ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ေျမပုံေရးဆြဲၿပီးေျမာက္ျခင္းႏွင့္စဥ္ဆက္မျပတ္ တိုင္းတာလ်က္ရွိေသာ ေျမတိုင္း ရည္ညႊန္းမွတ္တိုင္မ်ား (CORS) ႏွင့္ပတ္သက္သည့္ မွတ္တမ္းမ်ား ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ထံ လႊဲေျပာင္းေပးအပ္ျခင္းကို ဩဂုတ္ ၂၈ ရက္က ရန္ကုန္ၿမိဳ႕ ပါခ္ရိုင္ရယ္ဟိုတယ္၌ က်င္းပခဲ့သည္။
ထိုအခမ္းအနားတြင္” ေျမပုံရၿပီဆိုရင္ ေျမပုံမွာပါဝင္ရမယ့္ အခ်က္အလက္ေတြ အကုန္လုံးကို ဌာနဆိုင္ ရာေတြနဲ႔ ညိွႏႈိင္းေဆာင္ရြက္ရမယ့္ အစီအစဥ္ေတြရွိပါတယ္။ၿမိဳ့ေတာ္စည္ပင္သာယာဘက္ကေတာ့ ၿမိဳ႕ေတာ္ရဲ႕နယ္နိမိတ္အတြင္းမွာရွိေနတဲ့ အခ်က္အလက္ေတြကို စၿပီးထည့္မွာျဖစ္သလို ဌာနဆိုင္ရာတိုင္မွာ အခ်က္အလက္ေတြ ရွိမွာျဖစ္ပါတယ္။ဥပမာ-ပညာေရး၊က်န္းမာေရး၊အျခားေသာ ဝန္ႀကီးဌာနေတြ တစ္ခုခ်င္းစီအလိုက္ပိုၿပီးျပည့္စုံေအာင္ထည့္သြင္းေဆာင္ရြက္ရမွာျဖစ္ပါတယ္” ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ကေျပာထားသည္။
ရန္ကုန္ေျမပုံေရးဆြဲေရးစီမံကိန္းကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတြင္စတင္ခဲ့ၿပီး၊၂၀၁၉ ဩဂုတ္လတြင္ စီမံကိန္းၿပီးဆုံးခဲ့ၿပီး အဆိုပါလုပ္ငန္းစဥ္တြင္ စီမံခ်က္ဧရိယာႏွစ္မ်ိဳးသတ္မွတ္ၿပီး စေကးႏွစ္မ်ိဳးျဖင့္ေရးဆြဲထားကာ ယင္း၌ ၂၀၄၀ မဟာရန္ကုန္ဖြံ႔ၿဖိဳးတိုးတတ္ေရး မဟာဗ်ဴဟာ စီမံကိန္းတြင္ ရန္ကုန္ၿမိဳ႕ျပင္ ၿမိဳ႕ပတ္လမ္းလမ္းဟူ၍ လ်ာထားခ်က္ရွိၿပီး ၎အတြက္ပါဝင္ေသာ ၿမိဳ႕နယ္ ၃၃ ၿမိဳ႕နယ္ႏွင့္ ရန္ကုန္အေနာက္ေတာင္ဧရိယာျဖစ္ေသာ တြံေတး၊ေကာ့မႉး၊ကြမ္းျခံကုန္း ၿမိဳ့နယ္တို႔တြင္ ေျမပုံေရးဆြဲျခင္း လုပ္ငန္းမ်ားပါဝင္ေၾကာင္းသိရသည္။
ရန္ကုန္ၿမိဳ႕ ဖြံ႔ၿဖိဳးတိုးတတ္မႈတြင္ ေျမပုံကိုအေျခခံၿပီး စနစ္တက် ျပန္လည္သုံးသပ္ႏိုင္ရန္ႏွင့္အနာဂတ္ ရန္ကုန္ၿမိဳ႕ဖြံ႕ျဖိဳးတိုးတတ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ လိုအပ္ေသာ အခ်က္အလက္မ်ားကို ေျမပုံအေျခခံ ၍ ရႏိုင္ရန္အတြက္ ရန္ကုန္ေျမပုံေရးဆြဲေရး လုပ္ငန္းစဥ္ကို ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ေျမပုံကိုၾကည့္ျခင္းအားျဖင့္ ေျမအသုံးအသုံးခ်မႈမ်ားႏွင့္ ၿမိဳ႕ျပစီမံကိန္းေရးဆြဲမႈမ်ားတြင္ လူေနသိပ္သည္းမႈမ်ား အထပ္ျမင့္အေဆာက္အအုံမ်ားျပားေနမႈမ်ားကို သိရွိႏိုင္ၿပီး ေနာက္ပိုင္း အေဆာက္အအုံမ်ား ေဆာက္လုပ္ခြင့္ျပဳရာတြင္ ေျမပုံကိုအသုံးခ်၍ရႏိုင္မည္ျဖစ္သည္။ေျမျပင္တြင္ရွိေသာ လူမႈဆိုင္ရာအေဆာက္အအုံမ်ား၊လူေနအေဆာက္အအုံမ်ားစသည့္ ေျမျပင္တြင္ရွိေသာ အေဆာက္အအုံဆိုင္ရာအေျခခံအခ်က္အလက္မ်ားကို ေျမပုံမွထုတ္ယူႏိုင္မည္ျဖစ္သည္။
