ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရင္ေသြးအခ်စ္၊ ေျမးအႏွစ္ဟူေသာ စကားအတိုင္း ဘိုးဘြားစံုတြဲတစ္တြဲက ၎တို႔၏ အသည္းေက်ာ္ ၂ ႏွစ္သမီး ေျမးမကေလးအတြက္ ဟယ္ရီေပၚတာဇာတ္ကားမွ ရဲတိုက္ၾကီးပံုစံခမ္းနားလွေသာ အေဆာက္အအံုဝယ္ယူေပးခဲ့ပံုကို အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္မ်ားတြင္ ဓာတ္ပံုမ်ား ေဝေဝဆာဆာျဖင့္ ေဖာ္ျပလာသည္။
ရူဘီႏွင့္ ေဒ့ဗစ္ ဒန္းေလာ့ဗ္အမည္ရွိ ဘိုးဘြားႏွစ္ဦးက ၎တို႔ေနအိမ္ေနာက္ဘက္ ပန္းဥယ်ာဥ္အတြင္းတြင္ ေျမးမကေလး လိုဂန္အတြက္ စတုရန္းေပ ၃၅၀ ခန္႔ရွိေသာ ရဲတိုက္အေဆာက္အအံုကို ဝယ္ယူေပးခဲ့ျခင္း ျဖစ္သည္။
ကေနဒါလူမ်ဳိး ဘိုးဘြား ၂ ဦးက ေျမးမေလးအတြက္ ဟယ္ရီေပၚတာ ဇာတ္ကားမ်ားမွ ရဲတိုက္ၾကီးအတိုင္း တစ္ပံုစံတည္းျဖစ္ေသာ ၂ ႏွစ္ အေဆာက္အအံုငယ္တစ္ခု ေဆာက္လုပ္ေပးခဲ့ေသာ္လည္း ကေလးငယ္မွာ ဟယ္ရီေပၚတာမွ ရဲတိုက္နာမည္မ်ားျဖစ္ေသာ Hufflepuff ႏွင့္ Gryffindor တို႔ကို အသံထြက္ပင္ မွန္ေအာင္ထြက္ႏိုင္ေသးဖြယ္ မရွိေသးသည့္အရြယ္ျဖစ္သည္။
ဘိုးဘြားမ်ားက ေဆာက္လုပ္ေပးခဲ့သည့္ ကစားစရာ ေမွာ္ရဲတိုက္ၾကီးတြင္ ေမွာ္ေက်ာင္းေတာ္ တက္ေရာက္မည့္ ေက်ာင္းသားမ်ားကို ပို႔ေဆာင္ေပးမည့္ ရထားစီးရာ ပလက္ေဖာင္းေနရာျဖစ္ေသာ Platform 9¾ ၊ Hogwarts ေမွာ္ေက်ာင္းေတာ္၊ ေအာ္လီဗန္ဒါ ေမွာ္ေတာင္ေဝွး အေရာင္းဆိုင္ အစရွိသည္တို႔ ထည့္သြင္းေပးထားသည္။
ေမွာ္ဆန္ေသာ အျခားေနရာအမ်ားအျပားလည္း ထည့္သြင္းေပးထားေသးရာ Hogwarts ေက်ာင္းသံုး စာတန္းပါ ကူရွင္ေခါင္းအံုးငယ္မ်ား၊ ေမွာ္တံျမက္စည္းမ်ား၊ ဘုရားရွိခိုးေက်ာင္းငယ္၊ Hogwarts ေက်ာင္း၏ ႏွင္းကမၻာလံုး၊ ဟယ္ရီ- ရြန္- ဟာမီယန္နီႏွင့္ အယ္လ္ဘတ္စ္ ဒမ္ဘလီဒိုးရ္တို႔၏ ပံုတူမ်ား ပါဝင္သည္။
ဟယ္ရီေပၚတာရဲတိုက္ငယ္တစ္ခုလံုးကို ေဆာက္လုပ္ရန္ အခ်ိန္တစ္လခြဲသာ ၾကာျမင့္ခဲ့သည္။
ကေနဒါေနာက္ပိုင္း အယ္လ္ဘာတာျပည္နယ္အေျခစိုက္ Charmed Playhouses က ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။
ေဆာက္လုပ္ျပီး ရဲတိုက္အေဆာက္အအံုအစိတ္အပိုင္းမ်ားကို ျပန္လည္တပ္ဆင္ရန္အတြက္မူ ၃ ရက္ခန္႔ အခ်ိန္ယူခဲ့ရသည္ဟု ဆိုသည္။
ဟယ္ရီေပၚတာ ရဲတိုက္အေဆာက္အအံုငယ္၏ တန္ေၾကးမည္မွ်ရွိသည္ကို ဘိုးဘြားႏွစ္ဦးက ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသာ္လည္း အဆိုပါကုမၸဏီမွ တန္ဖိုးၾကီးကေလးကစားစရာ ေနအိမ္ဝယ္ယူၾကသည့္ ေဖာက္သည္မ်ားသည္ ကန္ေဒၚလာ ၁၅၀၀၀ မွ ၂၅၀၀၀၀ ၾကား ကုန္က်ေလ့ရွိသည္ဟု ဆိုသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ရင်သွေးအချစ်၊ မြေးအနှစ်ဟူသော စကားအတိုင်း ဘိုးဘွားစုံတွဲတစ်တွဲက ၎င်းတို့၏ အသည်းကျော် ၂ နှစ်သမီး မြေးမကလေးအတွက် ဟယ်ရီပေါ်တာဇာတ်ကားမှ ရဲတိုက်ကြီးပုံစံခမ်းနားလှသော အဆောက်အအုံဝယ်ယူပေးခဲ့ပုံကို အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဖော်ပြလာသည်။
