ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း တရုတ္ျပည္သည္ အာရွ-ပစိဖိတ္ေဒသ အၾကီးမားဆံုး အိမ္ျခံေျမ အေရာင္းအဝယ္ ၁၀ ခုမွ အမ်ားစု အေျခတည္ရာျဖစ္ခဲ့ျပီး ေဟာင္ေကာင္ႏွင့္ ေပက်င္းတို႔မွ ထိပ္တန္းေနရာမ်ားတြင္ ရပ္တည္လ်က္ရွိသည္။
ေအာက္ေဖာ္ျပပါတို႔မွာ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း အာရွ-ပစိဖိတ္ေဒသတစ္လႊား ေပၚေပါက္ခဲ့ေသာ အၾကီးမားဆံုး အိမ္ျခံေျမ အေရာင္းအဝယ္ ၁၀ ခုျဖစ္ျပီး Real Capital Analytics (RCA ) က စုစည္းထားျခင္း ျဖစ္သည္။
၁၀။ Centralwalk ေစ်းဝယ္စင္တာ၊ ရွန္က်န္းျမိဳ႕၊ တရုတ္ျပည္
ေဟာင္ေကာင္ကုမၸဏီ Link REIT သည္ တရုတ္ျပည္၊ ရွန္က်န္းျမိဳ႕ စီးပြားေရးအခ်က္အျခာေဒသတြင္ တည္ရွိေသာ Centralwalk ေစ်းဝယ္စင္တာကို ယြမ္ေငြ ၆ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၉၈၆ သန္း) ျဖင့္ ဝယ္ယူခဲ့ျပီး ရွန္က်န္းတြင္ အဆိုပါကုမၸဏီ၏ ပထမဆံုး ေျခခ်လာမႈလည္း ျဖစ္သည္။
ေစ်းဝယ္စင္တာမွာ ၅ ထပ္အေဆာက္အအံုျဖစ္ျပီး လက္လီအေရာင္းေနရာအတြက္ ၈၃၉၀၀ စတုရန္းမီတာ အက်ယ္အဝန္း ပါဝင္သည္။
စင္တာတည္ရွိရာ ဖူရွန္းခရိုင္သည္ Fortune 500 စာရင္းဝင္ကုမၸဏီမ်ား အေျခစိုက္ရာ၊ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းၾကီးမ်ား အေျခစိုက္ရာအရပ္ျဖစ္သည္။ ေရာင္းခ်သူမ်ားမွာ Yijing Group ႏွင့္ PGIM Real Estate တို႔ျဖစ္ေၾကာင္း RCA ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။
10။ အမွတ္ ၈၀၊ ေကာလင္းလမ္း၊ မဲလ္ဘုန္းျမိဳ႕၊ ၾသစေတးလ်
Australian REIT Dexus ႏွင့္ Dexus Wholesale Property Fund ကုမၸဏီ ၂ ခု ပူးေပါင္းကာ မဲလ္ဘုန္းျမိဳ႕၊ ေကာလင္းလမ္း၊ အမွတ္ ၈၀ ရွိ အေဆာက္အအံုၾကီးကို ဘရစၥဘိန္းအေျခစိုက္ QIC Global Real Estate ထံမွ ၾသစေတးလ်ေဒၚလာ ၁ ဒသမ ၄၇ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၀၃ ဘီလီယံ) ျဖင့္ ဝယ္ယူခဲ့သည္။
အမွတ္ ၈၀ ၊ ေကာလင္းလမ္း ေနရာသည္ မဲလ္ဘုန္း၏ စီးပြားေရးအခ်က္အျခာက်သည့္ ေနရာတြင္ တည္ရွိျပီး ၾကမ္းခင္းဧရိယာ ၁၀၅၀၀၀ စတုရန္းမီတာ က်ယ္ဝန္းသည္။ grade A အဆင့္ရွိ ၄၇ ထပ္ ရံုးခန္းတာဝါအေဆာက္အအံုၾကီးတစ္လံုး ၊ ၃၅ ထပ္ ရံုးခန္းတာဝါသစ္တစ္လံုး၊ ငွားရမ္းဖြင့္လွစ္ထားသူ ၂၁ ဦးရွိသည့္ လက္လီအေရာင္းေနရာ၊ အခန္းေပါင္း ၂၅၅ ခန္းပါသည့္ ဟိုတယ္တစ္လံုး ပါဝင္သည္။
၈။ Scentre Sydney CBD ရံုးခန္းတာဝါမ်ား ၊ ဆစ္ဒနီျမိဳ႕၊ ၾသစေတးလ်
ၾသစေတးလ်ကုမၸဏီ Scentre Group သည္ Sydney CBD ရံုးခန္းတာဝါမ်ားကို အေမရိကန္ကုမၸဏီၾကီး Blackstone ထံ ၾသစေတးလ် ေဒၚလာ ၁ ဒသမ ၅၂ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၀၆ ဘီလီယံ) ျဖင့္ ေရာင္းခ်ခဲ့သည္။
ဆစ္ဒနီျမိဳ႕လယ္တြင္ တည္ရွိျပီး စုစုေပါင္းအက်ယ္အဝန္းမွာ ၈၀၁၃၉၁ စတုရန္းေပျဖစ္သည္။
