ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ခ်င္းျပည္နယ္ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္စက္မႈဝန္ႀကီးက ခ်င္ျပည္နယ္၏ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕သစ္ စီမံကိန္း၌ ေျမကြက္ ေပါင္း ၇၁၇ ကြက္ ေဖာ္ထုတ္ထားၿပီး သင့္တင့္သည့္ေဈးႏႈန္းျဖင့္ ျပည္နယ္အစိုးရမွ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ေျပာထားသည္။
ဩဂုတ္ ၂၀ ရက္က အဆိုပါ စီမံကိန္းျပဳလုပ္မည့္ နယ္ေျမအတြင္း၌ က်ဴးေက်ာ္ေနထိုင္ခဲ့သူမ်ားကို ဖယ္ရွားရွင္းလင္းခဲ့ၿပီး ေနာက္ ၿမိဳ႕နယ္စည္ပင္သာယာေရးပိုင္ေျမ ၆၇၆ ဧက၌ အကြက္ ေပါင္း ၇၁၇ ကြက္ ေဖာ္ထုတ္ ထားသည္။
ဟားခါးၿမိဳ႕သစ္ စီမံကိန္းတြင္ ေျမကြက္အမ်ိဳးအစားမ်ားမွာ ေပ ၁၀ဝ ပတ္လည္ေျမကြက္ ၂၂ ကြက္ရွိၿပီး တစ္ကြက္လွ်င္ က်ပ္သိန္း ၅၀၊ ေပ ၈၀ ေပ ၉၀ ေျမကြက္ ၇၅ ကြက္ရွိၿပီး တစ္ကြက္လွ်င္ ေငြက်ပ္ ၃၅ သိန္း၊ ေပ ၆၀ ေပ ၈၀ ေျမကြက္ေပါင္း ၄၄၅ကြက္ေဖာ္ထုတ္ထားၿပီး တစ္ကြက္လွ်င္ ေငြက်ပ္ ၂၅ သိန္းႏွင့္ ေပ ၄၀ ေပ ၆၀ ေျမ ကြက္ ၁၇၅ ကြက္ ေဖာ္ထုတ္ထားၿပီး တစ္ကြက္လွ်င္ ေငြက်ပ္ ၁၀ သိန္းျဖင့္ ေရာင္းခ်ရန္ စီစဥ္ထားၿပီး ေလွ်ာက္ လႊာေခၚၿပီးေျမကြက္ေရာင္းခ်သြားမွာျဖစ္ေၾကာင္း၊ လက္ရွိတြင္ အိမ္ေျမေနရာေလွ်ာက္လႊာတင္ထားသူ ၂၀ဝ၀ ေက်ာ္ရွိသည္ဟု သိရသည္။
ၿမိဳ႕အဂၤါရပ္ႏွင့္ညီေစရန္ အဆိုပါစီမံကိန္းရွိ ၿမိဳ႕ကြက္မ်ားတြင္ ေက်ာက္ခင္းလမ္း၊ ကြန္ကရစ္လမ္း၊ကတၲရာ လမ္းတို႔ကိုေဖာက္လုပ္ေပးၿပီး လွ်ပ္စစ္မီးႏွင့္ေရ ရရွိေအာင္လည္း ေဆာင္ရြက္မွာျဖစ္ေၾကာင္း၊ေျမေရာင္းရေငြကို လမ္းမ်ားေဖာက္လုပ္ရာတြင္ အသံုးျပဳမွာျဖစ္ၿပီး ယင္းအတြက္ ေငြက်ပ္သိန္းေပါင္းႏွစ္ေသာင္းခန္႔ ကုန္က်မည္ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးက ချင်ပြည်နယ်၏မြို့တော် ဟားခါးမြို့သစ် စီမံကိန်း၌ မြေကွက် ပေါင်း ၇၁၇ ကွက် ဖော်ထုတ်ထားပြီး သင့်တင့်သည့်ဈေးနှုန်းဖြင့် ပြည်နယ်အစိုးရမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။
ဩဂုတ် ၂၀ ရက်က အဆိုပါ စီမံကိန်းပြုလုပ်မည့် နယ်မြေအတွင်း၌ ကျူးကျော်နေထိုင်ခဲ့သူများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး နောက် မြို့နယ်စည်ပင်သာယာရေးပိုင်မြေ ၆၇၆ ဧက၌ အကွက် ပေါင်း ၇၁၇ ကွက် ဖော်ထုတ် ထားသည်။
ဟားခါးမြို့သစ် စီမံကိန်းတွင် မြေကွက်အမျိုးအစားများမှာ ပေ ၁၀ဝ ပတ်လည်မြေကွက် ၂၂ ကွက်ရှိပြီး တစ်ကွက်လျှင် ကျပ်သိန်း ၅၀၊ ပေ ၈၀ ပေ ၉၀ မြေကွက် ၇၅ ကွက်ရှိပြီး တစ်ကွက်လျှင် ငွေကျပ် ၃၅ သိန်း၊ ပေ ၆၀ ပေ ၈၀ မြေကွက်ပေါင်း ၄၄၅ကွက်ဖော်ထုတ်ထားပြီး တစ်ကွက်လျှင် ငွေကျပ် ၂၅ သိန်းနှင့် ပေ ၄၀ ပေ ၆၀ မြေ ကွက် ၁၇၅ ကွက် ဖော်ထုတ်ထားပြီး တစ်ကွက်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းချရန် စီစဉ်ထားပြီး လျှောက် လွှာခေါ်ပြီးမြေကွက်ရောင်းချသွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် အိမ်မြေနေရာလျှောက်လွှာတင်ထားသူ ၂၀ဝ၀ ကျော်ရှိသည်ဟု သိရသည်။
မြို့အင်္ဂါရပ်နှင့်ညီစေရန် အဆိုပါစီမံကိန်းရှိ မြို့ကွက်များတွင် ကျောက်ခင်းလမ်း၊ ကွန်ကရစ်လမ်း၊ကတ္တရာ လမ်းတို့ကိုဖောက်လုပ်ပေးပြီး လျှပ်စစ်မီးနှင့်ရေ ရရှိအောင်လည်း ဆောင်ရွက်မှာဖြစ်ကြောင်း၊မြေရောင်းရငွေကို လမ်းများဖောက်လုပ်ရာတွင် အသုံးပြုမှာဖြစ်ပြီး ယင်းအတွက် ငွေကျပ်သိန်းပေါင်းနှစ်သောင်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
စီမံကိန်းဧရိယာအတွင်းရှိ မြေကွက်များအတွက် ဈေးနှုန်းသတ်မှတ်ခြင်း၊ မြေနေရာချထားခြင်း ကိစ္စများကို မြေကွက်စိစစ်ရေး အဖွဲ့များဖွဲ့စည်းဆောင်ရွက်သွားမည်ကြောင်းသိရပြီး မြေကွက်လျှောက်လွှာများကို ဩဂုတ် ၂၁ ရက်မှ ၃၁ ရက် အတွင်း လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com