ေန႔စဥ္ေျပာင္းလဲေနေသာ ေျမမ်က္ႏွာသြင္ျပင္ေျပာင္းလဲမႈ အေျခအေနမ်ားကို CORS (စဥ္ဆက္မျပတ္ တိုင္းတာေနေသာ ေျမတိုင္းအညႊန္းမွတ္တိုင္) မ်ားျဖင့္ တိုင္းတာမည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ကိုျခဳံငုံမိေသာေနရာမ်ားျဖစ္သည့္ ေငြယားေတာင္ေနရာ၊လွည္းကူးၿမိဳ႕နယ္ စည္ပင္သာယာရုံးဝင္းအတြင္း၊ထန္းတပင္ၿမိဳ႕နယ္ အားကစားကြင္း အတြင္း၊သန္လ်င္ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ႏွင့္တြံေတးၿမိဳ႕နယ္ စည္ပင္သာယာဝင္းအတြင္းေနရာမ်ားတြင္ CORS စေတရွင္ငါးခု တည္ေထာင္ထားေၾကာင္း သိရသည္။
ၿဂိဳလ္တုမွထုတ္လႊင့္လိုက္ေသာ အခ်က္အလက္မ်ားကို အဆိုပါ စေတရွင္မ်ားကဖမ္းယူၿပီး ရန္ကုန္ရွိ ျမန္မာႏိုင္ငံေျမတိုင္းရုံးဝင္းအတြင္းရွိ ေဒတာစင္တာသို႔ေပးပို႔ၿပီး ၎မွရရွိသည့္အခ်က္အလက္မ်ားကို အေျခခံ၍ ေျမပုံေျပာင္းလဲမႈမ်ားကို ျပင္ဆင္ေရးဆြဲမည္ျဖစ္ၿပီး ေျမပုံမ်ားကို GIS နည္းပညာျဖင့္ အခ်က္အလက္ေရးသြင္း ျခင္း လုပ္ေဆာင္မည္ျဖစ္သည္။
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္၏ ဂ်ပန္ခရီးစဥ္အတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႔ဆုံေဆြးေႏြးမႈမွ ရလာ ေသာအကူအညီျဖင့္ ရန္ကုန္ေျမပုံေရးဆြဲေရး စီမံကိန္းျဖစ္လာေၾကာင္း သိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြေပုံရေးဆွဲပြီးမြောက်ခြင်းနှင့်စဉ်ဆက်မပြတ် တိုင်းတာလျက်ရှိသော မြေတိုင်း ရည်ညွှန်းမှတ်တိုင်များ (CORS) နှင့်ပတ်သက်သည့် မှတ်တမ်းများ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ် ၂၈ ရက်က ရန်ကုန်မြို့ ပါခ်ရိုင်ရယ်ဟိုတယ်၌ ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင်” မြေပုံရပြီဆိုရင် မြေပုံမှာပါဝင်ရမယ့် အချက်အလက်တွေ အကုန်လုံးကို ဌာနဆိုင် ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေရှိပါတယ်။မြို့တော်စည်ပင်သာယာဘက်ကတော့ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာရှိနေတဲ့ အချက်အလက်တွေကို စပြီးထည့်မှာဖြစ်သလို ဌာနဆိုင်ရာတိုင်မှာ အချက်အ လက်တွေ ရှိမှာဖြစ်ပါတယ်။ဥပမာ-ပညာရေး၊ကျန်းမာရေး၊အခြားသော ဝန်ကြီးဌာနတွေ တစ်ခုချင်းစီအလိုက်ပိုပြီးပြည့်စုံအောင်ထည့်သွင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောထားသည်။
