပ္ငန္း၊ဖိနပ္ခ်ဳပ္လုပ္ငန္းမ်ား၊ စက္မႈနည္းပညာ ေထာက္ပ့ံေရးဇုန္၊ လူေနအိမ္ရာမ်ား၊ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးဇုန္မ်ား ယင္းစီမံကိန္းတြင္ ပါ၀င္မည္ျဖစ္ေၾကာင္းသိရသည္။
လက္ရွိအစုိးရ လက္ထက္တြင္ ရန္ကုန္တိုင္းအစုိးရကလည္း လယ္ေျမမ်ားအား ၿမိဳ႕ေျမအျဖစ္ေျပာင္းလဲျခင္းကုိတင္းက်ပ္စြာ စိစစ္ေဆာင္ရြက္မႈမ်ားရွိရာ ထန္းတပင္ စက္မႈဇုန္စီမံကိန္း အေကာင္အထည္ေဖာ္ရန္ ေသခ်ာေသာ္လည္း စီးပြားေရး လုပ္ငန္းရွင္မ်ားအေနျဖင့္ ေျမ၀ယ္ယူရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို တြန္႔ဆုတ္ေနၿပီး ယခင္ အစုိးရ လက္ထက္မ်ားေလာက္ ေျမမ်ား ၀ယ္ယူရင္းႏွီးျမႇဳပ္ႏွံျခင္း၊ေျမေစ်းကစားျခင္းမ်ားမရွိ သေလာက္ျဖစ္သြားေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကန်ဒေါ် လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC နှင့် ပြည်ထောင်စုအစိုးရ အတည်ပြုရန်သာ ကျန်ရှိကြောင်းသိရသည်။
ထန်းတပင်စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုပြပွဲ၌ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး ဟောင်ကောင်၊တိုင်ပေ တို့နှင့်ပူးပေါင်းအကောင်အထည်ဖော် ရန်ကုန်တိုင်းလွှတ်တော်ကလည်း အကောင်အထည်ဖော်ခွင့်ပြုထားသည်။
အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခွဲကျော် ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်း၊ဖိနပ်ချုပ်လုပ်ငန်းများ၊ စက်မှုနည်းပညာ ထောက်ပံ့ရေးဇုန်၊ လူနေအိမ်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်များ ယင်းစီမံကိန်းတွင် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းအစိုးရကလည်း လယ်မြေများအား မြို့မြေအဖြစ်ပြောင်းလဲခြင်းကိုတင်းကျပ်စွာ စိစစ်ဆောင်ရွက်မှုများရှိရာ ထန်းတပင် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် သေချာသော်လည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြေဝယ်ယူရင်းနှီးမြှုပ်နှံမှုများကို တွန့်ဆုတ်နေပြီး ယခင် အစိုးရ လက်ထက်များလောက် မြေများ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်း၊မြေဈေးကစားခြင်းများမရှိ သလောက်ဖြစ်သွားကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com