၇။ Toranomon Ni-Chome ရံုးခန္းစီမံကိန္း၊ တိုက်ဳိျမိဳ႕၊ ဂ်ပန္
ဒိုင္အိခ်ိ Life Holdings ပါဝင္ေသာ ရင္းႏွီးျမွဳပ္ႏွံသူမ်ား စုေပါင္းထားသည့္ အဖြဲ႔က ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိျမိဳ႕ရွိ တိုရာႏိုမြန္ ရံုးခန္းတာဝါ စီမံကိန္းကို Urban Renaissance ထံမွ ကန္ေဒၚလာ ၁ ဒသမ ၁၂ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
တိုရာႏိုမြန္အရပ္တြင္ မၾကာေသးမီႏွစ္မ်ားအတြင္း စီမံကိန္းၾကီးမ်ား အေကာင္အထည္ေဖာ္လာလ်က္ရွိေနျပီး ယခုစီမံကိန္း၏ အက်ယ္အဝန္းမွာ ၆၃၁၈၄၇ စတုရန္းေပ အက်ယ္အဝန္းရွိသည္။
၆။ Mapletree Bay Point ရံုးခန္းအေဆာက္အအံု၊ ေဟာင္ေကာင္
ေဟာင္ေကာင္မွ Kowloon East အရပ္ရွိ စတုရန္းေပ ၅၆၈၅၂၂ က်ယ္ဝန္းေသာ Mapletree Bay Point ရံုးခန္းတာဝါ အေဆာက္အအံုၾကီးကို PAG ကုမၸဏီက Mapletree Investments ထံမွ ကန္ေဒၚလာ ၁ ဒသမ ၁၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
၅။ ဂလက္ဇီ ေစ်းဝယ္စင္တာ၊ ထ်န္က်င္းျမိဳ႕၊ တရုတ္ျပည္
တရုတ္ႏိုင္ငံအေရွ႕ေျမာက္ပိုင္း၊ ထ်န္က်င္းျမိဳ႕၊ Fairyland လမ္း၊ အမွတ္ ၉ ရွိ ဂလက္ဇီေစ်းဝယ္စင္တာ (Galaxy Mall) ကို China Resources Land က ကန္ေဒၚလာ ၁ ဒသမ ၁၅ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
စတုရန္းေပ ၂ ဒသမ ၅ သန္းခန္႔ က်ယ္ဝန္းျပီး ယခုႏွစ္အစပိုင္းတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
၄။ ဒင္းေဟာင္ပလာဇာ၊ ေပက်င္းျမိဳ႕
တရုတ္ျပည္၊ ေပက်င္းျမိဳ႕ရွိ ဘက္စံုသံုး ဒင္းေဟာင္ပလာဇာ (Dinghao Plaza) ကို ဆြစ္ဇာလန္မွ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ Partners Group ပါဝင္ေသာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအဖြဲ႔က ကန္ေဒၚလာ ၁ ဒသမ ၃၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
ေပက်င္းျမိဳ႕ရွိ ZGC ေဒသသည္ တရုတ္ျပည္၏ ဆီလီကြန္ေတာင္ၾကားဟု နာမည္ေက်ာ္ေသာ ေနရာလည္း ျဖစ္သည္။
Sigma Delta Partners Investments, The Family Office Company ႏွင့္ Ascent Real Estate Investors တို႔ပူးေပါင္းကာ ဒင္းေဟာင္ ပလာဇာကို Carlyle Group ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
၃။ ဒန္စုန္စီ ခ်ဳန္းခုန္း ပလာဇာ ၊ ေပက်င္းျမိဳ႕
ဆိုရွယ္ဗီြဒီယို app ျဖစ္ေသာ TikTok ကို ထုတ္လုပ္သည့္ တရုတ္ကုမၸဏီ Bytedance က တရုတ္ျပည္၊ ေပက်င္းျမိဳ႕ရွိ ဒန္စုန္စီ ခ်ဳန္းခုန္း ပလာဇာ (Dazhongsi Zhongkun) ကို ကန္ေဒၚလာ ၁ ဒသမ ၃၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
အက်ယ္အဝန္း စတုရန္းေပ ၄ ဒသမ ၆ သန္းရွိေသာ ေစ်းဝယ္စင္တာကို ေရာင္းခ်ခဲ့သူမွာ Beijing Zhongkun Investment Group မွ ျဖစ္သည္။ ဝယ္လက္က အဆိုပါ ေစ်းဝယ္စင္တာကို ရံုးခန္းေနရာမ်ားအျဖစ္ ေျပာင္းလဲရန္ စီစဥ္ထားသည္ဟု ဆိုသည္။
