ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
မူဆယ္၊ေရႊလီႏွင့္ က်ယ္ေခါင္တို႔တြင္ ျမန္မာ-တရုတ္ နယ္စပ္စီးပြားေရးဇုန္အေကာင္အထည္ေဖာ္ရန္ ေဆာင္ရြက္အတြက္ Frame Work Agreement သေဘာတူညီမႈလက္မွတ္ကို ႏွစ္နိုင္ငံလက္မွတ္ ေရးထိုးသြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာဆိုသည္။
သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ သေဘာထားမွတ္ခ်က္မ်ားအတိုင္း တ႐ုတ္ဘက္ကပို႔ထားသည့္္ Frame Work Agreement ကို ပညာရွင္မ်ားႏွင့္ တိုင္ပင္ျပင္ဆင္ၿပီးၿပီျဖစ္၍ သေဘာတူ လက္မွတ္ေရးထိုးရန္အတြက္ တ႐ုတ္နိုင္ငံဘက္သို႔ျပန္လည္ေပးပို႔ရန္ တ႐ုတ္ဘက္က အဆိုျပဳထားေၾကာင္း သိရသည္။
အဆိုပါ ဇုန္တည္ေထာင္ရာတြင္ လ်ာထားသည့္ေနရာႏွင့္မလြတ္ကင္း၍ မျဖစ္မေနေျပာင္းေရႊ႕ေပးရမည့္ လူေနအိမ္ႏွင့္စိုက္ပ်ိဳးေျမမ်ားအတြက္ သင့္တင့္မၽွတသည့္ ေျမယာေလ်ာ္ေၾကး အျပင္ ေျမယာအစားထိုးေပးအပ္နိုင္ေရးကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔က စီစဥ္ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံဘက္က မူဆယ္၊ ေရႊလီ ႏွင့္ က်ယ္ေခါင္တို႔တြင္ နယ္စပ္စီးပြားေရးဇုန္ေဆာင္ရြက္ရန္အဆို ျပဳထားၿပီး ႏွစ္နိုင္ငံ လက္မွတ္ေရးထိုးၿပီးပါကေဆာင္ရြက္မည့္ ေနရာေရြးခ်ယ္ျခင္းႏွင့္ စိတ္ဝင္စားမႈအဆိုျပဳလႊာ (EOI) ေခၚယူျခင္းတို႔ကို စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
ႏွစ္နိုင္ငံလက္မွတ္ေရးထိုးမည့္ Frame Work Agreement တြင္ နယ္စပ္ စီးပြားေရးဇုန္ႏွင့္ပတ္သက္သည့္ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ ဖြဲ႕စည္းေရး ႏွင့္ စီမံခန႔္ခြဲသည့္လုပ္ငန္းေကာ္မတီဖြဲ႕စည္းေရ စသည့္ လုပ္ငန္းစဥ္မ်ား ပါဝင္လာမည္ျဖစ္ေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မူဆယ်၊ရွှေလီနှင့် ကျယ်ခေါင်တို့တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန်အကောင်အထည်ဖော်ရန် ဆောင်ရွက်အတွက် Frame Work Agreement သဘောတူညီမှုလက်မှတ်ကို နှစ်နိုင်ငံလက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များအတိုင်း တရုတ်ဘက်ကပို့ထားသည့် Frame Work Agreement ကို ပညာရှင်များနှင့် တိုင်ပင်ပြင်ဆင်ပြီးပြီဖြစ်၍ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် တရုတ်နိုင်ငံဘက်သို့ပြန်လည်ပေးပို့ရန် တရုတ်ဘက်က အဆိုပြုထားကြောင်း သိရသည်။
အဆိုပါ ဇုန်တည်ထောင်ရာတွင် လျာထားသည့်နေရာနှင့်မလွတ်ကင်း၍ မဖြစ်မနေပြောင်းရွှေ့ပေးရမည့် လူနေအိမ်နှင့်စိုက်ပျိုးမြေများအတွက် သင့်တင့်မျှတသည့် မြေယာလျော်ကြေး အပြင် မြေယာအစားထိုးပေး အပ်နိုင်ရေးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က မူဆယ်၊ ရွှေလီ နှင့် ကျယ်ခေါင်တို့တွင် နယ်စပ်စီးပွားရေးဇုန်ဆောင်ရွက်ရန်အဆို ပြုထားပြီး နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီးပါကဆောင်ရွက်မည့် နေရာရွေးချယ်ခြင်းနှင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူခြင်းတို့ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နှစ်နိုင်ငံလက်မှတ်ရေးထိုးမည့် Frame Work Agreement တွင် နယ်စပ် စီးပွားရေးဇုန်နှင့်ပတ်သက်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းရေး နှင့် စီမံခန့်ခွဲသည့်လုပ်ငန်းကော်မတီဖွဲ့စည်းရေ စသည့် လုပ်ငန်းစဉ်များ ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com