ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ဂ်ပ္စတင္ဘီဘာႏွင့္ ဇနီး ဟိုင္ေလ ေဘာလ္ဒြင္တို႔ ငွားရမ္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ တိုလူကာလိတ္ခ္အရပ္ေနအိမ္ ကန္ေဒၚလာ ၈ ဒသမ ၄၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
ေနအိမ္အတြင္း ပေရာ္ဖက္ရွင္နယ္ အသံုးျပဳႏိုင္သည့္ အသံဖမ္းစတူဒီယိုႏွင့္ အိမ္တြင္း အားကစားေလ့က်င့္ေရးခန္းမတို႔ ပါဝင္ရာ ကမၻာေက်ာ္အဆိုေတာ္ ဂ်ပ္စတင္ဘီဘာႏွင့္ ဇနီးျဖစ္သူ အသက္ ၂၂ ႏွစ္အရြယ္ရွိ IMG ေမာ္ဒယ္တို႔ အဆိုပါေနအိမ္ကို ငွားရမ္းေနထိုင္ခဲ့သည္မွာ အံ့အားသင့္ဖြယ္ မဟုတ္ေခ်။ေခတ္ျပိဳင္စပိန္ဗိသုကာဟန္ျဖင့္ ၂၀၀၀ ျပည့္ႏွစ္အတြင္း ေဆာက္လုပ္ခဲ့ျပီး ေနာက္ပိုင္းတြင္ အဆင့္ျမွင့္တင္ မြမ္းမံခဲ့သည္။
အက်ယ္အဝန္း ၆၅၀၀ စတုရန္းေပရွိျပီး ႏွစ္ထပ္အေဆာက္အအံုျဖစ္သည္။
အိပ္ခန္း ၅ ခန္းပါဝင္ရာ ၾကီးမားသည့္ အဝတ္အစားထားသိုခန္း၊ spa အဆင့္အတန္းရွိ ေရခ်ဳိးခန္းတို႔ ပါဝင္ေသာ အလြန္က်ယ္ဝန္းသည့္ master bedroom တစ္ခန္းလည္း အပါအဝင္ျဖစ္သည္။
မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ စားပြဲမ်က္ႏွာျပင္မ်ား အသံုးျပဳထားျပီး ညစာစားခန္း၊ ဧည့္ခန္းမ်ားႏွင့္ ဆက္သြယ္ထားသည္။
မွန္နံရံမ်ား တပ္ဆင္ထားျခင္းေၾကာင့္ သဘာဝအလင္းေကာင္းစြာရရွိသည့္အျပင္ သီးသန္႔ေရကန္၏ လွပေအးခ်မ္းေသာ ျမင္ကြင္းမ်ား ရရွိေစသည္။ေနအိမ္ျပင္ပတြင္ ေရကူးကန္၊ spa ၊ ေလွ ၂ ဆင္းရပ္တန္႔ႏိုင္သည့္ ဆိပ္ခံတစ္ခုတို႔ ပါဝင္သည္။
ေစ်းကြက္တင္ေပးသည္မွာ The Agency မွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ အင္ဒရူး ေမာ္တာဇာႏွင့္ ဘရိုင္ယန္ ကာစတာနီဒါတို႔ ျဖစ္ၾကသည္။
ဂ်ပ္စတင္ဘီဘာတို႔သည္ ေစ်းႏႈန္းမည္မွ်ျဖင့္ ငွားရမ္းေနထိုင္ခဲ့သည္ခဲ့မူ ေစ်းကြက္တင္အက်ဳိးေဆာင္မ်ားက ထုတ္ေဖာ္ ေၾကညာခဲ့ျခင္း မျပဳေသာ္လည္း အျခားသတင္းရင္းျမစ္တစ္ရပ္အရမူ ဂ်ပ္စတင္ဘီဘာသည္ တစ္လလွ်င္ ကန္ေဒၚလာ ၁၀၀,၀၀၀ ျဖင့္ ငွားရမ္းခဲ့ျခင္း ျဖစ္သည္ဟု ေဖာ္ထုတ္ခဲ့ဖူးသည္။