၂။ ေဟာင္ေကာင္ရွိ ေစ်းဝယ္စင္တာမ်ား
Gaw Capital ႏွင့္ Goldman Sachs တို႔ အပါအဝင္ ရင္းႏွီးျမွွဳပ္ႏွံသူအုပ္စုသည္ ေဟာင္ေကာင္ရွိ ေစ်းဝယ္စင္တာ ၁၂ ခုကို Link REIT ထံမွ ေဟာင္ေကာင္ေဒၚလာ ၁၂ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၅၃ ဘီလီယံ) ျဖင့္ ဝယ္ယူခဲ့သည္။
Gaw Capital and a group of investors including Goldman Sachs bought a portfolio of 12 shopping centres in Hong Kong from Link REIT for HK$12bn (US$1.53bn).
Chun Shek, King Lam ႏွင့္ Fortune အစရွိေသာ ေစ်းဝယ္စင္တာမ်ား အပါအဝင္ ေစ်းဝယ္စင္တာေပါင္း ၁၂ ခု၏ စုစုေပါင္း အက်ယ္အဝန္းမွာ စတုရန္းေပ ၁ ဒသမ ၁ သန္းခန္႔အထိ အက်ယ္အဝန္းရွိသည္။
၁. Cityplaza ၃ ႏွင့္ ၄ ရံုးခန္း အေဆာက္အအံုမ်ား၊ ေဟာင္ေကာင္ Hengli
Investments Holding ႏွင့္ Gaw Capital ၏ ကုမၸဏီခြဲတစ္ခုက ေဟာင္ေကာင္ရွိ ရံုးခန္းအေဆာက္အအံုမ်ားျဖစ္ေသာ Cityplaza ၃ ႏွင့္ ၄ တို႔ကို Swire Properties ထံမွ ေဟာင္ေကာင္ေဒၚလာ ၁၅ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၉၁ ဘီလီယံ) ျဖင့္ ဝယ္ယူခဲ့သည္။
၂၂ ထပ္ျမင့္မားေသာ grade-A အဆင့္ရွိ ရံုးခန္းတာဝါမ်ားျဖစ္ျပီး ၾကမ္းခင္းဧရိယာ စတုရန္းေပ ၇၇၅၀၀၀ က်ယ္ဝန္းသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်ပြည်သည် အာရှ-ပစိဖိတ်ဒေသ အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ် ၁၀ ခုမှ အများစု အခြေတည်ရာဖြစ်ခဲ့ပြီး ဟောင်ကောင်နှင့် ပေကျင်းတို့မှ ထိပ်တန်းနေရာများတွင် ရပ်တည်လျက်ရှိသည်။
အောက်ဖော်ပြပါတို့မှာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အာရှ-ပစိဖိတ်ဒေသတစ်လွှား ပေါ်ပေါက်ခဲ့သော အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ် ၁၀ ခုဖြစ်ပြီး Real Capital Analytics (RCA ) က စုစည်းထားခြင်း ဖြစ်သည်။
၁၀။ Centralwalk ဈေးဝယ်စင်တာ၊ ရှန်ကျန်းမြို့၊ တရုတ်ပြည်
ဟောင်ကောင်ကုမ္ပဏီ Link REIT သည် တရုတ်ပြည်၊ ရှန်ကျန်းမြို့ စီးပွားရေးအချက်အခြာဒေသတွင် တည်ရှိသော Centralwalk ဈေးဝယ်စင်တာကို ယွမ်ငွေ ၆ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၉၈၆ သန်း) ဖြင့် ဝယ်ယူခဲ့ပြီး ရှန်ကျန်းတွင် အဆိုပါကုမ္ပဏီ၏ ပထမဆုံး ခြေချလာမှုလည်း ဖြစ်သည်။
ဈေးဝယ်စင်တာမှာ ၅ ထပ်အဆောက်အအုံဖြစ်ပြီး လက်လီအရောင်းနေရာအတွက် ၈၃၉၀၀ စတုရန်းမီတာ အကျယ်အဝန်း ပါဝင်သည်။
စင်တာတည်ရှိရာ ဖူရှန်းခရိုင်သည် Fortune 500 စာရင်းဝင်ကုမ္ပဏီများ အခြေစိုက်ရာ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ အခြေစိုက်ရာအရပ်ဖြစ်သည်။ ရောင်းချသူများမှာ Yijing Group နှင့် PGIM Real Estate တို့ဖြစ်ကြောင်း RCA ၏ အချက်အလက်များတွင် ဖော်ပြသည်။
