ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကမာၻ႕ေဈးကြက္အားနည္းေနေသာ္လည္း ၂၀၁၉ ပထမႏွစ္ဝက္အတြင္း အာရွပစိဖိတ္ေဒသတြင္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈသည္ အေမရိကန္ေဒၚလာ ၈၆ ဘီလ်ံသို႔ စံခ်ိန္တင္ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ယင္းပမာဏတြင္ တ႐ုတ္က အဓိကဦးေဆာင္ခဲ့ေၾကာင္း ကမာၻ႕ထိပ္တန္းအိမ္ၿခံေျမကုမၸဏီ JLL က ၎တို႔ ေနာက္ဆံုးထုတ္ျပန္ထားေသာ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။
တ႐ုတ္သည္ ယခုႏွစ္ပထမႏွစ္ဝက္အတြင္း အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈ ယြမ္ ၁၇၀ ဒသမ ၇ ဘီလ်ံ (အေမရိကန္ေဒၚလာ ၂၄ ဒသမ ၁ ဘီလ်ံ) စံခ်ိန္တင္ျမင့္မားခဲ့ၿပီး ယမန္ႏွစ္ပထမႏွစ္ဝက္ထက္ ၁၃၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။ ၎စံခ်ိန္တင္ပမာဏက ျပင္သစ္ၿပီးလွ်င္ တ႐ုတ္အား ကမာၻ႕ဒုတိယရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆံုးအိမ္ၿခံေျမေဈးကြက္ ျဖစ္ေစခဲ့သည္။
ယမန္ႏွစ္ပထမႏွစ္ဝက္တြင္ ကမာၻ႕အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈသည္ ၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေသာ္လည္း ယခုႏွစ္ပထမႏွစ္ဝက္တြင္ ယမန္ႏွစ္ပထမႏွစ္ဝက္ထက္ ၆ ရာခုိင္ႏႈန္း ျမင့္တက္၍ အေမရိကန္ေဒၚလာ ၃၄၁ ဘီလ်ံ ရွိခဲ့ေၾကာင္း JLL မွ ၾသဂုတ္ ၂၂ တြင္ ထုတ္ျပန္ခဲ့ေသာ Global Capital Flows အစီရင္ခံစာအရ သိရသည္။
“ကမာၻတစ္ဝန္း အဓိကေဈးကြက္ေတြ၊ အထူးသျဖင့္ ဥေရာပနဲ႔ အေမရိကန္တို႔မွာ အျမတ္အစြန္းနည္းပါးခဲ့မႈေတြေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ အျမတ္အစြန္းပိုမိုရရွိဖို႔မယ့္ ျပည္ပေဈးကြက္ေတြကို ရွာေဖြခဲ့ၾကရပါတယ္။” ဟု JLL ၏ အာရွပစိဖိတ္ေငြေၾကးေဈးကြက္မ်ားဆိုင္ရာ အမႈေဆာင္အရာရွိခ်ဳပ္ (စီအီးအို) စတူးအာ့တ္ခ႐ိုးက ယခုႏွစ္ပထမႏွစ္ဝက္အေျခအေနႏွင့္ပတ္သက္၍ ေျပာၾကားခဲ့သည္။
ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပို၍ဆက္လက္ျပဳလုပ္ခဲ့ၾကသျဖင့္ တ႐ုတ္အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈေဈးကြက္သည္ ၂၀၁၈ စတုတၳသံုးလပတ္ကတည္းက သိသိသာသာပိုမိုတက္ႂကြလာသည္။
တ႐ုတ္တြင္ မတ္လအထိ ေျခာက္လတာအတြင္း စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယြမ္ ၂၁၄ ဒသမ ၄ ဘီလ်ံ ရွိခဲ့ကာ ၿပီးခဲ့သည့္သံုးႏွစ္တာ၏ ပ်မ္းမွ်ပမာဏထက္ပိုခဲ့ေၾကာင္း JLL ၏ အခ်က္အလက္မ်ားအရ သိရသည္။
တ႐ုတ္တြင္ ဒုတိယသံုးလပတ္အတြင္း အသိသာဆံုးနယ္စပ္ျဖတ္ေက်ာ္အေရာင္းအဝယ္မွာ ရွန္ဟိုင္းရွိ ေဆာက္လုပ္ဆဲ ဘက္စံုသံုး complex တစ္ခုကို Brookfield အဖိုးတန္ပစၥည္းစီမံခန္႔ခြဲမႈကုမၸဏီမွ ဝယ္ယူမႈျဖစ္သည္။