ဂ်ပ္စတင္ဘီဘာႏွင့္ ေဘာ္လ္ဒြင္တို႔သည္ လွ်ိဳ႕ဝွက္စြာ လက္ထပ္ခဲ့ၾကျပီးေနာက္ အဆိုပါေနအိမ္သို႔ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကျခင္းျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘောလ်ဒွင်တို့ ငှားရမ်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့၊ တိုလူကာလိတ်ခ်အရပ်နေအိမ် ကန်ဒေါ်လာ ၈ ဒသမ ၄၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
နေအိမ်အတွင်း ပရော်ဖက်ရှင်နယ် အသုံးပြုနိုင်သည့် အသံဖမ်းစတူဒီယိုနှင့် အိမ်တွင်း အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်ရာ ကမ္ဘာကျော်အဆိုတော် ဂျပ်စတင်ဘီဘာနှင့် ဇနီးဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ IMG မော်ဒယ်တို့ အဆိုပါနေအိမ်ကို ငှားရမ်းနေထိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်ချေ။ ခေတ်ပြိုင်စပိန်ဗိသုကာဟန်ဖြင့် ၂၀၀၀ ပြည့်နှစ်အတွင်း ဆောက်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် အဆင့်မြှင့်တင် မွမ်းမံခဲ့သည်။
အကျယ်အဝန်း ၆၅၀၀ စတုရန်းပေရှိပြီး နှစ်ထပ်အဆောက်အအုံဖြစ်သည်။
အိပ်ခန်း ၅ ခန်းပါဝင်ရာ ကြီးမားသည့် အဝတ်အစားထားသိုခန်း၊ spa အဆင့်အတန်းရှိ ရေချိုးခန်းတို့ ပါဝင်သော အလွန်ကျယ်ဝန်းသည့် master bedroom တစ်ခန်းလည်း အပါအဝင်ဖြစ်သည်။
မီးဖိုဆောင်တွင် စကျင်ကျောက် စားပွဲမျက်နှာပြင်များ အသုံးပြုထားပြီး ညစာစားခန်း၊ ဧည့်ခန်းများနှင့် ဆက်သွယ်ထားသည်။
မှန်နံရံများ တပ်ဆင်ထားခြင်းကြောင့် သဘာဝအလင်းကောင်းစွာရရှိသည့်အပြင် သီးသန့်ရေကန်၏ လှပအေးချမ်းသော မြင်ကွင်းများ ရရှိစေသည်။ နေအိမ်ပြင်ပတွင် ရေကူးကန်၊ spa ၊ လှေ ၂ ဆင်းရပ်တန့်နိုင်သည့် ဆိပ်ခံတစ်ခုတို့ ပါဝင်သည်။
ဈေးကွက်တင်ပေးသည်မှာ The Agency မှ အကျိုးဆောင်များဖြစ်သော အင်ဒရူး မော်တာဇာနှင့် ဘရိုင်ယန် ကာစတာနီဒါတို့ ဖြစ်ကြသည်။
ဂျပ်စတင်ဘီဘာတို့သည် ဈေးနှုန်းမည်မျှဖြင့် ငှားရမ်းနေထိုင်ခဲ့သည်ခဲ့မူ ဈေးကွက်တင်အကျိုးဆောင်များက ထုတ်ဖော် ကြေညာခဲ့ခြင်း မပြုသော်လည်း အခြားသတင်းရင်းမြစ်တစ်ရပ်အရမူ ဂျပ်စတင်ဘီဘာသည် တစ်လလျှင် ကန်ဒေါ်လာ ၁၀၀,၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ဖော်ထုတ်ခဲ့ဖူးသည်။
ဂျပ်စတင်ဘီဘာနှင့် ဘော်လ်ဒွင်တို့သည် လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြပြီးနောက် အဆိုပါနေအိမ်သို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)