ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဆႏၵျပမႈမ်ားျဖစ္ပြားေနသည့္ ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသမွ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေနရာသစ္မ်ားရွာေဖြေနၾကေစလင့္ကစား စကၤာပူကိုမူ ၎၏ပိုမိုျမင့္မားေသာ အိမ္ၿခံေျမေဈးႏႈန္းမ်ားေၾကာင့္ ေရွာင္ရွားၾကဖြယ္ရွိသည္။
အထူးသျဖင့္ စကၤာပူသည္ ထပ္ေဆာင္းအိမ္ဝယ္ယူမႈတံဆိပ္ေခါင္းခြန္ကဲ့သို႔ေသာ အပိုကုန္က်စရိတ္မ်ားကို ထည့္သြင္းစဥ္းစားပါက အကုန္အက်မ်ားေဈးႀကီးသည္။ ၂၀၁၈ ခုႏွစ္ ဇူလိုင္မွစတင္ကာ စကၤာပူတြင္ ႏုိင္ငံျခားအိမ္ဝယ္လက္မ်ားသည္လည္း တံဆိပ္ေခါင္းခြန္အျဖစ္ အိမ္တန္ဖုိး၏ ၂၀ ရာခိုင္ႏႈန္းသို႔တုိးျမႇင့္ (ယခင္က ၁၅ ရာခိုင္ႏႈန္း) ေပးေဆာင္ၾကရသည္။
“ဒီကလူေတြက ကမာၻမွာ ၿမိဳ႕ျပဆိုရင္ ေဟာင္ေကာင္နဲ႔စကၤာပူကိုပဲ ေျပးျမင္ၾကေလ့ရွိတာပါ” ဟု Savills ကမာၻ႕အိမ္ၿခံေျမဝန္ေဆာင္မႈကုမၸဏီ၏ သုေတသနႏွင့္အတုိင္ပင္ခံ အမႈေဆာင္ဒါ႐ိုက္တာ အလန္ခၽြန္းက ေျပာၾကားခဲ့သည္။
“တကယ္လုိ႔ လူေတြ ေဟာင္ေကာင္ကေနစြန္႔ခြာမယ္ဆုိရင္ စကၤာပူကိုပဲ သြားၾကမယ္လို႔ သူတို႔ထင္ၾကတယ္။ ဒါေပမဲ့ လူတုိင္းက ေဟာင္ေကာင္ရဲ႕အခ်မ္းသာဆံုးဘီလ်ံနာ လီကာရွင္းမဟုတ္ဘူးေလ။ အမ်ားစုက သာမန္လခစားဝန္ထမ္းေတြပါ” ဟု သူက ေျပာၾကားခဲ့သည္။
ထုိ႔ေၾကာင့္လည္းပဲ ေဟာင္ေကာင္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက စကၤာပူထက္ အိမ္ၿခံေျမေဈးႏႈန္းမ်ားသက္သာေသာ မေလးရွား၊ ထိုင္းႏွင့္ ထိုင္ဝမ္တို႔သို႔ အာ႐ံုေျပာင္းလာၾကသည္။
ဥပမာဆိုရေသာ္ မေလးရွားႏုိင္ငံၿမိဳ႕ေတာ္ ကြာလာလမ္ပူအလယ္ပိုင္းရွိ အိမ္ၿခံေျမတစ္ခုသည္ ၁ စတုရန္းေပလွ်င္ ရင္းဂစ္ ၁,၅၀၀ (စကၤာပူေဒၚလာ ၄၉၅) က်သင့္စဥ္ စကၤာပူရွိ အလားတူအိမ္ၿခံေျမက ၁ စတုရန္းေပလွ်င္ စကၤာပူေဒၚလာ ၁,၅၀၀ က်သင့္မည္ျဖစ္ေၾကာင္း ခၽြန္းက ေျပာၾကားခဲ့သည္။
ထိုင္းက ၎၏ ခရီးသည္မ်ားအားဆြဲေဆာင္ႏုိင္စြမ္းေၾကာင့္ မ်က္စိက်ခံရျခင္းျဖစ္ၿပီး ထိုင္ဝမ္က ေဟာင္ေကာင္ေဒသခံတို႔အတြက္ အေတာ္ေလးသဟဇာတအံဝင္ခြင္က်ျဖစ္မႈေၾကာင့္ အာ႐ံုစိုက္ခံလာရျခင္းျဖစ္သည္။