၉။ အမှတ် ၈၀၊ ကောလင်းလမ်း၊ မဲလ်ဘုန်းမြို့၊ သြစတေးလျ
Australian REIT Dexus နှင့် Dexus Wholesale Property Fund ကုမ္ပဏီ ၂ ခု ပူးပေါင်းကာ မဲလ်ဘုန်းမြို့၊ ကောလင်းလမ်း၊ အမှတ် ၈၀ ရှိ အဆောက်အအုံကြီးကို ဘရစ္စဘိန်းအခြေစိုက် QIC Global Real Estate ထံမှ သြစတေးလျဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။
၉။ အမှတ် ၈၀၊ ကောလင်းလမ်း၊ မဲလ်ဘုန်းမြို့၊ သြစတေးလျ
အမှတ် ၈၀ ၊ ကောလင်းလမ်း နေရာသည် မဲလ်ဘုန်း၏ စီးပွားရေးအချက်အခြာကျသည့် နေရာတွင် တည်ရှိပြီး ကြမ်းခင်းဧရိယာ ၁၀၅၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။ grade A အဆင့်ရှိ ၄၇ ထပ် ရုံးခန်းတာဝါအဆောက်အအုံကြီးတစ်လုံး ၊ ၃၅ ထပ် ရုံးခန်းတာဝါသစ်တစ်လုံး၊ ငှားရမ်းဖွင့်လှစ်ထားသူ ၂၁ ဦးရှိသည့် လက်လီအရောင်းနေရာ၊ အခန်းပေါင်း ၂၅၅ ခန်းပါသည့် ဟိုတယ်တစ်လုံး ပါဝင်သည်။
၈။ Scentre Sydney CBD ရုံးခန်းတာဝါများ ၊ ဆစ်ဒနီမြို့၊ သြစတေးလျ
သြစတေးလျကုမ္ပဏီ Scentre Group သည် Sydney CBD ရုံးခန်းတာဝါများကို အမေရိကန်ကုမ္ပဏီကြီး Blackstone ထံ သြစတေးလျ ဒေါ်လာ ၁ ဒသမ ၅၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၀၆ ဘီလီယံ) ဖြင့် ရောင်းချခဲ့သည်။
ဆစ်ဒနီမြို့လယ်တွင် တည်ရှိပြီး စုစုပေါင်းအကျယ်အဝန်းမှာ ၈၀၁၃၉၁ စတုရန်းပေဖြစ်သည်။
၇။ Toranomon Ni-Chome ရုံးခန်းစီမံကိန်း၊ တိုကျိုမြို့၊ ဂျပန်
ဒိုင်အိချိ Life Holdings ပါဝင်သော ရင်းနှီးမြှုပ်နှံသူများ စုပေါင်းထားသည့် အဖွဲ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တိုရာနိုမွန် ရုံးခန်းတာဝါ စီမံကိန်းကို Urban Renaissance ထံမှ ကန်ဒေါ်လာ ၁ ဒသမ ၁၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
တိုရာနိုမွန်အရပ်တွင် မကြာသေးမီနှစ်များအတွင်း စီမံကိန်းကြီးများ အကောင်အထည်ဖော်လာလျက်ရှိနေပြီး ယခုစီမံကိန်း၏ အကျယ်အဝန်းမှာ ၆၃၁၈၄၇ စတုရန်းပေ အကျယ်အဝန်းရှိသည်။
၆။ Mapletree Bay Point ရုံးခန်းအဆောက်အအုံ၊ ဟောင်ကောင်
ဟောင်ကောင်မှ Kowloon East အရပ်ရှိ စတုရန်းပေ ၅၆၈၅၂၂ ကျယ်ဝန်းသော Mapletree Bay Point ရုံးခန်းတာဝါ အဆောက်အအုံကြီးကို PAG ကုမ္ပဏီက Mapletree Investments ထံမှ ကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
၅။ ဂလက်ဇီ ဈေးဝယ်စင်တာ၊ ထျန်ကျင်းမြို့၊ တရုတ်ပြည်
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ထျန်ကျင်းမြို့၊ Fairyland လမ်း၊ အမှတ် ၉ ရှိ ဂလက်ဇီဈေးဝယ်စင်တာ (Galaxy Mall) ကို China Resources Land က ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
စတုရန်းပေ ၂ ဒသမ ၅ သန်းခန့် ကျယ်ဝန်းပြီး ယခုနှစ်အစပိုင်းတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၄။ ဒင်းဟောင်ပလာဇာ၊ ပေကျင်းမြို့