ရူဘီနှင့် ဒေ့ဗစ် ဒန်းလော့ဗ်အမည်ရှိ ဘိုးဘွားနှစ်ဦးက ၎င်းတို့နေအိမ်နောက်ဘက် ပန်းဥယျာဉ်အတွင်းတွင် မြေးမကလေး လိုဂန်အတွက် စတုရန်းပေ ၃၅၀ ခန့်ရှိသော ရဲတိုက်အဆောက်အအုံကို ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ကနေဒါလူမျိုး ဘိုးဘွား ၂ ဦးက မြေးမလေးအတွက် ဟယ်ရီပေါ်တာ ဇာတ်ကားများမှ ရဲတိုက်ကြီးအတိုင်း တစ်ပုံစံတည်းဖြစ်သော ၂ နှစ် အဆောက်အအုံငယ်တစ်ခု ဆောက်လုပ်ပေးခဲ့သော်လည်း ကလေးငယ်မှာ ဟယ်ရီပေါ်တာမှ ရဲတိုက်နာမည်များဖြစ်သော Hufflepuff နှင့် Gryffindor တို့ကို အသံထွက်ပင် မှန်အောင်ထွက်နိုင်သေးဖွယ် မရှိသေးသည့်အရွယ်ဖြစ်သည်။
ဘိုးဘွားများက ဆောက်လုပ်ပေးခဲ့သည့် ကစားစရာ မှော်ရဲတိုက်ကြီးတွင် မှော်ကျောင်းတော် တက်ရောက်မည့် ကျောင်းသားများကို ပို့ဆောင်ပေးမည့် ရထားစီးရာ ပလက်ဖောင်းနေရာဖြစ်သော Platform 9¾ ၊ Hogwarts မှော်ကျောင်းတော်၊ အော်လီဗန်ဒါ မှော်တောင်ဝှေး အရောင်းဆိုင် အစရှိသည်တို့ ထည့်သွင်းပေးထားသည်။
မှော်ဆန်သော အခြားနေရာအများအပြားလည်း ထည့်သွင်းပေးထားသေးရာ Hogwarts ကျောင်းသုံး စာတန်းပါ ကူရှင်ခေါင်းအုံးငယ်များ၊ မှော်တံမြက်စည်းများ၊ ဘုရားရှိခိုးကျောင်းငယ်၊ Hogwarts ကျောင်း၏ နှင်းကမ္ဘာလုံး၊ ဟယ်ရီ- ရွန်- ဟာမီယန်နီနှင့် အယ်လ်ဘတ်စ် ဒမ်ဘလီဒိုးရ်တို့၏ ပုံတူများ ပါဝင်သည်။
ဟယ်ရီပေါ်တာရဲတိုက်ငယ်တစ်ခုလုံးကို ဆောက်လုပ်ရန် အချိန်တစ်လခွဲသာ ကြာမြင့်ခဲ့သည်။
ကနေဒါနောက်ပိုင်း အယ်လ်ဘာတာပြည်နယ်အခြေစိုက် Charmed Playhouses က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ပြီး ရဲတိုက်အဆောက်အအုံအစိတ်အပိုင်းများကို ပြန်လည်တပ်ဆင်ရန်အတွက်မူ ၃ ရက်ခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။
ဟယ်ရီပေါ်တာ ရဲတိုက်အဆောက်အအုံငယ်၏ တန်ကြေးမည်မျှရှိသည်ကို ဘိုးဘွားနှစ်ဦးက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အဆိုပါကုမ္ပဏီမှ တန်ဖိုးကြီးကလေးကစားစရာ နေအိမ်ဝယ်ယူကြသည့် ဖောက်သည်များသည် ကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၅၀၀၀၀ ကြား ကုန်ကျလေ့ရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)