ရန်ကုန်မြေပုံရေးဆွဲရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့ပြီး၊၂၀၁၉ ဩဂုတ်လတွင် စီမံကိန်းပြီးဆုံးခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်တွင် စီမံချက်ဧရိယာနှစ်မျိုးသတ်မှတ်ပြီး စကေးနှစ်မျိုးဖြင့်ရေးဆွဲထားကာ ယင်း၌ ၂၀၄၀ မဟာရန်ကုန်ဖွံ့ဖြိုးတိုးတတ်ရေး မဟာဗျူဟာ စီမံကိန်းတွင် ရန်ကုန်မြို့ပြင် မြို့ပတ်လမ်းလမ်းဟူ၍ လျာထားချက်ရှိပြီး ၎င်းအတွက်ပါဝင်သော မြို့နယ် ၃၃ မြို့နယ်နှင့် ရန်ကုန်အနောက်တောင်ဧရိယာဖြစ်သော တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း မြို့နယ်တို့တွင် မြေပုံရေးဆွဲခြင်း လုပ်ငန်းများပါဝင်ကြောင်းသိရသည်။
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတတ်မှုတွင် မြေပုံကိုအခြေခံပြီး စနစ်တကျ ပြန်လည်သုံးသပ်နိုင်ရန်နှင့်အနာဂတ် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို မြေပုံအခြေခံ ၍ ရနိုင်ရန်အတွက် ရန်ကုန်မြေပုံရေးဆွဲရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြေပုံကိုကြည့်ခြင်းအားဖြင့် မြေအသုံးအသုံးချမှုများနှင့် မြို့ပြစီမံကိန်းရေးဆွဲမှုများတွင် လူနေသိပ်သည်းမှုများ အထပ်မြင့်အဆောက်အအုံများပြားနေမှုများကို သိရှိနိုင်ပြီး နောက်ပိုင်း အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရာတွင် မြေပုံကိုအသုံးချ၍ရနိုင်မည်ဖြစ်သည်။မြေပြင်တွင်ရှိသော လူမှုဆိုင်ရာအဆောက်အအုံများ၊လူနေအဆောက်အအုံများစသည့် မြေပြင်တွင်ရှိသော အဆောက်အအုံဆိုင်ရာအခြေခံအချက်အလက်များကို မြေပုံမှထုတ်ယူနိုင်မည်ဖြစ်သည်။
နေ့စဉ်ပြောင်းလဲနေသော မြေမျက်နှာသွင်ပြင်ပြောင်းလဲမှု အခြေအနေများကို CORS (စဉ်ဆက်မပြတ် တိုင်းတာနေသော မြေတိုင်းအညွှန်းမှတ်တိုင်) များဖြင့် တိုင်းတာမည်ဖြစ်ပြီး ရန်ကုန်မြို့ကိုခြုံငုံမိသောနေရာများဖြစ်သည့် ငွေယားတောင်နေရာ၊လှည်းကူးမြို့နယ် စည်ပင်သာယာရုံးဝင်းအတွင်း၊ထန်းတပင်မြို့နယ် အားကစားကွင်း အတွင်း၊သန်လျင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့်တွံတေးမြို့နယ် စည်ပင်သာယာဝင်းအတွင်းနေရာများတွင် CORS စတေရှင်ငါးခု တည်ထောင်ထားကြောင်း သိရသည်။
ဂြိုလ်တုမှထုတ်လွှင့်လိုက်သော အချက်အလက်များကို အဆိုပါ စတေရှင်များကဖမ်းယူပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံမြေတိုင်းရုံးဝင်းအတွင်းရှိ ဒေတာစင်တာသို့ပေးပို့ပြီး ၎င်းမှရရှိသည့်အချက်အလက်များကို အခြေခံ၍ မြေပုံပြောင်းလဲမှုများကို ပြင်ဆင်ရေးဆွဲမည်ဖြစ်ပြီး မြေပုံများကို GIS နည်းပညာဖြင့် အချက်အလက်ရေးသွင်း ခြင်း လုပ်ဆောင်မည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှုမှ ရလာ သောအကူအညီဖြင့် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်းဖြစ်လာကြောင်း သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com