တရုတ်ပြည်၊ ပေကျင်းမြို့ရှိ ဘက်စုံသုံး ဒင်းဟောင်ပလာဇာ (Dinghao Plaza) ကို ဆွစ်ဇာလန်မှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Partners Group ပါဝင်သော ရင်းနှီးမြှုပ်နှံသူများအဖွဲ့က ကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
ပေကျင်းမြို့ရှိ ZGC ဒေသသည် တရုတ်ပြည်၏ ဆီလီကွန်တောင်ကြားဟု နာမည်ကျော်သော နေရာလည်း ဖြစ်သည်။
Sigma Delta Partners Investments, The Family Office Company နှင့် Ascent Real Estate Investors တို့ပူးပေါင်းကာ ဒင်းဟောင် ပလာဇာကို Carlyle Group ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၃။ ဒန်စုန်စီ ချုန်းခုန်း ပလာဇာ ၊ ပေကျင်းမြို့
ဆိုရှယ်ဗွီဒီယို app ဖြစ်သော TikTok ကို ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Bytedance က တရုတ်ပြည်၊ ပေကျင်းမြို့ရှိ ဒန်စုန်စီ ချုန်းခုန်း ပလာဇာ (Dazhongsi Zhongkun) ကို ကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
အကျယ်အဝန်း စတုရန်းပေ ၄ ဒသမ ၆ သန်းရှိသော ဈေးဝယ်စင်တာကို ရောင်းချခဲ့သူမှာ Beijing Zhongkun Investment Group မှ ဖြစ်သည်။ ဝယ်လက်က အဆိုပါ ဈေးဝယ်စင်တာကို ရုံးခန်းနေရာများအဖြစ် ပြောင်းလဲရန် စီစဉ်ထားသည်ဟု ဆိုသည်။
၂။ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာများ
Gaw Capital နှင့် Goldman Sachs တို့ အပါအဝင် ရင်းနှီးမြှုပ်နှံသူအုပ်စုသည် ဟောင်ကောင်ရှိ ဈေးဝယ်စင်တာ ၁၂ ခုကို Link REIT ထံမှ ဟောင်ကောင်ဒေါ်လာ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။
Gaw Capital and a group of investors including Goldman Sachs bought a portfolio of 12 shopping centres in Hong Kong from Link REIT for HK$12bn (US$1.53bn).
Chun Shek, King Lam နှင့် Fortune အစရှိသော ဈေးဝယ်စင်တာများ အပါအဝင် ဈေးဝယ်စင်တာပေါင်း ၁၂ ခု၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၁ ဒသမ ၁ သန်းခန့်အထိ အကျယ်အဝန်းရှိသည်။
၁.Cityplaza Three and Four offices, Hong Kong
Cityplaza ၃ နှင့် ၄ ရုံးခန်း အဆောက်အအုံများ၊ ဟောင်ကောင် Hengli Investments Holding နှင့် Gaw Capital ၏ ကုမ္ပဏီခွဲတစ်ခုက ဟောင်ကောင်ရှိ ရုံးခန်းအဆောက်အအုံများဖြစ်သော Cityplaza ၃ နှင့် ၄ တို့ကို Swire Properties ထံမှ ဟောင်ကောင်ဒေါ်လာ ၁၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။
၂၂ ထပ်မြင့်မားသော grade-A အဆင့်ရှိ ရုံးခန်းတာဝါများဖြစ်ပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၇၇၅၀၀၀ ကျယ်ဝန်းသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)