“တ႐ုတ္ ဒါမွမဟုတ္ အာရွနဲ႔ ကင္းကင္းေနခ်င္သူေတြအတြက္ အေနာက္တုိင္းမွေနရာေတြက ေယဘုယ်အားျဖင့္ေတာ့ ဆြဲေဆာင္မႈရွိေပမဲ့ ထိုင္ဝမ္ဟာလည္း တ႐ုတ္လူမ်ဳိးေတြအမ်ားဆံုးရွိတဲ့နယ္ေျမမို႔ လူမႈဝန္းက်င္ဓေလ့ထံုးတမ္းေတြက ဆင္တူပဲမို႔ ဝယ္လက္ေတြအတြက္ အဆင္ေျပေစပါတယ္” ဟု APAC Realty စကၤာပူအေျခစိုက္အိမ္ၿခံေျမဝန္ေဆာင္မႈကုမၸဏီ၏ သုေတသနေခါင္းေဆာင္ နီကိုးလက္စ္မက္ခ္က ေျပာၾကားခဲ့သည္။
မည္သို႔ပင္ျဖစ္ေစ ခ်မ္းသာေသာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကမူ စကၤာပူ၏ တက္ႂကြေသာ တစ္ပတ္ရစ္ေဈးကြက္ကို ႀကိဳက္ႏွစ္သက္ၾကေၾကာင္း မက္ခ္က ေျပာၾကားခဲ့သည္။ စကၤာပူ developer (ေျမယာဝယ္ယူ၍အေဆာက္အအံုေဆာက္လုပ္ေရာင္းခ်ေရး) မ်ားကိုလည္း ပိုမိုယံုၾကည္စိတ္ခ်ၾကသည္။
Centaline အိမ္ၿခံေျမကုမၸဏီ၏ အေထြေထြမန္ေနဂ်ာ ေဒးဗစ္ေဟြကလည္း “ပေရာ္ဖက္ရွင္နယ္ေတြ အထူးသျဖင့္ အသက္ ၃၅ ႏွစ္အထက္ ဘ႑ာေရး၊ ဥပေဒနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြကေတာ့ စကၤာပူကို စိတ္ဝင္စားၾကပါတယ္။ ဘာလို႔ဆို စကၤာပူက ႏုိင္ငံေရးတည္ၿငိမ္ၿပီး ေဘးကင္းလံုၿခံဳတာေၾကာင့္ပါ” ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဆန္ဒပြမှုများဖြစ်ပွားနေသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ရင်းနှီးမြှုပ်နှံသူများက နေရာသစ်များရှာဖွေနေကြစေလင့်ကစား စင်္ကာပူကိုမူ ၎င်း၏ပိုမိုမြင့်မားသော အိမ်ခြံမြေဈေးနှုန်းများကြောင့် ရှောင်ရှားကြဖွယ်ရှိသည်။
အထူးသဖြင့် စင်္ကာပူသည် ထပ်ဆောင်းအိမ်ဝယ်ယူမှုတံဆိပ်ခေါင်းခွန်ကဲ့သို့သော အပိုကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားပါက အကုန်အကျများဈေးကြီးသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်မှစတင်ကာ စင်္ကာပူတွင် နိုင်ငံခြားအိမ်ဝယ်လက်များသည်လည်း တံဆိပ်ခေါင်းခွန်အဖြစ် အိမ်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသို့တိုးမြှင့် (ယခင်က ၁၅ ရာခိုင်နှုန်း) ပေးဆောင်ကြရသည်။
“ဒီကလူတွေက ကမ္ဘာမှာ မြို့ပြဆိုရင် ဟောင်ကောင်နဲ့စင်္ကာပူကိုပဲ ပြေးမြင်ကြလေ့ရှိတာပါ” ဟု Savills ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ၏ သုတေသနနှင့်အတိုင်ပင်ခံ အမှုဆောင်ဒါရိုက်တာ အလန်ချွန်းက ပြောကြားခဲ့သည်။