၎အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံတန္ဖိုးရွိ အေရာင္းအဝယ္သေဘာတူညီမႈသည္ တ႐ုတ္တြင္ ထိုကုမၸဏီ၏ အႀကီးမားဆံုးဝယ္ယူမႈျဖစ္ကာ တ႐ုတ္၌ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦး၏ အႀကီးမားဆံုးရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုလည္း ျဖစ္ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာ့ဈေးကွက်အားနည်းနေသော်လည်း ၂၀၁၉ ပထမနှစ်ဝက်အတွင်း အာရှပစိဖိတ်ဒေသတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၈၆ ဘီလျံသို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းပမာဏတွင် တရုတ်က အဓိကဦးဆောင်ခဲ့ကြောင်း ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ JLL က ၎င်းတို့ နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
တရုတ်သည် ယခုနှစ်ပထမနှစ်ဝက်အတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ယွမ် ၁၇၀ ဒသမ ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁ ဘီလျံ) စံချိန်တင်မြင့်မားခဲ့ပြီး ယမန်နှစ်ပထမနှစ်ဝက်ထက် ၁၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းစံချိန်တင်ပမာဏက ပြင်သစ်ပြီးလျှင် တရုတ်အား ကမ္ဘာ့ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံးအိမ်ခြံမြေဈေးကွက် ဖြစ်စေခဲ့သည်။
ယမန်နှစ်ပထမနှစ်ဝက်တွင် ကမ္ဘာ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်ပထမနှစ်ဝက်တွင် ယမန်နှစ်ပထမနှစ်ဝက်ထက် ၆ ရာခိုင်နှုန်း မြင့်တက်၍ အမေရိကန်ဒေါ်လာ ၃၄၁ ဘီလျံ ရှိခဲ့ကြောင်း JLL မှ သြဂုတ် ၂၂ တွင် ထုတ်ပြန်ခဲ့သော Global Capital Flows အစီရင်ခံစာအရ သိရသည်။
“ကမ္ဘာတစ်ဝန်း အဓိကဈေးကွက်တွေ၊ အထူးသဖြင့် ဥရောပနဲ့ အမေရိကန်တို့မှာ အမြတ်အစွန်းနည်းပါးခဲ့မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်အစွန်းပိုမိုရရှိဖို့မယ့် ပြည်ပဈေးကွက်တွေကို ရှာဖွေခဲ့ကြရပါတယ်။” ဟု JLL ၏ အာရှပစိဖိတ်ငွေကြေးဈေးကွက်များဆိုင်ရာ အမှုဆောင်အရာရှိချုပ် (စီအီးအို) စတူးအာ့တ်ခရိုးက ယခုနှစ်ပထမနှစ်ဝက်အခြေအနေနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှုများ ပို၍ဆက်လက်ပြုလုပ်ခဲ့ကြသဖြင့် တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဈေးကွက်သည် ၂၀၁၈ စတုတ္ထသုံးလပတ်ကတည်းက သိသိသာသာပိုမိုတက်ကြွလာသည်။
တရုတ်တွင် မတ်လအထိ ခြောက်လတာအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၂၁၄ ဒသမ ၄ ဘီလျံ ရှိခဲ့ကာ ပြီးခဲ့သည့်သုံးနှစ်တာ၏ ပျမ်းမျှပမာဏထက်ပိုခဲ့ကြောင်း JLL ၏ အချက်အလက်များအရ သိရသည်။
တရုတ်တွင် ဒုတိယသုံးလပတ်အတွင်း အသိသာဆုံးနယ်စပ်ဖြတ်ကျော်အရောင်းအဝယ်မှာ ရှန်ဟိုင်းရှိ ဆောက်လုပ်ဆဲ ဘက်စုံသုံး complex တစ်ခုကို Brookfield အဖိုးတန်ပစ္စည်းစီမံခန့်ခွဲမှုကုမ္ပဏီမှ ဝယ်ယူမှုဖြစ်သည်။
၎င်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ အရောင်းအဝယ်သဘောတူညီမှုသည် တရုတ်တွင် ထိုကုမ္ပဏီ၏ အကြီးမားဆုံးဝယ်ယူမှုဖြစ်ကာ တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦး၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)