“တကယ်လို့ လူတွေ ဟောင်ကောင်ကနေစွန့်ခွာမယ်ဆိုရင် စင်္ကာပူကိုပဲ သွားကြမယ်လို့ သူတို့ထင်ကြတယ်။ ဒါပေမဲ့ လူတိုင်းက ဟောင်ကောင်ရဲ့အချမ်းသာဆုံးဘီလျံနာ လီကာရှင်းမဟုတ်ဘူးလေ။ အများစုက သာမန်လခစားဝန်ထမ်းတွေပါ” ဟု သူက ပြောကြားခဲ့သည်။
ထို့ကြောင့်လည်းပဲ ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူထက် အိမ်ခြံမြေဈေးနှုန်းများသက်သာသော မလေးရှား၊ ထိုင်းနှင့် ထိုင်ဝမ်တို့သို့ အာရုံပြောင်းလာကြသည်။
ဥပမာဆိုရသော် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူအလယ်ပိုင်းရှိ အိမ်ခြံမြေတစ်ခုသည် ၁ စတုရန်းပေလျှင် ရင်းဂစ် ၁,၅၀၀ (စင်္ကာပူဒေါ်လာ ၄၉၅) ကျသင့်စဉ် စင်္ကာပူရှိ အလားတူအိမ်ခြံမြေက ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁,၅၀၀ ကျသင့်မည်ဖြစ်ကြောင်း ချွန်းက ပြောကြားခဲ့သည်။
ထိုင်းက ၎င်း၏ ခရီးသည်များအားဆွဲဆောင်နိုင်စွမ်းကြောင့် မျက်စိကျခံရခြင်းဖြစ်ပြီး ထိုင်ဝမ်က ဟောင်ကောင်ဒေသခံတို့အတွက် အတော်လေးသဟဇာတအံဝင်ခွင်ကျဖြစ်မှုကြောင့် အာရုံစိုက်ခံလာရခြင်းဖြစ်သည်။
“တရုတ် ဒါမှမဟုတ် အာရှနဲ့ ကင်းကင်းနေချင်သူတွေအတွက် အနောက်တိုင်းမှနေရာတွေက ယေဘုယျအားဖြင့်တော့ ဆွဲဆောင်မှုရှိပေမဲ့ ထိုင်ဝမ်ဟာလည်း တရုတ်လူမျိုးတွေအများဆုံးရှိတဲ့နယ်မြေမို့ လူမှုဝန်းကျင်ဓလေ့ထုံးတမ်းတွေက ဆင်တူပဲမို့ ဝယ်လက်တွေအတွက် အဆင်ပြေစေပါတယ်” ဟု APAC Realty စင်္ကာပူအခြေစိုက်အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ၏ သုတေသနခေါင်းဆောင် နီကိုးလက်စ်မက်ခ်က ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချမ်းသာသော ရင်းနှီးမြှုပ်နှံသူများကမူ စင်္ကာပူ၏ တက်ကြွသော တစ်ပတ်ရစ်ဈေးကွက်ကို ကြိုက်နှစ်သက်ကြကြောင်း မက်ခ်က ပြောကြားခဲ့သည်။ စင်္ကာပူ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချရေး) များကိုလည်း ပိုမိုယုံကြည်စိတ်ချကြသည်။
Centaline အိမ်ခြံမြေကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဒေးဗစ်ဟွေကလည်း “ပရော်ဖက်ရှင်နယ်တွေ အထူးသဖြင့် အသက် ၃၅ နှစ်အထက် ဘဏ္ဍာရေး၊ ဥပဒေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စင်္ကာပူကို စိတ်ဝင်စားကြပါတယ်။ ဘာလို့ဆို စင်္ကာပူက နိုင်ငံရေးတည်ငြိမ်ပြီး ဘေးကင်းလုံခြုံတာကြောင့်ပါ” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)